အင်္ဂလန် လက်ရွေးစင် ကစားသမား ဖြစ်သူ ဟယ်ရီ မက်ဂွားယား ဟာ ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက လက်စတာ စီးတီး အသင်း မှ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ခံစစ် ကစားသမား တစ်ယောက် အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် သန်း 80 နဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့ သူပဲ ဖြစ် ပါတယ် ။

အခုတော့ ကစားသမား ဖြစ်သူ က ကြီးမား တဲ့ ပွဲစဉ် တွေမှာ တွေ့ကြုံ ရတဲ့ ကြီးမား တဲ့ ဖိအား တွေက သူ့ကို ဒီနွေ မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ပြောင်းရွှေ့ စေဖို့့ အတွက် အရေး ပါတဲ့ ဆုံးဖြတ်ချက် ချမှတ် စေခဲ့ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အသက် 26 နှစ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ပြောင်းရွှေ့ ရောက်ရှိ လာ ကတည်းက အသင်း အတွက် အထင် ကြီးဖွယ် ခြေစွမ်း ကောင်းတွေ ပြသ ထားနိုင် ခဲ့ပြီ ယူနိုက်တက် ကို ပရီးမီးယား လိဂ်ရဲ့ ခံစစ် ကောင်းမွန် တဲ့ အသင်း တစ်သင်း ဖြစ်နိုင် အောင် ဦးဆောင် ပေးနိုင် ခဲ့ ပါတယ် ။

Manchester United’s Paul Pogba, Harry Maguire, Marcus Rashford and Scott McTominay (left to right) Manchester United v Chelsea – Premier League – Old Trafford 11-08-2019 . (Photo by Nick Potts/PA Images via Getty Images)

သူဟာ ယူနိုက်တက် အတွက် ပထမဆုံး ကစား ပေး ခဲ့တဲ့ ချဲလ်ဆီး အသင်း နဲ့ ပွဲစဉ် မှာ Clean Sheet ရရှိ အောင် လုပ်ဆောင် ထားနိုင် ခဲ့ သလို အသင်း ဟောင်း လက်စတာ စီးတီး နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် မှာလည်း ယူနိုက်တက် ကို Clean Sheet ရရှိ စေခဲ့ ပါတယ် ။

အခုတော့ မက်ဂွားယား ဟာ ပါတီဇန် ဘဲလ်ဂရိတ် အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် ယူရို ပါလိဂ် ပွဲစဉ် မှာ ခြေစွမ်း ကောင်းတွေ ဆက်လက် ပြသရင်း ဥရောပ မြေမှာ အဝေး ကွင်း ရလဒ် ကောင်းတွေ ပိုင်ဆိုင် သွား နိုင်ဖို့ အတွက် ဆန္ဒ ရှိနေ ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သိပ်ကို သေချာ လှတဲ့ အကြောင်း ပြချက် တစ်ခု ကို ပြော ရမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက် လို အသင်း ဆီ ပြောင်းရွှေ့ ခဲ့ရ ခြင်းက ကြီးမား တဲ့ ပွဲစဉ် တွေကို ကစား ရဖို့ အတွက် ပါပဲ ။ ဥရောပ မြေမှာ ကစား ရဖို့ ဆိုတာ ကြီးမား တဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင် ရခြင်း ပါပဲ ”

” ဒီမှာ ကစား ရတာ ကျွန်တော် ပျော်ရွှင် ပြီး ရှေ့ဆက် နိုင်ဖို့ အတွက် ရှေးရှု နေ ပါတယ် ။ ကျွန်တော် ဟာ အကြီးမား ဆုံး ပွဲစဉ် တွေကို ကြီးမား တဲ့ ဖိအား တွေနဲ့ အတူ ရင်ဆိုင် ကစား ချင်သူ တစ်ဦး ပါ ။ ဒါ့ကြောင့် လည်း ည မီးရောင် တွေ အောက်မှာ ဥရောပ ပွဲစဉ် တွေကို ကစား ရဖို့ အတွက် ကမ႓ာ့ အကြီးမားဆုံး အသင်း ဆီကို ကျွန်တော် ပြောင်းရွှေ့ လာခဲ့ ရတာ ပါ ”

” ကျွန်တော် ဟာ ဒီလို ကလပ် အသင်း ကြီး တစ်သင်း ရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင်ခွင့် ရရှိ နေတာ ကို အရမ်း ပဲ ကျေနပ် ပျော်ရွှင် မိ ပါတယ် ။ ကျွန်တော် ဟာ ဖိအား တွေနဲ့ ကစား ရတဲ့ ပွဲကြီး တွေကို နှစ်သက် လှ ပါတယ် ။ ဥပမာ လီဗာပူး နဲ့ ပွဲစဉ် လိုမျိုး ပေါ့ ။ ကျွန်တော် ဟာ အသင်း ရဲ့ အနာဂတ် အစိတ်အပိုင်း တစ်ခု အဖြစ် ရေရှည် ပါဝင် သွားမှာ ပါ ။ ကျွန်တော် ဒီမှာ ကာလ ရှည် စာချုပ် ချုပ်ဆို ထားတယ် လေ ”

” အသင်း တစ်သင်း ကို ပြောင်းရွှေ့ ပြီးတာ နဲ့ ထိပ်ဆုံး က ပြိုင်ဖက် အသင်း တွေကို ချက်ချင်း လိုက်မီ ဖို့ ဆိုတာ မဖြစ် နိုင်မှန်း ကျွန်တော် ကောင်းကောင်း သိ ပါတယ် ။ ကျွန်တော် အနာဂတ် မှာ အဲ့တာ ကို လုပ်ဆောင် နိုင်ဖို့ အားထုတ် ကြိုးစား သွွားမှာပါ ။ ကျွန်တော် ဟာ အဲ့တာ တွေကို လုပ်ဆောင် ပြမယ့် အသင်း ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လို နေ ပါတယ် ” လို့ မက်ဂွားယား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar