ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ အပတ် ဗုဒ္ဓဟူးနေ့ည က ကစား ခဲ့တဲ့ ယူရိုပါလိဂ် ဖိုင်နယ် ပွဲစဉ် မှာ လန်ဒန် မြို့ခံ ပြိုင်ဖက် အာဆင်နယ် အသင်း ကို ၄ – ၁ နဲ့ ဂိုးပြတ် အနိုင်ရကာ ယူရိုပါလိဂ် ချန်ပီယံ အဖြစ် ရာသီသိမ်း နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ဒီရာသီ မှာ ခြေစွမ်း နဲ့ ရလဒ်ပိုင်း အနိမ့်အမြင့် ၊ အတက်အကျ ပေါင်းစုံ နဲ့ ရင်ဆိုင် နေခဲ့ရပေမယ့် အဆုံး မှာတော့ အခုလိုမျိုး ချန်ပီယံဆု တခု နဲ့ ရာသီသိမ်း နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ အစောပိုင်း မှာ ရလဒ်ကောင်း တွေ တောက်လျှောက် ဆိုသလို ရရှိ ခဲ့တဲ့ အတွက်ကြောင့် ပရီးမီးယားလိဂ် ဖလားပင် စိန်ခေါ် နိုင်ဖို့ သတင်းတွေ ထွက်ပေါ် ခဲ့ပေမယ့် နောက်ပိုင်း မှာ ဆိုးရွား လှတဲ့ ကစားဟန် ၊ ခြေစွမ်း တွေ နဲ့ ရမှတ် တွေ တဖြည်းဖြည်း ဆုံးရှုံး ခဲ့ရကာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အတွက်ပင် ရုန်းကန် ခဲ့ရပါတယ် ။

သို့ပေမယ့် လည်း ရာသီကုန် ပရီးမီးယားလိဂ် မှာ ချယ်လ်ဆီး အသင်း ဟာ အဆင့် ၃ နေရာ မှာ ရပ်တည်ပြီး ၄င်းတို့ရဲ့ ပစ်မှတ် ချန်ပီယံလိဂ် ဝင်ခွင့် ကိုလည်း အရယူ နိုင်ခဲ့ပါတယ် ။ ရာသီသိမ်း နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ ယူရိုပါလိဂ် ဖိုင်နယ် မတိုင်ခင်မှာလည်း ချယ်လ်ဆီး အသင်း ဟာ ဒဏ်ရာ ပြဿနာ အချို့ ၊ ကစားသမား အချင်းချင်း အချင်းများမှု စတာတွေနဲ့ ကြုံတွေ့ နေခဲ့ရတာကြောင့် ဗိုလ်စွဲဖို့ အာဆင်နယ် ထက် ပိုပြီး ရေပန်းစား မနေခဲ့တာ ဖြစ်ပါတယ် ။

အဆုံးမှာတော့ ချယ်လ်ဆီး အသင်း ဟာ ထို သတင်းတွေ မှားကြောင်း သက်သေပြကာ အာဆင်နယ် ကို အနိုင်ယူပြီး ယူရိုပါလိဂ် ချန်ပီယံဆု ကို ဒုတိယ အကြိမ်မြောက် ရယူ နိုင်ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား ဝီလီယံ ကတော့ ချယ်လ်ဆီး အသင်း ဟာ ဘယ်လို အခြေအနေ မျိုးမှာပဲ ဖြစ်ဖြစ် ဆုဖလား တွေ အတွက် စိန်ခေါ် နိုင်ဆဲ ၊ ရေပန်းစား နေဆဲ ဖြစ်ကြောင်း ဆိုသွားခဲ့ပါတယ် ။

ဝီလီယံ က ” ကျွန်တော် တို့ဟာ အပြင် လောက က ဝေဖန်သံတွေ ၊ ကောလဟလ တွေကို ဂရုမစိုက် တတ်ကြပါဘူး ။ ကျွန်တော် တို့ဟာ ကိုယ့်အလုပ် ၊ ကိုယ့်ရဲ့ လေ့ကျင့်မှု တွေ အပေါ်မှာသာ အာရုံထား တတ်ကြတာ ဖြစ်ပါတယ် ။ အပြင် က ကိစ္စ တွေကို ကျွန်တော် တို့ဟာ ကလပ် က တာဝန်ရှိသူ တွေဆီကိုပဲ လွှဲထားတတ်ပါတယ် ။ ကျွန်တော် တို့ကတော့ ကိုယ့်အလုပ် ၊ ကိုယ် ကစားရမယ့် ပွဲစဉ် တွေ အပေါ် အာရုံစိုက် ဖို့ပဲ လိုပါတယ် ။ ”

” ကျွန်တော် ကတော့ ပြီးခဲ့တဲ့ ဖိုင်နယ် မှာ ကျွန်တော် တို့ အသင်း ဟာ လူတွေရဲ့ အလေးပေးခြင်း ကို မခံ ခဲ့ရဘူး လို့ ထင်ပါတယ် ။ လူ အများစု က ချယ်လ်ဆီး အသင်း ဟာ ဒီရာသီ ဘာဖလား မှ မရပဲ ရာသီသိမ်း သွားမယ် လို့ ထင်နေကြတာပါ ။ ကျွန်တော် တို့ဟာ ဒီရာသီ အတွင်း မှာ ကစားပုံ မကောင်းခဲ့ကြတာ များတယ် ၊ စသဖြင့် အကြောင်းပြချက် အမျိုးမျိုး နဲ့ ကျွန်တော် တို့ကို ချန်လှပ် ထားခဲ့ကြပါတယ် ။ ဒါပေမယ့် အခုဆို ကျွန်တော် တို့ ယူရိုပါလိဂ် ချန်ပီယံ အဖြစ် နဲ့ သူတို့ရဲ့ ထင်မြင်ချက် တွေကို တုန့်ပြန် ပြနိုင်ခဲ့ပါတယ် ။ ”

” အခုတော့ ကျွန်တော် တို့ဟာ ရရှိလာတဲ့ အားလပ်ရက် တွေကို အကောင်းဆုံး အသုံးချ ပြီး လာမယ့် ဘောလုံး ရာသီ အတွက် ပြင်ဆင် ရပါတော့မယ် ။ ချယ်လ်ဆီး အသင်း ဟာ နှစ်တိုင်း ဆုဖလား တွေ ရဖို့ အမြဲ ဆာလောင် နေတဲ့ အသင်း ဖြစ်ပါတယ် ။ ဆုဖလား တွေ အတွက် နှစ်တိုင်း တိုက်ပွဲဝင် နေတဲ့ အသင်းပါ ။ ဒီနှစ် လည်း ကျွန်တော် တို့ရဲ့ ပစ်မှတ် က အတူတူ ပါပဲ ။ အခုလို ဒီနှစ် ဘောလုံး ရာသီ ကို ယူရိုပါလိဂ် ချန်ပီယံ အနေနဲ့ အဆုံးသတ် နိုင်ခဲ့တာ က အံ့သြစရာ ဖြစ်ပါတယ် ။ ”

” ဒီရာသီ မှာ ကျွန်တော် တို့ဟာ ရလဒ်ဆိုး တလှည့် ၊ ရလဒ်ကောင်း တလှည့် ဆိုတဲ့ မကြာခဏ အလှည့်အပြောင်း အခြေအနေ များစွာ ကို ကျော်ဖြတ် လာခဲ့ရပါတယ် ။ အဆုံးမှာတော့ ကျွန်တော် တို့ဟာ ပရီးမီးယားလိဂ် အဆင့် ၃ နဲ့ အဆုံးသတ် နိုင်ခဲ့သလို ကျွန်တော် တို့ဟာ ကာရာဘောင် ဖလား ဖိုင်နယ် ကိုလည်း တက်ရောက် နိုင်ခဲ့ပါတယ် ။ အခု တခါမှာ ယူရိုပါလိဂ် ဖလား ချန်ပီယံပါ ထပ်ဖြစ် ခဲ့ပါပြီ ။ ဒါကြောင့်မို့ ကျွန်တော် တို့ရဲ့ ဒီရာသီ အနေအထား ဟာ ကောင်းတယ် လို့ ခင်ဗျား အနေနဲ့ ပြောနိုင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Unicode

လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ် ဖလားရယူပြီးနောက် အာဆင်နယ် အသင်းပရိသတ်တွေကို သတင်းစကားပါးလိုက်တဲ့ #ချိန်ဘာလိန်
=============================

လီဗာပူး အသင်းရဲ့ တောင်ပံ ကစားသမား ချိန်ဘာလိန် ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အသင်းဟောင်း အာဆင်နယ် အသင်းရဲ့ ခါးသီးလှတဲ့ မြို့ ခံ ပြိုင်ဘက် တော့တင်ဟမ် အသင်း ရဲ့ ချန်ပီယံ အိပ်မက်ကို ဖျက်ဆီးဖို့ စိတ်ဓတ် တက်ကြွမှု အပြည့် ရှိခဲ့ကြောင်း ဆိုပါတယ် ။

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ချိန်ဘာလိန် ဟာ ဒဏ်ရာကြောင့် တစ်ရာသီလုံး အနားယူ နေရခဲ့သလို တော့တင်ဟမ် အသင်းနဲ့ ပွဲမှာလည်း အရန် လူစာရင်းမှာသာ ပါဝင်ခဲ့ပြီး လူစားဝင် ကစားခွင့်တောင် မရခဲ့ပါဘူး ။
ဒါပေမယ့်လည်း လီဗာပူး အသင်းဟာ တော့တင်ဟမ် အသင်းကို နှစ်ဂိုးဂိုးမရှိ နဲ့ အနိုင် ရသွားခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ခြောက်ကြိမ်မြောက် ဆွတ်ခူး နိုင်ခဲ့ပါတယ် ။

လီဗာပူး အသင်းဟာ ပွဲစစချင်းမှှာပဲ တိုက်စစ်မှူး မိုဟာမက် ဆာလက်ချ် ရဲ့ သွင်းဂိုး နဲ့ ဦးဆောင် နိုင်ခဲ့ပြီး အနိုင်သေချာ စေမယ့် ဂိုးကိုတော့ ပွဲချိန် ၈၇ မိနစ်မှာ လူစားဝင် တိုက်စစ်မှူး အိုရီဂီ က လှလှပပ ကန်သွင်းယူ ခဲ့တာပါ ။

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တော့တင်ဟမ် အသင်း ရဲ့ ချန်ပီယံ အိပ်မက်ကို တားစီး သွားခဲ့တဲ့ သူတွေကတေ့ာ လီဗာပူး ဂိုးသမား အလီဆွန် နဲ့ နောက်ခံလူ ဗန်ဒိုက် တို့ပဲ ဖြစ်ပါတယ် ။ ဘရာဇီး လက်ရွေးစင် ဂိုးသမား အလီဆွန် ဟာ တော့တင်ဟမ် အသင်းရဲ့ အပိုင်ကန်သွင်းချက်တွေကို လက်စွမ်းပြ ကာကွယ် နိုင်ခဲ့သလို ဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကို ရရှိ သွားခဲ့ပါတယ် ။

ချိန်ဘာလိန် က အသင်းဟောင်း အာဆင်နယ် အသင်းက အသင်းဖော်တွေနဲ့ ပရိသတ်တွေ အတွက် တော့တင်ဟမ် အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဆုဖလားကို ရယူ ပေးနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင် ဝမ်းသာမိကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အင်္ဂလန် တောင်ပံ ကစားသမား ချိန်ဘာလိန် ဟာ အာဆင်နယ် အသင်းမှာ ခြောက်နှစ်ကျော်ကြာ ကစားခဲ့ဖူးပြီး ၂၀၁၇ ခုနှစ် တုန်းကမှ ပြောင်းရွှေ့ ကြေး ပေါင် ၃၅ သန်း နဲ့ လီဗာပူး အသင်းကို ရောက်ရှိ လာတာလည်း ဖြစ်ပါတယ် ။ ချိန်ဘာလိန် ဟာ ရိုးမား အသင်းနဲ့ ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် တစ်နှစ်နီးပါး အနားယူခဲ့ရပြီး ဧပြီလ နှောင်းပိုင်းမှ ပြန်လည် ကစားနိုင်ခဲ့ပါတယ် ။

ချိန်ဘာလိန် က ဗိုလ်လုပွဲ အပြီး မာတီဆက်ကာ နဲ့ အင်တာဗျူးမှာ ” အာဆင်နယ် အသင်းကစားသမားဟောင်း တစ်ယောက်အနေနဲ့ ဒီနိုင်ပွဲက ပရိသတ်တွေ အတွက် ဘယ်လောက် အထိ အရေးပါသလဲ ဆိုတာ ကျနော် သိပါတယ် ။ လီဗာပူး အသင်း အတွက်လည်း အရမ်း အရေးကြီး ခဲ့ပါတယ် ။ ဒါပေမယ့် အာဆင်နယ် ပရိသတ်တွေက ” တစ်ချိန်က ဂန်းနား ဖြစ်ခဲ့ဖူးရင် အမြဲတမ်း ဂန်းနား ဖြစ်နေမှာပါ ။ ” လို့ ပြောလေ့ ရှိပါတယ် ။ ”

” ကျနော် သိကျွမ်းခဲ့တဲ့ အာဆင်နယ် အသင်း က မိတ်ဆွေတွေ အတွက် တော့တင်ဟမ် အသင်းကို အနိုင်ယူဖို့ လိုအပ်တယ်ဆိုတာကို တွေးတောမိပါတယ် ။ သူတို့လည်း ကျနော်တို့ကို နိုင်စေချင်မှာပါ ။ ကျနော်တို့ အားလုံး လုပ်နိုင်ခဲ့တဲ့ အတွက် ဝမ်းသာ မိပါတယ် ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR