မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဟောင်း ဖြစ်သူ ဒေးဗစ် မိုယက်စ် က လက်ရှိ အသင်း ရဲ့ ကွင်းလယ် ကစား သမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ဟာ ဘာစီလိုနာ စတား လီယွန်နယ် မက်ဆီ လို ပွဲ အဖြေ ကို ပြောင်းလဲ ပေးနိုင်စွမ်း မရှိ တဲ့ ကစားသမား ဖြစ်ကြောင်း ဝန်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါပေမယ့် ပြင်သစ် လက်ရွေးစင် ကစားသမား ဖြစ်သူ ပေါ့ဂ်ဘာ ဟာ အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ အတွက် ယူနိုက်တက် အနေ နဲ့ သူ့ကို အသင်း မှာ ဆက်လက် ထိန်းသိမ်း ထားနိုင် ဖို့တော့ လိုအပ် ကြောင်း ဒေးဗစ် မိုယက်စ် က အသင်း ဟောင်းကို အကြံပြု စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ ရာသီ မှာတော့ ယူနိုက်တက် ကွင်းလယ်လူ ဟာ ဒဏ်ရာ ပြသနာ တွေနဲ့ ရုန်းကန် နေခဲ့ ရသလို အသင်း အတွက် ပွဲထွက် ကစား ပေးတဲ့ ပွဲစဉ် တွေမှာ လည်း ပရိသတ် မျှော်လင့် နေတဲ့ သွင်းဂိုး ၊ ဂိုး ဖန်တီးမှု တွေကို မပြုလုပ် နိုင် သေးတဲ့ အတွက် ဝေဖန် မှု တွေအောက် ကျရောက် နေသူ ပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ဒေးဗစ် မိုယက်စ် ကတော့ ပေါ့ဂ်ဘာ ဟာ ယူနိုက်တက် ရဲ အကောင်းဆုံး ကွင်းလယ် ကစားသမား သာ ဖြစ်ကြောင်း ချီးကျူ စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” ပေါ့ဂ်ဘာ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမား အဖြစ် ရှိနေ သေးဆဲ ပါပဲ ။ သူဟာ ကမ႓ာ ပေါ်မှာ ရှိတဲ့ အသင်း တိုင်း အတွက် ကစား ပေးနိုင်စွမ်း ရှိနေ သူ တစ်ဦး ပါပဲ ။ အထူး သဖြင့် ဥရောပ မှာပေါ့ ။ သူဟာ အသင်း တိုင်းမှာ ပွဲထွက် ကစား ခွင့်တွေ သေချာပေါက် ရယူ နိုင်မယ့် ကစားသမား မျိုးပါ ”

” ဒါပေမယ့် သူဟာ အသင်း အတွက် အမြဲတမ်း ခြေစွမ်း တည်ငြိမ် နိုင်မယ့် ကစားသမား လား ၊ အချိန်တိုင်း အသင်း အတွက် ခြားနားချက် တွေကို လုပ်ဆောင် ပေးနိုင်မယ့် ကစားသမား လား ဆိုတာ တော့ ကျွန်တော် လည်း တပ်အပ် မပြောနိုင် ပါဘူး ”

” သူ့ရဲ့ လက်ရှိ ခြေစွမ်း အရ ဆိုရင် သူ့ ဖက်က ခြားနား မှုတွေ လုပ်ပေး နိုင် ပါစေ လို့ ခင်ဗျား က မျှော်လင့် နေမှာ ပါပဲ ။ ဒါပေမယ့် သူဟာ အဲ့တာ တွေကို အမြဲတမ်း မလုပ်ဆောင် ပေးနိုင် ခဲ့ ပါဘူး ။ ဒါပေမယ့် သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ရှိနေ နိုင်မယ့် ကစားသမား လားလို့ မေးရင် ကျွန်တော် က နေနိုင် ပါတယ် လို့ ဖြေကြား သွားမှာ ပါ ”

” မက်ဆီ ဟာ ဘာစီလိုနာ အတွက် လုပ်ပေး သလို ၊ စီ ရော်နယ်ဒို ဟာ ဂျူဗင်တပ် အသင်း အတွက် လုပ်ပေး သလို သူဟာ ပွဲ အဖြေ ကို ပြောင်းလဲ ပေးနိုင် သူတော့ မဟုတ် ပါဘူး ။ ဒါပေမယ့် သူဟာ ပါရမီ ထူးကဲ တဲ့ ကစားသမား ကောင်း တစ်ဦး ဖြစ်ပြီး အသင်း အတွက် အများကြီး ပေးဆပ် နိုင်စွမ်း ရှိသူ တစ်ဦး လို့ ကျွန်တော် ထင် ပါတယ် ”

” သူ့ရဲ့ အကောင်းဆုံး ခြေစွမ်း တွေကို မြင်တွေ့ ခဲ့ ရတဲ့ အချိန် က သူ ဂျူဗင်တပ် အသင်း အတွက် ကစား ပေး ခဲ့တဲ့ အခိုက်အတန့် တွေ ပါပဲ ။ သူဟာ အဲ့ဒီ တုန်းက ကွင်းလယ် မှာ တိုက်စစ် ဖက်ကို ပိုပြီး လိုက်ပါ ကစား ခဲ့ရ သလို ပြိုင်ဖက် ဧရိယာ ထိပ်နား ကိုလည်း အမြဲလို ရောက်ရှိ နေခဲ့ ပါတယ် ”

” အကယ်လို့ ခင်ဗျား ဟာ မန်ချက်စတာ ယူနိုက်တက် မှာ အသင်း တစ်သင်း ကို ရွေးချယ် မယ် ဆိုရင် ပေါ့ဂ်ဘာ ဟာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် နေမှာ ပါပဲ ။ ဒါဟာ တစ်ကယ့် ကို သေချာ လှတဲ့ အရာ တစ်ခု ပါပဲ ” လို့ ဒေးဗစ် မိုယက်စ် က ယူနိုက်တက် တို့ ကစားသမား ကို အသင်း မှာ ဆက်လက် ထိန်း ဖို့ လိုအပ် ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar