မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ လူးဝစ် ဆာဟာက ပြင်သစ် လက်ရွေးစင် ကစားသမား ဖြစ်သူ နဲ့ ပိုလန် လက်ရွေးစင် ကစားသမား တို့ကို ခေါ်ယူ ပြီး အသင်း ကို အင်အား ဖြည့်တင်း ဖို့ အတွက် အသင်းဟောင်း ကို တိုက်တွန်း သွားခဲ့ လိုက် ပါတယ် ။

ဆာဟာ ခေါ်ယူ စေလို တဲ့ သူတွေ က အခြား သူတွေ မဟုတ် ပါဘူး ၊ လက်တလော PSG နဲ့ ဘိုင်ယန် မြူးနစ် အသင်း တွေ အတွက် အထူး ခြေစွမ်း ကောင်းတွေ ပြသ နေ ကြတဲ့ တိုက်စစ် ကစားသမား တွေ ဖြစ်ကြ သူ ကိုင်လီယံ အမ်ဘတ်ပီ နဲ့ ရောဘတ် လီဝန်ဒေါ စကီး တို့ပဲ ဖြစ်ကြ ပါတယ် ။

လက်ရှိ အချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ တိုက်စစ်ပိုင်း မှာ ဒီထက် ပိုမို တိုးတက် ကောင်းမွန် ဖို့ လိုအပ် နေတာ ကြောင့် ဆာဟာ က ဂိုးသွင် ကောင်းတဲ့ အဆိုပါ ကစားသမား နှစ်ဦး ကို ခေါ်ယူ စေဖို့ အတွက် တက်စွမ်း သမျှ ငွေ တွေကို သုံးစွဲ သွားဖို့ အသင်း ဟောင်းကို တိုက်တွန်း သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

လက်ရှိ ထွက်ပေါ် နေတဲ့ သတင်း တွေ အရ ဆိုးလ်ရှား ဟာ လာမယ့် နွေ အပြောင်း အရွှေ့ မှာ တိုက်စစ် ကစားသမား ကို ဦးစား ပေး ခေါ်ယူ သွားလို နေတာ ကြောင့် ဆာဟာ က ကမ႓ာ့ အဆင့် ကစားသမား တွေနဲ့ အင်အား ဖြည့်တင်း သွားဖို့ တိုက်တွန်း သွားခဲ့ ခြင်း ဖြစ်ပါတယ် ။

” အကယ်လို့ ခင်ဗျား တို့ ကျွန်တော့် ကို မေးမယ် ဆိုရင် ကျွန်တော် ဟာ အမ်ဘတ်ပီ အတွက် ဘဏ်ထဲ ရှိသမျှ ငွေ တွေကို ထုတ်သုံး လိုက်မှာ ပါ ။ ဒါပေမယ့် အခုက အရမ်း ကို နောက်ကျ နေခဲ့ ပါပြီ ။ ဒါပေမယ့် တိုက်စစ်မှူး နေရာ အတွက် ပြောမယ် ဆိုရင် အသက်အရွယ် ရပြီ ဖြစ်တဲ့ သူပဲ ရှိနေ မှာပါ ။ ဒီ အတွက် ပြောကြား ရမယ် ဆိုရင် ရောဘတ် ( လီဝန်ဒေါစကီး ) က တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ဥပမာ တစ်ခု ပါပဲ ”

” တိုက်စစ် မှာ အလွယ်တကူ အံဝင် နိုင်မယ့် ကစားသမား မျိုး ကျွန်တော် များများ စားစား ကျွန်တော် မတွေ့ မြင်ဖူး ပါဘူး ။ အခြား တစ်ဦး တစ်ယောက် အကြောင်း ပြောရမယ် ဆိုရင် တော့ ကျွန်တော် ဟာ အတ္တလန္တာ တိုက်စစ်မှူး ဇာပါတာ ကို နှစ်သက် ပါတယ် ။ သူဟာ အရည်အသွေး ကောင်းသလို သန်မာ မှုလည်း ရှိတယ် လေ ”

” လက်ရှိ အနေအထား အရ ဆိုရင် ယူနိုက်တက် တိုက်စစ်မှာ ဘောလုံး ကိုင် ကစား ပေးနိုင်မယ့် သန်မာ တဲ့ တိုက်စစ် မှူး တစ်ဦး လိုအပ် နေ ပါတယ် ။ အဲ့ဒီ လိုသာ လုပ်ဆောင် နိုင်မယ် နေရာ လွတ်တွေ ရှာဖွေ နိုင်မယ် ဆိုရင် ကွင်းလယ် က ပေါ့ဂ်ဘာ တို့ တော်မီနေး တို့ ဖန်တီး နိုင်ခွင့် တွေကို ပိုမို လုပ်ဆောင် နိုင်ပါ လိမ့်မယ် ”

” အခု က ကျွန်တော် တို့ တွေဟာ လူငယ် ကစားသမား တွေ ဆီက တောင်းဆို တာတွေ များပြား နေ ပါတယ် ။ ဘောလုံး တွေကို ပေးပို့ ခြင်းနဲ့ ထိချက် တွေ ကောင်းမွန် ခြင်း တွေက လက်ရှိ အသင်း အတွက် ကြည့်ကောင်း တဲ့ ပွဲစဉ် တွေကို ပဲ ဖန်တီး ပေးနိုင် ပါ လိမ့်မယ် ။ အလုပ် ဖြစ်မှာ မဟုတ်ဘူး လေ ”

” လက်ရှိ ဘောလုံး ကစား ခြင်းမှာ ဘောလုံး ပိုင်ဆိုင် မှုတွေ ရရှိ ခြင်းက တစ်ကယ့် ကို အရေး ပါတဲ့ အရာ တစ်ခု ပါပဲ ။ ဒါပေမယ့် ယုံကြည်မှု နည်းပါး နေတဲ့ ကစားသမား တွေ အတွက် အဲ့တာ ကို လုပ်ဆောင် ဖို့ တစ်ကယ် ပဲ ခက်ခဲ လှ ပါတယ် ။ ဒီ အတွက် စိတ်ဓါတ် ပြင်းထန် ပြီး အသင်း ကို ဦးဆောင် ညွှန်ပြ ပေးနိုင် မယ့် ၊ စိတ် အပြည့် ထည့်ပြီး ကစား ပေးနိုင်မယ့် ကစား သမား လိုအပ် ပါတယ် ”

” ဘောလုံး လုယူ မှု တွေကို လုပ်ဆောင် ရင်း ပရိသတ် တွေ အားပေး တာနဲ့ အမျှ ပွဲရှိန် ကို မြှင့်တင် ပေး နိုင်မယ့် ကစားသမားတွေ လိုအပ် ပါတယ် ။ ကျွန်တော် တို့ အခု မြင်တွေ့ လိုတာ အဲ့တာ တွေ ပါပဲ ။ ကျွန်တော် တို့ ရှုံးခဲ့ ကြတဲ့ အချိန် တွေမှာ အဲ့တာ တွေကို လုပ်ဆောင် ခဲ့ကြ ပါတယ် ။ ဘောလုံး ပေးတာ လှပကောင်းမွန် ရုံနဲ့ ပြိုင်ဖက် တွေကို နာကျင်အောင် လုပ်လို့ မရနိုင် ပါဘူး ” လို့ ဆာဟာ က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar