ဘာစီလိုနာ ရဲ့ ဒီဇင်ဘာ နေ့ရက် တွေ ဟာ ကျပ်တည်း တယ်ဆိုတာ ထက် ပိုမို ဆိုးရွား သွားခဲ့ ပါပြီ ။ ကတ်တလန် ဒေသ အတွင်း က မငြိမ် မသက်မှု တွေ ကြောင့် ရီးရဲ မက်ဒရစ် နဲ့ ပွဲ ကို ပြောင်းရွှေ့ ကစား ဖို့ လာလီဂါ က ရက် သတ်မှတ် အပြီး မှာတော့ နည်းပြ ဗယ်ဗာဒီ နဲ့ ဘာစီလိုနာ ကစား သမားတွေ ဟာ ရက်သတ္တပတ် ၃ ပတ် ကာလ အတွင်း မှာပဲ ပွဲကျပ်တွေ ကို ဆက်တိုက် ကစား ကြရတော့ မှာပဲ ဖြစ် ပါတယ် ။

ဘာစီလိုနာ ဟာ ရီးရဲ မက်ဒရစ် အသင်း ကို အိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင် ကစားဖို့ အောက်တိုဘာ ၂၆ ရက်နေ့ မှာ သတ်မှတ် ခံထား ရ ပါတယ် ။ ဒါပေမယ့် ကတ်တလန် ဒေသ အတွင်း က နိုင်ငံရေး မငြိမ် မသက်မှု တွေ ကြောင့် အဆိုပါ ပွဲ ကို ရီးရဲ မက်ဒရစ် ရဲ့ ဘာနေဗျုး ကွင်းမှာ ပြောင်းရွှေ့ ကစားဖို့ လာလီဂါ က အကြံပြုခဲ့ ပါတယ် ။

ဒါပေမယ့် ကလပ် အသင်း ၂ သင်း စလုံး က ငြင်းဆန် ခဲ့တာ ကြောင့် ပွဲစဉ် ကို ရွှေ့ဆိုင်း ခဲ့ရပြီး ဒီဇင်ဘာ ၁၈ ရက်နေ့ မှာ ပြန်လည် ကစားဖို့ သတ်မှတ် လိုက်ကြောင်း ယနေ့ ညနေ ပိုင်းမှာ ကြေညာ သွားခဲ့ ပါတယ် ။ ဒါကြောင့် ဘာစီလိုနာ ဟာ နိုဝင်ဘာ ၁၁ ရက်နေ့ ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့ အတွင်းမှာ အသင်း ကောင်းတွေ နဲ့ ဆက်တိုက် ကစား ဖို့ ဖြစ်လာ ခဲ့ ပါတော့တယ် ။

ဘာစီလိုနာ ဟာ နိုဝင်ဘာ ၁၁ ရက်နေ့ မှာ ချန်ပီယံ လိဂ် အုပ်စု ပွဲစဉ် အဖြစ် ဒေါ့မွန် အသင်း ကို အိမ်ကွင်း နူးကမ့် မှာ လက်ခံ ကစား ရမှာ ဖြစ်ပါတယ် ။ အဲ့ဒီ နောက် မှာတော့ နိုင်ငံ ပွဲစဉ်တွေ ရောက်လာ မှာ ဖြစ်ပြီး ဘာစီလိုနာ အနေနဲ့ ပြင်ဆင် ခွင့် ရရှိ မှာပါ ။ ဒါပေမယ့် အဆိုပါ ကာလ နောက်ပိုင်း မှာတော့ ကျပ်တည်းတဲ့ ပွဲစဉ် တွေက စောင့်ကြို လို့ နေပြီ ဖြစ် ပါတယ် ။

ဒီဇင်ဘာ ၁ ရက်နေ့ မှာ အိမ်ကွင်း မှာကျောတဲ့ အသက်လက်တီကို မက်ဒရစ် နဲ့ အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ရတော့မှာ ဖြစ်ပြီး 7 ရက် အကြာမှာ မာယော့ကာ အသင်း ကို အိမ်ကွင်းမှာ ပြန်လည် လက်ခံ ကစား ရမှာ ဖြစ် ပါတယ် ။

မာယော့ကာ နဲ့ ပွဲ အပြီး ၂ ရက် အကြာမှာ ဘာစီလိုနာ ဟာ အီတလီ ကို ခရီးထွက်ခွာ ရမှာ ဖြစ်ပြီး အင်တာ မီလန် အသင်း နဲ့ ချန်ပီယံ လိဂ် အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။ အကယ်၍ ရှေ့ ပိုင်း ပွဲစဉ်တွေ မှာသာ ဘာစီလိုနာ တို့ အခြေအနေ မကောင်းထားခဲ့ဘူး ဆိုရင် အင်တာ နဲ့ ပွဲ ဟာ အမှန်တကယ် အရေးပါလာ မှာ ဖြစ်တာကြောင့် ခရီးပန်းမှု ၊ ပွဲဆက်များမှု ဒဏ်ကို ရင်ဆိုင် ရနိုင်ချေ ရှိလာနိုင် ပါတယ် ။

အင်တာ မီလန် နဲ့ပွဲ အပြီး ၅ ရက် အကြာမှာ ရီးရဲ ဆိုဆီဒက် နဲ့ အဝေးကွင်းပွဲ ကို ထပ်မံ ကစား ရမှာ ဖြစ်ပြီး နောက်ထပ် ၃ ရက် အကြာမှာ တော့ ရွှေ့ဆိုင်း လိုက်ရတဲ့ ရီးရဲ မက်ဒရစ် နဲ့ ပွဲ ကို အိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။

ဘာစီလိုနာ ဟာ ယခု နှစ် အစ မှာ ရလဒ်တွေ ယိမ်းယိုင် နေခဲ့ပြီး မက်ဆီ ပြန်လည် ပါဝင်လာ တဲ့ နောက်ပိုင်းမှ နိုင်ပွဲတွေ ဆက်တိုက် ရရှိပြီး အဆင့် ၁ နေရာကို တက်ရောက် နိုင်ခဲ့တာ ပဲ ဖြစ် ပါတယ် ။ မက်ဆီ ဟာ ယခင် နှစ်တွေ တုန်းကလို ကြံ့ခိုင်မှု မရှိတော့ဘဲ အချိန် မရွေး ဒဏ်ရာ ပြန်လည် ရရှိသွားနိုင်တဲ့ အနေအထားမှာ ရှိနေ ခဲ့ ပါတယ် ။

ဘာစီလိုနာ ရဲ့ တိုက်စစ်ပိုင်း က ၃ ဦး စလုံးဟာ ဒဏ်ရာ ရရှိလွယ်ကြတာ ကြောင့် အခုလို ပွဲကျပ်တွေ ကို ဖြတ်သန်း ရချိန် မှာ တစ်ဦးဦး ဒဏ်ရာ ရရှိပြီး အင်အား လျော့နည်း မသွားရ စေဖို့ ဗယ်ဗာဒီ အနေနဲ့ သေချာ ပြင်ဆင် ထားရ တော့မှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR