ချန်ပီယံလိဂ် ရလဒ်များ

အေတီကို 1 – 0 လေဗာကူဆင်
ဂါလာတာစာရေး 0 – 1 ရီးယဲ မက်ဒရစ်
ဆလားဘီယား ပရက္ဂ် 1 – 2 ဘာစီလိုနာ

ဆလားဗီးယား ပရက်ဂ် အသင်း ကို အနိုင်ယူ ခဲ့တဲ့ နောက် ဘာစီလိုနာ ဟာ ရမှတ် 7 မှတ်နဲ့ အတူ ဒုတိယ ၊ တတိယ နေရာ မှာ ဒေါ့မွန် နဲ့ အင်တာ မီလန် အသင်း တွေကို 3 မှတ် ဖြတ်ထား နိုင်ခဲ့ ပါတယ် ။

မနေ့ ညက ဂိုး သွင်းယူ ခဲ့တဲ့ နောက် မက်ဆီ ဟာ 113 ဂိုးထိ ဂိုး သွင်းယူ နိုင်ခဲ့ ပါပြီ ။ ထို့အတူ မက်ဆီ ဟာ ဒီ ပြိုင်ပွဲ မှာ 15 နှစ် ဆက်တိုက် ဂိုး သွင်းယူ နိုင် ခဲ့တဲ့ စံချိန် မှတ်တမ်း ကို ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ဆွာရက်ဇ် ရဲ့ ကန်ချက် ဟာ ပြိုင်ဖက် ကစား သမား နဲ့ ထိပြီး own goal ဖြစ်သွားတာ ကြောင့် ဥရုဂွေး လက်ရွေးစင် ရဲ့ ချန်ပီယံ လိဂ် အဝေးဂိုး ရရှိ နိုင်ရေး မျှော်လင့်ချက် ဟာ ဆက်လက် ပျက်စီး ခဲ့ရ ပါတယ် ။ သူဟာ ကစား ခဲ့တဲ့ ပွဲစဉ် 20 မှာ 64 ကြိမ် ကန်ခဲ့ ပေမယ့် zero goal ဖြစ်နေဆဲ ပါပဲ ။

အဝေးကွင်း မှာ ခက်ခက်ခဲခဲ ကစား နေရတဲ့ အပေါ် ဘာကာ နည်းပြ ဗယ်လ်ဗာဒီ က စိတ်ပျက် နေခဲ့ ပြီး မက်ဆီ ဟာ မည်သည့် ပွဲစဉ် ကို မဆို အဆုံးအဖြတ် ပေးနိုင် ကြောင်း ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

မက်ဆီ ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ချန်ပီယံ လိဂ် ပွဲစဉ် 2 ပွဲလုံး မှာ လိမ်ခေါက် ကျော်ဖြတ် မှု 10 ကြိမ်စီ ပြုလုပ် ထားခဲ့ ပါတယ် ။

အဆိုပါ ပွဲစဥိ မှာ ဘာစီလိုနာ အသင်း ရဲ့ နောက်ခံလူ နယ်လ်ဆင် ဆီမီဒို ဟာ ပြိုင်ဖက် ပရိသတ် တွေရဲ့ လူမျိုးရေး ခွဲခြား မှုကို ခံခဲ့ ရ ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ ကွင်းလယ်လူ ဘက်စ်ကွက် က သူတို့ အသင်း ဟာ နောက်ဆုံး မိနစ် အထိ ပြိုင်ဖက် အသင်း ရဲ့ ဒဏ်ကို ခံစား ခဲ့ ရကြောင်း ဆိုသွား ပြီး မက်ဆီ ဟာလည်း တစ်စ ထက် တစ်စ ပွဲ ကစား ရာမှာ စည်းချက် မှန်ကန် လာခဲ့ ပြီလို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

ဗယ်လ်ဗာဒီ လက်ထက် မှာတော့ မက်ဆီ ( 19 ဂိုး ) က လွဲရင် ဒုတိယ မြောက် ဂိုးသွင်း အများဆုံး က own goal ( 7 ဂိုး ) ဖြစ် နေတယ် လို့ သိရှိ ရ ပါတယ် ။ အားထား ရတဲ့ တိုက်စစ် ကစားသမား တွေ ဖြစ်ကြ တဲ့ ဆွာရက်ဇ် နဲ့ ဒမ်ဘီလီ တို့က 4 ကြိမ်စီသာ ဂိုး သွင်းယူ ထားကြ ပါတယ် ။

” အကယ်လို့ တစ်ယောက်ယောက် ကို ရွေးချယ် ရမယ် ဆိုရင် ကျွန်တော် ရော်နယ်ဒို ကို ရွေးချယ် သွားမှာ ပါ ။ ဒါပေမယ့် မက်ဆီ ကတော့ တစ်ကယ့် Genius ပါပဲ ” #ရိုင်ယန်ဂစ်

ဘာစီလိုနာ အသင်း ရဲ့ ဂိုးသမား ဖြစ်သူ တာစတီဂျန် က ယိုယွင်း နေတဲ့ ခံစစ် ကို ပို ကောင်းအောင် ကစား ဖို့ လိုအပ် နေပြီ ဖြစ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဆဲလ်တာ ဗီဂို အသင်း ရဲ့ ကစားသမား ဖြစ်သူ အက်စ်ပတ် က ပီကေး ဟာ ရာမို့စ် လို ရန်လိုစိတ် အပြည့် နဲ့ အင်တိုက် အားတိုက် ကစား နိုင်ခြင်း မရှိဘူး လို့ ပြောဆို သွားခဲ့ လိုက် ပါတယ် ။

ပွဲစဉ် အတွင်း နည်းစနစ် မရှိခြင်း က နည်းစနစ် အသစ် တစ်ခု ပဲလို့ ဘာကာ ပရိသတ် တွေက ပွဲစဉ် အပြီး စိတ်ပျက် လက်ပျက် ပြောကြား ခဲ့ကြ ပါတယ် ။

စပိန် အခြေစိုက် သတင်း တစ်ပုဒ် ကတော့ ‘ ဆွာရက်ဇ် ကျဆင်း သွားပြီ လို့ မရေး ပါနဲ့ ၊ မက်ဆီ ပြန်ရောက် လာတာ နဲ့ သူဟာ အဆိပ်ပြင်းတဲ့ တိုက်စစ်မှူး ဖြစ်သွား တက်လို့ပါ ‘ လို့ ရေးသား ဖော်ပြ သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ ကွင်းလယ်လူ အာတူရို ဗီဒယ် က သူဟာ ပွဲထွက် ခွင့်တွေ မရရှိတဲ့ အပေါ် ဝမ်းနည်း နေပြီး ပွဲ ကစား ဖို့ အတွက် အမြဲ အဆင်သင့် ရှိနေ တက်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အချက် အလက် တွေ အရ ဘာစီလိုနာ အသင်း ဟာ ဒီ တစ်ပါတ် ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ ပြိုင်ဖက် အသင်း တိုင်းထက် ပြေးလွှား လှုပ်ရှား မှု နည်းပါး ခဲ့တယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ကတော့ အဝေးကွင်း မှာ ကျဉ်းမြောင်း တဲ့ အနိုင် ရလဒ် နဲ့ အတူ အမှတ်ပေး ဇယား အဆင့် 2 နေရာ ကို တက်လှမ်း သွားခဲ့ ပါပြီ ။ ဒါပေမယ့် ပထမ နေရာ က PSG အသင်း အောက် 5 မှတ် အကွာ မှာ ရပ်တည် နေဆဲပါ ။

အဆိုပါ ပွဲစဉ် မှာ ရီးယဲ မက်ဒရစ် အသင်း ဟာ ဂိုးပေါက် ကန်သွင်းမှု 28 ကြိမ် ၊ ဂိုးပေါက် တည့်မှု 13 ကြိမ် ရှိခဲ့ ပေမယ့် တစ်ဂိုးသာ ရရှိ ခဲ့ပြီး ဂိုးကံ ခေနေ ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ဂိုးသွင်း ဖို့ အပိုင် အခွင့် အရေး ရရှိ ခဲ့ ပေမယ့် လွဲချော် ခဲ့တဲ့ ဟာဇက် ကို ရီးယဲ ပရိသတ် တွေက ‘ Miss of the Season ‘ လို့ လှောင်ပြောင် ခဲ့ကြ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ အနိုင် သုံးမှတ် ရှာဖွေ နိုင် ခဲ့တာ ကြောင့် ဒီပွဲ မနိုင်ရင် ထုတ်ပယ် ခံရ နိုင်တယ် ဆိုတဲ့ ဖိအား တွေအောက် ကျရောက် နေတဲ့ ဇီဒန်း အနည်းငယ် အသက်ရှူ ချောင်ခဲ့ရ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ဟာ ဆီဘယ်လော့စ် အတွက် အာဆင်နယ် အသင်း ရဲ့ ယူရို သန်း 30 တန် ကမ်းလှမ်းမှု ကို ပယ်ချ ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး အခွင့် အရေး တွေကို ဂိုး အဖြစ် ပြောင်းလဲ နိုင်ဖို့ ရုန်းကန် နေခဲ့ ရတဲ့ ဟာဇက် နဲ့ ပတ်သက် လို့ စိုးရိမ် စိတ် မဖြစ် မိကြောင်း နည်းပြ ဇီဒန်း က ပြောကြား သွားခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ကွင်းလယ်လူ ဗယ်လ်ဗာဒီ က သူဟာ အသင်း ရဲ့ ပွဲထွက် ကစားသမား အဖြစ် ပါဝင် နိုင်ဖို့ အတွက် ထိုက်တန် ကြောင်း သက်သေ ပြသွား နိုင်ခဲ့ ပြီး ပရိသတ် တွေရဲ့ သဘောကျမှု ကို ရရှိ ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ တစ်လုံးတည်းသော အနိုင်ဂိုး ကို သွင်းယူ နိုင် ခဲ့တဲ့ တိုနီ ခရုးစ် အတွက် တော့ ဒါဟာ ကစားသမား ဘဝ ချန်ပီယံ လိဂ် ပွဲ 100 ပြည့်မြောက် တဲ့ ပွဲစဉ် မှာ ဒီလို ဂိုး သွင်းယူ နိုင်ခဲ့ ခြင်းက အမှတ်တရ ဖြစ်စေ ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ အနိုင်ဂိုးရှင် ခရူးစ် က သူတို့ တွေဟာ ဖိအား တွေအောက် ကျရောက် နေတဲ့ နည်းပြ ဇီဒန်း အတွက် စိတ် သက်သာရာ ရရှိ စေဖို့ သာ ကစား ပေး နေတာ မဟုတ်ကြောင်း ၊ သူတို့ ဟာ တစ်ဦး တစ်ယောက် အတွက် ကစားပေး နေတာ မဟုတ် ပဲ အသင်းဖော် အချင်းချင်း ပိုကောင်း စေဖို့ ကြိုးစား နေတာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ကတော့ လက်စွမ်း ကောင်းတွေ ပြနိုင်ဖို့ ရုန်းကန် နေခဲ့ ရတဲ့ ကော့တွိုက်စ် ရဲ့ နေရာ ကို အစား ထိုးဖို့ အတွက် ဘီလ်ဘာအို ဂိုးသမား ဆိုင်မွန် ကို ပစ်မှတ် ထားနေတယ်လို့ သိရှိ ရ ပါတယ် ။

ထွက်ပေါ် လာတဲ့ သတင်းတွေ အရတော့ ရီးယဲ ဟာ ဇန်နဝါရီ အပြောင်း အရွှေ့ မှာ ဘိုင်ယန် တိုက်စစ်မှူး လီဝန်ဒေါစကီး ကို ခေါ်ယူ နိုင်ဖို့ ပစ်မှတ်ထား နေတယ် လို့ သိရှိ ရ ပါတယ် ။

ဘောလုံး လောက ရဲ့ ဂန္ဓဝင် တစ်ဦး ဖြစ်တဲ့ ပနန်ကာ ကတော့ ရာမို့စ် ဟာ ကမ႓ာ့ အကောင်းဆုံး ကစား သမား တစ်ဦး ဖြစ်ကြောင်း ရီးယဲ ကျောက်ဆောင် ကြီးကို ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

ထွက်ပေါ် လာတဲ့ သတင်း အရ မိုဒရစ် ဟာ ဒဏ်ရာ မှ သက်သာ ကောင်းမွန် လာပြီး လေ့ကျင့်ရေး တွေ ပြုလုပ် နေတယ် လို့ သိရှိ ရပြီး ဘေးလ် ကတော့ သီးခြား လေ့ကျင့် နေတယ် လို့ သိရှိရ ပါတယ် ။

အေတီကို ကတော့ တိုက်စစ်မှူး မိုရာတာ ရဲ့ သွင်းဂိုး ကြောင့် အနိုင် လဒ် ရယူ နိုင်ခဲ့ ပြီး ရမှတ် 7 မှတ် ( ဂျူဗင်တပ် နဲ့ အမှတ်တူ ) အမှတ်ပေး ဇယား ကို ဦးဆောင် နေခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ အေတီကို အသင်း ရဲ့ နောက်ခံလူ ဂျီမီနက်ဇ် ဒဏ်ရာ ရရှိ သွားခဲ့ ပြီး ဟာမိုဆို ဝင်ရောက် လာခဲ့ တာ ကြောင့် အေတီကို ရဲ့ ခံစစ် မှာ ကစားသမား သစ် လေးဦး ကို တွေ့မြင် ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ မိုရာတာ ရဲ့ ဂိုးကို ဖန်တီး ပေးနိုင် ခဲ့တဲ့ နောက်ခံ ကစားသမား သစ် လိုဒီ က MOTM ဖြစ်ခဲ့ ရ ပါတယ် ။

သတင်း တွေ ကတော့ ဂျွာအို ဖဲလစ် မပါဝင် နိုင်တဲ့ အချိန် မှာ တိုက်စစ်မှူး ကော်စတာ ပိုပြီး ရုန်းကန် နေခဲ့ ရကြောင်း ဖော်ပြ ခဲ့ကြ ပါတယ် ။

အေတီကို နည်းပြ ဆီမြွန်နီ ကတော့ ကစားသမား တွေ အင်တိုက် ကစား ကစား တာကို နှစ်သက် လှကြောင်း ပြောကြား လိုက်ပြီး ဒီနေ့ ပွဲစဉ် မှာ သူ့ရဲ့ ကစားသမား တွေဟာ အစွမ်းကုန် ကြိုးစား ခဲ့ ကြကြောင်း ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

ဒီ တစ်ပါတ် အသင်း အတွက် အနိုင်ဂိုး သွင်းယူ သွားနိုင် ခဲ့တဲ့ မိုရာတာ ဟာ ဒီနေ့ အသက် 27 နှစ် ပြည့်မြောက် ခဲ့ ပါပြီ ။
#HappyBirthdayMorata

အေတီကို အသင်း ဟာ မိုချန်ဂလာဘတ် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဒင်းနစ် ဇာကာရီယာ ကို ခေါ်ယူ ဖို့ စိတ်ဝင်စား နေတယ် လို့ သိရှိ လိုက်ရ ပါတယ် ။

ထွက်ပေါ် လာတဲ့ သတင်း တွေ အရ ဂျွာအို ဖဲလစ် ဟာ ဒီနှစ် ရဲ့ Golden Boy ဆုကို ရယူ နိုင်ဖို့ အတွက် ရေပန်း အစားဆုံး ဖြစ်နေတယ် လို့ သိရှိ ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ပေါင် ကြွက်သား ဒဏ်ရာ ရရှိ သွားတဲ့ အေတီကို နောက်ခံလူ ဂျီမီနက်ဇ် ဟာ 2 ပါတ် လောက် အနားယူ ရမယ် လို့ သိရှိ ရ ပါတယ် ။

ဒီပွဲမှာ မိုရာတာ နဲ့ လူစား လဲခံ ခဲ့ရတဲ့ ကိုကီ က ဝေဖန် မှုတွေ ထွက်ပေါ် နေတဲ့ အပေါ် လူတွေ မှာ သူတို့ ရဲ့ ကိုယ်ပိုင် ထင်မြင်ချက် ရှိကြ ကြောင်း ၊ အဲ့တာ ကို ဂရုမစိုက် ပဲ ဆက်လက် ကြိုးစား ဖို့သာ စိတ်ဝင်စား ကြောင်း ပွဲ အပြီး ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ကိုကီ ဟာ အသက် 6 နှစ် ကတည်းက အေတီကို ဂျာစီ ကို ဝတ်ဆင် ခဲ့တဲ့ အသင်း ရဲ့ အမာခံ ပရိသတ် တစ်ဦး ပဲ ဖြစ်ပါတယ် ။

#Sports_Myanmar