• မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ လီဗာပူး အသင်းဟာ အဝေးကွင်းမှာ ဂန့် အသင်းနဲ့ ရင်ဆိုင် ကစားသွားခဲ့ရပြီး 1-4 ရလာဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ နာဘီကီတာ ကတော့ ဘောလုံးပေးပို့မှု 100 ပြည့်မြောက်အောင် ပြုလုပ်နိုင်ခဲ့ပြီး ၊ ဒီရာသီ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်တွေမှာ အဲဒီလို စွမ်းဆောင်ပြနိုင်တဲ့ တစ်ဦးတည်းသော ဘောလုံးသမား အဖြစ်ရပ်တည် သွားခဲ့ပါတယ်။

• လီဗာပူး ပရိသတ်တွေ ကတော့ အဝေးကွင်းမှာ လာရောက် ကစားစဉ်မှာပဲ ထူးခြားတဲ့ ဆိုင်းဘုတ် တစ်ခုကို လွှင့်ထူကာ အားပေးသွားခဲ့ပါတယ်။ အဲဒါကတော့ သူတို့ တစ်တွေဟာ လူမျိုးရေး ခွဲခြားတဲ့ ပရိသတ်တွေ မဟုတ်တဲ့အကြောင်း “ We are NOT racists” စာတန်း ပါတဲ့ ဗနိုင်းတွေကို ကိုင်ဆောင်သွားခဲ့တာ ဖြစ်ပြီး ၊ မီဒီယာသမားတွေ အများစုက ဝိုင်းဝန်း ချီးကျူး ဂုဏ်ပြု ရေးသားလျှက် ရှိနေပါတယ်။

• လီယွန်နယ် မက်ဆီ ကတော့ ချန်ပီယံလိဂ် သမိုင်းကြောင်း တစ်လျှောက်မှာ 15 ရာသီ ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဆလားဗီးယား ပရဂ် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ မက်ဆီ ဟာ ဂိုးသွင်ယူလိုက်ချိန်မှာတော့ အဆိုပါ မှတ်တမ်းကို ထူးထူးခြားခြား ပိုင်ဆိုင်သွားခဲ့တာပါ။ သူဟာ လက်ရှိ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆု ရှင်လဲ ဖြစ်ပါတယ်။

• ဆဲလ်ဘု အသင်းရဲ့ လူငယ် တိုက်စစ်မှုး ဟာလန်း ဟာ အခုဆိုရင် ချန်ပီယံလိဂ် သွင်းဂိုး 6 ဂိုး အထိ သွင်းယူ ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲ တစ်ခုအတွင်း ဆယ်ကျော်သက် ကစားသမား တစ်ဦးဟာ အဲဒီလို သွင်းဂိုး ပမာဏအထိ ရယူထားဘူးတဲ့ မှတ်တမ်း မရှိခဲ့တာကြောင့် ၊ သူဟာ ပထမဆုံး ဘောလုံသမား အဖြစ် မှတ်တမ်း ဝင်သွားတော့မှာပါ။ ဒီရာသီမှာ သွင်းဂိုးပေါင်း ဘယ်လောက်အထိ သွင်းယူပြမလဲ ဆိုတာကိုပဲ စောင့်ကြည့် ရတော့မှာ ဖြစ်ပါတယ်။

• ဘိုင်ယန် မြူးနစ် နဲ့ အိုလံပီကော့ တို့ ကစားခဲ့တဲ့ လူငယ် ချန်ပီယံလိဂ် ပွဲစဉ်မှာ နှစ်ဖက် ပရိသတ်တွေ ရန်ဖြစ်ခဲ့ကြတာကြောင့် ပွဲဖျက်သိမ်းလိုက်ရပါတယ်။ အဲဒီ ပွဲစဉ်မှာ ဘိုင်ယန် က 4-0 နဲ့ ဦးဆောင်နေစဉ်မှာ မျက်နှာဖုံး စွပ်ထားတဲ့ ပရိသတ်တွေက ဘိုင်ယန် ဖန်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၊ လူတော်တော်များများ ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။

• အမေရိကန် အမျိုးသမီး အသင်းရဲ့ နာမည်ကျော် တိုက်စစ်မှုး အဲလ်က်စ် မော်ဂန်ဟာ လာမယ့် 2020 ဧပြီလ ရောက်ရင် သူမရဲ့ ပထမဆုံး ရင်သွေးငယ်ကို ဖွားမြင်မှာ ဖြစ်ကြောင်း တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ သူမ ဟာ အယ်လ်အေ ဂလက်ဆီ ဘောလုံးသမား ဆာဗန်ဒို ကာရက်စကို နဲ့ အိမ်ထောင်ပြုထားသူ ဖြစ်ပါတယ်။

• ရေးဗား ပလိတ် အသင်းဟာ မဟာပြိုင်ဘက်ကြီး ဘိုကာ ဂျူနီယာ အသင်းကို အနိုင်ရရှိပြီး ကိုပါလီဘာတေးဒိုး ဖိုင်နယ် ပွဲစဉ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ဟာ ပထမ အကျော့ ကစားစဉ်က 2-0 နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ၊ မနေ့ညက ကစားခဲ့တဲ့ ဒုတိယ အကျော့ ပွဲစဉ်မှာတော့ 1-0 နဲ့ ရှုံးနိမ့်ခဲ့သည့်တိုင်အောင် နှစ်ကျော့ပေါင်း ရလာဒ်နဲ့ ဗိုလ်လုပွဲကို တက်ရောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

• မန်စီးတီး အသင်းဟာ နာပိုလီ အသင်းရဲ့ စပိန် ကွင်းလယ် ကစားသမား ဖေဘီယန် ကို ခေါ်ယူဖို့ အတွက် ခြေလှမ်းတွေ စတင် မြှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ နာပိုလီ နဲ့ ဆဲလ်ဘု တို့ ပွဲစဉ်မှာ၊ မန်စီးတီး ကင်းထောက်တွေဟာ ကစားသမားရဲ့ စွမ်းဆောင်ရည်တွေကို လာရောက် ကြည့်ရှုပြီး ၊ အကဲခတ်မှုတွေ ပြုလုပ်သွားခဲ့ကြပါတယ်။

• ဂျာမနီက သတင်းစာတွေမှာတော့ ဒေါ့မွန် အသင်းဟာ လက်ရှိ အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြ မော်ရင်ဟို ကို သူတို့ရဲ့ နည်းပြသစ် အဖြ
စ် ခန့်အပ်ဖို့ စိတ်ဝင်စားလျှက် ရှိနေတယ်လို့ ဆိုပါတယ်။

• စပါး အသင်းဟာ ကိုပါ အမေရိကား ဖလားမှာ ဘရာဇီး အတွက် ခြေစွမ်းပြခဲ့တဲ့ လူငယ် တောင်ပံ ကစားသမား အဲဗာတန် ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ မကြာခင်က ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂရီမီယို နဲ့ ဖလူမီးနီး အသင်းတို့ ရဲ့ ကိုပါလီဘာတေးဒိုး အကြိုဗိုလ်လုပွဲ ပထမ အကျော့ပွဲစဉ်မှာ ၊ စပါး ကင်းထောက်တွေဟာ အဲဗာတန် ရဲ့ ခြေစွမ်းကို လာရောက် အကဲခတ်ခဲ့ကြပြီး ၊ မကြာခင် ရက်ပိုင်း အတွင်း စာချုပ်ဆိုင်ရာ လေ့လာမှုတွေကို ဆက်တိုက် ပြုလုပ်သွားဖွယ် ရှိနေပါတယ်။

• အာဆင်နယ် အသင်းဟာ သူတို့ရဲ့ နောက်တန်း ကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ လိုက်ပ်ဇစ် အသင်းရဲ့ လူငယ် ခံစစ်မှုး အူပါမီကာနို ကို ခေါ်ယူဖို့ စဉ်းစားချင့်ချိန်လာခဲ့ပြီ ဖြစ်ပါတယ်။ အသက် 20 အရွယ် ကစားသမားလေး ရဲ့ တန်ဖိုးဟာ ပေါင် သန်း 40 ဝန်းကျင် ရှိနေတယ်လို့ သတင်းစာတွေက ခန့်မှန်းထားပါတယ်။

• ချဲဆီး အသင်းရဲ့ ကင်းထောက် ဒီဗစ်ဆာ ကတော့ အသင်းအနေနဲ့ ဘုန်းမောက် က ခံစစ်မှုး အကီကို ပြန်လည် ခေါ်ယူဖို့ အချိန်ကျပြီလို့ တိုက်တွန်းလိုက်ပြီး ၊ နယ်သာလန် ခံစစ်မှုးရဲ့ ခြေစွမ်းဟာ အခုဆိုရင် အမြင့်ဆုံး အထိ ရောက်ရှိဖို့ ရောင်နီတွေ သမ်းနေပြီ ဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ အကီဟာ 2017 ခုနှစ် က ဘုန်းမောက် အသင်းထံ ပေါင် သန်း 20 နဲ့ ပြောင်းရွှေ့ သွားခဲ့သူ ဖြစ်ပြီး ၊ စာချုပ်ထဲမှာ ချဲဆီး က ပြန်လည်ခေါ်ယူခွင့် သဘောတူညီချက် ထည့်သွင်း ချုပ်ဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

• ယူနိုက်တက် ဟာ သူတို့ရဲ့ သွင်းဂိုး ပြသနာ ကို ဖြေရှင်းဖို့ အတွက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ တိုက်စစ်မှုး နှစ်ဦး အထိ ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ၊ အီတလီ သတင်းတွေကတော့ ဂျူဗီ တိုက်စစ်မှုး မန်ဇူကစ် နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်တယ်လို့တောင် ရေးသားလျှက် ရှိနေပါတယ်။

• ရီးရဲ မက်ဒရစ် အသင်းဟာ စွမ်းဆောင်ရည်တွေ ဆက်တိုက် ကျဆင်းနေတဲ့ ဂိုးသမား ကော့တွိုက်စ် ရဲ့ နေရာကို အစားထိုးဖို့အတွက် ဘီဘာအို အသင်းရဲ့ ဂိုးသမား အူနိုင်း ဆိုင်မွန်ကို မျက်စိကျလျှက် ရှိနေပါတယ်။ သူတို့ဟာ ယခင်ကလဲ ဘီဘာအို ဂိုးသမား ကီပါ ကို မျက်စိကျခဲ့ဘူးပေမယ့် ၊ နောက်ဆုံးမှာတော့ ပြောင်းရွှေ့ကြေး မြင့်မားလွန်းတာကြောင့် ခေါ်ယူခဲ့ခြင်း မရှိပဲ ၊ ကော့တွိုက်စ်ကို ခေါ်ယူသွားခဲ့တာပါ။

• လက်စတာ နည်းပြ ရော်ဂျာ ကတော့ ကွင်းလယ် ကစားသမား မက်ဒီဆင် အနေနဲ့ ယူနိုက်တက် ရဲ့ စိတ်ဝင်စားမှုကို လစ်လျူရှုထားဖို့ မှာကြားလိုက်ပြီး ၊ လက်စတာ ကသာ သူ့အတွက် နေရာမှန် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

• အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ က လက်ရှိ လီဗာပူး အသင်းရဲ့ ကွင်းလယ် ခံစစ်သမား ဖာဘင်ဟို ဟာ သူ အာဆင်နယ် နည်းပြရာထူးကို စတင် ရယူလိုက်တဲ့ အချိန်က ၊ ခေါ်ယူဖို့ အရင်ဆုံး ပစ်မှတ်ထားခဲ့ဖူးတဲ့ ဘောလုံးသမား တစ်ဦးဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

• ချဲဆီး အသင်းရဲ့ ပိုင်ရှင် မိုဗစ်ဟာ သူ့အသင်းကို ဝယ်ယူဖို့ အရှေ့အလယ်ပိုင်းက လုပ်ငန်း တစ်စုက ကမ်းလှမ်းလာမှုကို ပယ်ချလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့အနေနဲ့ အနည်းဆုံး ပေါင် 3 ဘီလီယံ ရရှိမှသာ ရောင်းထုတ်နိုင်မယ့် အကြောင်း တုန့်ပြန်လိုက်တယ်လို့ သိရပါတယ်။

SPORTS MYANMAR