မနေ့က အေဂျက်ဇ် အသင်း နဲ့ ချန်ပီယံလိဂ် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ သတင်းထောက် တဦး ဟာ ချယ်လ်ဆီး အသင်း ရဲ့ နည်းပြ ဖရန့် လမ်းပတ် ကို အနည်းငယ် မာထန်ပြီး ထူးခြားတဲ့ မေးခွန်း တခု ကို မေးခဲ့ပါတယ် ။ သို့ပေမယ့် ဖရန့် လမ်းပတ် ကတော့ တုန့်လှုပ်ရှား မရှိခဲ့ပဲ ၊ အခုလိုမျိုး ပြံုးပြံုးလေးပဲ တုန့်ပြန် ဖြေကြား ခဲ့ပါတယ် ။

သတင်းထောက် – ခင်ဗျား ကို ကြည့်ရတာ အေဂျက်ဇ် ကို ရင်ဆိုင်ရမှာ ကြောက်နေလားဗျ ။

လမ်းပတ် – ( ပြံုးလျက် ) ဒီလို ပြောရအောင် ခင်ဗျား ဘာကို ကြည့်ပြီး မေးလိုက်တာလဲဗျ ?

သတင်းထောက် – ခင်ဗျား မျက်နှာ က အေဂျက်ဇ် ကို ကြောက်ရွံ့ နေတဲ့ ပုံပေါ်လို့ပါ ။

လမ်းပတ် – ( ပြံုးလျက် ) ဒါက ကျွန်တော် ထားနေကြ မျက်နှာထားပဲလေ ။

သတင်းထောက် – ခင်ဗျား နယူူးကာဆယ် နဲ့ ပွဲအပြီးမှာ ပြောခဲ့တာက အေဂျက်ဇ် အသင်း ဟာ အရမ်း ကောင်းတယ် ၊ အေဂျက်ဇ် နဲ့ ရင်ဆိုင်မယ့် အကြောင်းပဲ စဉ်းစားနေတယ် ဆို ။

လမ်းပတ် – ( ပြံုးလျက် ) ဟုတ်တယ်လေဗျာ ။ အခု ကျွန်တော် တို့ အေဂျက်ဇ် နဲ့ ပွဲပြီးရင် ဘန်လေ နဲ့ ပရီးမီးယားလိဂ် ပွဲ အကြောင်း စဉ်းစား ရမှာ မဟုတ်ဘူးလား ?

သတင်းထောက် – ခင်ဗျားပဲ အေဂျက်ဇ် ကို လေးစားတယ် ဆို …

လမ်းပတ် – ” ကျွန်တော် အမှန်တကယ် အေဂျက်ဇ် အသင်း ကို လေးစားပါတယ် ။ မနှစ် က ဒီ အသင်း အရမ်း ခြေစွမ်း ထက်မြက်ခဲ့တယ် ဆိုတာ အားလုံး တွေ့မြင် ခဲ့ကြပြီးသားပါ ။ မနှစ် က ထက်စာရင်တော့ ဒီနှစ် သူတို့ အသင်း မှာ အပြောင်းအလဲ တချို့ ရှိခဲ့တာပေါ့ဗျာ ။ ကျွန်တော် ကတော့ သူတို့ ဆီက ချဉ်းကပ် လာမယ့် ခြိမ်းခြောက်မှု တွေကို အမြဲ စောင့်ကြည့် နေပါတယ် ။ ချန်ပီယံလိဂ် ရဲ့ အဝေးကွင်း မှာ ကစားရတဲ့ ပွဲ မှန်သမျှ ခက်ခဲမှု ရှိပါတယ် ။

 

အဲ့ဒီ အတွက်ကြောင့် အေဂျက်ဇ် ကို ရင်ဆိုင်မှ ခက်ခဲတာ မဟုတ်ပါဘူး ။ ကျွန်တော် တို့ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိနေတယ် ၊ ဒီပွဲ ဟာ ခက်ခဲမယ် ဆိုတာလည်း သိထားပါတယ် ။ နယူးကာဆယ် နဲ့ ပွဲမှာ ကျွန်တော် ပြောခဲ့တဲ့ အကြောင်းအရာ က ပြိုင်ဖက် အသင်း က ခံစစ် အရမ်း အသားပေး လွန်းပြီး ၅ – ၄ – ၁ ကစားကွက် နဲ့ ကစား ခဲ့တာကြောင့် သူတို့ ခံစစ် တံတိုင်း ကို ဖြိုဖျက်ဖို့ မလွယ်ခဲ့တဲ့ အကြောင်းပါ ။

မနက်ဖြန် မှာ ကျွန်တော် တို့ ရင်ဆိုင်ရမယ် အေဂျက်ဇ် အသင်း ဟာ နယူးကာဆယ် နဲ့ တခြားစီ ပါပဲ ။ ဒါကြောင့်မို့ နယူးကာဆယ် နဲ့ ပွဲအပြီး မှာ ကျွန်တော် တို့ရဲ့ ခံယူချက် တွေကို ပိုပြီး မြှင့်တင်နိုင်ဖို့ က အရေးကြီးခဲ့ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ မနက်ဖြန် ပွဲဟာ ကျွန်တော် တို့ အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လို့ပါ ။ ” လို့ ဖြေကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

ေအဂ်က္ဇ္ နဲ႕ ခ်န္ပီယံလိဂ္ ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲမွာ သတင္းေထာက္ တဦး ရဲ႕ ခက္ထန္တဲ့ အေမး ကို ျပံဳးျပံဳးေလး တုန္႕ျပန္ ေျဖၾကားခဲ့တဲ့ #လမ္းပတ္

မေန႕က ေအဂ်က္ဇ္ အသင္း နဲ႕ ခ်န္ပီယံလိဂ္ ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာ သတင္းေထာက္ တဦး ဟာ ခ်ယ္လ္ဆီး အသင္း ရဲ႕ နည္းျပ ဖရန္႕ လမ္းပတ္ ကို အနည္းငယ္ မာထန္ျပီး ထူးျခားတဲ့ ေမးခြန္း တခု ကို ေမးခဲ့ပါတယ္ ။ သို႕ေပမယ့္ ဖရန္႕ လမ္းပတ္ ကေတာ့ တုန္႕လႈပ္ရွား မရွိခဲ့ပဲ ၊ အခုလိုမ်ိဳး ျပံဳးျပံဳးေလးပဲ တုန္႕ျပန္ ေျဖၾကား ခဲ့ပါတယ္ ။

သတင္းေထာက္ – ခင္ဗ်ား ကို ၾကည့္ရတာ ေအဂ်က္ဇ္ ကို ရင္ဆိုင္ရမွာ ေၾကာက္ေနလားဗ် ။

လမ္းပတ္ – ( ျပံဳးလ်က္ ) ဒီလို ေျပာရေအာင္ ခင္ဗ်ား ဘာကို ၾကည့္ျပီး ေမးလိုက္တာလဲဗ် ?

သတင္းေထာက္ – ခင္ဗ်ား မ်က္ႏွာ က ေအဂ်က္ဇ္ ကို ေၾကာက္ရြံ႕ ေနတဲ့ ပံုေပၚလို႕ပါ ။

လမ္းပတ္ – ( ျပံဳးလ်က္ ) ဒါက ကြ်န္ေတာ္ ထားေနၾက မ်က္ႏွာထားပဲေလ ။

သတင္းေထာက္ – ခင္ဗ်ား နယူူးကာဆယ္ နဲ႕ ပြဲအျပီးမွာ ေျပာခဲ့တာက ေအဂ်က္ဇ္ အသင္း ဟာ အရမ္း ေကာင္းတယ္ ၊ ေအဂ်က္ဇ္ နဲ႕ ရင္ဆိုင္မယ့္ အေၾကာင္းပဲ စဥ္းစားေနတယ္ ဆို ။

လမ္းပတ္ – ( ျပံဳးလ်က္ ) ဟုတ္တယ္ေလဗ်ာ ။ အခု ကြ်န္ေတာ္ တို႕ ေအဂ်က္ဇ္ နဲ႕ ပြဲျပီးရင္ ဘန္ေလ နဲ႕ ပရီးမီးယားလိဂ္ ပြဲ အေၾကာင္း စဥ္းစား ရမွာ မဟုတ္ဘူးလား ?

သတင္းေထာက္ – ခင္ဗ်ားပဲ ေအဂ်က္ဇ္ ကို ေလးစားတယ္ ဆို …

လမ္းပတ္ – ” ကြ်န္ေတာ္ အမွန္တကယ္ ေအဂ်က္ဇ္ အသင္း ကို ေလးစားပါတယ္ ။ မႏွစ္ က ဒီ အသင္း အရမ္း ေျခစြမ္း ထက္ျမက္ခဲ့တယ္ ဆိုတာ အားလံုး ေတြ႕ျမင္ ခဲ့ၾကျပီးသားပါ ။ မႏွစ္ က ထက္စာရင္ေတာ့ ဒီႏွစ္ သူတို႕ အသင္း မွာ အေျပာင္းအလဲ တခ်ိဳ႕ ရွိခဲ့တာေပါ့ဗ်ာ ။ ကြ်န္ေတာ္ ကေတာ့ သူတို႕ ဆီက ခ်ဥ္းကပ္ လာမယ့္ ျခိမ္းေျခာက္မႈ ေတြကို အျမဲ ေစာင့္ၾကည့္ ေနပါတယ္ ။ ခ်န္ပီယံလိဂ္ ရဲ႕ အေဝးကြင္း မွာ ကစားရတဲ့ ပြဲ မွန္သမွ် ခက္ခဲမႈ ရွိပါတယ္ ။

အဲ့ဒီ အတြက္ေၾကာင့္ ေအဂ်က္ဇ္ ကို ရင္ဆိုင္မွ ခက္ခဲတာ မဟုတ္ပါဘူး ။ ကြ်န္ေတာ္ တို႕ဟာ ကိုယ့္ကိုယ္ကုိ ယံုၾကည္မႈ အျပည့္ ရွိေနတယ္ ၊ ဒီပြဲ ဟာ ခက္ခဲမယ္ ဆိုတာလည္း သိထားပါတယ္ ။ နယူးကာဆယ္ နဲ႕ ပြဲမွာ ကြ်န္ေတာ္ ေျပာခဲ့တဲ့ အေၾကာင္းအရာ က ျပိဳင္ဖက္ အသင္း က ခံစစ္ အရမ္း အသားေပး လြန္းျပီး ၅ – ၄ – ၁ ကစားကြက္ နဲ႕ ကစား ခဲ့တာေၾကာင့္ သူတို႕ ခံစစ္ တံတိုင္း ကို ျဖိဳဖ်က္ဖို႕ မလြယ္ခဲ့တဲ့ အေၾကာင္းပါ ။

မနက္ျဖန္ မွာ ကြ်န္ေတာ္ တို႕ ရင္ဆိုင္ရမယ္ ေအဂ်က္ဇ္ အသင္း ဟာ နယူးကာဆယ္ နဲ႕ တျခားစီ ပါပဲ ။ ဒါေၾကာင့္မို႕ နယူးကာဆယ္ နဲ႕ ပြဲအျပီး မွာ ကြ်န္ေတာ္ တို႕ရဲ႕ ခံယူခ်က္ ေတြကို ပိုျပီး ျမွင့္တင္ႏုိင္ဖို႕ က အေရးၾကီးခဲ့ပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ မနက္ျဖန္ ပြဲဟာ ကြ်န္ေတာ္ တို႕ အတြက္ ခက္ခဲတဲ့ ပြဲစဥ္ ျဖစ္လို႕ပါ ။ ” လို႕ ေျဖၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR