ယနေ့ နံနက်အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်မှာ ဘာစီလိုနာ အသင်းက ဆလားဗီးယားပရက်ဂ် အသင်းကို ချက် မြေမှာ ၁-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီပွဲ မှာ ဘာစီလိုနာအသင်း ပွဲချိန်၃ မိနစ် ကတည်းက ဦးဆောင်ဂိုးရခဲ့တာ ဖြစ်ပါတယ်။အာသာရဲ့ ဖန်တီးပေးမှု ကနေ တိုက်စစ်မှူး လီယွန်နယ် မက်ဆီက အဆုံးသတ် ခဲ့တာ ဖြစ်ပါတယ်။ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာ ဂျန်ဘော်ရယ်က အိမ်ရှင်အတွက် ပြန်ချေပခဲ့ပေမယ့် ပွဲချိန် ၅၇မိနစ်မှာ အိုလာရင်ကိုရဲ့ OG ဂိုးပေးလိုက်ရလုုိ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဆလားဗီးယားပရက်ဂ်အသင်းကို ဂိုးသွင်းနိုင်ခဲ့တာကြောင့် လည်း မက်ဆီ ဟာ ချန်ပီယံလိဂ်မှာ ၁၅ရာသီဆက်တိုက်ဂိုးသွင်းနိုင်တဲ့ပထဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒါ့အပြင် ရော်နယ်ဒို ၊ ရာအူးလ် တို့နဲ့ အတူ ဥရောပရဲ့ ပြိုင်ဘက် အသင်း ၃၃သင်းမြောက် ကို ဂိုးသွင်းယူနိုင်ခဲ့တာ လည်းဖြစ်ပါတယ်။ပုံမှန်အားဖြင့် မဟာပြိုင်ဘက် ရော်နယ်ဒို ကို ချန်ပီယံ လိဂ် လူသားအဖြစ် တင်စားကြပေမယ့် မက်ဆီက အခုလို စံချိန်သစ် တင်လိုက်နိုင်ခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်းမှာ အုပ်စုပွဲတွေအတွင်း သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာလည်း၆၇ဂိုးအထိရှိလာခဲ့လို့ ရော်နယ်ဒိုထက် ၅ဂိုးအထိအသာရနေပြီဖြစ်ပါတယ်။

အသက် ၃၂ အရွယ်မှာ အခုလို စံချိန်သစ် တွေထပ်ရနေတဲ့ မက်ဆီဟာ ပိုပြီးကောင်းအောင် ရှေ့ဆက်နေဦးမယ့်ကစားသမားမျိုးဖြစ်တယ်လို့ နည်းပြကြီးဗယ်ဗာဒီီက ချီးကျူးသွားခဲ့ပါတယ်။ပွဲအပြီး သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ ဗယ်ဗာဒီက -” သူ ( မက်ဆီ ) ဟာ ဘယ်လိုပွဲ မျိုးမှာမဆို အဆုံးအဖြတ်ပေးနိုင် တဲ့ ကစားသ မားမျိုးဖြစ်ပါတယ်။ နေ့တိုင်း နေ့တိုင်း
မှာ ကျွန်တော်တို့သူ့ကိုကြည့်လိုက်မယ်ဆိုရင် ပိုတောင်ကောင်းလာတာကို မြင်ရမှာဖြစ်ပါတယ်။

မယုံနိုင်စရာ ခြေစွမ်းပိုင်ရှင် မက်ဆီ အတွက် ဒီပွဲမှာ နောက်ထပ် စံချိန် မှတ်တမ်းတခုထပ်ရခဲ့ပါတယ်။သူလုပ်ဆောင်ပြနေတဲ့ အရာတွေအကြောင်းကိုပြောရတာလွယ်ပြီး သဘာဝဆန်ဆယ်လို့ထင်ရပါလိမ့်မယ်။ဒါပေမယ့်လည်း ဒီလို စံချိန် မှတ်တမ်းတွေကို ရရှိဖို့ဆိုတာ အရမ်းကို ခက်ခဲပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းဟာ ဒီပွဲမှာ ၃မှတ်ပြည့်ရခဲ့ လို့ အင်တာ၊ ဒေါ့မွန်တို့ကို ကျော်ပြီး အုပ်စုတွင်းကို ဦးဆောင်သွားနိုင် ခဲ့ပါတယ်။ဒီပွဲမှာ ဦးဆောင်ဂိုးသွင်းပေးခဲ့သလို စံချိန်သစ်ပါ တင်လိုက်နိုင်ခဲ့တဲ့ မက်ဆီ နဲ့ ပတ်သက်ပြီး အသင်းဖော်ကွင်းလယ်လူ ဘက်စကွက်စ်က-

” သူ ဟာ အတော်လေး ဆိုးရွားတဲ့ ရာသီ အစ ပိုင်း ကာလတွေကို ကြုံတွေ့ထားခဲ့ရတာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒဏ်ရာပြသနာ တွေကြောင့် ပဲ ဖြစ်ပါတယ်။သူဟာ ကျွန်တာ်တို့ အသင်းရဲ့ ကစားပုံမှာ အတော်လေးကို အခြေခံကျပြီး အရေးပါတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ပွဲတပွဲမှာ သူဆီကနေ ကျွန်တော်တို့ရရှိတဲ့ အရာတွေကလည်း အများကြီးပါပဲ။သူဟာ အခုဆိုရင် သူ့ရဲ့ ရစ်သမ်ကို ပြန်ပြီး ရလာနေပြီဖြစ်ပါတယ်။သူ့ရဲ့ ခြေစွမ်းကောင်းပြန်ရဖို့ သိပ်အကြာကြီးတော့စောင့်ရမှာမဟုတ်ပါဘူး။ဘာကြောင့်လည်းဆိုတော့သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတဦးဖြစ်လို့ပါပဲ “လို့ချီးကျူးသွားခဲ့ပါတယ်။

SM