ကမ္ဘာ့ဘောလုံးလောကရဲ့ တဦးချင်း ဆုတံဆိပ်တွေထဲမှာ ကစား သ မားတိုင်းတန်ဖိုးထားလိုချင်ဆုံး ဆုကတော့ ဘလွန်းဒီအောဆုပဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကနေ စတင်ပြီး ဖီဖာရဲ့ ပက်သတ် ဆက်နွယ်မှုမရှိတော့တဲ့ ဘလွန်းဒီအောဆုဟာ ဘောလုံးရာသီတရာသီ ထက် ပြက္ခတိန်နှစ်တနှစ်အတွင်း အကောင်းဆုံး ကစားသမားကို ရွေးချယ်ပေး အပ်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့က ၅ကြိမ်စီနဲ့ အလှည့်နီးပါး ရယူထားနိုင်ခဲ့တာဖြစ်ပြီး ယမန်နှစ်တုန်းကတော့ ရီးရဲလ်ကွင်းလယ်လူမိုဒရစ်က ရရှိထားခဲ့တာဖြစ်ပါတယ်။အခုနှစ်အတွက် ဆုပေးပွဲအခမ်းအနားကိုတော့ လာမယ့် ဒီဇင်ဘာ၂ရက်နေ့မှာပဲရစ်မြို့မှာကျင်းပသွားဖို့ရှိနေတာဖြစ်ပါတယ်။

ဒီနှစ်အတွက် ပဏာမ ဆန်ကာတင် အယောက်၃၀ ဦးစာရင်းကို ယမန်နေ့က ကြေငြာသွားခဲ့ပြီး ပရိသတ်အကြိုက် ကစားသမားအများစုပါဝင်နေတာဖြစ်ပါတယ်။ဒါပေမယ့် ဒီစာရင်းမှာပါဝင်ခဲ့သင့်ပြီး အံ့အားသင့်ဖွယ်လွဲချော်ခဲ့ကြသူတွေကတော့ –

၁။ ကွာဂလီရယ်လာ

ဘလွန်းဒီအောဆုကိုကြီးမှူးပြီးပေးအပ် တဲ့ ပြင်သစ်လောလုံးမဂ္ဂဇင်းကြီးကသူ့ကို ဘာကြောင့်မုန်းတီးနေတာလဲတောင်မသိပါဘူး။အသက် ၃၆ နှစ်အရွယ်မှာ၂၆ဂိုးသွင်းပြီးယမန်နှစ် စီးရီးအေရဲ့ဂိုးအများဆုံးဖြစ်တဲ့ ဒီအီတလီသားကြီးကို ဆန်ကာတင်စာရင်းကနေချန်ထားခဲ့တာဘယ်လိုမှလက်ခံလို့မရတာဖြစ်ပါတယ်။သူဟာရော်နယ်ဒိုထက်တောင် ၅ဂိုးအထိပိုသွင်းထားနိုင်ခဲ့သူဖြစ်ပါတယ်။

၂။ ကန်တေ

ကွင်းလယ်မှာ အကောင်းဆုံးခံံစစ်ကစားသမားဖြစ်ခဲ့ဖူးတဲ့ ကန်တေဟာ ဆာရီ ရဲ့ လက်ထက် မှာ တိုက်စစ်မှာကူးပြောင်း ကစားခဲ့ရပေမယ့် ရုပ်ပျက်ဆင်းပျက်တော့မဖြစ်ခဲ့တာဖြစ်ပါတယ်။ဒီလိုကစား သမားမျိုးက ကမ္ဘာ့အကောင်းဆုံး ကစားသမားအယောက် ၃၀ ထဲမှာမပါလာတာကတော့ လက်မခံနိုင်စရာပါပဲ။

၃။ ရော်ဘတ်ဆန်

ဒီ စာရင်းမှာ အသင်းတသင်းတည်းကနေ ခံစစ် အစွန်ကစားသမား ၂ဦးလုံး မရွေးချင်ခဲ့တာလားဆိုတာတော့ မသိပါဘူး။ သူ့ရဲ့ ခံစစ် ကစားဖော် အာနိုးက ဒီစာရင်း မှာ ပါဝင်ခဲ့ပေမယ့်လည်း ရော်ဘတ်ဆန်က လွဲချော်ခဲ့တာဖြစ်ပါတယ်။ရော်ဘတ်ဆန် ဟာ အာနိုးလိုပဲ ဖြတ်တင်ဘောကောင်းတဲ့ ကစားသမားဖြစ်ပြီး ပိုကောင်းတဲ့ ခံစစ်မှူးတယောက်လည်းဖြစ်ပါတယ်။

၄။ အော့ဘ်လက်ခ်

ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂိုးသမားတဦး တဲ့ အော့ဘ်လက်ခ်က ဆန်ကာတင်စာရင်းနဲ့ လွဲခဲ့ပေမယ့် မြောက်လန်ဒန်ရဲ့အကောင်းဆုံးဂိုးသမား လိုရစ်က ဒီစာရင်းမှာ ပါလာပါတယ်။ဘာတွေဘယ်လိုများဖြစ်သွားလဲမသိပါဘူး။ပြင်သစ် ဘောလုံးမဂ္ဂဇင်းကလူတွေဘောပွဲကော ကြည့်ရဲ့လားမသိပါဘူး။

၅။ လာပေါ်တေး

မန်စီးတီးနဲ့ အတူတရာသီအတွင်း ပြည်တွင်းဖလား ၃လုံးရယူနိုင်ခဲ့တဲ့ အကောင်းဆုံး ခံစစ် ကစားသမားတဦးဖြစ်ပါတယ်။ယမန်နှစ်က သူ့ရဲ့ခြေစွမ်းတွေကိုသေချာမမြင်ခဲ့ရဘူးဆိုရင်တောင်သူ့မပါနိုင်သေးတဲ့ မန်စီးတီးရဲ့အခြေအနေကို ကြည့်ပြီးသူ့ရဲ့အရေးပါမှုကို မြင်နိုင်တာဖြစ်ပါတယ်။

၆။ဟာကင် ဇီယက်ဇ်

အေဂျက် အသင်းရဲ့ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ခရီးမှာ အရေးပါခဲ့တဲ့ ကစားသမားတွေကတော့အများကြီးပါပဲ။ သူတို့ဟာ ဖိုင်နယ်ရောက်လုနီးပါးအထိ အမြင့်ပျံခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ အသဲခွဲခံခဲ့ရတာဖြစ်ပါတယ်။ပြည်တွင်းဖလား ၂လုံးလည်းရခဲ့တဲ့ အေဂျက်အတွက် ပိုပြီးအရေးပါခဲ့တဲ့သူက ဗန်ဒီဘ်ခ် လား၊ဟကင်ဇီယက်ဇ်လား ဗျာ ?

၇။ ဆွာရက်ဇ်

ဒီဥရုဂွေးသားဟာ ပြီးခဲ့တဲ့ ရာသီမှာ သွင်းဂိုး ၂၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ ပြီးဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။လာလီဂါချန်ပီယံဆုကြီးကို လည်း ရယူပေးနိုင်ခဲ့ပါတယ်။ကိုပါဒယ်ရေးမှာ ဖိုင်နယ်အဆင့် ၊ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ် အဆင့်တွေကို ရောက်ရှိစေခဲ့ပါတယ်။တိုက်စစ်ကစားဖော်အသစ် ဖြစ်တဲ့ ဂရစ်မန်း ကတော့ယမန်နှစ်က သွင်းဂိုး ၂၁ဂိုးနဲ့ ဖန်တီးမှု ၁၀ ကြိမ်သာစွမ်းဆောင်ပေးနိုင်ခဲ့ပြီး အေတီကို အသင်းကို လာလီဂါ ဒုတိယနေရာ၊ ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်ရေးဖလားတွေမှာ ၁၆သင်းအဆင့်အထိသာရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ဒီစာရင်းမှာပါဝင်လာတာဖြစ်ပါတယ်။ဒါဟာဘာကြောင့်ပါလဲ ?