လီဗာပူး အသင္းရဲ႕ ဒုတိယ အသင္းေခါင္းေဆာင္ ေမလ္နာ ကေတာ့ ခ်န္ပီယံလိဂ္ ဆုဖလားၾကီးနဲ႔ ျမိဳ႕အတြင္း လွည့္လည္ ေအာင္ပြဲခံေနစဥ္မွာ ၊ ေဟးဘေရာ ျဖစ္ရပ္ဆုိး ကေန လြတ္ေျမာက္လာတဲ့ ပရိသတ္ တစ္ဦးရဲ႕ အိမ္ေရွ႕ အေရာက္မွာေတာ့ ကားကို ေခတၱရပ္ခိုင္းကာ ၊ ခ်န္ပီယံလိဂ္ ဖလားၾကီးကုိ အဆိုပါ ပရိသတ္ထံ သြားေရာက္ ျပသေပးခဲ့တယ္လို႔ သိရပါတယ္။

သူ႔ရဲ႕ အဆိုပါ လုပ္ရပ္ေၾကာင့္ လီဗာပူး ပရိသတ္ေတြက ၀ိုင္း၀န္း ခ်ီးက်ဴးေနၾကျပီး ၊ ဘယ္ေလာက္အထိ မြန္ျမတ္လြန္းတဲ့ စိတ္ထားပိုင္ရွင္လဲ ဆိုျပီး မွတ္ခ်က္ေပးလွ်က္ ရွိေနပါတယ္။

ေအာင္ပြဲခံ ဘတ္စ္ကားဟာ ည 8 နာရီ ေနာက္ပိုင္းမွာေတာ့ မဲ၀ုဒ္ထံ ဦးတည္ကာ ျပန္လည္ေမာင္းႏွင္လာခဲ့တာပါ။ အဲဒီ လုိ ေမာင္းႏွင္ေနစဥ္ လီဗာပူး ရဲ႕ အမာခံ ပရိသတ္ အန္ဒရူး ဒီဗိုင္းရဲ႕ အိမ္ေရွ႕ အေရာက္မွာေတာ့ ၊ ေမလ္နာ က ကားကို ရပ္ဖို႔ ေတာင္းဆိုရင္း ၊ ဆုဖလားၾကီးကို ကိုင္ကာ ဆင္းသြားခဲ့တာ ျဖစ္ပါတယ္။

အသက္ 53 ႏွစ္ အရြယ္ ရွိျပီ ျဖစ္တဲ့ ဒီဗိုင္းဟာ ေဟးဘေရာ့ ျဖစ္ရပ္ဆိုးေၾကာင့္ ၊ လက္ရွိ အခ်ိန္ထိ ၀ွီးခ်ဲ နဲ႔ ေနထုိင္ရသူ တစ္ဦးျဖစ္ပါတယ္။ ကား ရပ္တန္႔လိုက္တဲ့ အခ်ိန္မွာ သူဟာ အိမ္အျပင္ဘက္မွာ ရွိေနခဲ့တာ ျဖစ္ျပီး ၊ ေမလ္နာက ခ်န္ပီယံလိဂ္ ဖလားၾကီးကို ျပသဖို႔ ၀င္ေရာက္ သြားခဲ့တာပါ။

အန္ဒရူး ဒီဗိုင္းရဲ႕မိခင္ ျဖစ္သူကေတာ့ ေမလ္နာ ရဲ႕ သေဘာထားၾကီးပံု နဲ႔ အဲဒီ ေန႔က သားျဖစ္သူ ေပ်ာ္ေနတဲ့ ေပ်ာ္ရႊင္မႈေတြဟာ မ်က္စိထဲကေနေတာင္ မထြက္ဘူးလို႔ Echo သတင္းစာကို ရင္ဖြင့္ သြားခဲ့ပါတယ္။ ေမလ္နာ ဟာ ယခင္ ကတည္းက ဒီဗိုင္းကို မဲ၀ုဒ္ ေလ့က်င့္ေရးကြင္းထဲ ကို ဖိတ္ေခၚကာ လွည့္လည္ ျပသခဲ့ဖူးတာေၾကာင့္ ၊ ဒီဗိုင္းတို႔ အိမ္ကို မွတ္မိေနတာ ျဖစ္ျပီး ၊ အခုလို ဆုဖလားၾကီး ၀င္ျပဖို႔ စိတ္ကူး ရခဲ့တာ ျဖစ္ပါတယ္။

လီဗာပူး အသင္းဟာ မၾကာခင္မွာပဲ ေမလ္နာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနျပီ ျဖစ္သလို ၊ ကစားသမား ဘ၀ ကေန အနားယူရင္ေတာင္ အကယ္ဒမီမွာ တစ္ေနရာစာ ေပးသြားဖို႔ စိတ္ကူးထားတယ္လုိ႔ သတင္းေတြ အရသိရပါတယ္။

ေမလ္နာ ကိုယ္တုိင္ ကေတာ့ အသက္ရြယ္ ရလာျပီ ျဖစ္သည့္တိုင္ေအာင္ လီဗာပူး နဲ႔ ဆုဖလားေတြ ထပ္မံ ရယူဖုိ႔ ေမွ်ာ္လင့္ထားေနဆဲလို႔ ရင္ဖြင့္ထားခဲ့သလုိ ၊ ပထမဆံုး ဆုဖလား ရယူတဲ့ အေတြ႔အၾကံဳေတြဟာ ေနာက္ထပ္ ဆုဖလားေတြ ထပ္မံ ဆြတ္ခူးဖို႔ အတြက္ အမ်ားၾကီး တြန္းအားေတြ ေပးေနလိမ့္မယ္လို႔ မွတ္ခ်က္ ေပးထားခဲ့ ပါတယ္။

Unicode

လေးစားဖို့ ကောင်းတဲ့ မေလ်နာ
*******************

လီဗာပူး အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် မေလ်နာ ကတော့ ချန်ပီယံလိဂ် ဆုဖလားကြီးနဲ့ မြို့အတွင်း လှည့်လည် အောင်ပွဲခံနေစဉ်မှာ ၊ ဟေးဘရော ဖြစ်ရပ်ဆိုး ကနေ လွတ်မြောက်လာတဲ့ ပရိသတ် တစ်ဦးရဲ့ အိမ်ရှေ့ အရောက်မှာတော့ ကားကို ခေတ္တရပ်ခိုင်းကာ ၊ ချန်ပီယံလိဂ် ဖလားကြီးကို အဆိုပါ ပရိသတ်ထံ သွားရောက် ပြသပေးခဲ့တယ်လို့ သိရပါတယ်။

သူ့ရဲ့ အဆိုပါ လုပ်ရပ်ကြောင့် လီဗာပူး ပရိသတ်တွေက ၀ိုင်းဝန်း ချီးကျူးနေကြပြီး ၊ ဘယ်လောက်အထိ မွန်မြတ်လွန်းတဲ့ စိတ်ထားပိုင်ရှင်လဲ ဆိုပြီး မှတ်ချက်ပေးလျှက် ရှိနေပါတယ်။

အောင်ပွဲခံ ဘတ်စ်ကားဟာ ည 8 နာရီ နောက်ပိုင်းမှာတော့ မဲဝုဒ်ထံ ဦးတည်ကာ ပြန်လည်မောင်းနှင်လာခဲ့တာပါ။ အဲဒီ လို မောင်းနှင်နေစဉ် လီဗာပူး ရဲ့ အမာခံ ပရိသတ် အန်ဒရူး ဒီဗိုင်းရဲ့ အိမ်ရှေ့ အရောက်မှာတော့ ၊ မေလ်နာ က ကားကို ရပ်ဖို့ တောင်းဆိုရင်း ၊ ဆုဖလားကြီးကို ကိုင်ကာ ဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

အသက် 53 နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီဗိုင်းဟာ ဟေးဘရော့ ဖြစ်ရပ်ဆိုးကြောင့် ၊ လက်ရှိ အချိန်ထိ ၀ှီးချဲ နဲ့ နေထိုင်ရသူ တစ်ဦးဖြစ်ပါတယ်။ ကား ရပ်တန့်လိုက်တဲ့ အချိန်မှာ သူဟာ အိမ်အပြင်ဘက်မှာ ရှိနေခဲ့တာ ဖြစ်ပြီး ၊ မေလ်နာက ချန်ပီယံလိဂ် ဖလားကြီးကို ပြသဖို့ ၀င်ရောက် သွားခဲ့တာပါ။

အန်ဒရူး ဒီဗိုင်းရဲ့မိခင် ဖြစ်သူကတော့ မေလ်နာ ရဲ့ သဘောထားကြီးပုံ နဲ့ အဲဒီ နေ့က သားဖြစ်သူ ပျော်နေတဲ့ ပျော်ရွှင်မှုတွေဟာ မျက်စိထဲကနေတောင် မထွက်ဘူးလို့ Echo သတင်းစာကို ရင်ဖွင့် သွားခဲ့ပါတယ်။ မေလ်နာ ဟာ ယခင် ကတည်းက ဒီဗိုင်းကို မဲဝုဒ် လေ့ကျင့်ရေးကွင်းထဲ ကို ဖိတ်ခေါ်ကာ လှည့်လည် ပြသခဲ့ဖူးတာကြောင့် ၊ ဒီဗိုင်းတို့ အိမ်ကို မှတ်မိနေတာ ဖြစ်ပြီး ၊ အခုလို ဆုဖလားကြီး ၀င်ပြဖို့ စိတ်ကူး ရခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ မကြာခင်မှာပဲ မေလ်နာကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေပြီ ဖြစ်သလို ၊ ကစားသမား ဘဝ ကနေ အနားယူရင်တောင် အကယ်ဒမီမှာ တစ်နေရာစာ ပေးသွားဖို့ စိတ်ကူးထားတယ်လို့ သတင်းတွေ အရသိရပါတယ်။

မေလ်နာ ကိုယ်တိုင် ကတော့ အသက်ရွယ် ရလာပြီ ဖြစ်သည့်တိုင်အောင် လီဗာပူး နဲ့ ဆုဖလားတွေ ထပ်မံ ရယူဖို့ မျှော်လင့်ထားနေဆဲလို့ ရင်ဖွင့်ထားခဲ့သလို ၊ ပထမဆုံး ဆုဖလား ရယူတဲ့ အတွေ့အကြုံတွေဟာ နောက်ထပ် ဆုဖလားတွေ ထပ်မံ ဆွတ်ခူးဖို့ အတွက် အများကြီး တွန်းအားတွေ ပေးနေလိမ့်မယ်လို့ မှတ်ချက် ပေးထားခဲ့ ပါတယ်။