မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ ဒီရာသီ ရလဒ် ဆိုးတွေ မှာ ဝေဖန် ခံရသူ တွေ အများ အပြား ရှိခဲ့ ပါတယ် ။ ဒီ အထဲ မှာ တိုက်စစ်မှုးလေး မားကပ် ရက်ဖိုဒ့် ဟာ တစ်ဦး အပါ အဝင် ဖြစ် ခဲ့ ပါတယ် ။ နည်းပြ ဆိုးရှား လက်အောက် မှာ အသင်းရဲ့ ဦးစားပေး တိုက်စစ် မှုး တစ်ယောက် အဖြစ် ကစား ခဲ့ရ ပေမယ့် တိုက်စစ် မှုး တစ်ယောက် ရဲ့ တာဝန် ဖြစ်တဲ့ သွင်းဂိုးတွေ ကို မရှာဖွေ ပေးနိုင်မှု ဟာ ရက်ဖိုဒ့် အပေါ် ဝေဖန်မှု တွေ ကျရောက် စေတဲ့ အကြောင်း တရား ဖြစ်စေခဲ့ ပါတယ် ။

ရက်ဖိုဒ့် ဟာ ဒီရာသီ မှာ ယူနိုက်တက် အတွက် ၄ ဂိုးသာ သွင်းယူ ထားနိုင် ခဲ့ပြီး ပင်နယ်တီ ဂိုးတွေ ပါ၀င် နေခဲ့ ပါတယ် ။ အသင်း က သွင်းဂိုးတွေ အရေး တကြီး လိုအပ် လာတဲ့ အခါ မျိုးမှာ ရက်ဖိုဒ့် ဆီကနေ သွင်းဂိုးတွေ ထွက်ပေါ် မလာခဲ့တာ ဟာ ဝေဖန်လို သူတွေ အတွက် စကားလုံး တွေကို ပိုမို ပြင်းထန် စေဖို့ ဖြစ်လာ ခဲ့ရ ပါတယ် ။

ဒါပေမယ့် ပြီးခဲ့တဲ့ လီဗာပူး နဲ့ ပွဲ အပြီး မှာတော့ ရက်ဖိုဒ့် အပေါ် အမြင် အနည်းငယ် ပြောင်းလဲ လာခဲ့ ပါတယ် ။ ဗာဂျယ် ဗန်ဒိုက် ဦးဆောင် တဲ့ နောက်တန်း ကို ပထမ ပိုင်း မှာ ရက်ဖိုဒ့် က အလုပ်ရှုပ် စေခဲ့ ပါတယ် ။ ဒန်နီရယ် ဂျိမ်းစ် နဲ့ ရက်ဖိုဒ့် တို့ ဟာ လျှင်မြန်မှု ကို အားပြုပြီး တန်ပြန် တိုက်စစ် တွေ က တဆင့် လီဗာပူး ခံစစ်မှုးတွေ ကို ဖိအားပေး ခဲ့ကာ ဦးဆောင်ဂိုး ကို ပင် သွင်းယူ နိုင်ခဲ့ ပါတယ် ။

ဒါဟာ မားကပ် ရက်ဖိုဒ့် မှာ အသုံးချလို့ ရနိုင်တဲ့ အရည် အသွေး တွေ ရှိနေ သေးတယ် ဆိုတာ ကို မြင်တွေ့ စေခဲ့ တာပါပဲ ။ ဒါဆိုရင် ဘာကြောင့် ရက်ဖိုဒ့် ဟာ ဝေဖန် ခံ နေရတာလဲ ၊ ဘာကြောင့် ဂိုးတွေ မသွင်းပေးနိုင် ခဲ့တာ လဲ ၊ ဘာကြောင့် တိုးတက်မှုတွေ ကို မမြင်တွေ့ နေရတာလဲ . . .

မေးခွန်းတိုင်းမှာ အဖြေဆိုတာ ရှိရ ပါတယ် ။ ရက်ဖိုဒ့် ဝေဖန်ခံနေရတာ ဟာ ဂိုးတွေ မသွင်းနိုင်တာ ကြောင့် ၊ တိုးတက်မှု သိပ် မရှိတာ တွေကြောင့်ပါ ။ ဒါတွေ ဘာကြောင့် ဖြစ်လာ ရသလဲဆိုရင် အထောက် အပံ့ကောင်း တွေ မရှိလို့ပါလို့ ဖြေရမှာ ပါပဲ ။

ဘောလုံး ဆိုတာ အသင်းလိုက် ကစား ရတဲ့ ကစားနည်းပါ ။ အနည်းငယ် လောက်က ပဲ အသင်းတစ်သင်းလုံး အတွက် တစ်ဦးတည်း ရုန်းကန် ကစားပေးနိုင် ပါတယ် ။ ရက်ဖိုဒ့် ဟာ ဒီ အဆင့် ကို မရောက်သေး သလို ဒီလို ကစား သမား မျိုးလည်း ဟုတ်ချင် မှ ဟုတ်မှာပါ ။ ဒါကြောင့် ကစား သမား တစ်ယောက် သက်ဆိုင်ရာ နေရာမှာ ပုံစံ ကောင်း ရဖို့ အတွက် အသင်းဖော်တွေ ရဲ့ ထောက်ပံ့ပေးမှု ကို မဖြစ်မနေ လိုအပ် ပါတယ် ။

ဂိုးသမား တစ်ယောက် ဂိုးမပေးရတာ ဟာ ခံစစ် ကြောင်းက အသင်းဖော်တွေရဲ့ စွမ်းဆောင်မှုတွေ အနည်းနဲ့ အများ ပါ၀င်ပါတယ် ။ ရှေ့တန်းလူ တွေ အစွမ်းပြ နေတာကလည်း ခံစစ် က စိတ်ချ ရတာကြောင့် ၊ ခံစစ် အတွက် မပူပင်ရတာ တွေကြောင့် ဖြစ်နိုင် ပါတယ် ။ အထောင် တိုက်စစ်မှုးတွေ အတွက်တော့ ဖန်တီးပေးပို့မှု တွေ မရှိဘဲ သွင်းဂိုးတွေ ကို အများကြီး မျှော်လင့်လို့ မရနိုင် ပါဘူး ။

ရက်ဖိုဒ့် ဟာ မက်ဆီ ၊ ရိုနယ်ဒို ၊ ဘာပေ ၊ ဟာဇက် ၊ ကာဗာနီ တို့ ရဲ့ အစွမ်းသတ္တိတွေ အကုန်လုံးကို မပိုင်ဆိုင် ထားပါဘူး ။ သူ့မှာ ကိုယ်ပိုင် အစွမ်းသတ္တိ ပဲ ရှိပါတယ် ။ အဲ့ဒါက လျှင်မြန်မှု ပါ ။ ကန်ချက် အချို့ ကလည်း မထင် ရင် မထင် သလို ကောင်းတတ် ပါတယ် ။ ရက်ဖိုဒ့် အတွက် အကောင်းဆုံး အနေ အထားက တန်ပြန် တိုက်စစ် ဆင်တဲ့ အချိန်မျိုးပါ ။

ဒီလို အနေအထားမျိုး အတွက် ရက်ဖိုဒ့် ကို ဖန်တီးပေး နိုင်တာ ပေါ့ဘာ တစ်ဦးသာ ရှိပါတယ် ။ ဒီရာသီ မှာ ပေါ့ဘာ ဟာ ယူနိုက်တက် အတွက် အကောင်းဆုံး ပုံစံ မှာ ရှိမနေ သလို ဒဏ်ရာ လည်း ရနေခဲ့ ပါတယ် ။ ဒီ အချိန် မှာ အထောင် တိုက်စစ်မှုး ဖြစ်တဲ့ ရက်ဖိုဒ့် တစ်ယောက် ရုန်းကန် ရတော့ တာပါပဲ ။

ပေါ့ဘာ မပါတဲ့ ယူနိုက်တက် ကွင်းလယ် နဲ့ တောင်ပံ မှာ ဖန်တီးမှု စွမ်းအင် လျော့ကျ နေပါတယ် ။ တကယ်လို့ ရက်ဖိုဒ့် သာ မန်စီးတီး မှာ ၊ လီဗာပူး မှာ ဆိုရင် အခုထက် တော့ ဂိုးပိုသွင်း နိုင်မှာ သေချာ ပါတယ် ။ ပြောင်းပြန် ပြောရရင် စတာလင် ၊ ဆာလာ တို့ ကို ယူနိုက်တက် ပို့လိုက်မယ် ဆိုရင် သူတို့တွေ အခုလောက်ဆို ဖွတ်ဖွတ် ညက်ညက် ကြေအောင် ဝေဖန်ခံ နေရမှာပါ ။

နောက်တစ်ချက် က ရက်ဖိုဒ့် ကို သင်ပြ ထိန်းကွပ်ပေးမယ့် ကစား သမားတွေ ယူနိုက်တက် မှာ ရှိမနေပါဘူး ။ ရိုနယ်ဒို ၊ မက်ဆီ တို့က အစ ကစားသမား ကောင်း တော်တော်များများ ဟာ နည်းပြ ကောင်းတွေ နဲ့သာမက စီနီယာကောင်းတွေ နဲ့ လည်း ဆုံခဲ့ကြပါတယ် ။

ရိုနယ်ဒို ယူနိုက်တက် မှာ ကစားခဲ့စဉ် က ရိုင်ယန်ဂစ် ၊ စခိုးလ် တို့လို ၀ါရင့် ကစား သမားတွေ ရှိခဲ့သလို တိုက်စစ် မှာ လည်း နစ္စတယ်ရွိုင်း တို့ ကစားနေခဲ့ ပါသေးတယ် ။ သူတို့တွေ ဆီကနေ ရိုနယ်ဒို ကောင်းကောင်း သင်ယူနိုင် ခဲ့ပြီး အခုလို အဆင့်မျိုး ရောက်ဖို့ အခြေခံ ကောင်းတွေ ပိုင်ဆိုင် ခဲ့ပါတယ် ။

မက်ဆီ ဆိုရင်လည်း ဇာဗီ ၊ အင်နီယေစတာ ၊ ပူယိုးလ် တို့လို ၀ါရင့်တွေ နဲ့ ဆုံခဲ့ရသလို ရီကတ် ၊ ဂွာဒီယိုလာ တို့လို ဘာစီလိုနာ DNA ရှိတဲ့ နည်းပြ တွေရဲ့ သွန်သင် ဆုံးမမှုတွေ အောက်မှာ ကြီးပြင်းလာခဲ့ ရပါတယ် ။ ရက်ဖိုဒ့် မှာတော့ စမောလင်း ၊ ယန်း ၊ ဂျုံးစ် တို့သာ ရှိပြီး မာတာ နဲ့ မာတစ် တို့ကလည်း ခပ်အေးအေး ၀ါရင့် တွေ ပါ ။ ဇလာတန် လို တိုက်စစ်မှုးကောင်း တစ်ယောက် နဲ့ ဆုံခဲ့ပေမယ့် အချိန် က သိပ်မရလိုက်ပါဘူး ။ ဒါတွေ ဟာ ရက်ဖိုဒ့် ရဲ့ တိုးတက်မှု နှုန်း ကို ကျဆင်း စေခဲ့ ပါတယ် ။

ရက်ဖိုဒ့် ဟာ လာမယ့် အပတ် ထဲမှာ ၂၂ နှစ် ပြည့် တော့ မှာပါ ။ ဒီအချိန် မှာ ရက်ဖိုဒ့် ရဲ့ သွင်းဂိုး ဟာ ရိုနယ်ဒို ၂၂ နှစ် တုန်းက သွင်းဂိုး ထက် ပိုများပြီး လူကာကူ ၊ မက်ဆီ ၊ ရွန်းနီ တို့ အောက်မှာသာ ရှိခဲ့ ပါတယ် ။ လက်ရှိ မော်ဒန် ဘောလုံးလောက မှာ ရက်ဖိုဒ့် ဟာ ဂိုးသွင်းနှုန်း ကောင်းတဲ့ လူငယ် တစ်ဦး ထဲမှာ ပါ၀င်နေတာကိုတော့ ငြင်းလို့ ရနိုင်မှာ မဟုတ်ပါဘူး ။

ရက်ဖိုဒ့် ဟာ ၂၂ နှစ်တောင် မပြည့်သေးပါဘူး ။ သင်ယူ စရာ များစွာ ရှိနေ သေးတဲ့ လူငယ် တစ်ယောက် အခြေ အနေမှာသာ ရှိနေ ပါသေးတယ် ။ တကယ်လို့ ယူနိုက်တက် အနေနဲ့ ရက်ဖိုဒ့် ပုခုံးပေါ်က ဖိအားတွေ ကို သက်သာအောင် မလုပ်ပေးနိုင်ဘူး ဆိုရင်တော့ ရက်ဖိုဒ့် ဟာ အလားအလာ ကောင်းတဲ့ လူငယ် အဆင့် ကနေ ပရိသတ်တွေ မနှစ်သက်တဲ့ ကစား သမား အဖြစ်ကို ရောက်ရှိသွားတော့ မှာ မလွဲဧကန် ပါပဲ ။

SPORTS MYANMAR