ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် မှာ အေဂျက်ဇ် အသင်း ကို အဝေးကွင်း မှာ လူစားဝင် တိုက်စစ်မှူး မစ်ချီ ဘတ်ရှူဝါရီ ရဲ့ တလုံးတည်းသော သွင်းဂိုး နဲ့ အနိုင်ရကာ အုပ်စု H ရဲ့ ဇယား ကို Head to Head စည်းမျဉ်း အရ ဦးဆောင်လိုက်ပြီ ဖြစ်ပါတယ် ။ ထို ပွဲစဉ် မှ ၂ဖက် အသင်းသား တွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြ ပေးလိုက် ရပါတယ် ။

ချယ်လ်ဆီး

ဂိုးသမား – ကီပါ ( Rating – 6 )

ဂိုးပေါက် တည့်မတ်မှု အနည်းငယ် သာ ရှိခဲ့တဲ အေဂျက်ဇ် အသင်း ရဲ့ ထိုးဖောက်မှု တချို့ ကြောင့် ကီပါ အလုပ် မများခဲ့ဘူး ဆိုပေမယ့် ပုံမှန် လက်စွမ်းမျိုး ဆက်လက် ပြသ သွားခဲ့ဆယ် လို့ သုံးသပ်ရပါမယ် ။

ခံစစ်မှူး – ကတ်ဇူးမား ( Rating – 8 ) ၊ ဖီကာယို တိုမိုရီ ( Rating – 7 )

ဇူမား ဟာ မနေ့ည က ပွဲမှာ ချယ်လ်ဆီး အသင်း ရဲ့ အကောင်းဆုံး ကစားသမား တဦး ဖြစ်ခဲ့ပြီး ခံစစ်ပိုင်း က အမှားအယွင်း နည်းခဲ့သလို ၊ အရေးပါတဲ့ ဘောလုံး ဖြတ်တောက်မှု ၊ အမြင့်ဘော ရှင်းထုတ်မှု တချို့ ကို ပြုလုပ် နိုင်ခဲ့ပါတယ် ။ ရာသီ အစပိုင်း မှာ ခြေစွမ်း ဆိုးရွားခဲ့ပေမယ့် ဇူးမား ဟာ တပွဲထက် တပွဲ ခြေစွမ်း တိုးတက် လာတာကိုတော့ ချယ်လ်ဆီး ပရိသတ် တွေ အသိအမှတ် ပြုပေး ရမှာ ဖြစ်ပါတယ် ။

တိုမိုရီ ကတော့ ချယ်လ်ဆီး အသင်း ရဲ့ အနာဂတ် ကြယ်ပွင့် ခံစစ်မှူး လို့ ဆိုရမှာ ဖြစ်သလို ၊ အသက် ငယ်ရွယ် သေးပေမယ့် ဝါရင့် အတွေ့အကြုံ ရင့် ခံစစ်မှူး တဦး ရဲ့ စွမ်းဆောင်ရည် ကို မနေ့ည က ပွဲမှာ ပြသ သွားခဲ့ပါတယ် ။ အရေးပါတဲ့ ဆုံးဖြတ်ချက် တချို့ ကို ချနိုင် ခဲ့သလို ၊ ပြိုင်ဖက် အသင်း ရဲ့ တိုက်စစ် ကစားသမား တွေကို အကောင်းဆုံး ထိန်းချုပ် ပြသွား ခဲ့ပါတယ် ။

အစွန် နောက်ခံလူ – မားကို့စ် အလွန်ဆို ( Rating – 6 ) ၊ အက်ဇ်ပီလီကွီတာ ( Rating – 7 )

တိုက်စစ်ပိုင်း ကို လိုက်ပါတာ အရမ်း များနေတာကြောင့် ခံစစ်ပိုင်း မှာ အမြဲတမ်း လစ်ဟင်းမှု ရှိနေခဲ့တဲ့ မားကို့စ် အလွန်ဆို ဟာ မနေ့ည က ပွဲမှာလည်း ဘယ်တောင်ပံ တိုက်စစ် အတွက် ပံ့ပိုးမှုကောင်း တွေ လုပ်နိုင် ခဲ့ပေမယ့် ပြိုင်ဖက် ရဲ့ တန်ပြန် တိုက်စစ် ကို ထိန်းချုပ်ဖို့ လိုအပ်ချက် တွေ ရှိနေဆဲ ဖြစ်ပါတယ် ။

တည်ငြိမ်မှု အားနည်း လာတဲ့ အက်ဇ်ပီလီကွီတာ ဟာ မနေ့ည က ပွဲမှာတော့ အရင် က ချယ်လ်ဆီး အသင်း ဟီရိုး တဦး ဖြစ်ခဲ့ဖူးသူ ပီပီ ၊ ပုံစံသစ် အသွင်သစ် နဲ့ မာမာထန်ထန် ကစား နိုင်ခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။ အေဂျက်ဇ် အသင်း ရဲ့ တိုက်စစ်ဆင်မှု တချို့ ကို အက်ဇ်ပီလီကွီတာ တားဆီး ပြနိုင် ခဲ့ပါတယ် ။

ကွင်းလယ်လူ – ဂျော်ဂျင်ဟို ၊ မေဆင်မောင့် ၊ ကိုဗာဆစ် ( Rating – 7 )

ဂျော်ဂျင်ဟို ကတော့ ထုံးစံ အတိုင်း ကို ချယ်လ်ဆီး အသင်း ကွင်းလယ် ကို ဆက်လက် မောင်းနှင် နေဆဲ ဖြစ်ကာ ၊ မနေ့ည က ပွဲမှာ သူ့ဆီကနေ တိုက်စစ်ပိုင်း အတွက်ရော ၊ ခံစစ်ပိုင်း အတွက်ပါ အထောက်အကူ ပေးနိုင်ခဲ့တာ တွေကို မြင်တွေ့ ခဲ့ရပါတယ် ။ အေဂျက်ဇ် အသင်း ရဲ့ တန်ပြန် တိုက်စစ် ထိုးဖောက်မှု တချို့ ကို လိုက်လံ တားဆီး ခဲ့သလို ၊ အရေးပါတဲ့ ပေးပို့မှု တချို့ လည်း ပြုလုပ် နိုင်ခဲ့ပါတယ် ။

ကိုဗာဆစ် ကတော့ Hole Player ပုံစံမျိုး ၊ တကွင်းလုံး မနားမနေ ဆော့ပြ သွားတာ ကို တွေ့မြင် ခဲ့ရပြီး ချယ်လ်ဆီး အသင်း ရဲ့ မာကျောတဲ့ Box to Box ကစားသမားကောင်း အဖြစ် ရပ်တည် နေတယ် ဆိုတာ မနေ့က ပွဲမှာ ဆက်လက် ပြသ ခဲ့ပါတယ် ။ မေဆင်မောင့် ကတော့ လမ်းပတ် ရဲ့ လုပ်အားနှုန်း အကောင်းဆုံး ကစားသမား အဖြစ် ဆက်လက် တည်ရှိ နေခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှု တချို့ ကနေ ဂိုးရဖို့ ကြိုးစား ခဲ့ပေမယ့် မဖြစ်လာခဲ့ပါဘူး ။

တိုက်စစ် – ဝီလီယံ ၊ ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating – 6 ) ၊ အေဘရာဟမ် ( Rating – 7 )

လမ်းပတ် ရဲ့ high pressing ကစားဟန် ကြောင့် အိုဒွိုင်း နဲ့ ဝီလီယံ တို့ ခံနိုင်ရည်အား ကျလာတာလား ၊ ပွဲပန်းတာလား ဆိုတာကိုတော့ အကြောင်းပြချက် သေချာ ပေးလို့ မရခဲ့ပေမယ့် ၄င်းတို့ ၂ဦး ရဲ့ မနေ့က စွမ်းဆောင်ရည် ချာခဲ့တယ် လို့ ဆိုရမှာပါ ။ အိုဒွိုင်း ဟာ တဦးချင်း ကန်သွင်းခွင့် ၂ကြိမ် ကို ဖြုန်းတီး ပစ်ခဲ့သလို ၊ ဝီလီယံ ဟာလည်း တိုက်စစ် အတွက် အားကိုးမရ ဖြစ်ခဲ့ရပါတယ် ။

ထို့အပြင် အေဘရာဟမ် ကို အေဂျက်ဇ် နောက်ခံလူ ၂ဦး ဖြစ်တဲ့ ဒေလီ ဘလင်း နဲ့ ဗက်မန်း တို့ အနီးကပ် ပိတ်ဆို့ ကစား နေခဲ့တာကြောင့် အခွင့်အရေး မရခဲ့သလို ၊ အမြင့်ဘော ယှဉ်လု တဲ့ နေရာ မှာ ၊ အသင်းဖော် တွေကို ဘောလုံး ဖြန့်ပေးတဲ့ နေရာ တွေမှာ အနည်း နဲ့ အများ လိုအပ်ချက် တွေ ရှိနေခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။

လူစားဝင် ကစားသမား များရဲ့ Rating များ – ပူလီဆစ် ၊ ဘတ်ရှူဝါရီ ( Rating – 7 ) ၊ ရိစ်ဂျိမ်းစ် ( Rating – 6 )

အေဂျက်ဇ် အသင်းသား တွေရဲ့ စွမ်းဆောင်ရည်များ

ဂိုးသမား – အိုနာနာ ( Rating – 7 )
နောက်တန်း – ဒက်စ် ၊ ဘလင်း ၊ တာဂလီယာဖီကို ( Rating – 7 ) ၊ ဗက်မန်း ( Rating – 6 )
ကွင်းလယ် – ဗန်ဒီဘိခ် ၊ အဲလ်ဗာရက်ဇ် ( Rating – 7 ) ၊ မာတီနက်ဇ် ( Rating – 6 )
တိုက်စစ် – ဇိုင်းယက်ချ် ၊ ပရိုမက်စ် ( Rating – 7 ) ၊ တာဒစ် ( Rating – 6 )
လူစားဝင် ကစားသမားများ – ဒေးဗစ် နီးရက်စ် ၊ ဟန်တယ်လာ ၊ ဆီယမ် ဒီဂျောင် ( N/A )

SPORTS MYANMAR