လာလီဂါ အဖွဲ့ချုပ် ဟာ စပိန် ဘောလုံး အဖွဲ့ချုပ် ရဲ့ ဘာစီလိုနာ နဲ့ ရီးရဲမက်ဒရစ် တို့ ကစားမယ့် El Clasico ပွဲစဉ် ကို ဒီဇင်ဘာ ၁၈ ရက် သတ်မှတ် ခဲ့မှု အပေါ် ကန့်ကွက် ကြောင်း ကြေညာခဲ့ပြီး တရား ဥပဒေ အရ ရင်ဆိုင် သွားဖို့ စီစဉ် နေတယ် လို့လည်း သတင်း ကြားသိ ရ ပါတယ် ။

အာဆင်နယ် အသင်း ကတော့ ရက်ဘူး လိုက်ပ်ဇစ် နောက်ခံလူ အူပါမီကာနို ကို ပေါင် သန်း ၄၀ နဲ့ ထပ်မံ ကြိုးစား ဦးမယ် လို့ ကြားသိ ရ ပါတယ်

ချဲလ်ဆီး အသင်း ပိုင်ရှင် ရိုမန် အီဘရာမိုဗစ်ချ် ဟာ အသင်း ကို ဝယ်ယူဖို့ အတွက် ကမ်းလှမ်း လာတဲ့ အရှေ့ အလယ် ပိုင်း ဒေသက ကမ်းလှမ်းမှု အချို့ ကို ငြင်းပယ် ခဲ့တယ်လို့ သိရ ပါတယ် ။

ဘိုင်ယန် မြုးနစ် အသင်း ကတော့ ခံစစ် ပြဿနာ တွေ နဲ့ ရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ် ။ နောက်ခံလူ နီကိုလပ် ဆူးလ် ဒဏ်ရာကြောင့် ရာသီ ကုန် အထိ နားရ တော့မယ့် အချိန် မှာ နောက်ထပ် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ လူးကပ် ဟာနန်ဒက် ဟာ လည်း ခြေကျင်းဝတ် အရွတ် ဒဏ်ရာကြောင့် လပေါင်း များစွာ နားရ ဦးမယ် လို့ သိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ ယူရိုပါ လိဂ် ပွဲစဉ် ကစားဖို့ အတွက် ဆားဘီးယား ကို ထွက်ခွာ သွားပြီ ဖြစ် ပါတယ် ။ လူစာရင်း မှာ ဒီဂီယာ ၊ ပေါ့ဘာ ၊ မာတစ် ၊ လုခ်ရှော တို့ မပါဝင် ခဲ့ဘဲ လူငယ် ကစား သမားတွေ ဖြစ်တဲ့ ချောင် ၊ ဂိုးမက် ၊ ဂါနာ ၊ ဂရင်းဝုဒ် ၊ ဝီလ်ယံ တို့ အပြင် လူငယ် နောက်ခံလူ အီသန် လတ် ကိုပါ ခေါ်ဆောင် သွားခဲ့ ပါတယ် ။

ချဲလ်ဆီး ကင်းထောက် တစ်ဦး ကတော့ ၂၀၁၇ တုန်းက ဘုန်းမောက် ကို ရောင်းထုတ် လိုက်တဲ့ နောက်ခံလူ နာသန် အကီ ကို ပြန်လည် ခေါ်ယူ သင့်ကြောင်း ထောက်ခံ အကြံပြု သွားခဲ့ ပါတယ် ။

နာပိုလီ အသင်း ပိုင်ရှင် ဒီလော်ရန်းတစ် ကတော့ ဇန်နဝါရီ မှာ LA Galaxy ရဲ့ ဝါရင့် တိုက်စစ်မှုးကြီး ဇလာတန် အီဘရာဟီမိုဗစ်ချ် ကို ခေါ်ယူ ဖို့ စိတ်ကူး နေတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အသင်း လက်မဲ့ ဖြစ်နေတဲ့ နည်းပြ မော်ရင်ဟို ကို ဒေါ့မွန် အသင်း က ချိတ်ဆက် မှု ပြုလုပ် နေတယ် လို့ လည်း သတင်း ပေါ်ထွက် လာခဲ့ပါတယ် ။

အင်တာ ခံစစ်မှုး မီလန် စကရီနီယာ က တော့ သူ ဟာ အင်တာ မီလန် အသင်း မှာ ပျော်ရွှင် နေပါတယ် လို့ ပြောဆိုပြီး အသင်း ပြောင်းလိုစိတ် မရှိသေးဘူး လို့ ဆိုသွားခဲ့ ပါတယ် ။

တိုက်စစ် လိုအပ်ချက် တွေ ရှိနေတဲ့ ရီးရဲမက်ဒရစ် အသင်း ဟာ ဇန်နဝါရီမှာ ဘိုင်ယန် ဝါရင့် တိုက်စစ်မှုးကြီး လီဝန်ဒေါ့စကီး ကို ခေါ်ယူ ဖို့ စိတ်ကူး နေတယ်လို့ သတင်း ပေါ်ထွက် လာခဲ့ ပါတယ် ။ ဒါ့ အပြင် ဂိုး သမား နေရာ အတွက်လည်း ဘီဘာအို ဂိုးသမား အူနိုင်း ဆိုင်မွန် ကို ကော့တွိုက် နေရာ ကို အစားထိုးဖို့ စောင့်ကြည့် နေတယ်လို့ သိရ ပါတယ် ။

အဲဗာတန် နောက်ခံလူ လူးကပ်စ် ဒင်း ကတော့ နည်းပြ မာကို ဆေးလ်ဗား ဟာ အသင်း မှာ ဆက်လက် ရှိနေပြီး ရလဒ် ဆိုးတွေ ကနေ ရုန်းထွက် နိုင်လိမ့်မယ် လို့ ယုံကြည်ကြောင်း လည်း ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက် စတာ စီးတီး တောင်ပံ ကစား သမားလေး စတာလင် ကတော့ အတ္တလန်တာ နဲ့ ပွဲမှာ ရရှိ ခဲ့တဲ့ ဟက်ထရစ် ဘောလုံး ကို မှန်ပုံးထဲ ထည့်ကာ မိခင် နေထိုင်ရာ ဂျမေကာ နိုင်ငံ ကို လက်ဆောင် အဖြစ် ပေးပို့ ခဲ့တယ် လို့ သိရ ပါတယ် ။ စတာလင် ဟာ အဆိုပါ ဘောလုံး နဲ့ အတူ နောက်ထပ် ပုံးအလွတ် ၆ ခု ကို လည်း ထည့်ပေးလိုက် ပြီး နောက်ထပ် ဟက်ထရစ်တွေ သွင်းယူ နိုင်ဖို့ ရည်မှန်းထားတဲ့ သဘော ဖြစ်တယ်လို့ သိရ ပါတယ် ။

SPORTS MYANMAR