ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူဟောင်းကြီးတဦးဖြစ်တဲ့ ရိုင်ယန်ဂစ်က အကယ်၍ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ၂ဦးထဲက တဦးကို ရွေးချယ်ရမည်ဆိုပါက ပေါ်တူဂီ သားရော်နယ်ဒိုကိုပဲ ရွေးချယ်ဖြစ်လိမ့်မယ် လို့ဆိုလိုပါတယ်။မော်ဒန်ဘောလုံးလောက ရဲ့ အကောင်းဆုံးကို ရွေးချယ်ရခက်ခဲနေချိန်မှာ ဂစ်က အခုလိုဆိုလိုက်တာဖြစ်ပါတယ်။

ဂစ်ဟာ ကစားသမား ဘဝ တလျှောက်လုံး ကို ယူနိုက်တက် အသင်းနဲ့ အတူ ဖြတ်သန်းခဲ့သူဖြစ်ပြီး မက်ဆီ ရဲ့ ဘာစီလိုနာ ၊ ရော်နယ်ဒိုရှိနေခဲ့တဲ့ ရီးရဲလ် မက်ဒရစ်တို့ နဲ့ အကြိမ်ကြိမ် ရင်ဆိုင်ထားခဲ့ဖူးတာဖြစ်ပါတယ်။အဆိုပါ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး DAZN နဲ့ သီးသန့် အင်တာဗျူးမှာ ဂစ်က –

” ရီးရဲလ် အသင်းကို ဘာနေဗျူးမှာ သို့မဟုတ် ဘာစီလိုနာ အသင်းကို နူးကမ့်မှာ သွားကစားခဲ့ရတဲ့ အဝေးကွင်း ပွဲစဉ်တွေ ဟာ အတော်လေးကို ခက်ခဲ ခဲ့တာဖြစ်ပါတယ်။သူတို့ အသင်းရဲ့ သမိုင်းကြောင်းနဲ့ သူတို့ရဲ့ အရည်အသွေးမြင့် ကစားသမားတွေအကြောင်းကို ခင်ဗျားတို့ လည်း ခံစားသိနိုင်တာဖြစ်ပါတယ်။

သူတို့နဲ့ ရင်ဆိုင်ရတဲ့ ပွဲတွေမှာဆိုရင် ဘယ်လိုနေရာမျိုးမှာ မှ ကျရှံုးလို့ မဖြစ်ပါဘူး။ဒါကြောင့်မို့လို့ လည်း အမြဲတမ်း ခက်ခဲတာ ဖြစ်ပါတယ်။အထူးသဖြင့် ဇီဒန်း၊ ကားလို့စ် ၊ ရိုနယ်ဒို တို့ရဲ့ ခေတ် ရီးရဲလ် အသင်းနဲ့ မက်ဆီ၊အွန်နရီ၊ ပွေယိုးတို့ အတူရှိနေတဲ့ ဘာစီလိုနာအသင်းတွေကိုရင်ဆိုင်ခဲ့ရတဲ့ အချိန်ဖြစ်ပါတယ်။

အဲ့ဒီတုန်းက သူတို့ အသင်းတွေမှာရှိတဲ့ ကစားသမားတွေဟာ ကမ္ဘာ့အဆင့် ကစားသမားတွေဖြစ်ကြပါတယ်။ဒါကြောင့် မို့လို့လည်းကျွန်တော်တို့အဖက်ဖက်က ပြီးပြည့်စုံအာင်လုပ်ခဲ့ရတာဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့အဲ့လိုမှ မလုပ်ရင်အရေးနိမ့်မှာဖြစ်လို့ပါပဲ “လို့ပြောခဲ့ပါတယ်။

ကစားသမား ဘဝတလျှောက်လုံးမှာရင်ဆိုင်ရ အခက်ခဲဆုံးကစားသမားတွေအကြောင်းကို မေးမြန်းရာမှာတော့ ဂစ်က -” ကျွန်တော့်ကစားသမားဘဝ အစပိုင်းတုန်းက ဆိုရင် ဘာစီလိုနာက ဖာရာ ဖြစ်ပြီး နောက်တော့ ပွေယိုး ဖြစ်ပါတယ်။ရီးရဲလ်မှာဆိုရင်တော့ ဆယ်ဂါးဒိုး တို့ဖြစ်ပါတယ်။

သူတို့ဟာ ခံစစ်ကစားပုံ ကြံ့ခိုင်တောင့်တင်းသလို တိုက်စစ်လည်းလိိုက်ပါတတ်ပါတယ်။အထူးသဖြင့် ဆယ်ဂါးဒိုး ဆိုရင် တချိန်လုံး မမောမပန်း ကိုကစားနေတတ်သူဖြစိပါတယ်။သူနဲ့ ပွေယိုးတို့ဟာ အရမ်းကောင်းတဲ့ ကစားသမားတွေဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူ့ကို ရွေးချယ်မှာလဲ လို့ မေးမြန်းရာမှာတော့ ဂစ်က – ” မက်ဆီ ဟာတကယ်ဆရာကျတဲ့ ဉာဏ်ကြီးရှင် တဦးဖြစ်ပါတယ်။သူနဲ့ ရော်နယ်ဒို ၂ဦးထဲက တယောက်ကို ရွေးချယ်ဖို့ဆိုတာ တကယ်ခက်ပါတယ်။ဒါပေမယ့် ရွေးခိုင်းရင်တော့ ခရစ္စတီယာနို (ရော်နယ်ဒို ) လို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ သူနဲ့ ကျွန်တော် တွဲဖက်ကစားခဲ့ဖူးတာအားလုံးအသိဖြစ်ပြီး သူ့ရဲ့ ကစားသမားတဦးအဖြစ်ပေါ်ထွက်လာမှု ဖြစ်စဉ်တွေကို စောင့်ကြည့်ထားခဲ့ဖူးလို့ဖြစ်ပါတယ်။မက်ဆီကလည်း ဘဝမှာ တခါပဲ မြင်တွေ့နိုင်တဲ့ ကစားသမားမျိုးဖြစ်ပါတယ်။

သူနဲ့ ယှဉ်ပြီး ရွေးချယ်ရတယ်ဆိုတာ တကယ်မလွယ်ပါဘူး။ ကျွန်တော်ရော်နယ်ဒိုကို ရွေးချယ်မယ်လို့ ပြောတယ်ဆိုတာကလည်း တွဲပြီး ကစားခဲ့ဖူးတာကြောင့် သာဖြစ်ပါတယ်။ဒါပေမယ့် နှိုင်းယှဉ်ပြီးရွေးထားတာတော့ မဟုတ်ပါဘူး ” လို့ပြောခဲ့ပါတယ်။

ဂစ် ဟာ ယူနိုက်တက် အသင်းအတွက် ဆယ်စုနှစ် ၂ခုကျော်ကြာကစားပေးခဲ့တဲ့ ဂန္တဝင်ကြီးတဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာယာယီ နည်းပြအဖြစ်လည်းတာဝန်ယူခဲ့ဖူးတာဖြစ်ပါတယ်။သူဟာ အခုချိန်မှာတော့ ဝေးလ်လက်ရွေးစင် အသင်းနည်ပြအဖြစ်တာဝန်ယူနေပါတယ်။

SPORTS MYANMAR