ချန်ပီယံ လိဂ် ပွဲစဉ်တွေ ပြီးဆုံးသွားချိန် မှာတော့ ယူရိုပါ လိဂ် အလှည့်ကို ရောက်ရှိ လာခဲ့ ပါတယ် ။ ယခု ညမှာ တော့ တတိယ မြောက် အုပ်စု ပွဲစဉ် ကို ယှဉ်ပြိုင် ကစားတော့ မှာ ဖြစ်ပြီး နောက်တစ်ဆင့် တက်ရေး အတွက် အရေးပါ မှု တွေ စတင်လာ ခဲ့ပြီ လို့ ဆိုနိုင် မှာဖြစ် ပါတယ် ။ အင်္ဂလန် ပရီးမီးယားလိဂ် ကနေ ယူရိုပါ လိဂ် ကို မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် နဲ့ ၀ုဗာဟမ်တန် တို့ ၀င်ရောက် ယှဉ်ပြိုင် နေကြ ပါတယ် ။

ဒါကြောင့် ယနေ့ည ယှဉ်ပြိုင် ကစားမယ့် ပရီးမီးယားလိဂ် ကလပ် ၃ သင်း နဲ့ အခြား ပွဲကောင်း ၂ ပွဲ အတွက် Sky Sports ရဲ့ ခန့်မှန်းချက် ကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ ပါတီဇန် ဘဲဂရိတ် – မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အတွက် နောက်ထပ် ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ကို ရင်ဆိုင် ရမှာ သေချာ ပါတယ် ။ မော်ရင်ဟို တုန်းကလို ဗျုဟာမျိုး နဲ့ လီဗာပူး ကို ယူနိုက်တက် တို့ နိုင်လု နီးပါး အထိ ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီည ပွဲမှာတော့ ဒီပုံစံ နဲ့ အလုပ်မဖြစ် နိုင် ပါဘူး ။

မာရှယ် ပွဲပြန်ထွက်လာနိုင် ပြီး ရက်ဖိုဒ့် နဲ့ ဂျိမ်းစ် တို့ ထဲက တစ်ယောက်ယောက် နားရ နိုင် ပါတယ် ။ နောက်တန်း ၄ ယောက် ကစားကွက် ကို ပြန်သုံးဖို့ ရှိနိုင်ပြီး ကွင်းလယ် က ပွဲရဲ့ အဖြေဖြစ် လာမှာပါ ။ လက်ရှိ ယူနိုက်တက် ရဲ့ အဝေးကွင်း ခြေစွမ်းက ဆိုးရွား နေပြီး သရေဆိုရင်ပဲ ဆိုးရှား ကျေနပ် နေမှာပါ ။
ခန့်မှန်းချက် – ပါတီဇန် ၁ – ၁ မန်ချက်စတာ ယူနိုက်တက်

၂ ။ စလိုဗန် ဘရာတစ်လာဗာ – ၀ုဗ်
၀ုဗ် ရဲ့ ခြေစွမ်း ဟာ ဒီနှစ်ထဲ မှာ တော်တော်လေး မတည် မငြိမ် ဖြစ်နေ ပါတယ် ။ မန်စီးတီး ကို နိုင်သွားပေ မယ့် ဒီအပတ် ပွဲစဉ် တုန်းကတော့ သာမာန် ထက် မပိုခဲ့ ပါဘူး ။ ဥရောပ ပွဲစဉ်တွေ အတွက် ၀ုဗ် တို့ အဆင်သင့် မဖြစ် သေးတဲ့ ပုံပါပဲ ။ အင်္ဂလန် အသင်းတွေ ထဲမှာ အရင်ဆုံး လှည့်ပြန် ရနိုင်တဲ့ အသင်း ဆိုရင်တော့ ၀ုဗ် ကိုပဲ လက်ညှိုးထိုးပြ ရမှာပါ ။
ခန့်မှန်းချက် – စလိုဗန် လာဗာ ၁ – ၁ ၀ုဗ်

၃ ။ အာဆင်နယ် – ဗစ်တိုးရီးယား SC

အာဆင်နယ် တို့ နောက်ထပ် နိုင်ပွဲ ရဦးမှာပါ ။ ယူရိုပါ လိဂ် ပွဲ ဖြစ်လို့ လူစာရင်း အပြောင်း အလဲတွေ ကို မြင်တွေ့ ရမှာ အသေအချာ ပါပဲ ။ ဘယ်လာရင် ၊ တိုင်ယာနီ ၊ စမစ်ရိုဝီ ၊ ၀ီလော့ ၊ နီလ်ဆင် တို့တွေ ထဲက ဘယ်သူတွေ ပွဲထွက် မလဲ ဆိုတာ က ရလဒ် ထက် ပိုပြီး စိတ်ဝင်စား ဖို့ ကောင်း နေပါတယ် ။

အာဆင်နယ် မှာ စိတ်မကောင်း ဖြစ်မိတာ ကတော့ အိုဇေးလ် ပါပဲ ။ ဒီည မှာ သူ ၀င်ကစားနိုင်မလား ၊ သေချာ ပေါက် ပြောရ ခက် ပါတယ် ။ အမ်မရီ ကတော့ အိုဇေးလ် ဟာ လေ့ကျင့်ရေးကွင်းမှာ အားထုတ်မှု နည်းပါးတယ် လို့ ယူဆ ပြီး နေရာ မပေးခဲ့ ပါဘူး ။ ဒါပေမယ့် အိုဇေးလ် ဟာ ပါရမီ ရင့်သန်သူပါ ။ သူ့အတွက် ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ အမြဲ မလိုအပ် ပါဘူး ။

ဒီညမှာ ဆာကာ ရဲ့ ခြေစွမ်းတွေကို ထပ်ပြီး ကြည့်ရနိုင် ပါတယ် ။ အခြေအနေကောင်းရင် လာကာဇက် တောင် ခဏလောက် ၀င်ကစား ဖြစ်မှာပါ ။ ဘယ်သူတွေ နဲ့ ဘယ်လိုပဲ ကစားကစား အာဆင်နယ် ပဲ အနိုင်ရဖို့ သေချာ နိုင် ပါတယ် ။
ခန့်မှန်းချက် – အာဆင်နယ် ၃ – ၁ ဗစ်တိုးရီးယား

၄ ။ ပေါ်တို – ရိန်းဂျားစ်
ရိန်းဂျား တို့ ခြေစွမ်း မညံ့ပါဘူး ။ ဂိုးသွင်း အားလည်း ကောင်း ပါတယ် ။ ခံစစ် ကတော့ ယိုယွင်း နေပါတယ် ။ စတီဗင် ဂျရတ် ရဲ့ လက်ထက် မှာ ရိန်းဂျားစ် တို့ တိုးတက် လာပေမယ့် ဥရောပ ရဲ့ အလယ်အလတ် အဆင့် ပေါ်တို ကို အဝေးကွင်းမှာ ယှဉ်ကစားနိုင် ဖို့ ဆိုတာ မလွယ် ကူပါဘူး ။ အိမ်ရှင်ပဲ အနိုင် ရသွား မှာပါ ။
ခန့်မှန်းချက် – ပေါ်တို ၂ – ၀ ရိန်းဂျားစ်

၅ ။ ဆဲလ်တစ် – လာဇီယို
ပွဲစဉ် ၃ ရဲ့ အကျိတ် အနယ် အရှိနိုင်ဆုံး ပွဲတွေ ထဲက တစ်ပွဲ ဖြစ်လာမှာပါ ။ လာဇီယို ရဲ့ ကျဆင်းလာမှု ဟာ ဆဲလ်တစ် ကို အခွင့် အရေး ဖြစ်စေ နိုင် ပါတယ် ။ ဒါပေမယ့် လာဇီယို မှာ ပွဲ အဖြေကို ပြောင်းလဲ နိုင်တဲ့ ကစား သမား ကောင်းတွေ ရှိနေတာကြောင့် အိမ်ရှင် တို့ အချိန်ပြည့် အာရုံစိုက် နိုင်ဖို့ လိုအပ် ပါတယ် ။ ပိုမြန်ပြီး အိမ်ကွင်း အားသာချက် ရှိတဲ့ ဆဲလ်တစ် တို့ ကပ်နိုင်သွား ဖို့ ရှိနေ ပါတယ် ။
ခန့်မှန်းချက် – ဆဲလ်တစ် ၂ – ၁ လာဇီယို

SPORTS MYANMAR