အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က ဗစ်တိုးရီးယား နဲ့ ပွဲမတိုင်မှီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့တုန်းက လီဗာပူး ကွင်းလယ်လူ ဖာဘင်ဟို ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

ဒါ့အပြင် အမ်မရီ က ဖာဘင်ဟို အနေနဲ့ လီဗာပူး အသင်းမှာ ခြေစွမ်းပြ ကစားနိုင်ဖို့ အချိန် အတိုင်းအတာ တစ်ခုအထိ ယူခဲ့ရတာကြောင့် နီကိုလပ်စ် ပေပေ နဲ့ စီဘယ်လောစ့် တို့ရဲ့ ခြေစွမ်းကောင်းတွေ မြင်တွေ့ ရဖို့ဆို အချိန်ပေးဖို့ လိုအပ်ကြောင်း ပြောကြား သွား ခဲ့ပါတယ်။

အူနိုင်း အမ်မရီ ဟာ ပီအက်စ်ဂျီ အသင်းကို ကိုင်တွယ်စဉ်ကတည်းက မိုနာကို ကွင်းလယ်လူ ဖာဘင်ဟို ရဲ့ ခြေစွမ်းကို သဘောကျ နှစ်သက် ခဲ့တာကြောင့် အာဆင်နယ် အသင်းကို စကိုင်တွယ် ချင်းမှာပဲ ခေါ်ယူဖို့ ကြိုးပမ်း ခဲ့တာလည်း ဖြစ်ပါတယ် ။

ဒါပေမယ့်လည်း ဘရာဇီး ကွင်းလယ်လူ ဖာဘင်ဟို ဟာ လီဗာပူး ကို ပြောင်းရွှေ့ သွားခဲ့ပြီး နည်းပြ အမ်မရီ ကတော့ ဆမ်ဒိုးရီးယား ကွင်းလယ်လူ လူးကပ်စ် တော်ရီးယား ကိုပဲ အင်အားဖြည့် ခေါ် ယူ ခဲ့ ပါ တယ် ။

အမ်မရီ က ” ပေပေ အတွက် ကျနော်တို့ ငွေတွေ အများကြီး သုံးစွဲ ခဲ့ပါတယ် ။ ပေပေ ပရီးမီးယားလိဂ် မှာ အထိုင်ကျလာဖို့ ဆိုရင် အချိန်ယူဖို့တော့ လိုအပ်ပါတယ် ၊ ဥပမာ အနေနဲ့ ပြောရရင် ကျနော် ပြင်သစ်မှာ နည်းပြလုပ်တုန်းက ဖာဘင်ဟို ကို အရမ်း သဘောကျ ခဲ့ပါတယ် ။ ”

” အဲ့အချိန်တုန်းက သူက မိုနာကိုမှာ ကစားနေတာပါ ၊ ပီအက်စ်ဂျီ အသင်းမှာ သူ့ကို ခေါ်ယူ ချင်ခဲ့ပါတယ် ။ ကျနော် ဒီကို ရောက်လာတော့လည်း အသင်းရဲ့ ပစ်မှတ် ကစားသမား စာရင်းမှာ သူ့နာမည် ပါပါတယ် ၊ ဒါပေမယ့် သူက လီဗာပူး အသင်း နဲ့ စာချုပ်ချုပ်ပြီး ပြောင်းရွှေ့ သွားခဲ့ပါတယ် ။ ”

” ပထမ ခြောက်လလောက်က သူ ကစားခွင့် သိပ်မရခဲ့ပါဘူး ၊ အသင်း နဲ့ အထိုင်ကျအောင် အချိန်ပေးခဲ့ရပါတယ် ၊ အခုဆို သူ့ရဲ့ ခြေစွမ်းက အံ့ဩစရာ ကောင်းနေပါပြီ ၊ ဖာဘင်ဟို လိုပဲ နီကိုလပ်စ် ပေပေ နဲ့ စီဘယ်လောစ့် ကို မြင်တွေ့ ချင်ပါတယ် ။ ”

” ကျနော်တို့ အနေနဲ့ စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ် ၊ ဒါပေမယ့် ပေပေ က ပိုပြီး တိုးတက် ကောင်းမွန် လာနေတာတော့ အမှန်ပါပဲ ၊ တနင်္လာနေ့တုန်းက ပွဲမှာဆို သူသာ အပိုင်အခွင့် အရေးကို အသုံးချ နိုင်ခဲ့ရင် ပွဲ အဖြေက အပြောင်းအလဲ ဖြစ်သွား နိုင်ပါတယ် ။ ကျနော်ကတော့ သူ့အပေါ် ယုံကြည်မှု ရှိပါတယ် ၊ သူ့ကို အချိန်ပေးပြီး စိတ်ရှည်ဖို့ လိုအပ်ပါတယ်၊ပရိသတ်တွေ အနေနဲ့လည်း ပေပေကို တခြားကစားသမားတွေထက် ပိုစိတ်ရှည်ပေးရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR