* အာဆင်နယ် အသင်းကနေ လိဒ်ယူနိုက်တက် အသင်းကို အငှားသွားရောက်ကစားနေတဲ့ လူငယ် တိုက်စစ်မှူးလေး အန်ခီတီးယားဟာ ပရက်စတန် အသင်း နဲ့ ပွဲမှာ လူစားဝင် ကစားပြီး အဖိုးတန် ချေပဂိုးကို ခေါင်းတိုက် သွင်းယူ ပေးခဲ့ပါတယ် ။

* အာဆင်နယ် အသင်း နဲ့ တော့တင်ဟမ် နောက်ခံလူဟောင်း ဆိုးခ်မ်းဘဲလ် ဟာ လိဂ်ဝမ်း ကလပ် ဆောက်သမ်း အသင်း ရဲ့ နည်းပြ အဖြစ် လုပ်ကိုင်ဖို့ သုံးနှစ် စာချုပ် ချုပ်ဆိုလိုက်ပြီလည်း ဖြစ်ပါတယ် ။ ဆိုးလ်ကမ်းဘဲလ် ဟာ အစ်ဆွချ် အသင်းနဲ့ ပွဲမှာ စတင်တာဝန်ယူ ကိုင်တွယ် သွားမှာလည်း ဖြစ်ပါတယ် ။

 

* အာဆင်နယ် အသင်းဟာ စပိန် ကွင်းလယ်လူ စီဘယ်လောစ့် ကို အပြီးသတ် ဝယ်ယူဖို့ ပေါင် ၂၅ သန်း ဝန်းကျင် နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲလ် မက်ဒရစ် အသင်းဘက်က ငြင်းဆန် ပယ်ချ ခဲ့တယ်လို့ စပိန် အခြေစိုက် သတင်းတွေမှာ ဖော်ပြ နေကြပါတယ် ။

* အာဆင်နယ် အသင်း နဲ့ လီဗာပူး အသင်းတို့ဟာ ရောဘတ်ဆန် လက်သစ် လို့ နာမည်ကြီးနေတဲ့ ဟက်စ် ဘယ်နောက်ခံလူ ဟစ်ကီ ( Hickey ) ရဲ့ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်တွေကို စေလွှတ်ထားတယ်လို့ The Sun ရဲ့ ဖော်ပြချက် အရ သိရပါတယ် ။

* ဂန်းနား ကွင်းလယ်လူဟောင်း ပေါလ်မာဆင် က အာဆင်နယ် အသင်းမှာတိုက်စစ် လမ်းကြောင်းကို ဖွင့်ပေးနိုင်မယ့် ဘောလုံး အမြင်ရှိပြီး ဂိုးဖန်တီးမှု အားကောင်းတဲ့ ကွင်းလယ်လူ လိုအပ် နေကြောင်း ဝေဖန် ထောက်ပြ သွားခဲ့ပါတယ် ။

* အာဆင်နယ် အသင်း ဆေးအဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ စတန်းဒက်လိဂ် အသင်းနဲ့ ပွဲမှာ ဒူးဒဏ်ရာ ရခဲ့တဲ့ ရိုင်းစ်နယ်လ်ဆင် ဟာ နိုဝင်ဘာလ အတွင်းမှာ အသင်းအတွက် လေ့ကျင့်ခန်း ပြန်ဆင်း နိုင်မယ်လို့ သိရပါတယ် ။

* တော့တင်ဟမ် အသင်း တိုက်စစ်မှူးဟောင်း ဒါရင်းဘန့် က ရှက်ဖီး ယူနိုက်တက် အသင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ ဦးဆောင်သူ ကင်းမဲ့ နေပြီး စုစည်းမှု အားနည်းတဲ့ အပြင် ဘောလုံး ပေးပို့မှုတွေဟာလည်း ပြီးစလွယ်နိုင်ကြောင်း ဝေဖန် သုံးသပ် သွားခဲ့ပါတယ် ။

* ဗစ်တိုးရီးယား အသင်း နဲ့ ပွဲအတွက် အာဆင်နယ် အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း
——————————————
ဂိုး – မာတီနက်ဇ် ။
နောက်တန်း – ဘယ်လာရင် ၊ ဟိုးလ်ဒင်း ၊ မူစတာဖီ ၊ တီယာနေး ။
အလယ်တန်း – အိုဇေးလ် ၊ စမစ်ရို ၊ မိတ်လန်နိုင်းလ်စ် ၊ တော်ရီးယား ။
ရှေ့တန်း – လာကာဇက် ၊ မာတီနယ်လီ ။

SPORTS MYANMAR