၂၀၁၈ – ၂၀၁၉ ဘောလုံး ရာသီ ရဲ့ ချန်ပီယံ လိဂ် ပြိုင်ပွဲကြီး ကတော့ လီဗာပူး အသင်း ဗိုလ်စွဲ မှု နဲ့ အတူ ပြီးဆုံး သွားခဲ့ ပါတယ် ။ မက်ဒရစ် မြို့ ၊ မက်ထရို ပိုလီတန်နို ကွင်းကြီး ထဲ က ဆာလာ နဲ့ အိုရီဂီ တို့ရဲ့ ဂိုးတွေ ကြောင့် လီဗာပူး ဟာ ဘာစီလိုနာ ၊ ဘိုင်ယန်မြုးနစ် တို့ ကို ကျော်ပြီး ချန်ပီယံ လိဂ် ရဲ့ တတိယ အအောင်မြင် ဆုံး ကလပ် အသင်း အဖြစ် တစ်သင်းတည်း ရပ်တည် သွားနိုင် ခဲ့ပြီ ဖြစ် ပါတယ် ။

ဒီနှစ် ချန်ပီယံလိဂ် ဟာ ထူးခြားတဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်ခဲ့ ပါတယ် ။ ဗိုလ်စွဲ သွားတဲ့ လီဗာပူး ဟာ အလေးပေး ခံ ရတဲ့ အသင်းတွေ ထဲ မှာ ပါဝင်ခဲ့ ပေမယ့် ဗိုလ်လုပွဲ တက်လာ တဲ့ စပါး အပါ အ၀င် အသင်း အချို့ ဟာ ထင်မှတ်ထားတာ ထက် ပိုပြီး လုပ်ပြနိုင် ခဲ့ သလို အံ့အားသင့် စရာ ကောင်းတဲ့ ပွဲတွေ လည်း ရှိ ခဲ့ ပါတယ် ။

ဖိုင်နယ် ပွဲ အပြီးမှာ တော့ ချန်ပီယံ လိဂ် ဟာ ယခု နှစ် အတွက် အကောင်းဆုံး ပွဲစဉ် ၁၀ ပွဲ ကို ပရိသတ်တွေ ထံ ချပြ သွားခဲ့ ပါတယ် –

၁၀ ။ ဘာစီလိုနာ ၃ – ၀ မန်ချက်စတာ ယူနိုက်တက် ( ကွာတားဖိုင်နယ် အဆင့် ဒုတိယ အကျော့ )
လီယွန်နယ် မက်ဆီ တစ်ယောက် သူ့ရဲ့ ကွာတား အိပ်မက် ဆိုးတွေ ကို သွင်းဂိုး တွေ နဲ့ ချေဖျက် ပြခဲ့တဲ့ ပွဲလို့ ဆိုနိုင် ပါတယ် ။ နူးကမ့် ကွင်းထဲ က မက်ဆီ ရဲ့ သွင်းဂိုးတွေ ဟာ ဘာစီလိုနာ ကို စိတ်အေး သက်သာစွာ နဲ့ အသာစီး ကနေ ကစားနိုင် စေခဲ့ ပါတယ် ။ ယူနိုက်တက် ကစား သမားတွေ ကို ကျော်ဖြတ် ကာ လှလှပပ သွင်းယူ ခဲ့တဲ့ ပထမဂိုး ၊ ဒီဂီယာ ရဲ့ အားနည်းမှု ကနေ ရခဲ့တဲ့ ဒုတိယ ဂိုးတို့ အပြီးမှာတော့ ကော်တင်ဟို က အဝေးကန်ချက် နဲ့ တတိယဂိုး ကို သွင်းယူကာ ပွဲကို အပြီးသတ် နိုင် ခဲ့ ပါတယ် ။

၉ ။ လီဗာပူး ၂ – ၀ စပါး ( ဖိုင်နယ် )

ဗိုလ်လုပွဲ တစ်ပွဲ ဟာ အဆင့် ၁၀ မှာ ဒုတိယ အနိမ့်ဆုံး ဖြစ်ခဲ့ရတာ ဘာကြောင့် ပါလဲ ။ ဒီပွဲ ဟာ တကယ်ပဲ ပျင်းဖို့ ကောင်းခဲ့ ပါတယ် ။ ဂိုး အစောကြီး ရသွားတဲ့ လီဗာပူး ဟာ အမှား မပြုလုပ် မိအောင် ထိန်းကစားခဲ့တယ် ဆိုပေမယ့် စပါး ဘက်က ပိုပြီး အားလျော့နေခဲ့တာကြောင့် ပွဲက အခုလောက်ထိ ပျင်းစရာ ဖြစ်သွားခဲ့ရတာပါ ။ ဒါပေမယ့် ဘယ်သူက ဘယ်လို နည်းနဲ့ နိုင်ခဲ့သလဲ ဆိုတာ ပြောနေစရာ မလိုတော့ ပါဘူး ။ လီဗာပူး က ၆ ကြိမ် မြောက် ချန်ပီယံ လိဂ် ဖလားကြီး နဲ့ အောင်ပွဲ ခံ လို့ နေပါပြီ ။

၈ ။ မန်စီးတီး ၄ – ၃ စပါး ( ကွာတား ဖိုင်နယ် ဒုတိယ အကျော့ )

ဆာဂျီယို အဂွေရို ရဲ့ အဖွင့် မိနစ် ပင်နယ်တီ မ၀င် ခဲ့ ပေမယ့် စီးတီး ဟာ ပထမ အကျော့ က ရှုံးနိမ့်မှု ကို ချေဖျက် နိုင်ဖို့ စပါး ဘက်ကို ဦးဆောင်မှု ရယူနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် စပါး အတွက် ဆွန်ယောင်မင် က သူရဲကောင်း ဖြစ်ခဲ့ပြီး ၂ ဂိုး ပြန်သွင်းကာ ပွဲ ကို သရေကျ နေစေခဲ့ ပါတယ် ။

စီးတီး တို့ ဒုတိယ ပိုင်းမှာ တတိယ ဂိုး နဲ့ စတုတ္ထဂိုးတွေ သွင်းခဲ့ ပေမယ့် လော်ရန်တေး က အငြင်းပွားဖွယ် အနေအထား ကနေ ပြန်လည် ချေပခဲ့ ပါတယ် ။ စတာလင် ရဲ့ နောက်ဆုံး မိနစ် အနိုင်ဂိုး ဟာ လူကျွံဘော ဖြစ်ခဲ့တာ ကြောင့် ပွဲ အပြိးမှာ စီးတီး တို့ နိုင်ခဲ့ ပေမယ့် အဝေးဂိုး စည်းမျဉ်း နဲ့ ကွာတား ဖိုင်နယ် ကနေ လက်ပြ နှုတ်ဆက် ခဲ့ရ ပါတယ် ။ ပြည်တွင်း ဖလား ၃ လုံး ပိုင်ရှင် ဂွာဒီယိုလာ နဲ့ သူ့ရဲ့ မိုးပြာရောင် တပ်သားတို့ ရဲ့ ဒိုင်ယာရီ ထဲ မှာ ဆုတ်ဖြဲပစ်ခဲ့ တဲ့ စာမျက်နှာ တစ်ခု ဆိုရင်လည်း မှားနိုင် မယ် မထင် ပါဘူး ။

၇ ။ ယူဗင်တပ် ၁ – ၂ အိုင်ယက်စ် ( ကွာတား ဖိုင်နယ် ဒုတိယ အကျော့ )

ဒီနှစ် ချန်ပီယံလိဂ် ရဲ့ အကောင်းဆုံး ပွဲစဉ် တွေ မှာ ကွာတား အဆင့် က ပွဲ တွေ အများကြီး ပါဝင် ခဲ့ ပါတယ် ။ ဒါကြောင့်လည်း ချန်ပီယံလိဂ် ဟာ အလွန် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ပြိုင်ပွဲ ဖြစ်နေခဲ့ တာပါ ။ ပထမ အကျော့ နယ်သာလန် မြေပေါ်မှာ သရေ ကျခဲ့ ပေမယ့် အိုင်ယက်စ် ဟာ အီတလီ ဘီလူးကြီး ကို အီတလီမြေပေါ် လိုက်ပြီး အနိုင် ကစားပြခဲ့ ပါတယ် ။ ရိုနယ်ဒို က အိမ်ရှင် အတွက် အဖွင့်ဂိုး စသွင်းခဲ့ပေမယ့် ဗန်ဒီဘက် ၊ ဒီလစ် တို့ရဲ့ ဂိုးတွေ နဲ့ အိုင်ယက်စ် တို့ ဘောလုံး ကမ္ဘာကြီး ကို နောက်တစ်ကြိမ် အံ့အား သင့်စေခဲ့ ပါတယ် ။

၆ ။ ရီးရဲမက်ဒရစ် ၁ – ၄ အိုင်ယက်စ် ( ၁၆ သင်း အဆင့် ဒုတိယ အကျော့ )

ပထမ အကျော့ တုန်းက နယ်သာလန် မြေပေါ်မှာ ၃ ထပ်ကွမ်း ချန်ပီယံ ရီးရဲ တို့ ၂ – ၁ နဲ့ နိုင် ခဲ့ ပါတယ် ။ ရိုနယ်ဒို မရှိတော့ ပေမယ့်လည်း ချန်ပီယံ လိဂ် မှာတော့ ရီးရဲ ဟာ အောင်မြေ နင်းနေဆဲ ပါလို့ ပြောဖို့ အားယူ နေတဲ့ သူတွေ ကို ဒုတိယ အကျော့ အံ့ဖွယ် ရလဒ်က တစ်ဆို့ သွားစေခဲ့ ပါတယ် ။ တာဒစ် ရဲ့ အံ့မခန်း ခြေစွမ်း နဲ့ အတူ အိုင်ယက်စ် တို့ စပိန် ထိပ်သီး ကို ဂိုးတွေ တစ်ဒိုင်းဒိုင်း သွင်းကာ ၁၆ သင်း အဆင့် မှာ ဖြုတ်ချ သွားခဲ့ ပါတယ် ။

၅ ။ ဘာစီလိုနာ ၃ – ၀ လီဗာပူး ( ဆီမီး ဖိုင်နယ် ပထမ အကျော့ )

လီယွန်နယ် မက်ဆီ ဟာ ဒီနှစ် ရွှေဘောလုံး ဆု နဲ့ အကြွင်းမဲ့ ထိုက်တန် တယ်လို့ ထပ်မံ ထင်မှတ် စေခဲ့တဲ့ နောက်ထပ် ပွဲ တစ်ပွဲ ဖြစ်ခဲ့ ပါတယ် ။ လီဗာပူး ဘက် ကို ၂ ဂိုး သွင်းယူရင်း သူ့ရဲ့ ဘာစီလိုနာ ကစား သမား ဘ၀ ၅၉၉ နဲ့ ၆၀၀ ပြည့်ဂိုးတွေ ကို မက်ဆီ သွင်းယူခဲ့ ပါတယ် ။ ဒီ အထဲ မှာ အလွန် လှပ တဲ့ ဖရီးကစ် ဂိုး တစ်ဂိုးလည်း ပါခဲ့ ပါတယ် ။ လီဗာပူး ရဲ့ ကစားပုံဟာ သိပ်ပြီး မညံ့ခဲ့ ပေမယ့် မက်ဆီ ရဲ့ အံ့ဖွယ် အစွမ်းတွေ က နူးကမ့် ကွင်းမှာ ဧည့်သည် တွေ ကို အခွင့် အရေး မပေးခဲ့ ပါဘူး ။

အားလုံး က ဘာစီလိုနာ ဖိုင်နယ် တက်ပြီ ၊ မက်ဆီ ရွှေဘောလုံး ဆု ရပြီ လို့ ထင်မှတ် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ဒါ ဟာ မဟာ အံ့အားသင့်ဖွယ်ကြီး ရဲ့ ရှေ့ပြေး နမိတ် ဆိုတာ ကိုတော့ မက်ဆီ အပါ အ၀င် ဘယ်သူမှ မသိခဲ့ကြပါဘူး ။

၎ ။ အိုင်ယက်စ် ၂ – ၃ စပါး ( ဆီမီး ဖိုင်နယ် ဒုတိယ အကျော့ )

လူးကပ် မော်ရာ ရဲ့ ရှိုးပွဲ လို့ တောင် ပြောလို့ ရ နိုင် ပါတယ် ။ ပထမ အကျော့ တုန်းက ၁ – ၀ နဲ့ ရှုံးခဲ့တဲ့ စပါး ဟာ ဒုတိယ အကျော့ ရဲ့ ပထမ ၄၅ မိနစ် အပြီးမှာ ၂ – ၀ နဲ့ ထပ်ပြီးရှုံးနေခဲ့ ပြန်ပါတယ် ။ ဒါပေမယ့် အံ့သြ ထူးဆန်းမှုတွေ ကို အစဉ် ပြသ နေတဲ့ ဘောလုံး ဟာ လက်ကျန် ၄၅ မိနစ် မှာ နောက်ထပ် စပါယ်ရှယ် Come back ပွဲ တစ်ပွဲ ကို ပြသသွားခဲ့ ပါတယ် ။ ဒီပွဲမှာ ခေါင်းဆောင် မင်းသား ဖြစ်ခဲ့သူကတော့ ဟက်ထရစ်ရှင် လူးကပ် မော်ရာ ပါပဲ ။

၃ ။ ယူဗင်တပ် ၃ – ၀ အသက်လက်တီကို မက်ဒရစ် ( ၁၆ သင်း အဆင့် ဒုတိယ အကျော့ )

ချန်ပီယံလိဂ် ကို အရယူ ဖို့ အားခဲထားတဲ့ ယူဗင်တပ် ရဲ့ မျှော်လင့်ချက်တွေ ဟာ ၁၆ သင်း အဆင့် ပထမ အကျော့ ပြီးဆုံး သွားချိန် မှာ ငွေ့ငွေ့ သာ ကျန်ခဲ့ ပါတော့တယ် ။ ဒီ ကောက်ရိုးမျှင်မျှော်လင့်ချက် က နေ ဆွဲတက် အောင် အဓိက ကူညီပေး ခဲ့သူကတော့ ခရစ္စတီယာနို ရိုနယ်ဒို ပါပဲ ။ ဒုတိယ အကျော့ တူရင် မြေပေါ် မှာ ခံစစ်မာကျောတဲ့ အေတီကို ခံစစ် ကို တစ်ဥိးတည်း ၃ ဂိုး သွင်းကာ ကွာတား ဖိုင်နယ် ကို တက်ရောက် စေခဲ့ ပါတယ် ။ အိုင်ယက်စ် တို့ရဲ့ လက်ချက် နဲ့ မကျရှုံးမီ အီတလီ ထိပ်သီး အသင်းကြီးကို ရိုနယ်ဒို ကယ်တင်ခြင်း လို့ ခေါင်းစဉ် တပ်လို့ ရနိုင် မလား ၊ ဒီလို ပြောမယ် ဆိုရင် လွန်မယ် မထင် ပါဘူး ။

၂ ။ PSG ၁ – ၃ မန်ချက်စတာ ယူနိုက်တက် ( ၁၆ သင်းအဆင့် ဒုတိယ အကျော့ )

Manchester United’s English forward Marcus Rashford scores a penalty during the UEFA Champions League round of 16 second-leg football match between Paris Saint-Germain (PSG) and Manchester United at the Parc des Princes stadium in Paris on March 6, 2019. (Photo by Anne-Christine POUJOULAT / AFP)

ယူနိုက်တက် ရဲ့ စွန့်စားခန်းတွေ ကွာတား အဆင့်မှာ ရပ်တန့်သွား ခဲ့တာတွေ က ဒီပွဲ ရဲ့ အံ့ဖွယ် ကို မတားဆီး နိုင်ခဲ့ ပါဘူး ။ ပထမ အကျော့ အိမ်ကွင်းမှာ ၂ – ၀ ဆိုတဲ့ အရှုံး ၊ ခြေ အပြတ် အသတ် ကွာဟမှု တွေ ကို ရင်ဝယ် ပိုက် ခဲ့ရတဲ့ ယူနိုက်တက် ဟာ ဒုတိယ အကျော့ မှာ ပထမ အသင်းသား ၁၀ ဦး အထိ မပါနိုင်လို့ အကယ်ဒမီ ကစား သမားတွေ ကိုပါ ခေါ်ဆောင် သွားခဲ့ရ ပါတယ် ။ ဒါပေမယ့် ဘယ်သူမှ မထင်မှတ် ထားတဲ့ ယူနိုက်တက် က PSG ကို တောက်လျောက် ဦးဆောင်ဂိုးတွေ သွင်းကာ နှစ်ကျော့ပေါင်း ၃-၃ အဝေးဂိုး အသာနဲ့ ကွာတား ဖိုင်နယ် ကို တက်သွားခဲ့ ပါတယ် ။

၁ ။ လီဗာပူး ၄ – ၀ ဘာစီလိုနာ ( ဆီမီး ဖိုင်နယ် ဒုတိယ အကျော့ )

မက်ဆီ ရဲ့ တစ်လျှမ်းလျှမ်း တောက် ခြေစွမ်း နဲ့ နူးကမ့် ကွင်းထဲ က သွင်းဂိုး ၂ ဂိုး ၊ ပထမ အကျော့ ၃ ဂိုး ပြတ် ရှုံးနိမ့် မှု ၊ ဒုတိယ အကျော့ အိမ်ကွင်းမှာ ၁ ဂိုးပေး လိုက်ရရုံ နဲ့ အရာအားလုံး ပြီးဆုံး သွားမယ့် အနေ အထား ၊ ဒီလို အဖက်ဖက် က နိမ့်ကျနေတဲ့ လီဗာပူး တို့ အန်ဖီးလ် မှာ ပြန်လာနိုင်မယ် လို့ ယုံကြည်ခဲ့သူတွေ သိပ် များမယ် မထင် ပါဘူး ။ ဒါပေမယ့် တကယ်ဖြစ်လာခဲ့ ပါတယ် ။

ဘယ်သူတွေ ဘယ်လို ဂိုးတွေ သွင်းခဲ့ တယ် ဆိုတာ ကို တော့ ပြန်ပြောပြ ဖို့ လိုမယ် မထင် ပါဘူး ။ သင်ဟာ လီဗာပူး ပရိသတ် တစ်ယောက် ဖြစ်တယ် ဆိုရင်တော့ ဒါကို ဂုဏ်ယူစွာ ကြွေးကြော် လိုက်ပါ ။ ဘာဖြစ်လို့လည်း ဆိုတော့ ချန်ပီယံ လိဂ် ပြိုင်ပွဲ သမိုင်း တစ်လျောက် လက်ချိုးရေလို့ ရနိုင်တဲ့ အကြီးကျယ် အခမ်းနားဆုံး Greatest Comeback တွေ ထဲ က ၂ ခု တိတိ ကို ကိုယ်တိုင် မျက်မြင် ခံစားခဲ့နိုင် လို့ပါပဲ . . .

SPORTS MYANMAR