ေဟာ္လန္ နည္းျပ ေရာ္နယ္ကုိးမန္း က သူတုိ႕ အသင္း အဂၤလန္ ကုိ အႏုိင္ယူကာ Nations League ဖို္င္နယ္ကို တက္လွမ္း ႏုိင္ခဲ့ရာမွာ ကြင္းလယ္လူ ဖရန္ကီ ဒီေဂ်ာင္း ဟာ အသင္း အတြက္ အေကာင္းဆံုး စြမ္းေဆာင္ ခဲ့သူ ျဖစ္တယ္ ဆုိတာ သံသယ ျဖစ္စရာ မလိုဘူးလို႕ ဆုိသြား ပါတယ္။ ဒါ့အျပင္ ကိုးမန္း က အဂၤလန္ ကို ၃ – ၁ ႏုိင္ခဲ့တဲ့ ပြဲမွာ ဒီေဂ်ာင္း ရဲ႕ လူေတြ သတိ မျပဳ ေလာက္တဲ့ စြမ္းေဆာင္ရည္ကုိလည္း သေဘာက် ေနပါတယ္။

ဘာစီလိုနာ ကို ယခုေႏြရာသီ မွာ ေျပာင္းေရြ႕ ေတာ့မယ့္ ဒီေဂ်ာင္းဟာ မေန႕ညက ဂြီမာေရး မွာ နယ္သာလန္ အတြက္ ေတာက္ပစြာ ကစား ေပးခဲ့ပါတယ္။ နယ္သာလန္ အသင္းဟာ မားကပ္ရပ္ဖုိ႕ဒ္ရဲ႕ ပင္နယ္တီေၾကာင့္ ေနာက္ကေန လိုက္ကစား ခဲ့ရေပမယ့္လည္း ဒီလစ္ဟာ အဂၤလန္ ကို ပင္နယ္တီ ေပးခဲ့ရတဲ့ သူ႕ရဲ႕ အမွားကုိ ေခါင္းတုိက္ သြင္းဂိုးနဲ႕ အတူ ျပန္လည္ ေခ်ပ ခဲ့ပါတယ္။

ထုိ႕ေနာက္ မိနစ္ကိုးဆယ္မွာ သေရ က်ေနခဲ့တာေၾကာင့္ အခ်ိန္ပို ဆက္ကစား ခဲ့ရျပီး အခ်ိန္ပုိ မွာေတာ့ စတုန္းရဲ႕ အမွားကို ဒီပုိင္း ကန္သြင္းရာမွာ ပစ္ဖို႕ဒ္ အေကာင္းဆံုး ကာကြယ္ ႏုိင္ခဲ့ေပမယ့္လည္း ျပန္ထြက္လာတဲ့ ေဘာလံုးကို နယ္သာလန္ ကစားသမား တစ္ဦးက ပိတ္သြင္းရာမွာ ေ၀ၚကာနဲ႕ ထိကာ ဂိုးထဲ ၀င္သြား ခဲ့ပါတယ္။ ဒါ့အျပင္ ပြဲျပီးခါနီးမွာ ဘာကေလရဲ႕ အမွားကေန ကြင္စီပရုိမက္စ္ က ပိတ္သြင္းကာ နယ္သာလန္ကို ဗိုလ္လုပြဲေရာက္ေစ ခဲ့ပါတယ္။

ႏွစ္ဘက္ ကစားသမားေတြရဲ႕ အမွားေတြဟာ သြင္းဂုိးေတြ ျဖစ္ေစ ခဲ့ေပမယ့္လည္း ဒီေဂ်ာင္းဟာ နယ္သာလန္ ရဲ႕ ကြင္းလယ္မွာ တည္ျငိမ္စြာနဲ႕ ကစားခဲ့ကာ ေဘာလံုးေပးပို႕မွဳ ၁၀၅ ၾကိမ္ ၊ ေဘာလံုး ထိခ်က္ေပါင္း ၁၂၈ ၾကိမ္ ျပဳလုပ္ ႏုိင္ခဲ့ျပီး ႏွစ္ဘက္ အသင္းသားေတြ ထဲမွာ အမ်ားဆံုး ျဖစ္ပါတယ္။ ဒီေဂ်ာင္းဟာ သူ႕ရဲ႕ ပံုမွန္ ကစားဟန္ အတုိင္း ေတာက္ပစြာ ကစား ႏုိင္ခဲ့သလို ေဘာလံုး ျပန္လည္ ဆယ္ယူမွဳေပါင္း ၁၃ ၾကိမ္ နဲ႕ ေဘာလံုး ဖ်က္ထုတ္မွဳ ၅ ၾကိမ္ထိ ျပဳလုပ္ ႏုိင္ခဲ့ကာ ဒီလုိ ခံစစ္ စြမ္းရည္ေကာင္းကို ကုိးမန္း က ပိုမို သေဘာက် ေနပါတယ္။

ကိုးမန္း က “အမွန္ပါပဲ။ သူဟာ ဒီပြဲရဲ႕ အေကာင္းဆံုး ကစားသမားပါ။ သူဟာ အေကာင္းဆံုး ကစားသမားဆု နဲ႕ တကယ့္ကုိ ထိုက္တန္ ပါတယ္။ လူေတာ္ေတာ္ မ်ားမ်ား ကေတာ့ ေဘာလံုး နဲ႕ အတူ သူလုပ္ျပတာေတြ ၊ ကြင္းလယ္မွာ ဘယ္ေလာက္ တည္ျငိမ္စြာ ကစားသလဲ ဆုိတာေတြကို အျမဲ ၾကည့္ေလ့ ရွိပါတယ္။ ဒါေပမယ့္ ခံစစ္ကစားပံုမွာ သူဟာ ကြင္းလယ္ ကေန ေဘာလံုးေတြ ဘယ္ေလာက္ေတာင္ ျပန္လည္ ရယူ ေပးခဲ့သလဲ … ဖရန္ကီ ဒီလိုမ်ိဳး ကစား ႏုိင္တာကုိ ေတြ႕ရတာ အရမ္း ေကာင္းပါတယ္။ ၾကည့္ရတာ လြယ္ကူတဲ့ ပံုရွိေပမယ့္ လက္ေတြ႕မွာ ဒီလို ကစားဖို႕ မလြယ္ကူ ပါဘူး။ ဒီည ကေတာ့ သူ႕ကို တကယ္ ခ်ီးက်ဴးရမယ့္ ညပါပဲ။” လို႕ ဆုိသြား ပါတယ္။

တနဂၤေႏြေန႕ ဖုိင္နယ္ မွာေတာ့ ဘလြန္းဒီေအာ ဆု အတြက္ ေရပန္းစား ေနတဲ့ နယ္သာလန္ ေနာက္ခံလူ ဗန္ဒုိက္ နဲ႕ ဘလြန္းဒီေအာ ငါးဆုရွင္ ေပၚတူဂီ စတား ေရာ္နယ္ဒုိ တုိ႕ ျပိဳင္ဘက္ အျဖစ္ ေတြ႕ဆံု ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကိုးမန္း က ေပၚတုိမွာ ကစား ရမယ့္ ဗုိလ္လုပြဲကုိ ဗန္ဒုိက္ နဲ႕ ေရာ္နယ္ဒုိ တုိ႕ရဲ႕ အားျပိဳင္မွဳ အျဖစ္ မျမင္သင့္ဘူးလို႕ ေျပာခဲ့ ပါတယ္။

ကုိးမန္း က “ဒါဟာ ကစားသမား ႏွစ္ဦးၾကားက အားျပိဳင္မွု မဟုတ္ပါဘူး။ ေပၚတူဂီ နဲ႕ အဂၤလန္ တုိ႕ရဲ႕ အားျပိဳင္မွဳပါ။ စီေရာ္နယ္ဒုိကုိ တစ္ခါတစ္ရံ တားဆီးဖို႕ မျဖစ္ႏုိ္င္ဘူး ဆုိတာ ကၽြန္ေတာ္တို႕ သိထား ျပီးသားပါ။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ ေဘာလံုးကို ေကာင္းစြာ ထိန္းခ်ဳပ္ ကစား ႏိုင္မယ္ ဆုိရင္ တုိက္စစ္မွာ သူဘာမွ လုပ္ႏုိင္မွာ မဟုတ္ပါဘူး။

ကၽြန္ေတာ္တုိ႕ရဲ႕ တုိက္ပြဲ၀င္မွဳ မျပီးေသး ပါဘူး။ တုိးတက္ဖို႕ လိုအပ္တဲ့ အပိုင္းက အျမဲ ရွိေနပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ဟာ လမ္းေၾကာင္းမွန္ ေပၚမွာ ရွိေနျပီး အသင္းဟာ ဒီလို ပံုစံနဲ႕ ကစားရတာကို ယံုၾကည္မွဳ ရွိေနပါတယ္။ ကၽြန္ေတာ္တုိ႕မွာ ၾကီးမားတဲ့ အရည္အေသြးျမင့္ ကစားသမားေတြ ေပၚထြက္ လာသလို ၀ါရင့္ ကစားသမားေတြလည္း ရွိပါတယ္။ ျပီးေတာ့ ခ်န္ပီယံလိဂ္ ဖလား ဆြတ္ခူး ခဲ့တဲ့ သူ ႏွစ္ဦး ရွိေနပါတယ္။ သူတုိ႕ရဲ႕ ဒီရာသီ အေတြ႕အၾကံဳေတြေၾကာင့္ လာမည့္ တနဂၤေႏြေန႕ ဖိုင္နယ္မွာ ကၽြန္ေတာ္တုိ႕ကို ပိုမို လြယ္ကူမွဳ ရွိေစမွာပါ။” လို႕ ဆုိလုိက္ ပါတယ္။

SM

Unicode

အင်္ဂလန် နဲ့ ပွဲမှာ လူတွေ သတိမထားမိခဲ့ကြတဲ့ ဒီဂျောင်းရဲ့ စွမ်းဆောင်ရည်ကောင်း တစ်ခုကို ချီးကျူးလို်က်တဲ့ ဟော်လန်နည်းပြ ရော်နယ်ကိုးမန်း

ဟော်လန် နည်းပြ ရော်နယ်ကိုးမန်း က သူတို့ အသင်း အင်္ဂလန် ကို အနိုင်ယူကာ Nations League ဖို်င်နယ်ကို တက်လှမ်း နိုင်ခဲ့ရာမှာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်း ဟာ အသင်း အတွက် အကောင်းဆုံး စွမ်းဆောင် ခဲ့သူ ဖြစ်တယ် ဆိုတာ သံသယ ဖြစ်စရာ မလိုဘူးလို့ ဆိုသွား ပါတယ်။ ဒါ့အပြင် ကိုးမန်း က အင်္ဂလန် ကို ၃ – ၁ နိုင်ခဲ့တဲ့ ပွဲမှာ ဒီဂျောင်း ရဲ့ လူတွေ သတိ မပြု လောက်တဲ့ စွမ်းဆောင်ရည်ကိုလည်း သဘောကျ နေပါတယ်။

ဘာစီလိုနာ ကို ယခုနွေရာသီ မှာ ပြောင်းရွေ့ တော့မယ့် ဒီဂျောင်းဟာ မနေ့ညက ဂွီမာရေး မှာ နယ်သာလန် အတွက် တောက်ပစွာ ကစား ပေးခဲ့ပါတယ်။ နယ်သာလန် အသင်းဟာ မားကပ်ရပ်ဖို့ဒ်ရဲ့ ပင်နယ်တီကြောင့် နောက်ကနေ လိုက်ကစား ခဲ့ရပေမယ့်လည်း ဒီလစ်ဟာ အင်္ဂလန် ကို ပင်နယ်တီ ပေးခဲ့ရတဲ့ သူ့ရဲ့ အမှားကို ခေါင်းတိုက် သွင်းဂိုးနဲ့ အတူ ပြန်လည် ချေပ ခဲ့ပါတယ်။

ထို့နောက် မိနစ်ကိုးဆယ်မှာ သရေ ကျနေခဲ့တာကြောင့် အချိန်ပို ဆက်ကစား ခဲ့ရပြီး အချိန်ပို မှာတော့ စတုန်းရဲ့ အမှားကို ဒီပိုင်း ကန်သွင်းရာမှာ ပစ်ဖို့ဒ် အကောင်းဆုံး ကာကွယ် နိုင်ခဲ့ပေမယ့်လည်း ပြန်ထွက်လာတဲ့ ဘောလုံးကို နယ်သာလန် ကစားသမား တစ်ဦးက ပိတ်သွင်းရာမှာ ဝေါ်ကာနဲ့ ထိကာ ဂိုးထဲ ၀င်သွား ခဲ့ပါတယ်။ ဒါ့အပြင် ပွဲပြီးခါနီးမှာ ဘာကလေရဲ့ အမှားကနေ ကွင်စီပရိုမက်စ် က ပိတ်သွင်းကာ နယ်သာလန်ကို ဗိုလ်လုပွဲရောက်စေ ခဲ့ပါတယ်။

နှစ်ဘက် ကစားသမားတွေရဲ့ အမှားတွေဟာ သွင်းဂိုးတွေ ဖြစ်စေ ခဲ့ပေမယ့်လည်း ဒီဂျောင်းဟာ နယ်သာလန် ရဲ့ ကွင်းလယ်မှာ တည်ငြိမ်စွာနဲ့ ကစားခဲ့ကာ ဘောလုံးပေးပို့မှု ၁၀၅ ကြိမ် ၊ ဘောလုံး ထိချက်ပေါင်း ၁၂၈ ကြိမ် ပြုလုပ် နိုင်ခဲ့ပြီး နှစ်ဘက် အသင်းသားတွေ ထဲမှာ အများဆုံး ဖြစ်ပါတယ်။ ဒီဂျောင်းဟာ သူ့ရဲ့ ပုံမှန် ကစားဟန် အတိုင်း တောက်ပစွာ ကစား နိုင်ခဲ့သလို ဘောလုံး ပြန်လည် ဆယ်ယူမှုပေါင်း ၁၃ ကြိမ် နဲ့ ဘောလုံး ဖျက်ထုတ်မှု ၅ ကြိမ်ထိ ပြုလုပ် နိုင်ခဲ့ကာ ဒီလို ခံစစ် စွမ်းရည်ကောင်းကို ကိုးမန်း က ပိုမို သဘောကျ နေပါတယ်။

ကိုးမန်း က “အမှန်ပါပဲ။ သူဟာ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားပါ။ သူဟာ အကောင်းဆုံး ကစားသမားဆု နဲ့ တကယ့်ကို ထိုက်တန် ပါတယ်။ လူတော်တော် များများ ကတော့ ဘောလုံး နဲ့ အတူ သူလုပ်ပြတာတွေ ၊ ကွင်းလယ်မှာ ဘယ်လောက် တည်ငြိမ်စွာ ကစားသလဲ ဆိုတာတွေကို အမြဲ ကြည့်လေ့ ရှိပါတယ်။ ဒါပေမယ့် ခံစစ်ကစားပုံမှာ သူဟာ ကွင်းလယ် ကနေ ဘောလုံးတွေ ဘယ်လောက်တောင် ပြန်လည် ရယူ ပေးခဲ့သလဲ … ဖရန်ကီ ဒီလိုမျိုး ကစား နိုင်တာကို တွေ့ရတာ အရမ်း ကောင်းပါတယ်။ ကြည့်ရတာ လွယ်ကူတဲ့ ပုံရှိပေမယ့် လက်တွေ့မှာ ဒီလို ကစားဖို့ မလွယ်ကူ ပါဘူး။ ဒီည ကတော့ သူ့ကို တကယ် ချီးကျူးရမယ့် ညပါပဲ။” လို့ ဆိုသွား ပါတယ်။

တနင်္ဂနွေနေ့ ဖိုင်နယ် မှာတော့ ဘလွန်းဒီအော ဆု အတွက် ရေပန်းစား နေတဲ့ နယ်သာလန် နောက်ခံလူ ဗန်ဒိုက် နဲ့ ဘလွန်းဒီအော ငါးဆုရှင် ပေါ်တူဂီ စတား ရော်နယ်ဒို တို့ ပြိုင်ဘက် အဖြစ် တွေ့ဆုံ ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုးမန်း က ပေါ်တိုမှာ ကစား ရမယ့် ဗိုလ်လုပွဲကို ဗန်ဒိုက် နဲ့ ရော်နယ်ဒို တို့ရဲ့ အားပြိုင်မှု အဖြစ် မမြင်သင့်ဘူးလို့ ပြောခဲ့ ပါတယ်။

ကိုးမန်း က “ဒါဟာ ကစားသမား နှစ်ဦးကြားက အားပြိုင်မှု မဟုတ်ပါဘူး။ ပေါ်တူဂီ နဲ့ အင်္ဂလန် တို့ရဲ့ အားပြိုင်မှုပါ။ စီရော်နယ်ဒိုကို တစ်ခါတစ်ရံ တားဆီးဖို့ မဖြစ်နို်င်ဘူး ဆိုတာ ကျွန်တော်တို့ သိထား ပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့ ဘောလုံးကို ကောင်းစွာ ထိန်းချုပ် ကစား နိုင်မယ် ဆိုရင် တိုက်စစ်မှာ သူဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင်မှု မပြီးသေး ပါဘူး။ တိုးတက်ဖို့ လိုအပ်တဲ့ အပိုင်းက အမြဲ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ လမ်းကြောင်းမှန် ပေါ်မှာ ရှိနေပြီး အသင်းဟာ ဒီလို ပုံစံနဲ့ ကစားရတာကို ယုံကြည်မှု ရှိနေပါတယ်။ ကျွန်တော်တို့မှာ ကြီးမားတဲ့ အရည်အသွေးမြင့် ကစားသမားတွေ ပေါ်ထွက် လာသလို ၀ါရင့် ကစားသမားတွေလည်း ရှိပါတယ်။ ပြီးတော့ ချန်ပီယံလိဂ် ဖလား ဆွတ်ခူး ခဲ့တဲ့ သူ နှစ်ဦး ရှိနေပါတယ်။ သူတို့ရဲ့ ဒီရာသီ အတွေ့အကြုံတွေကြောင့် လာမည့် တနင်္ဂနွေနေ့ ဖိုင်နယ်မှာ ကျွန်တော်တို့ကို ပိုမို လွယ်ကူမှု ရှိစေမှာပါ။” လို့ ဆိုလိုက် ပါတယ်။

SM