ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် မှာ အေဂျက်ဇ် အသင်း ကို အဝေးကွင်း မှာ လူစားဝင် တိုက်စစ်မှူး မစ်ချီ ဘတ်ရှူဝါရီ ရဲ့ တလုံးတည်းသော သွင်းဂိုး နဲ့ အတူ အနိုင်ရ ခဲ့ကာ ဒီရာသီ နောက်ဆုံး ၆ပွဲဆက် အနိုင် ရလဒ် ကို ရယူ သွားခဲ့ပါတယ် ။ ဒါ့အပြင် ဒီနိုင်ပွဲ ဟာ ဒီရာသီ ချယ်လ်ဆီး အသင်း ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး အဝေးကွင်း ၅ပွဲဆက် အနိုင် ရလဒ် လည်း ဖြစ်ပါတယ် ။ ထို ပွဲစဉ် မှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက် ကို အခုလိုပဲ ဖော်ပြ ပေးလိုက်ရပါတယ် ။

၁ ။ ချယ်လ်ဆီး အသင်း ရဲ့ အနာဂတ် ခံစစ် ကြယ်ပွင့် တိုမိုရီ

လမ်းပတ် ဟာ ဒီရာသီ ချန်ပီယံလိဂ် အဖွင့် ၂ပွဲမှာ နောက်တန်း ၃ယောက် ကစားကွက် ကို အသုံးပြု ခဲ့ပေမယ့် မနေ့ ညက ပွဲမှာတော့ False 9 ပုံစံ ကစားတဲ့ အေဂျက်ဇ် တိုက်စစ် ကစားသမား ဒူဆန် တာဒစ် ကြောင့် ချန်ပီယံလိဂ် မှာ ပထမဆုံး နောက်တန်း ၄ယောက်တန်း ကစားကွက် ကို ပုံဖော် ခဲ့ပါတယ် ။ တိုမိုရီ ဟာ မနေ့ည က ချယ်လ်ဆီး အသင်း ရဲ့ ခံစစ် မှာ မရှိမဖြစ် အရေးပါခဲ့တဲ့ ကစားသမား တယောက် ဖြစ်ခဲ့ပါတယ် ။

ဇိုင်းယက်ချ် လို ဘောကြော နပ်တဲ့ တောင်ပံ ကစားသမား ၊ ပရိုမက်စ် လို အရမ်း လျင်မြန်တဲ့ တောင်ပံ ကစားသမား တွေရဲ့ ထိုးဖောက်မှု ကို တိုမိုရီ အသာလေး ထိန်းချုပ် သွားခဲ့သလို ၊ တာဒစ် ကိုလည်း လှုပ်မရအောင် ထိန်းချုပ် ပြနိုင် ခဲ့ပါတယ် ။ အမြင့်ဘော ရှင်းထုတ်မှု အပိုင်း မှာ အနည်းငယ် အားနည်း နေသေးပေမယ့် ကျန်တဲ့ ခံစစ် စွမ်းဆောင်ရည် တွေမှာတော့ တိုမိုရီ ကို ချီးကျူး ရမှာ ဖြစ်ပါတယ် ။

၂ ။ အဓိက ကြယ်ပွင့် ၂ဦး ကို ရောင်းချ ထားပေမယ့် တောင့်တင်းတဲ့ ပုံစံ ကို ပြသ နိုင်ဆဲ အေဂျက်ဇ်

ဖရန်ကီ ဒီဂျောင် ကို ဘာစီလိုနာ သို့ ၊ ဒီလစ် ကို ဂျူဗင်တပ် အသင်း ထံသို့ အသီးသီး ရောင်းချ ခဲ့ရပေမယ့် အေဂျက်ဇ် အသင်း ဟာ မနေ့ည က ပွဲမှာ သူတင် ကိုုယ်တင် အကောင်းဆုံး ရင်ဆိုင် ကစား ပြသွား ခဲ့ပါတယ် ။ ဇိုင်းယက်ချ် နဲ့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ ခေါ်ယူ အားဖြည့် ထားခဲ့တဲ့ ပရိုမက်စ် တို့ဟာ တောင်ပံ တိုက်စစ် တလျှောက် ချယ်လ်ဆီး အသင်း ရဲ့ ခံစစ် ကို ဒုက္ခ ပေးနိုင် ခဲ့ပါတယ် ။

ကွင်းလယ် မှာ နောက်ထပ် စတား တဦး ဖြစ်တဲ့ ဗန်ဒီဘိခ် ရဲ့ ဦးဆောင်မှု နဲ့ အတူ နွေရာသီ မှာ ရောက်ရှိ လာခဲ့တဲ့ မာတီနက်ဇ် နဲ့ အဲလ်ဗာရက်ဇ် တို့ရဲ့ အချိတ်အဆက် ကလည်း အတော်လေး ကြည့်ကောင်း ခဲ့ပါတယ် ။ ဒါ့အပြင် နောက်တန်း မှာ ဗက်မန်း ဟာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ကို ဆက်လက် ပြသ နိုင်တာကို လည်း တွေ့ခဲ့ ရပါတယ် ။

၃ ။ တချိန် က ချယ်လ်ဆီး အသင်း အားထားခဲ့ရတဲ့ အသွင်သို့ ပြန်လည် ရောက်ရှိ ခဲ့တဲ့ အက်ဇ်ပီ

ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကနေ စပြီး အက်ဇ်ပီလီကွီတာ ရဲ့ ခြေစွမ်း ဟာ ပရိသတ် တွေ အကြိုက် မဖြစ်ခဲ့ပါဘူး ။ သာမန် စွမ်းဆောင်ရည် ထက် ပိုမရ ခဲ့တဲ့ အက်ဇ်ပီလီကွီတာ ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ အတွေ့အကြုံ ကြောင့် ဖရန့် လမ်းပတ် ရဲ့ ဦးစားပေး ညာနောက်ခံလူ အဖြစ် ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ် ။

မနေ့က အေဂျက်ဇ် နဲ့ ပွဲမှာတော့ အက်ဇ်ပီ ရဲ့ အရွယ်ကောင်းစဉ် က နုပျို ခဲ့ဖူးတဲ့ ခြေစွမ်းမျိုး ကို ပြန်လည် တွေ့မြင် ခဲ့ရပါတယ် ။ အေဂျက်ဇ် ရဲ့ လျင်မြန်တဲ့ ကွင်းလယ် ကနေ ညာတောင်ပံ တိုက်စစ် ကို ပေးပို့မှု တချို့ ကို ဖြတ်တောက် ပြနိုင်ခဲ့သလို ၊ ဒုတိယပိုင်း မှာ ပရိုမက်စ် ရဲ့ ထိုးဖောက် တိုက်စစ်ဆင်မှု တကြိမ် ကို တိတိကျကျ လျှောထိုး ဖျက်ထုတ် နိုင်ခဲ့ပါတယ် ။

၄ ။ အဆုံးသတ်ပိုင်း မှာ လိုအပ်ချက် တွေ ရှိနေသေးတဲ့ အိုဒွိုင်း

ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ဒီရာသီ မှာ ချယ်လ်ဆီး အသင်း အတွက် စုစုပေါင်း ဂိုးဖန်တီးမှု ၄ကြိမ် အထိ ပြုလုပ် ပေးထားပေမယ့် ကာရာဘောင် ဖလား မှာ ရခဲ့တဲ့ သွင်းဂိုး တဂိုး သာ ရှိထားသေးကာ အဆုံးသတ်ပိုင်း မှာ လိုအပ်ချက် များစွာ ရှိနေဆဲ ဖြစ်ပါတယ် ။ မနေ့ည က ပွဲမှာ အိုဒွိုင်း ဟာ ပထမပိုင်း အတွင်း မှာ အပိုင် အဆုံးသတ်ခွင့် ၂ကြိမ် လောက် ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ပါဘူး ။

ထို့အပြင် အတွေ့အကြံုပိုင်း အားနည်းနေခြင်း နဲ့ ပြိုင်ဖက် အေဂျက်ဇ် နောက်ခံလူ တွေရဲ့ အချိန်ပြည့် ဖိအား ပေးမှု တွေကို အမြဲ ခံနေရခဲ့တာ ကလည်း အိုဒွိုင်း ကို ဂိုးသွင်းဖို့ အခြေအနေ ပို မပေးခဲ့တာ ဖြစ်ပါတယ် ။

၅ ။ ဘတ်ရှူဝါရီ ကြောင့် နေရာ ပျောက်ဖို့ များသွားတဲ့ ဂျရူး

အများ က ထင်ထားတာ က ဖရန့် လမ်းပတ် ဟာ အေဘရာဟမ် ကို ပွဲတိုင်း ထုတ်သုံး နေမယ် ဆိုရင် အရန် တိုက်စစ်မှူး က အိုလီဗီယာ ဂျရူး ဖြစ်မယ် လို့ ယူဆ ကြပါတယ် ။ သို့ပေမယ့် လူငယ် ကစားသမား တွေကိုပဲ ဦးစားပေး လေ့ ရှိတဲ့ အပြင် လျင်မြန်ပြီး တွန်းတွန်းတိုက်တိုက် ကစား ပေးနိုင်မယ့် ဘတ်ရှူဝါရီ သာ လမ်းပတ် ရဲ့ အကြိုက် ဖြစ်လာတာ ကို မနေ့က ပွဲမှာ တွေ့မြင် ခဲ့ရမှာပါ ။ ဒါ့အပြင် ပူလီဆစ် နဲ့ တွဲကစား နိုင်ခြင်း က ဘတ်ရှူဝါရီ ကို တပန်းသာ စေခဲ့ပါတယ် ။ ထို့ အတွက်ကြောင့် ဂျရူး အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ချယ်လ်ဆီး ကန ထွက်ခွာ ရဖို့ များနေပြီ ဖြစ်ပါတယ် ။

SPORTS MYANMAR