ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ ခြေချင်းဝတ် ဒဏ်ရာ ကြောင့် နောက်ဆုံး ကစား ခဲ့တဲ့ ပွဲစဉ် 8 ပွဲမှာ 6 ပွဲ အထိ လွဲချော် ထားခဲ့ ပါတယ် ။ အခုလည်း သူဟာ ကြံ့ခိုင် မှု ပြည့်ဝ ဖို့ လိုအပ် နေ သေးတာ ကြောင့် ပါတီဇန် ဘဲလ်ဂရိတ် နဲ့ ရင်ဆိုင် ရမယ့် ယူရိုပါလိဂ် ပွဲစဉ် ရဲ့ ကစားသမား စာရင်း ထဲ မပါဝင် နိုင်ခဲ့ ပါဘူး ။

ဒါ့အပြင် ယူနိုက်တက် နံပါတ် တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ဟာလည်း ဆားဘီးယား ကို သွားရောက် ကစား ကြတဲ့ ကစားသမား စာရင်း မှ ချန်လှပ် ထားခံ ခဲ့ရ ပါတယ် ။ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ယူရို ပါလိဂ် ပွဲစဉ် မတိုင်မီ ပွဲ အကြို သတင်းစာ ရှင်းလင်း ပွဲမှာ ဒီဂီယာ ဟာ နောဝှစ်ချ် အသင်း နဲ့ ရင်ဆိုင် ရမယ့် တနင်္ဂနွေ ပွဲစဉ် မှာ ပါဝင် နိုင် လိမ့်မယ် လို့ ဆိုသွား ခဲ့ ပေမယ့် ပေါ့ဂ်ဘာ ကတော့ ပါဝင် နိုင် ဦးမှာ မဟုတ် သေးကြောင်း ဖွင့်ဟ သွားခဲ့ ပါတယ် ။

” တနင်္ဂနွေ နေ့ ပွဲစဉ် အတွက် ဒေးဗစ် ဟာ အဆင်သင့် ဖြစ်နေ မှာပါ ။ ကျွန်တော် တို့ ကတော့ ဒီ ပွဲစဉ် အတွက် သူ့ကို ဆားဘီးယား ခေါ်ပြီး စွန့်စားမှု မလုပ်ချင် ကြဘူး လေ ။ ပေါလ် ကတော့ နိုး ပါ ” လို့ ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ဒါ့အပြင် ဒဏ်ရာ ပြသနာ ဆိုးရွား ခဲ့မှု တွေကြောင့် အသင်း မှာ ပွဲထွက် ကစား ခွင့်တွေ ဆုံးရှုံး ထားခဲ့ ကြတဲ့ လုခ်ရှော နဲ့ မာတစ် တို့ ဟာလည်း အမြန်ဆုံး ပြန်လာ နိုင်ကြ တော့မယ် လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒဏ်ရာ ပြသနာ တွေကြောင့် လီဗာပူး နဲ့ ပွဲစဉ် အထိ အသင်း အတွက် ပါဝင် ကစား ပေးနိုင် ခဲ့ခြင်း မရှိကြ သေးတဲ့ အဆိုပါ ကစားသမား နှစ်ဦး ဟာ နွေးထွေး တဲ့ ရာသီ ဥတု အောက်မှာ လေ့ကျင့်မှု တွေ ပြုလုပ် ရင်း ကြံ့ခိုင် မှု ပြည့်ဝ စေဖို့ လိုအပ် နေတဲ့ အတွက် ဒူဘိုင်း မြေကို ရောက်ရှိ နေကြ ပါတယ် ။ လုခ်ရှောဟာ ယူနိုက်တက် တို့ အိုးလ် ထရပ်ဖို့ဒ် မှာ ခရစ္စတယ် ပဲလေ့စ် အသင်း ကို ရှံုးနိမ့် ကတည်းက ဒဏ်ရာ ရရှိ ခဲ့တာ ကြောင့် ကစားပေး ခွင့် လွဲချော် ခဲ့သူ ပဲ ဖြစ် ပါတယ် ။

မာတစ် ကတော့ အေဇက် အယ်လ်ခမာ အသင်း နဲ့ ရင်ဆိုင် ခဲ့ ရတဲ့ ပွဲစဉ် နောက်ပိုင်း အသင်း အတွက် ပြန်လည် ပါဝင် နိုင် သေးခြင်း မရှိသေး သူပဲ ဖြစ် ပါတယ် ။ ဒါပေမယ့် ဆိုးလ်ရှား ကတော့ သူတို့ နှစ်ဦးလုံး ဟာ မကြာမီ အသင်း ဆီကို ပြန်လာ နိုင် တော့မှာ ဖြစ်ကြောင်း ပွဲကြို သတင်းစာ ရှင်းလင်း ပွဲမှာ ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သူတို့ နှစ်ယောက်လုံး ဒဏ်ရာ ရရှိ နေကြ ပါတယ် ။ သူတို့ နှစ်ဦး ရဲ့ ဒဏ်ရာ အနေအထား ဟာ တိုးတက် ကောင်းမွန် လာခဲ့ ပြီး ကြံ့ခိုင် မှု ပြန်လည် ပြည့်ဝ ဖို့ အတွက် ဝန်ထမ်း အဖွဲ့ အချို့ နဲ့ အလုပ် လုပ်နေ ကြ ပါတယ် ။ သူတို့ ဒဏ်ရာ ပြသနာ ဟာ သိပ် ပြီး မကြာမြင့် ဖို့ မျှော်လင့် ထား ပါတယ် ။ သူတို့ တွေဟာ ဒီ ရက်သတ္တပါတ် အကုန် အသင်း ဆီ ပြန်လည် ရောက်ရှိ လာကြ မှာ ဖြစ်ပြီး ဘယ်တော့ ပြန် ကစား ပေးနိုင် မလဲ ဆိုတာ သိရှိ ရပါ လိမ့်မယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် ကစားသမား တွေ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝ ဖို့ အတွက် ဘာကြောင့် ဒူဘိုင်း မြေကို စေလွှတ် တာလဲ လို့ သတင်းထောက် က မေးမြန်း သွားတဲ့ အချိန် မှာတော့ ဆိုးလ်ရှား က ရေရာ သေချာ တဲ့ အဖြေ တစ်ခု ကို မပေး ခဲ့ပဲ ဒီ အတွက် မတူ ညီတဲ့ အကြောင်း ပြချက် တွေ ရှိနေ ကြောင်းသာ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သူတို့ လေ့ကျင့်ရေး တွေ ပြုလုပ် ကြဖို့ အတွက် အဝေး ကို သွားရောက် ရခြင်း က မတူညီ တဲ့ အကြောင်း ပြချက် တွေ ရှိနေ ပါတယ် ” လို့ ဆိုးလ်ရှား က ဖြေကြား သွားခဲ့ လိုက် ပါတယ် ။ ယူနိုက်တက် ဟာ နောက်ဆုံး ကစား ခဲ့တဲ့ အဝေးကွင်း ပွဲစဉ် 11 ပွဲမှာ အနိုင် ရလဒ် ရှာဖွေ ထားနိုင် ခြင်း မရှိ သေးတာ ကြောင့် ပါတီဇန် နဲ့ ကစား ရမယ့် ပွဲစဉ် မှာတော့ ယူနိုက်တက် တို့ အဝေးကွင်း ရလဒ် ဆိုး တွေးကို ချေဖျက် ဖို့ ကြိုးစား ရပါ တော့မယ် ။

#Sports_Myanmar