မန္ခ်က္စတာ ယူနိုက္တက္ အသင္း ရဲ့ ေႏြ အေျပာင္း အေရႊ့ ပစ္မွတ္ ကစားသမား ျဖစ္သူ PSG စတား ေသာမတ္စ္ ျမဴနီယာ က ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ မွာ သရဲနီ တို့ကို ရွံဳးနိမ့္ ျပီး ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ မွ သူတုိ့ အသင္း ထြက္ခြာ ခဲ့ရ ျခင္းက ေဘာလံုး သမိုင္း ရဲ့ အၾကီးမား ဆံုး ဟာသ တစ္ခု ျဖစ္ေၾကာင္း ဆုိသြား ခဲ့လိုက္ ပါတယ္ ။

PSG အသင္း ဟာ ခ်န္ပီယံ လိဂ္ 16 သင္း ရွံဳးထြက္ အဆင့္ မွာ မန္ခ်က္စတာ ယူနုိက္တက္ အသင္း နဲ့ ၾကံဳေတြ့ ခဲ့ျပီး ပထမ အေက်ာ့ ကို အိုးလ္ ထရပ္ဖုိ့ဒ္ ကြင္း မွာ ကစား ခဲ့ရာ ေနာက္ခံ လူ ကင္ပန္ဘီ နဲ့ တုိက္စစ္မွဴး အမ္ဘတ္ပီ တုိ့ရဲ့ သြင္းဂိုး ေတြနဲ့ အတူ 0 – 2 ဆုိတဲ့ အေဝး ကြင္း နုိင္ပြဲ ရယူ နုိင္ခဲ့ ပါတယ္ ။

ဒါ့ေၾကာင့္ အေဝးကြင္း မွာ 2 ဂိုးျပတ္ အနုိင္ ရရွိ ခဲ့ျခင္း ေၾကာင့္ ကြာတား ဖုိင္နယ္ အဆင့္ ကို PSG အသင္း သာ တက္ေရာက္ သြား လိမ့္မယ္ လို့ ေဘာလံုး သတင္း သံုးသပ္ သူ အေတာ္ မ်ားမ်ား က ခန့္မွန္း ထားခဲ့ ၾကပါ ေသးတယ္ ။ ဒါေပမဲ့ ဒုတိယ အေက်ာ့ မွာေတာ့ PSG တုိ့ အံ့အား သင့္ဖြယ္ ရလဒ္ နဲ့ ရင္ဆိုင္ ခဲ့ရ ပါတယ္ ။

ျပင္သစ္ ေျမမွာ ဒုတိယ အေက်ာ့ ကစား ရာ ယူနုိက္တက္ အတြက္ ဦးေဆာင္ ဂိုးကို တုိက္စစ္ မွဴး လူကာကူ က သြင္းယူ ေပးခဲ့ ျပီး PSG အတြက္ ေျခပ ဂိုး ကုိေတာ့ ေနာက္ခံလူ ဟြမ္ ဘားနက္ က သြင္းယူ ေပးသြား ခဲ့တဲ့ အတြက္ ယူနုိက္တက္ တုိ့ ေနာက္ထပ္ 2 ဂိုး သြင္းယူ ေပးနုိင္ ဖုိ့ လုိအပ္ ခဲ့ ပါတယ္ ။

အဲ့ဒီ ေနာက္ ပြဲခ်ိန္ 30 မိနစ္ မွာေတာ့ တုိက္စစ္ မွဴး လူကာကူ က ေနာက္ထပ္ ဦးေဆာင္ ဂိုး 1 ဂိုး သြင္းယူ ျပီး ပထမ ပိုင္းဟာ 1 – 2 ဆုိတဲ့ ရလဒ္ နဲ့ ျပီးဆံုး ခဲ့ရ သလို ပြဲ ကစား ခ်ိန္ မိနစ္ 90 အထိ ထူးျခား မွဳ မရွိ ခဲ့တဲ့ အတြက္ ယူနုိက္တက္ တုိ့ ထြက္ခြာ ရျပီ လို့ေတာင္ ထင္မွတ္ ခဲ့ရ ပါတယ္ ။

ဒါေပမဲ့ ပြဲရဲ့ အလွည့္ အေျပာင္း က နာက်င္ ခ်ိန္ပို မိနစ္ မွာ ျဖစ္သြား ခဲ့ ပါတယ္ ။ အဆုိပါ ပြဲစဥ္ ရဲ့ ေနာက္ဆံုး မိနစ္ မွာ PSG ေနာက္ခံလူ ကင္ပန္ဘီ ဟာ VAR ရဲ့ စစ္ေဆး အတည္ ျပဳမွဳ အရ ဂိုး ဧရိယာ အတြင္း လက္ထိ ခဲ့တဲ့ အတြက္ ယူနုိက္တက္ တုိ့ ပင္နယ္တီ ရရွိ ခဲ့ၾက ပါတယ္ ။

အဆုိပါ ပင္နယ္တီ ကိုေတာ့ ယူနုိက္တက္ တိုက္စစ္ မွဴးေလး မားကပ္စ္ ရပ္ရွ္ဖုိ့ က တည္ျငိမ္စြာ ပဲ ဂိုး အျဖစ္ ေျပာင္းလဲ ေပးနုိင္ ခဲ့တဲ့ အတြက္ ပြဲစဥ္ ဟာ 1 – 3 ဆုိတဲ့ ရလဒ္ နဲ့ ျပီးဆံုး သြားခဲ့ ရျပီး PSG အသင္း ဟာ အေဝး ဂိုး စည္းမ်ဥ္း နဲ့ အတူ ျပိဳင္ပြဲ မွ အံ့အား သင့္ဖြယ္ ထြက္ခြာ ခဲ့ရ ပါတယ္ ။

အခုေတာ့ ျမဴနီယာ က အဆုိပါ ရွံဳးပြဲ ဟာ PSG အသင္း အတြက္ ေတာ့ ေဘာလံုး သမိုင္း ရဲ့ အၾကီးမား ဆံုး ဟာသ တစ္ခု ျဖစ္ေၾကာင္း ဆုိသြား ခဲ့လိုက္ ပါတယ္ ။

” မန္ခ်က္စတာ ယူနုိက္တက္ အသင္း နဲ့ ကစား ခဲ့ ရတဲ့ ပြဲစဥ္ ဟာ ေဘာလံုး ေလာက ရဲ့ အၾကီးမား ဆံုး ဟာသ တစ္ခု ပါပဲ ”

” က်ြန္ေတာ္ တုိ့ လံုးဝ မရွံဳး နုိင္ဘူး ဆုိတာ နဲ့ ပတ္သက္ ျပီး က်ြန္ေတာ္ 1 မီလီယံ ယူရို ေတာင္ ေလာင္းေၾကး ထပ္ရဲ ပါတယ္ ။ က်ြန္ေတာ္ တုိ့ ေနာက္ တစ္ဆင့္ မတက္နုိင္ ခဲ့ၾက ပါဘူး ။ ဒါဟာ တစ္ကယ့္ ကို ၾကီးမား လွတဲ့ ဟာသ တစ္ခု ပါပဲ ။ ဒါကို လူတုိင္း က ေကာင္းေကာင္း သိရွိ နားလည္ ၾက ပါတယ္ ”

” ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ ဟာ အခု ထက္ထိ အဓိက က်တဲ့ ျပသနာ တစ္ရပ္ အျဖစ္ ရွိေန ဆဲ ပါပဲ ။ ဒီ ျပိဳင္ပြဲ ဟာ နုိင္ငံတကာ စံနွဳန္း နဲ့ ညီေအာင္ လုပ္ေဆာင္ ထားခဲ့ တာပါ ။ ဒီလို ျပိဳင္ပြဲ အတြက္ ရီးယဲ နဲ့ ဘာကာ တုိ့ ပိုျပီး ေရပန္းစား ၾက ပါတယ္ ”

” ဒါကို ရယူ နိုင္ဖုိ့ အတြက္ တစ္ကယ့္ ကို အခ်ိန္ ေပးရ ပါတယ္ ။ ဒါေပမဲ့ PSG အသင္း ဆုိတာ တစ္စ ထက္ တစ္စ တုိးတက္ ေကာင္းမြန္ လာတဲ့ အသင္း တစ္သင္း ပါ ” လို့ ျမဴနီယာ က ခ်န္ပီယံ လိဂ္ နဲ့ ပတ္သက္ လို့ မွတ္ခ်က္ ေပးသြား ခဲ့လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ယူနိုက်တက်ကို ရှုံးနိမ့် ခဲ့ခြင်းက ဘောလုံး သမိုင်းရဲ့ အကြီးမားဆုံး ဟာသ တစ်ခုပဲလို့ ဆိုလိုက်တဲ့ PSG စတား #မြူနီယာ

===============

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နွေ အပြောင်း အရွှေ့ ပစ်မှတ် ကစားသမား ဖြစ်သူ PSG စတား သောမတ်စ် မြူနီယာ က ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ သရဲနီ တို့ကို ရှံုးနိမ့် ပြီး ချန်ပီယံ လိဂ် ပြိုင်ပွဲ မှ သူတို့ အသင်း ထွက်ခွာ ခဲ့ရ ခြင်းက ဘောလုံး သမိုင်း ရဲ့ အကြီးမား ဆုံး ဟာသ တစ်ခု ဖြစ်ကြောင်း ဆိုသွား ခဲ့လိုက် ပါတယ် ။

PSG အသင်း ဟာ ချန်ပီယံ လိဂ် 16 သင်း ရှံုးထွက် အဆင့် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ကြံုတွေ့ ခဲ့ပြီး ပထမ အကျော့ ကို အိုးလ် ထရပ်ဖို့ဒ် ကွင်း မှာ ကစား ခဲ့ရာ နောက်ခံ လူ ကင်ပန်ဘီ နဲ့ တိုက်စစ်မှူး အမ်ဘတ်ပီ တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ 0 – 2 ဆိုတဲ့ အဝေး ကွင်း နိုင်ပွဲ ရယူ နိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် အဝေးကွင်း မှာ 2 ဂိုးပြတ် အနိုင် ရရှိ ခဲ့ခြင်း ကြောင့် ကွာတား ဖိုင်နယ် အဆင့် ကို PSG အသင်း သာ တက်ရောက် သွား လိမ့်မယ် လို့ ဘောလုံး သတင်း သုံးသပ် သူ အတော် များများ က ခန့်မှန်း ထားခဲ့ ကြပါ သေးတယ် ။ ဒါပေမဲ့ ဒုတိယ အကျော့ မှာတော့ PSG တို့ အံ့အား သင့်ဖွယ် ရလဒ် နဲ့ ရင်ဆိုင် ခဲ့ရ ပါတယ် ။

ပြင်သစ် မြေမှာ ဒုတိယ အကျော့ ကစား ရာ ယူနိုက်တက် အတွက် ဦးဆောင် ဂိုးကို တိုက်စစ် မှူး လူကာကူ က သွင်းယူ ပေးခဲ့ ပြီး PSG အတွက် ခြေပ ဂိုး ကိုတော့ နောက်ခံလူ ဟွမ် ဘားနက် က သွင်းယူ ပေးသွား ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ နောက်ထပ် 2 ဂိုး သွင်းယူ ပေးနိုင် ဖို့ လိုအပ် ခဲ့ ပါတယ် ။

အဲ့ဒီ နောက် ပွဲချိန် 30 မိနစ် မှာတော့ တိုက်စစ် မှူး လူကာကူ က နောက်ထပ် ဦးဆောင် ဂိုး 1 ဂိုး သွင်းယူ ပြီး ပထမ ပိုင်းဟာ 1 – 2 ဆိုတဲ့ ရလဒ် နဲ့ ပြီးဆုံး ခဲ့ရ သလို ပွဲ ကစား ချိန် မိနစ် 90 အထိ ထူးခြား မှု မရှိ ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ ထွက်ခွာ ရပြီ လို့တောင် ထင်မှတ် ခဲ့ရ ပါတယ် ။

ဒါပေမဲ့ ပွဲရဲ့ အလှည့် အပြောင်း က နာကျင် ချိန်ပို မိနစ် မှာ ဖြစ်သွား ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် ရဲ့ နောက်ဆုံး မိနစ် မှာ PSG နောက်ခံလူ ကင်ပန်ဘီ ဟာ VAR ရဲ့ စစ်ဆေး အတည် ပြုမှု အရ ဂိုး ဧရိယာ အတွင်း လက်ထိ ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ ပင်နယ်တီ ရရှိ ခဲ့ကြ ပါတယ် ။

အဆိုပါ ပင်နယ်တီ ကိုတော့ ယူနိုက်တက် တိုက်စစ် မှူးလေး မားကပ်စ် ရပ်ရှ်ဖို့ က တည်ငြိမ်စွာ ပဲ ဂိုး အဖြစ် ပြောင်းလဲ ပေးနိုင် ခဲ့တဲ့ အတွက် ပွဲစဉ် ဟာ 1 – 3 ဆိုတဲ့ ရလဒ် နဲ့ ပြီးဆုံး သွားခဲ့ ရပြီး PSG အသင်း ဟာ အဝေး ဂိုး စည်းမျဉ်း နဲ့ အတူ ပြိုင်ပွဲ မှ အံ့အား သင့်ဖွယ် ထွက်ခွာ ခဲ့ရ ပါတယ် ။

အခုတော့ မြူနီယာ က အဆိုပါ ရှံုးပွဲ ဟာ PSG အသင်း အတွက် တော့ ဘောလုံး သမိုင်း ရဲ့ အကြီးမား ဆုံး ဟာသ တစ်ခု ဖြစ်ကြောင်း ဆိုသွား ခဲ့လိုက် ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ကစား ခဲ့ ရတဲ့ ပွဲစဉ် ဟာ ဘောလုံး လောက ရဲ့ အကြီးမား ဆုံး ဟာသ တစ်ခု ပါပဲ ”

” ကျွန်တော် တို့ လုံးဝ မရှံုး နိုင်ဘူး ဆိုတာ နဲ့ ပတ်သက် ပြီး ကျွန်တော် 1 မီလီယံ ယူရို တောင် လောင်းကြေး ထပ်ရဲ ပါတယ် ။ ကျွန်တော် တို့ နောက် တစ်ဆင့် မတက်နိုင် ခဲ့ကြ ပါဘူး ။ ဒါဟာ တစ်ကယ့် ကို ကြီးမား လှတဲ့ ဟာသ တစ်ခု ပါပဲ ။ ဒါကို လူတိုင်း က ကောင်းကောင်း သိရှိ နားလည် ကြ ပါတယ် ”

” ချန်ပီယံ လိဂ် ပြိုင်ပွဲ ဟာ အခု ထက်ထိ အဓိက ကျတဲ့ ပြသနာ တစ်ရပ် အဖြစ် ရှိနေ ဆဲ ပါပဲ ။ ဒီ ပြိုင်ပွဲ ဟာ နိုင်ငံတကာ စံနှုန်း နဲ့ ညီအောင် လုပ်ဆောင် ထားခဲ့ တာပါ ။ ဒီလို ပြိုင်ပွဲ အတွက် ရီးယဲ နဲ့ ဘာကာ တို့ ပိုပြီး ရေပန်းစား ကြ ပါတယ် ”

” ဒါကို ရယူ နိုင်ဖို့ အတွက် တစ်ကယ့် ကို အချိန် ပေးရ ပါတယ် ။ ဒါပေမဲ့ PSG အသင်း ဆိုတာ တစ်စ ထက် တစ်စ တိုးတက် ကောင်းမွန် လာတဲ့ အသင်း တစ်သင်း ပါ ” လို့ မြူနီယာ က ချန်ပီယံ လိဂ် နဲ့ ပတ်သက် လို့ မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar