ယာဂန်ကလော့ အကယ်၍ သူတို့ အသင်း အနေနဲ့ အဝေးကွင်း စွမ်းဆောင်ရည် တိုးတက်အောင် မလုပ် နိုင်ပါက ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာ ရမယ့် အရေးနဲ့ ရင်ဆိုင် ရလိမ့်မယ်လို့ ဝန်ခံ သွားပါတယ်။ လီဗာပူး ဟာ ယနေ့ည ဘယ်ဂျီယံ မှာ ဂန့်နဲ့ ကစား သွားရမှာ ဖြစ်ပြီး အန်ဖီး ကလပ်ဟာ ချန်ပီယံလိဂ် မှာ အဝေးကွင်း ရလဒ်တွေ သိပ်မကောင်းမှု အပေါ် တိုးတက်အောင် လုပ်သွားဖို့ အတွက် ရည်မှန်း နေပါတယ်။

လီဗာပူးဟာ ပြီးခဲ့ ရာသီ ချန်ပီယံလိဂ် မှာ ဗိုလ်စွဲ ခဲ့တုန်းက အုပ်စု အဆင့် အဝေးကွင်း ၃ ပွဲ စလုံးကို ရှုံးနိမ့် ခဲ့ပြီး ဒီရာသီ ပထမဦးဆုံး ပွဲစဉ် မှာလည်း နာပိုလီ ကို အဝေးကွင်းမှာ ၂-၀ နဲ့ ရှံုးထား ခဲ့ပါတယ်။

ကလော့ က “ပြီးခဲ့တဲ့ နှစ်က ကျွန်တော်တို့ဟာ အတော်ကျပ်တဲ့ အုပ်စုမှာ ကံကောင်းခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ဟာ အဝေးကွင်း မှာ ၃ကြိမ် ရှံုးနိမ့် ခဲ့ပေမယ့် အုပ်စု အဆင့်ကို ကျော်ဖြတ် နိုင်ဖို့ အတွက်တော့ အခွင့်အရေး ရခဲ့ပါတယ်။ ဒီနှစ် မှာတော့ ဒီလိုမျိုး ထပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီလို ဖြစ်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ အနေနဲ့ အိမ်ကွင်း ပွဲစဉ်တွေချည်း အားကိုးတာ မဟုတ်ပါဘူး။ ဒါပေမယ့် အန်ဖီးရဲ့ ဥရောပ ညတွေဟာ စပယ်ရှယ် လို့တော့ ကျွန်တော် ပြောချင် ပါတယ်။ အခြား အသင်း တွေလည်း ဒီလိုမျိုး စပယ်ရှယ် ပတ်ဝန်းကျင် ဖန်တီး နိုင်ပါတယ်။ အဲဒီလို ပတ်ဝန်းကျင်မှာ ကစား ရတာ ခက်ခဲ နိုင်ပါတယ်။ ဒီပွဲတွေဟာ အိမ်ကွင်း ပွဲတွေနဲ့တော့ တူမှာ မဟုတ်ပါဘူး။

ရိုးရိုးသားသား ပြောရရင် ကျွန်တော်တို့ အဝေးကွင်း ပွဲစဉ် တွေမှာ ခြေစွမ်း အရ နိုင်သင့်တဲ့ ပွဲတွေ ရှိပေမယ့် အကြောင်းရင်း အချို့ကြောင့် မနိုင် ခဲ့ပါဘူး။ သမိုင်းကြောင်း အရ အဝေးကွင်း မှတ်တမ်းတွေ မကောင်းဘူး ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ယေဘူယျ အားဖြင့် ချန်ပီယံလိဂ် ပြိုင်ပွဲဟာ ကျွန်တေ်ာတို့ အတွက် တကယ်ကောင်းတဲ့ ပြိုင်ပွဲ ဖြစ်ခဲ့ ပါတယ်။ ကျွန်တော်တို့ မှန်ကန်တဲ့ အခိုက်အတန့်တွေမှာ အနည်းဆုံးတော့ မှန်ကန်တာတွေ လုပ်သွား ရပါမယ်။ ဒါပေမယ့် ကျွန်တေ်ာတို့ ဒီအရာတွေ အပေါ်ကိုတော့ မှီခို နေလို့ မရပါဘူး။ ကျွန်တော်တို့ အဝေးကွင်းမှာ တိုးတက်ဖို့ လိုတယ် ဆိုတာ သိပါတယ်။ ကျွန်တေ်ာတို့ အလုပ် ဖြစ်တဲ့ အချိန်ထိ တစ်ကြိမ်ပြီး တစ်ကြိမ် ကြိုးစား သွားပါမယ်။” လို့ ဆိုသွား ပါတယ်။

လီဗာပူးရဲ့ ပြီးခဲ့တဲ့ အဝေးကွင်း ရလဒ်တွေနဲ့ ပက်သက်ပြီး မေးမြန်းမှုကို ဒုတိယ အသင်း ခေါင်းဆောင် ဂျိမ်းမီနာ က “ပြည်တွင်း ပြိုင်ပွဲကို ပိုမို အာရုံစိုက် ခဲ့လို့ ဆိုပြီး ပြောကြမယ် ဆုတာ ကျွန်တော် ထင်ထားပါတယ်။ ဒီကာလမှာ ကစားဖို့ ရှိနေတဲ့ ပွဲတွေ အများကြီးပါ။ ဒါဟာ ခက်ခဲပါတယ်။ နိုင်ငံတကာ ပွဲစဉ်တွေကလည်း ခဏခဏ ဝင်လာတာကြောင့် ပွဲတွေမှာ ရစ်သမ် ပြန်ရဖို့ ခက်ခဲ ပါတယ်။

ဒါပေမယ့် တစ်ချိန်တည်း မှာပဲ ကျွန်တော်တို့ရဲ့ အဝေးကွင်း ရလဒ်တွေဟာ လုံလောက်မှု မရှိခဲ့ပါဘူး။ ဒါဟာ ရှင်းလင်းတဲ့ အချက်ပါ။ ကျွန်တော်တို့ အနေနဲ့ အဝေးကွင်းမှာ ပိုကောင်းဖို့ လိုပါတယ်။ ချန်ပီယံလိဂ် မှာ အိမ်ကွင်းပဲ ဖြစ်ဖြစ် အဝေးကွင်းပဲ ဖြစ်ဖြစ် လွယ်ကူတဲ့ ပွဲဆိုတာ မရှိပါဘူး။

ဒါ့ကြောင့် ကျွန်တော်တို့ ပိုကောင်းဖို့ လိုပါတယ်။ ပိုမို တိုးတက်ဖို့ လိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကစား ရတဲ့ ပွဲပမာဏကြောင့် ဒါဟာ ပြောစရာ အချက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အရမ်း ကောင်းတဲ့ လူစာရင်း ရှိပြီး အတွေ့အကြံုရှိ ကစားသမားတွေ များပါတယ်။ ကျွန်တေ်ာတို့ အဝေးကွင်း ရလဒ်တွေ တိုးတက်အောင် လုပ်ရပါမယ်။ ကျွန်တော်တို့ ဒါကို သိပါတယ်။ မနက်ဖြန် ဒါကို လုပ်ပြ နိုင်မယ်လို့ ထင်ပါတယ်။” လို့ ဆိုသွား ပါတယ်။

ဆက်လက်ပြီး မီနာ က “ကျွန်တော်တို့ အဝေးကွင်းမှာ အရမ်း ကောင်းတဲ့ ရလဒ်တွေ ရခဲ့တယ်လို့ ထင်ပါတယ်။ ဘိုင်ယန် နဲ့ ပွဲဆိုရင် တကယ့်ကို ကောင်းတဲ့ အဝေးကွင်း ရလဒ်။ အချက်အလက်တွေ အရ ဒါကို အရောင်ဆိုး နိုင်ပေမယ့် ဘိုင်ယန်နဲ့ ပွဲကို ခင်ဗျားတို့ စဉ်းစား ကြည့်မယ် ဆိုရင် ဥရောပရဲ့ အကောင်းဆုံး အသင်း တွေထဲက တစ်သင်းနဲ့ အရေးကြီး ပွဲမှာ အကောင်းဆုံး လုပ်ပြ ခဲ့တာပါ။

ဒါမှမဟုတ် ခင်ဗျားတို့ အနေနဲ့ ဒါကို ဖယ်ထားပြီး အုပ်စု ပွဲတွေက ဒီလို ဟိုလို ဆိုပြီး ပြောနိုင် ပါတယ်။ ကျွန်တော်တို့ အနိုင် ရချင်ပါတယ်။ ကျွန်တေ်ာတို့ ပွဲတိုင်းကို အနိုင်ရလဒ် အတွက် ကစား တာပါ။ ဒါဟာ လွယ်ကူတဲ့ အရာ မဟုတ်ပေမယ့် ကျွန်တော်တို့ ကွင်းထဲကို သွားပြီး ဒါမျိုး ဖြစ်အောင် လုပ်ပြ သွားရမှာပါ။” လို့ ပြောခဲ့ပါတယ်။

SM