နယ်သာလန်လိဂ် လက်ရှိ ချန်ပီယံ အသင်း လည်း ဖြစ်သလို ၊ လောလောဆယ် အဆင့် ၁ နေရာ ကို ရယူ ထားတဲ့ အေဂျက်ဇ် အသင်း ဟာ မနက်ဖြန် ညမှာ လတ်တလော မှာ နိုင်ပွဲ တွေ ဆက်နေတဲ့ ချယ်လ်ဆီး အသင်း ကို အိမ်ကွင်း အမ်စတာဒမ် မှာ လက်ခံ ကစားသွားရမှာ ဖြစ်ပါတယ် ။

အေဂျက်ဇ် အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ ဆီမီးဖိုင်နယ် အဆင့် အထိ ရောက်ရှိ ခဲ့ပြီး တော့တင်ဟမ် အသင်း ကို ကံဆိုးစွာ နဲ့ နောက်ဆုံး မိနစ် ၊ နောက်ဆုံး စက္ကန့် မှာ ဦးဆောင်ဂိုး ပေးပြီး အရေးနိမ့် ခဲ့ရပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ မှာလည်း ချယ်လ်ဆီး ၊ ဗလင်စီယာ ၊ လိုင်လီ အသင်း တွေနဲ့ အုပ်စု H မှာ အတူတူ ကျရောက် နေပါတယ် ။

အဖွင့် ၂ပွဲ မှာ လိုင်လီ ၊ ဗလင်စီယာ အသင်း တွေကို ဂိုးပြတ် အနိုင်ရထားတာကြောင့် ယခု တခါ ချယ်လ်ဆီး အသင်း နဲ့ ထိပ်တိုက် ရင်ဆိုင် ရာမှာ ရာနှုန်းပြည့် အနိုင်ရလဒ် ကို ဆက်လက် ထိန်းသိမ်း သွားဖို့ အေဂျက်ဇ် အသင်း ကြိုးစား လာနိုင်ပါတယ် ။ မနေ့က အင်တာဗျူး မှာတော့ အေဂျက်ဇ် အသင်း နည်းပြ အဲရစ် တမ်ဟပ် က ချယ်လ်ဆီး အသင်း ဟာ အထူး ခြေစွမ်း ပြနေတဲ့ အသင်း ဖြစ်ပေမယ့် ၎င်းတို့ အနေနဲ့ အနိုင် ကန်သွားဖို့ ယုံကြည်ချက် အပြည့် ရှိနေတယ် လို့ ဆိုခဲ့ပါတယ် ။

တမ်ဟပ် က ” ချယ်လ်ဆီး အသင်း ဟာ အံ့သြဖွယ်ရာ ခြေစွမ်း အထူး ကောင်းမွန် နေတဲ့ အသင်း တသင်း ဖြစ်ပါတယ် ။ ကျွန်တော့ အနေနဲ့ကတော့ သူတို့ အသင်း ဟာ ကျွန်တော် တို့ အသင်း ထက် အနိုင်ရဖို့ အသာစီး ရနေတယ် လို့ အများက ထင်ယောင် တဲ့ အထိ ကိုယ့်ကိုယ့်ကို တော့ မနှိမ့်ချ ချင်သေးပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ပြင်သစ် လီဂူး က အဆင့် ၄ ရခဲ့တဲ့ အသင်း ၊ စပိန် ဘုရင့် ဖလား ရထားခဲ့တဲ့ ကလပ် ၊ ပရီးမီးယားလိဂ် ကလပ် အသင်း တွေနဲ့ တအုပ်စုတည်း ကျရောက် နေတဲ့ အတွက် ကျွန်တော် တို့ဟာ အောက်အသင်း လို့ လက်ခံ ရမှာပါ ။ ”

” ဒါပေမယ့် ကျွန်တော် တို့မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်နေသလို ၊ ပြိုင်ဖက် အသင်း ကို ဒုက္ခ ကောင်းကောင်း ပေးလို့ ရနိုင်တဲ့ နည်းစနစ် နဲ့ ကစားပုံ တွေ ပိုင်ဆိုင် ထားပြီးသားပါ ။ ကျွန်တော် တို့ဟာ အသင်းတိုင်း ကို အနိုင်ယူ နိုင်စွမ်း ရှိတာမို့ ၊ ချယ်လ်ဆီး အသင်း ကိုလည်း ကြောက်ရွံ့ နေမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် သူတို့ကို အနိုင်ယူဖို့ အတွက် ဆိုရင်တော့ ကျွန်တော် တို့မှာ ထိပ်တန်း အဆင့် စွမ်းဆောင်ရည် တော့ ရှိရပါမယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ထို့အပြင် အေဂျက်ဇ် အသင်း ရဲ့ နောက်ခံလူ ဒေလီ ဘလင်း ကလည်း နောက်ဆုံး ကစားခဲ့တဲ့ နယ်သာလန် လိဂ် ပွဲစဉ် တပွဲ ဖြစ်တဲ့ Waalwijk ပွဲစဉ် မှာ ၁ – ၂ နဲ့ အနိုင် ရခဲ့ပေမယ့် ကစားပုံ က အတော် ဆိုးရွား ခဲ့တာကြောင့် ချယ်လ်ဆီး အသင်း နဲ့ ချန်ပီယံလိဂ် ပွဲမှာ ပြန်ပြီး ပေါက်ကွဲ ပြဖို့ အသင့် ရှိနေတယ် လို့ ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။

ဘလင်း က ” ကျွန်တော် ကတော့ Waalwijk အသင်း နဲ့ ပွဲဟာ ပြီးခဲ့တဲ့ ၂နှစ် အတွင်း ကျွန်တော် တို့ အသင်း ရဲ့ အဆိုးရွားဆုံး ပုံစံ လို့ ပြောရမှာ ဖြစ်ပါတယ် ။ အဝေးကွင်း မှာ ကံကောင်း လို့ ကျွန်တော် တို့ နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ကျွန်တော် တို့ရဲ့ ကစားပုံ စုစည်းမှု မရှိနေသလို ၊ ထက်မြက်မှု အား အတော်လေး နည်းခဲ့ပါတယ် ။ ”

” ဒီလိုမျိုး ကစားပုံ ဆိုးရွားတာမျိုးနဲ့ ကြုံတွေ့ ရတဲ့ အခါမှာ အနိုင်ရခဲ့လို့ အရမ်း ကောင်းပါတယ် ။ ဒါပေမယ့် ဒီလို ဆိုးရွားတဲ့ ကစားပုံမျိုး ကို ကျွန်တော် တို့ ထပ်မလုပ်မိဖို့ လိုပါတယ် ။ နောက်ပွဲ တွေမှာ ကျွန်တော် တို့ ဒီလိုမျိုး ထပ်မဖြစ်အောင် သေချာအောင် လုပ်ရပါမယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ချယ်လ်ဆီး အသင်း ကို ရပ်တန့် သွားနိုင်ဖို့ မျှော်လင့်ပါတယ် ။ အကယ်၍ သာ အနိုင်ရရင် ချန်ပီယံလိဂ် မှတ်တမ်းကောင်း တခု ကို စိုက်ထူ နိုင်ဖို့ ရှိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR