အာဆင်နယ် အသင်း ဟာ ဘရာဇီး လူငယ် ကစား သမားလေး ဂါဘရီရယ် မာတင်နယ်လီ ကို ခေါ်ယူ နိုင် ဖို့ နီးစပ် နေတယ် လို့ သိရ ပါတယ် ။ အဆိုပါ ကစား သမား လေး ကို အာဆင်နယ် ကစား သမား ဟောင်း အီဒူး က ချိတ်ဆက် ပေးခဲ့ တာ ဖြစ်တယ် လို့ သိရ ပါတယ် ။

အာဆင်နယ် နောက်ခံလူ လစ်ခ်ျ ရှတိုင်နာ ကတော့ ဒီ နွေရာသီ မှာ အာဆင်နယ် ကနေ ထွက်ခွာ မယ့် အကြောင်း နောက် တစ်ကြိမ် အတည်ပြု သွားခဲ့ ပြန် ပါတယ် ။

မန်ယူနိုက်တက် က စိတ်ဝင်စား နေတဲ့ PSG နောက်ခံလူ မူနီယာ ကတော့ သူ ဟာ ပြင်သစ် ကလပ် မှာ ဆက်လက် နေလို ပြီး စာချုပ်သက်တမ်း တိုးဖို့ ကိစ္စ အတွက် ပြောဆို နေပါတယ် လို့ ဆိုသွားခဲ့ ပါတယ် ။ ဒါပေမယ့် သူ့ကို ဆက်သွယ် နေတဲ့ ကလပ် တွေ လည်း တစ်ဒါဇင် ခန့် ရှိနေ ကြောင်း ဖွင့်ဟ သွားခဲ့ ပါတယ် ။

ချဲလ်ဆိး ကွင်းလယ်လူ ဂျော်ဂျင်ဟို ကတော့ သူ အပါ အ၀င် နာပိုလီ ပရိသတ်တွေ ဟာ ဆာရီ ကို ယူဗင်တပ် နည်းပြ သစ် အဖြစ် မမြင်တွေ့ လို ကြပါဘူး လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဆာရီ ကတော့ ယူဗင်တပ် နည်းပြ သစ် အဖြစ် ရောက်ရှိ အပြီး မှာပဲ အပြောင်း အရွှေ့ ကို ခပ်မြန်မြန် လှုပ်ရှား ဖို့ စီစဉ် နေပြီး နာပိုလီ က တပည့် ဟောင်း ကိုလီဘာလေ ကို ခေါ်ယူ နိုင်ဖို့ အားထုတ် သွားမယ် လို့ သိရ ပါတယ် ။

ယူဗင်တပ် ဟာ ဆာရီ ကို နည်းပြသစ် အဖြစ် ခန့်အပ် ပြီး ၃ နှစ် စာချုပ် ချုပ်ဆို မယ့် အကြောင်းကို လာမယ့် ရက်ပိုင်း အတွင်း ကြေညာဖွယ် ရှိတယ် လို့ သိရ ပါတယ် ။

နာပိုလီ အသင်း ကတော့ အေတီကို မက်ဒရစ် တိုက်စစ်မှုး ဒီယေဂို ကော်စတာ ကို ခေါ်ယူ ဖို့ အတွက် အသင်း ရဲ့ ကစား သမား ဒီယာဝါရာ ကို အလိုက်ပေး သွားဖို့ ပြင်ဆင် နေတယ် လို့ သတင်း ရရှိ ပါတယ် ။

ဥရောပ ထပ်သီး အသင်းတွေ က စိတ်ဝင် စား နေတဲ့ ဖီအိုရင်တီးနား တိုက်စစ်မှုး ချီယေဆာ ကတော့ သူ ဟာ လာမယ့် ရာသီမှာ လည်း ဖီအိုရင်တီးနား မှာ သာ ဆက်လက် ကစား နေပါမယ် လို့ အတည်ပြု သွားခဲ့ ပါတယ်

စပါး နဲ့ ကစားခဲ့တဲ့ ချန်ပီယံ လိဂ် ဖိုင်နယ် ပွဲ မှာ Man of the Match ရခဲ့တဲ့ လီဗာပူး ခံစစ်မှုး ဗန်ဒိုက် ဟာ ချန်ပီယံလိဂ် ဖိုင်နယ် အပတ် ရဲ့ အကောင်းဆုံး ကစား သမား ဆု ကို ထပ်မံ ဆွတ်ခူး သွားခဲ့ ပြန် ပါတယ် ။

စပါး ကွင်းလယ်လူ ဘန်ဒေဗီး ကတော့ အသင်းသား တွေ ဟာ ပိုချက်တီနို ကို ဆက်လက် ရှိနေ စေလိုပြီး လာမယ့် ရာသီတွေ မှာ ပိုပြီး ကောင်းမွန်တဲ့ အဆင့် ကို တက်လှမ်း နိုင် ဖို့ မျှော်လင့် နေကြတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး တောင်ပံ ကစား သမား ရှာကီရီ က တော့ အသင်း က နေ ထွက်မယ် ဆိုတဲ့ အသံတွေ ကို လှောင်ပြောင် သွားခဲ့ ပါတယ် ။

ယနေ့ ဟာ လွန် ခဲ့တဲ့ ၁၂၇ နှစ် က စတင် ဖွဲ့စည်း ခဲ့တဲ့ အင်္ဂလိပ် ကလပ် လီဗာပူး ရဲ့ မွေးနေ့ ဖြစ် ပါတယ် ။ လီဗာပူး ဟာ ပူပူနွေးနွေး ချန်ပီယံ လိဂ် ဖလား ပိုင်ရှင် ဖြစ်သလို အင်္ဂလိပ် ဘောလုံး လောက ရဲ့ အအောင်မြင် ဆုံး အသင်း တစ်သင်း အဖြစ်လည်း ရပ် တည် နေခဲ့ ပါတယ် ။

၁၉၉၇ ခုနှစ် ရဲ့ ဒီနေ့လို နေ့မျိုး မှာ ဘရာဇီး နောက်ခံလူ ရော်ဘတ်တို ကားလိုစ့် ဟာ ဘောလုံး သမိုင်း တစ်လျောက် အဆန်းပြားဆုံး နဲ့ အလှပ ဆုံးလို့ ခေါ်တွင် ရမယ့် ဖရီးကစ် ကို ပြင်သစ် နဲ့ ချစ်ကြည်ရေး ပွဲ မှာ ကန်သွင်း ရယူခဲ့ ပါတယ် ။

ယနေ့ ဟာ ၁၉၉၂ ခုနှစ် က မွေးဖွား ခဲ့တဲ့ ဒေါ့မွန် နဲ့ ဂျာမဏီ ကစား သမား မာရီယို ဂေါ့ဇီ ရဲ့ မွေးနေ့လည်း ဖြစ် ပါတယ် ခင်ဗျာ ။

SPORTS MYANMAR