ယာဂန်ကလော့ဟာ မနေ့ညက ဂန့်ကို သာသာယာယာ အနိုင် ရရှိ ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲမှာ လှပတဲ့ ဂိုး ၂ ဂိုး သွင်းပေး ခဲ့တဲ့ အဲလက်စ် အောက်စလိတ် ချိန်ဘာလိန် ကို ချီးကျူး သွားခဲ့ ပေမယ့်လည်း လီဗာပူး နဲ့ အသင်းရဲ့ ၂ ဂိုးရှင် ဟီးရိုး ဖြစ်သူ အနေနဲ့ ဒီထက် ပိုကောင်းအောင် လုပ်နိုင် သေးတယ်လို့ သတိပေး သွားခဲ့ ပါတယ်။

အောက်စလိတ် ချိန်ဘာလိန်ဟာ လီဗာပူး တို့ ဘယ်ဂျီယံမှာ ၄-၁ နဲ့ အနိုင် ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၃ မှာ ပထမပိုင်း နဲ့ ဒုတိယပိုင်း တို့မှာ လှပတဲ့ ဂိုးတစ်ဂိုးစီ သွင်းယူ ခဲ့ပြီး ဒါတွေဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် တစ်နှစ်ကျော် နားခဲ့ရတဲ့ အင်္ဂလန် စတား အတွက် ၁ နှစ်ခွဲ ကျော်မှ ပြန်လည် ရှာတွေ့တဲ့ သွင်းဂိုးတွေပဲ ဖြစ်ပါတယ်။

အောက်စလိတ် ချိန်ဘာလိန်ဟာ ၂၀၁၈ ဧပြီလက ရိုးမား နဲ့ ချန်ပီယံလိဂ် ပထမအကျော့မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရခဲ့ပြီး နောက်ပို်င်း ပထမဦးဆုံး အကြိမ် ချန်ပီယံလိဂ် မှာ ပွဲထွက်ခွင့် ရတာ ဖြစ်ပြီး ဒါဟာ ကစားသမား အတွက် ၀မ်းမြောက် စရာ ဖြစ်ပေမယ့် ကလော့ ကတော့ ဒီထက် အများကြီး လာအုံးမယ်လို့ ယုံကြည် နေပါတယ်။

ကလော့ က “သူ့အတွက် ကတော့ အရမ်းကို ကောင်းမွန်တဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ဒါပေမယ့် အောက်စ်ရဲ့ စွမ်းဆောင်ရည်ဟာ အသင်းရဲ့ စွမ်းဆောင်ရည် နဲ့ လုံးဝ တစ်ထပ်ထည်း ဖြစ်နေ ခဲ့ပါတယ်။ သွင်းဂိုးတွေဟာ ကောင်းမွန်လှ ပေမယ့် ကျန်တဲ့ အရာတွေ မှာတော့ ဒီထက် ပိုကောင်း ခဲ့သင့် ပါတယ်။ ဒီလိုမျိုးပါ။ ဒါပေမယ့် ဘာပြသနာမှတော့ မရှိပါဘူး။ ဂိုးတွေဟာ အရမ်းကို ကောင်းလှပြီး ကျွန်တေ်ာတို့ အတွက် အရမ်းကို အရေးပါလှ ပါတယ်။ အံ့ဖွယ် ပါပဲ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ လယ်လာနာ ဟာ ဂိုးသွင်း နိုင်ခဲ့ပြီး အခု ဆိုရင် အောက်စ် က ၂ ဂိုး သွင်းခဲ့ ပါတယ်။ ဒါဟာ တကယ် ကောင်းပါတယ်။ အရမ်းကောင်းတဲ့ ပုံပြင် တစ်ခု ပါပဲ။” လို့ ဆိုသွား ပါတယ်။

လီဗာပူး ဟာ ဒီရလဒ်ကြောင့် အုပ်စု E မှာ ၆ မှတ် ရသွား ခဲ့ပြီး ရက်ဘူးဆဲလ်ဘာ့ခ် ကို ၃-၂ နဲ့ နိုင်ခဲ့တဲ့ ဇယားထိပ်က နာပိုလီရဲ့အောက် တစ်မှတ် အကွာမှာ ရှိနေပါတယ်။ ဆဲလ်ဘာ့ခ် ဟာ လက်ရှိမှာ ၃ မှတ် ရထားခဲ့ပြီး ဂန့် ကတော့ ၁ မှတ် ရထားပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အိမ်ကွင်း ရ ပွဲမှာ ၁ ပွဲသာ ရှုံးထားခဲ့တဲ့ ဘယ်ဂျီယံ ကလပ်ကို အနိုင် ရဖို့ အတွက် အလုပ်တော့ အပြင်းအထန် လုပ်ခဲ့ ရပါတယ်။

ကလော့ က “ကျွန်တော်တို့ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ အများကြီး ရခဲ့တဲ့ အပြင် ပွဲကို စတင်မှု အရမ်း ကောင်းခဲ့ ပါတယ်။ အဲဒီနောက် ၁၀ မိနစ် ၁၅ မိနစ် လောက်ထိ ကစားပုံ တကယ် အိုကေ ခဲ့ပါတယ်။ ကျွန်တေ်ာတို့ လုပ်သင့်တာကို အတိအကျ လုပ်ခဲ့ပါတယ်။ သူတို့ဟာ ၄-၄-၂ ကစားကွက် နဲ့ တည်ခဲ့ပြီး သူတို့ ကွင်းလယ်ရဲ့ ဖိအားပေး ကစားမှုကြောင့် ကျွန်တော်တို့ အနေနဲ့ လှည့်ဖျား ကစားခဲ့ ရပြီး ဒီအပေါ်မှာ သက်တောင့်သက်သာ ဖြစ်နေဖို့ လိုအပ် ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တေ်ာတို့ အကောင်းဆုံး လုပ်ခဲ့ ပါတယ်။

ကျွန်တေ်ာတို့ ဖန်တီးမှု သိပ်အများကြီး မလုပ် နိုင်ခဲ့ ပေမယ့် ကျွန်တော်တို့ သူတို့ကို အတော် အလုပ်များအောင် လုပ်နိုင် ခဲ့ပါတယ်။ ကျွန်တော်တို့ နေရာလွတ်တွေ ရှာဖွေ ခဲ့ကာ ဘောလုံးတွေ မျှောပေး ခဲ့ပါတယ်။ ဒါဟာ ပွဲအစီအစဉ် ဖြစ်ပြီး ဒါ အလုပ် ဖြစ်ခဲ့ ပါတယ်။ အဲဒီနောက် ဒီလို ထပ်မတွေ့ တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ့်ဘက်က ပြန်လည် ကာကွယ်ဖို့ အသင့် မဖြစ်နိုင်တဲ့ မမျှော်လင့် ထားတဲ့ ဘောလုံးတွေ အများကြီး ဆုံးရှံုးခဲ့ ပါတယ်။

တစ်ခါတစ်ရံ ကျွန်တော်တို့ မှားယွင်းတဲ့ အခိုက်အတန့် တွေမှာ စွန့်စားမှု လုပ်ခဲ့ပါတယ်။ အရမ်း နေရာကျပ် နေပေမယ့် one-two တွေ ကစားခဲ့ပြီး ဒါဟာ သိပ်ပြီး အဓိပ္ပာယ် မရှိပါဘူး။ ကျွန်တော်တို့ သူ့တို့ရဲ့ ဘောလုံး တွေကို ခြေထောက်နဲ့ ဖျက်ထုတ် ရမှာ ဖြစ်ပေမယ့် ပြေးလိုက် နေခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလို မလိုအပ်တာတွေ လုပ်ခဲ့တာကြောင့် သူတို့ဟာ ပွဲအရှိန် ရသွား ခဲ့ပါတယ်။ ဒါပေမယ့် ဒီလို နိုင်ခဲ့ပါတယ်။” လို့ ဆိုသွား ပါတယ်။

ဆက်လက်ပြီး ကလော့ က “ပထမပိုု်င်းမှာ ကစားရ ကျပ်နေ ခဲ့ပါတယ်။ အဲဒီနောက် ကောင်လေးတွေကို ဒုတိယပိုင်းမှာ အသုံးချ နိုင်တဲ့ အသုံးချသင့်တဲ့ နေရာလွတ်တွေ ပြသ ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယဂိုးကို ကျွန်တေ်ာတို့ သွင်းယူ နိုင်ခဲ့ ပါတယ်။ စကားမစပ် ပထမဂိုး ကလည်း အရမ်း ကောင်းခဲ့ပါတယ်။ ဒုတိယ ဂိုးက ပိုပြီး ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဂိုးတွေဟာ မယုံနိုင် လောက်အောင် လှပပါတယ်။

ဒုတိယဂိုး ရပြီးနောက် ဒါဟာ ဂန့် အတွက် အတော် အထိ နာသွား စေခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ တတိယဂိုး နဲ့ စတုတ္ထဂိုးတွေ ရခဲ့ပါတယ်။ ကျွန်တော်တို့ ပေးလိုက်ရတဲ့ ဂိုးကတော့ သိပ်ပြီးတော့ မကောင်း လှပါဘူး။ ဒါပေမယ့် ဒါဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပြသနာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ခဲ့ပါတယ်။ အလုပ်ပြီးခဲ့ပါတယ်။ ဒါပါပဲ။” လို့ ပြောသွားပါတယ်။

SM