ခ်ယ္လ္ဆီး အသင္း ရဲ႕ နည္းျပ ေမာ္ရစ္ဇီယို ဆာရီ ဟာ လာမယ့္ ေဘာလံုး ရာသီ မွာ ခ်ယ္လ္ဆီး အသင္း ကို ကိုင္တြယ္ ေတာ့မွာ မဟုတ္ပဲ စီးရီးေအ သို႕ ျပန္သြားေတာ့မယ္ ဆိုတဲ့ သတင္း ေတြဟာ အခု လတ္တေလာ ေဘာလံုး မီဒီယာ ေတြ အၾကား ေရပန္းစား လ်က္ရွိေနပါတယ္ ။ ဆာရီ ဟာ လက္ရိွ ခ်ယ္လ္ဆီး အသင္း နဲ႕ စာခ်ဳပ္ သက္တမ္း ၂ႏွစ္ အထိ က်န္ရွိ ေနေသးေပမယ့္ ခ်ယ္လ္ဆီး အသင္း မွာ မေပ်ာ္ရႊင္ ေတာ့ဘူး လို႕ သိရပါတယ္ ။

ျပီးခဲ့တဲ့ အပတ္ ကမွ ခ်ယ္လ္ဆီး အသင္း အတြက္ ယူရိုပါလိဂ္ ဖလား ခ်န္ပီယံ ျဖစ္ေအာင္ စြမ္းေဆာင္ ေပးထားေပမယ့္ ခ်ယ္လ္ဆီး အသင္း ပရိသတ္ ေတြနဲ႕ အဆင္မေျပမႈ တခ်ိဳ႕ ေၾကာင့္ ဆာရီ ဟာ ေနာက္ရာသီ မွာ ဂ်ဴဗင္တပ္ ရဲ႕ ကမ္းလွမ္းမႈ ကို လက္ခံ ေတာ့မယ္ လို႕လည္း သိရပါတယ္ ။ ထို႕အျပင္ အီဒင္ ဟာဇတ္ ထြက္ခြာမႈ ၊ ကစားသမား ေခၚယူခြင့္ အပိတ္ ခံရမႈ ေတြကလည္း ဆာရီ ရဲ႕ အနာဂတ္ ကို ေျပာင္းလဲ ေစႏိုင္ပါတယ္ ။

တဖက္ မွာ ခ်ယ္လ္ဆီး အသင္း ကေတာ့ ဂ်ဴဗင္တပ္ ရဲ႕ ကမ္းလွမ္းမႈ အေပၚ ေသခ်ာ စဥ္းစားလ်က္ ရွိေနျပီး ဆာရီ ရဲ႕ ေနရာ အတြက္ အစားထိုးဖို႕ နည္းျပ တခ်ိဳ႕ လည္း ရာထားလ်က္ ရွိေနျပီ လို႕ သိရပါတယ္ ။ လာမယ့္ ေဘာလံုး ရာသီ ဟာ ခ်ယ္လ္ဆီး အသင္း ကို ကိုင္တြယ္မယ့္ နည္းျပ အတြက္ေတာ့ အေတာ္ သတိထား ရမွာ ျဖစ္ျပီး ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ မွာ ရလဒ္ေကာင္း ေတြ စြမ္းေဆာင္ ေပးႏိုင္ဖို႕ လိုအပ္ ေနတာ ျဖစ္ပါတယ္ ။

ခ်ယ္လ္ဆီး ကြင္းလယ္လူ ေဟာင္း ခရိတ္ ဘာလီ ကေတာ့ ဆာရီ ရဲ႕ အေျပာင္းအေရႊ႕ ေၾကာင့္ ခ်ယ္လ္ဆီး အသင္း ရဲ႕ အားထားရတဲ့ လူငယ္ ကစားသမား ၂ဦး ျဖစ္တဲ့ ေကာ္လမ္ ဟတ္ဒ္ဆန္အိုဒိြဳင္း နဲ႕ ရူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္ တို႕ရဲ႕ အနာဂတ္ တမ်ိဳးတဖံု ေျပာင္းလဲ သြားမွာ စိုးရိမ္ ေနပါတယ္ ။ အိုဒိြဳင္း နဲ႕ ေလာ့ဖ္တပ္စ္ခ်ိခ္ တို႕ဟာ ဆာရီ လက္ေအာက္ မွာ ပံုမွန္ ကစားခြင့္ ေတြ ရရွိေနတဲ့ လူငယ္ေျခတက္ ေတြ ျဖစ္ၾကပါတယ္ ။

ESPN ရဲ႕ အစီအစဥ္ တခုမွာ ဘာလီ က ” အခု ခ်ယ္လ္ဆီး အသင္း ဟာ ရီးရဲလ္ မက္ဒရစ္ ရဲ႕ ေအာင္ျမင္မႈ လမ္းစဥ္ ကို လိုက္ေနသလို ပါပဲ ။ ရိုမန္ ေအဘရာမိုဗစ္ခ်္ ဟာ အသင္း ေအာင္ျမင္ဖို႕ အတြက္ နည္းျပ ေတြ တေယာက္ျပီး တေယာက္ ကိုယ္တိုင္ ပိုက္ဆံ ထုတ္ေပးျပီး အေျပာင္းအလဲ ေတြ လုပ္ေလ့ ရွိပါတယ္ ။ ဒီလို အေျပာင္းအလဲ ေတြက လက္ေတြ႕မွာ ေအာင္ျမင္မႈ ရေနတယ္ ဆိုတာ သက္ေသျပ ေနလို႕ ဒီ လမ္းစဥ္ ကို ဆက္ေလွ်ာက္ ေနတာ ျဖစ္ပါတယ္ ။ ”

” ခ်ယ္လ္ဆီး ပရိသတ္ ေတြကလည္း ဒီလို နည္းလမ္း ကို သေဘာက် ေနၾကတဲ့ အတြက္ ဒီ နည္းျပ တေယာက္ ကို သေဘာမက်ဘူး ဆိုရင္ ထုတ္ပယ္ ဖို႕ Yes တခြန္း ေျပာဖို႕ ဝန္မေလးပါဘူး ။ ဒါဟာ တကယ့္ စံႏႈန္းေကာင္း ေတာ့ မဟုတ္ပါဘူး ။ လူငယ္ ကစားသမား ေတြရဲ႕ အနာဂတ္ အတြက္လည္း စဥ္းစား ေပးဖို႕ လိုပါတယ္ ။ ဒီလို အေနအထား ေတြဟာ ခ်ယ္လ္ဆီး အသင္း အပါအဝင္ အျခား အသင္းၾကီး ေတြမွာ ၾကံဳေတြ႕ရတဲ့ အခက္အခဲ ေတြ ျဖစ္ပါတယ္ ။ ”

” ကြ်န္ေတာ္ တို႕ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ မွာ ရူဘင္ နဲ႕ ေကာ္လမ္ တို႕လို လူငယ္ ကစားသမား ေတြ ေနရာ ရလာတာကို ေတြ႔ခဲ့ ရပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္ ကိုယ္တိုင္ ရဲ႕ အျမင္ အရဆို ဆာရီ လည္း ဒီလို လူငယ္ေတြကို ပြဲထုတ္ေပးဖို႕ ဖိအား အေပးခံ ေနရသလို ပါပဲ ။ ေနာက္ျပီး မန္ေနဂ်ာ ေတြ ခဏခဏ လဲေနျပန္ေတာ့လည္း ဒီလို အေျပာင္းအလဲ လုပ္ေနတာက ခ်ယ္လ္ဆီး အသင္း ကို ေအာင္ျမင္ေစမွာလား ဆိုတဲ့ ေမးခြန္း ေတြ ဆက္ျပီး ထြက္လာျပန္ေရာ ။ ”

” ဒါေပမယ့္ ရိုမန္ ရဲ႕ လက္ေအာက္ မွာေတာ့ ဒီ မန္ေနဂ်ာ ေျပာင္းလဲမႈ အဆက္ဆက္ ျပဳလုပ္ လာတာ ဟာ ေအာင္ျမင္မႈ ကို ယူေဆာင္ ေပးထားတယ္ ဆိုတာ ထင္ထင္ရွားရွား ျပသ ေနပါတယ္ ။ အခုေတာ့ လူေတြက ဒီလို နည္းလမ္း ဟာ အသင္း အတြက္ ေရရွည္မွာ အက်ိဳးေက်းဇူး ေပးမယ့္ နည္းလမ္း မဟုတ္ဘူး လို႕ ထုတ္ေျပာၾကျပန္ေရာ ။ ဒါေပမယ့္ နည္းျပ ခဏခဏ လဲတတ္တာ ရုိမန္ ရဲ႕ ထံုးစံ ပါပဲ ။ ”

” နည္းျပ ေတြကို ထုတ္ပယ္တဲ့ ေနရာ မွာ အသင္း ရဲ႕ ဘ႑ာေရး ဟန္ခ်က္ တခုခု လြဲေခ်ာ္ သြားမွာ စိုးရိမ္ ေနရုံ ကလြဲလို႕ ရိုမန္ ဟာ ပိုက္ဆံ ေတြ လိုလိုလားလား ထုတ္သံုးဖို႕ ႏွေျမာေနတတ္တဲ့ သူမ်ိဳး မဟုတ္ပါဘူး ။ ကစားသမား ေတြရဲ႕ အရည္အေသြး တိုးတက္ဖို႕ ၊ အသင္း ကစားပံု တိုးတက္ လာဖို႕ အတြက္ နည္းျပ လဲရမယ္ ဆိုရင္ ရိုမန္ ဟာ မ်က္ေတာင္ တခ်က္ေတာင္ မခတ္ပဲ လဲလိုက္ လို႕ ရပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဆာရီ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်း ဟာ ချယ်လ်ဆီး ကြယ်ပွင့် ကစားသမား ၂ဦး အတွက် သတင်းဆိုး ဖြစ်တယ် လို့ သုံးသပ် လိုက်တဲ့ #ခရိတ်ဘာလီ

ချယ်လ်ဆီး အသင်း ရဲ့ နည်းပြ မော်ရစ်ဇီယို ဆာရီ ဟာ လာမယ့် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း ကို ကိုင်တွယ် တော့မှာ မဟုတ်ပဲ စီးရီးအေ သို့ ပြန်သွားတော့မယ် ဆိုတဲ့ သတင်း တွေဟာ အခု လတ်တလော ဘောလုံး မီဒီယာ တွေ အကြား ရေပန်းစား လျက်ရှိနေပါတယ် ။ ဆာရီ ဟာ လက်ရှိ ချယ်လ်ဆီး အသင်း နဲ့ စာချုပ် သက်တမ်း ၂နှစ် အထိ ကျန်ရှိ နေသေးပေမယ့် ချယ်လ်ဆီး အသင်း မှာ မပျော်ရွှင် တော့ဘူး လို့ သိရပါတယ် ။

ပြီးခဲ့တဲ့ အပတ် ကမှ ချယ်လ်ဆီး အသင်း အတွက် ယူရိုပါလိဂ် ဖလား ချန်ပီယံ ဖြစ်အောင် စွမ်းဆောင် ပေးထားပေမယ့် ချယ်လ်ဆီး အသင်း ပရိသတ် တွေနဲ့ အဆင်မပြေမှု တချို့ ကြောင့် ဆာရီ ဟာ နောက်ရာသီ မှာ ဂျူဗင်တပ် ရဲ့ ကမ်းလှမ်းမှု ကို လက်ခံ တော့မယ် လို့လည်း သိရပါတယ် ။ ထို့အပြင် အီဒင် ဟာဇတ် ထွက်ခွာမှု ၊ ကစားသမား ခေါ်ယူခွင့် အပိတ် ခံရမှု တွေကလည်း ဆာရီ ရဲ့ အနာဂတ် ကို ပြောင်းလဲ စေနိုင်ပါတယ် ။

တဖက် မှာ ချယ်လ်ဆီး အသင်း ကတော့ ဂျူဗင်တပ် ရဲ့ ကမ်းလှမ်းမှု အပေါ် သေချာ စဉ်းစားလျက် ရှိနေပြီး ဆာရီ ရဲ့ နေရာ အတွက် အစားထိုးဖို့ နည်းပြ တချို့ လည်း ရာထားလျက် ရှိနေပြီ လို့ သိရပါတယ် ။ လာမယ့် ဘောလုံး ရာသီ ဟာ ချယ်လ်ဆီး အသင်း ကို ကိုင်တွယ်မယ့် နည်းပြ အတွက်တော့ အတော် သတိထား ရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ ရလဒ်ကောင်း တွေ စွမ်းဆောင် ပေးနိုင်ဖို့ လိုအပ် နေတာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး ကွင်းလယ်လူ ဟောင်း ခရိတ် ဘာလီ ကတော့ ဆာရီ ရဲ့ အပြောင်းအရွှေ့ ကြောင့် ချယ်လ်ဆီး အသင်း ရဲ့ အားထားရတဲ့ လူငယ် ကစားသမား ၂ဦး ဖြစ်တဲ့ ကော်လမ် ဟတ်ဒ်ဆန်အိုဒွိုင်း နဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ် တို့ရဲ့ အနာဂတ် တမျိုးတဖုံ ပြောင်းလဲ သွားမှာ စိုးရိမ် နေပါတယ် ။ အိုဒွိုင်း နဲ့ လော့ဖ်တပ်စ်ချိခ် တို့ဟာ ဆာရီ လက်အောက် မှာ ပုံမှန် ကစားခွင့် တွေ ရရှိနေတဲ့ လူငယ်ခြေတက် တွေ ဖြစ်ကြပါတယ် ။

ESPN ရဲ့ အစီအစဉ် တခုမှာ ဘာလီ က ” အခု ချယ်လ်ဆီး အသင်း ဟာ ရီးရဲလ် မက်ဒရစ် ရဲ့ အောင်မြင်မှု လမ်းစဉ် ကို လိုက်နေသလို ပါပဲ ။ ရိုမန် အေဘရာမိုဗစ်ချ် ဟာ အသင်း အောင်မြင်ဖို့ အတွက် နည်းပြ တွေ တယောက်ပြီး တယောက် ကိုယ်တိုင် ပိုက်ဆံ ထုတ်ပေးပြီး အပြောင်းအလဲ တွေ လုပ်လေ့ ရှိပါတယ် ။ ဒီလို အပြောင်းအလဲ တွေက လက်တွေ့မှာ အောင်မြင်မှု ရနေတယ် ဆိုတာ သက်သေပြ နေလို့ ဒီ လမ်းစဉ် ကို ဆက်လျှောက် နေတာ ဖြစ်ပါတယ် ။ ”

” ချယ်လ်ဆီး ပရိသတ် တွေကလည်း ဒီလို နည်းလမ်း ကို သဘောကျ နေကြတဲ့ အတွက် ဒီ နည်းပြ တယောက် ကို သဘောမကျဘူး ဆိုရင် ထုတ်ပယ် ဖို့ Yes တခွန်း ပြောဖို့ ဝန်မလေးပါဘူး ။ ဒါဟာ တကယ့် စံနှုန်းကောင်း တော့ မဟုတ်ပါဘူး ။ လူငယ် ကစားသမား တွေရဲ့ အနာဂတ် အတွက်လည်း စဉ်းစား ပေးဖို့ လိုပါတယ် ။ ဒီလို အနေအထား တွေဟာ ချယ်လ်ဆီး အသင်း အပါအဝင် အခြား အသင်းကြီး တွေမှာ ကြုံတွေ့ရတဲ့ အခက်အခဲ တွေ ဖြစ်ပါတယ် ။ ”

” ကျွန်တော် တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ရူဘင် နဲ့ ကော်လမ် တို့လို လူငယ် ကစားသမား တွေ နေရာ ရလာတာကို တွေ့ခဲ့ ရပါတယ် ။ ဒါပေမယ့် ကျွန်တော် ကိုယ်တိုင် ရဲ့ အမြင် အရဆို ဆာရီ လည်း ဒီလို လူငယ်တွေကို ပွဲထုတ်ပေးဖို့ ဖိအား အပေးခံ နေရသလို ပါပဲ ။ နောက်ပြီး မန်နေဂျာ တွေ ခဏခဏ လဲနေပြန်တော့လည်း ဒီလို အပြောင်းအလဲ လုပ်နေတာက ချယ်လ်ဆီး အသင်း ကို အောင်မြင်စေမှာလား ဆိုတဲ့ မေးခွန်း တွေ ဆက်ပြီး ထွက်လာပြန်ရော ။ ”

” ဒါပေမယ့် ရိုမန် ရဲ့ လက်အောက် မှာတော့ ဒီ မန်နေဂျာ ပြောင်းလဲမှု အဆက်ဆက် ပြုလုပ် လာတာ ဟာ အောင်မြင်မှု ကို ယူဆောင် ပေးထားတယ် ဆိုတာ ထင်ထင်ရှားရှား ပြသ နေပါတယ် ။ အခုတော့ လူတွေက ဒီလို နည်းလမ်း ဟာ အသင်း အတွက် ရေရှည်မှာ အကျိုးကျေးဇူး ပေးမယ့် နည်းလမ်း မဟုတ်ဘူး လို့ ထုတ်ပြောကြပြန်ရော ။ ဒါပေမယ့် နည်းပြ ခဏခဏ လဲတတ်တာ ရိုမန် ရဲ့ ထုံးစံ ပါပဲ ။ ”

” နည်းပြ တွေကို ထုတ်ပယ်တဲ့ နေရာ မှာ အသင်း ရဲ့ ဘဏ္ဍာရေး ဟန်ချက် တခုခု လွဲချော် သွားမှာ စိုးရိမ် နေရုံ ကလွဲလို့ ရိုမန် ဟာ ပိုက်ဆံ တွေ လိုလိုလားလား ထုတ်သုံးဖို့ နှမြောနေတတ်တဲ့ သူမျိုး မဟုတ်ပါဘူး ။ ကစားသမား တွေရဲ့ အရည်အသွေး တိုးတက်ဖို့ ၊ အသင်း ကစားပုံ တိုးတက် လာဖို့ အတွက် နည်းပြ လဲရမယ် ဆိုရင် ရိုမန် ဟာ မျက်တောင် တချက်တောင် မခတ်ပဲ လဲလိုက် လို့ ရပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR