မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ရွိုင်ကိန်း က တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်း ဟာ ကမ႓ာ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ဦး ဖြစ်ကြောင်း ချီးကျူး သွားခဲ့ပြီး ခေါ်ယူ ဖို့ အတွက် လီဗာပူး နဲ့ ပွဲစဉ် အပြီး အသင်း ဟောင်းကို တိုက်တွန်း ခဲ့ပါ သေးတယ် ။

လက်ရှိ ဘောလုံး ရာသီ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အဓိက ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ မပါဝင် ခဲ့တဲ့ ပွဲစဉ် တွေမှာ ယူနိုက်တက် ရဲ့ အခွင့် အရေး ဖန်တီးမှု နှုန်းတွေ ဟာ ကျဆင်း ခဲ့တဲ့ အတွက် တိုက်စစ် မှူးတွေ ဟာ ဂိုးသွင်း နိုင်ခွင့် နည်းပါး ခဲ့ကြ ပါတယ် ။

ဒါ့အပြင် လက်ရှိ ယူနိုက်တက် တိုက်စစ် မှာ ကစား နေ ကြတဲ့ ကစားသမား အချို့ ဟာလည်း အခွင့် အရေး ကောင်းတွေ ပိုင်ဆိုင် ခဲ့တဲ့ အချိန် တွေမှာ အဆုံးသတ် မသေချာ ခဲ့တာ ကြောင့် ယူနိုက်တက် တို့ ဂိုး ရရှိ နိုင်မယ့် အခွင့် အရေး ကောင်း တွေကို နစ်နာ ဆုံးရှုံး ခဲ့ရ ပါတယ် ။

ဒါ့ကြောင့် လည်း ယူနိုက်တက် ကစားသမား ဟောင်း ရွိုင်ကိန်း က လက်ရှိ တိုက်စစ် ပြသနာ ကို ဖြေရှင်း ဖို့ အတွက် တစ် ရာသီ ကို သွင်းဂိုး 20 – 30 လောက် သေချာပေါက် သွင်းယူ ပေးနိုင်မယ့် ဟယ်ရီ ကိန်း လို တိုက်စစ်မှူး ကို ခေါ်ယူ သွားဖို့ အသင်း ဟောင်းကို တိုက်တွန်း ခဲ့တာ ပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် တို့ လီဗာပူး နဲ့ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် အပြီး Sky Sports ရဲ့ သတင်း တင်ဆက်ရေး အစီအစဉ် မှာ ပါဝင် ခဲ့တဲ့ ရွိုင်ကိန်း က ယူနိုက်တက် ရဲ့ တိုက်စစ် ပြသနာ အကြောင်း ပြောကြား နေစဉ် …

” စပါး အသင်း ကနေ ကိန်းကို ခေါ်ယူ လိုက်ပါ ။ သူဟာ ခင်ဗျား ရဲ့ အသင်း အတွက် မျက်စိ မှိတ်ပြီး တစ် ရာသီ ကို သွင်းဂိုး 20 လောက် သွင်းယူ ပေးနိုင်မယ့် ကစားသမား ပါ ။ လက်ရှိ အချိန် တော့တင်ဟမ် ဟာ ကစဉ့်ကလျား ဖြစ်နေ ပါတယ် ။ ဒီတော့ သူ့ကို သွားပြီး ခေါ်ယူ လိုက်ပါ ” လို့ ပြောကြား ခဲ့တာ ပဲ ဖြစ် ပါတယ် ။

လက်ရှိ ဘောလုံး ရာသီ အတွင်း တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ ရလဒ် တွေဟာ ယိမ်းယိုင် နေတဲ့ အတွက် နည်းပြ ပိုချက်တီနို ရဲ့ အနာဂတ် ဟာလည်း ရေရာ မှု မရှိတော့ သလို တိုက်စစ်မှူး ဟယ်ရီကိန်း ရဲ့ အသင်း ပြောင်းရွှေ့ နိုင်ခြေ တွေ ကလည်း မြင့်တက် လာခဲ့ ပါတယ် ။

အခုတော့ ပါတီဇန် ဘဲလ်ဂရိတ် အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် မတိုင်မီ ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က အသင်းဖော် ဟောင်း ဖြစ်သူ ပေးတဲ့ အကြံကို ပြန်လည် တုန့်ပြန် ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

” အန်သိုနီ မာရှယ် ကို ပြန်လည် ရရှိ လိုက်ခြင်း က ကျွန်တော် တို့ အတွက် တစ်ကယ့် ကို တစ်တပ် တစ်အား ဖြစ်စေ ပါတယ် ။ အန်သိုနီ မာရှယ် ကို ပြန်လည် ပိုင်ဆိုင် လိုက်ခြင်း နဲ့ အတူ ဒါဟာ မားကပ်စ် ရပ်ရှ်ဖို့ အတွက် လည်း ပိုပြီး အကူအညီ ဖြစ်စေ လိမ့်မယ် ဆိုတာ ကျွန်တော် သေချာပါက် ပြောရဲ ပါတယ် ”

” ကျွန်တော် တို့ဟာ အခု လျင်မြန်မှု အားကောင်း တဲ့ တိုက်စစ် ကစားသမား တွေကို ပြန်လည် ပိုင်ဆိုင် ထားရ ပါပြီ ။ အခုတော့ ကျွန်တော် တို့ တွေဟာ လာမယ့် ရက် သတ္တပါတ် တွေကို ရှေးရှု နေကြ ပါတယ် ”

” ဘောလုံး လောက မှာ ရောဘတ် လီဝန်ဒေါစကီး နဲ့ ဟယ်ရီကိန်း တို့လို ကစားသမား တွေ အများကြီး မရှိကြ ပါဘူး ။ သူတို့ တွေက အလန်ရှီးယား ၊ နစ္စတယ်ရွိုင်း တို့လို တစ်ကယ့်ကို ဂိုးသွင်း ကောင်းတဲ့ အံ့ချီးဖွယ် တိုက်စစ်မှူး တွေ ပါပဲ ”

” ကျွန်တော် တို့ အသင်း မှာတော့ ခြားနား တဲ့ ပုံစံ နဲ့ ကစား သမား တွေ ရှိနေ ကြ ပါတယ် ။ ကျွန်တော် ကိုယ်တိုင် လည်း ရရှိ တဲ့ အခွင့် အရေး တွေကို ပိုင်ပိုင် နိုင်နိုင် အဆုံးသတ် နိုင်တဲ့ သူ့ ( ဟယ်ရီ ကိန်း ) လို တိုက်စစ် ကစားသမား မျိုးကို နှစ်သက် လှ ပါတယ် ”

” သူဟာ အကောင်းဆုံး တိုက်စစ်မှူး တွေ ထဲက တစ်ယောက် ပါ ။ ဒါပေမယ့် လက်ရှိ အမှန်တရား တစ်ခု က သူဟာ တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ ကစားသမား တစ်ယောက် လေ ” လို့ ဆိုးလ်ရှား က ရွိုင်ကိန်း ရဲ့ အကြံပြုမှု ကို ပြန်လည် ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar