လုိင္လီ အသင္း ေတာင္ပံ ကစားသမား နီကုိလပ္စ္ ဟာ ဒီရာသီ ျပင္သစ္လီဂူး မွာ ေျခစြမ္းျပ ဂုိးေတြ သြင္းယူ နုိင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ ထိပ္သီး အသင္းၾကီးေတြ ေတာ္ေတာ္မ်ားမ်ားက ေခၚယူဖုိ႔ ပစ္မွတ္ ထားေနၾကတဲ့ ကစားသမား တစ္ဦးပါ ။

နီကုိလပ္စ္ ပီပီ ကုိ ေခၚယူဖုိ႔ မ်က္စိက် ေနတဲ့ အသင္းေတြထဲမွာ ခ်န္ပီယံလိဂ္ ခ်န္ပီယံ လီဗာပူး အသင္းလည္း ပါဝင္ ေနသလုိ အာဆင္နယ္ ၊ မန္ယူနုိက္တက္ အသင္းတုိ႔ကလည္း ေခၚယူဖုိ႔ စိတ္ဝင္စား ေနၾကတယ္လုိ႔ သတင္းေတြ ထြက္ေပၚ ေနပါတယ္ ။

အုိင္ဗရီကုိစ့္ ေတာင္ပံ ကစားသမား နီကုိလပ္စ္ ပီပီ ဟာ ဒီရာသီ ျပင္သစ္ လီဂူးမွာ ၂၂ ဂုိး သြင္းယူ နုိင္ခဲ့ျပီး ပီအက္စ္ဂ်ီ အသင္း တုိက္စစ္မွဴး ဘာေပး ( ၃၃ ဂုိး ) ျပီးရင္ ဂုိးသြင္း အမ်ားဆုံး ကစားသမားလည္း ျဖစ္ပါတယ္ ။ နီကုိလပ္စ္ ပီပီ ဟာ သူရဲ႕ သြင္းဂုိးေတြနဲ႔ လုိင္လီ အသင္းကုိ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရရွိေအာင္ စြမ္းေဆာင္ ေပးနုိင္ခဲ့ပါတယ္ ။

ပရီးမီးယားလိဂ္ ထိပ္သီး ကလပ္ အသင္းေတြဟာ နီကုိလပ္စ္ ပီပီ ကုိ ေခၚယူဖုိ႔ ၾကိဳးစား ခဲ့ေပမယ့္ ကစားသမား ကုိယ္တုိင္ကေတာ့ ဂ်ာမန္ ဘြန္ဒက္စ္လီဂါ ခ်န္ပီယံ ဘုိင္ယန္ျမဴးနစ္ အသင္းကုိ ေျပာင္းေရႊ႕ ဖုိ႔ စိတ္ဝင္စားေနတယ္လုိ႔ သိရပါတယ္ ။

လုိင္လီ အသင္းဟာ နီကုိလပ္စ္ ပီပီ ကုိ ေျပာင္းေရႊ႕ ေၾကး ယူရုိ သန္း ၅၀ နဲ႔ ၈၀ ၾကား ရရွိမွသာ ေရာင္းခ် ဖြယ္ ရွိေနျပီး ဂ်ာမန္ ဘီလူးၾကီး ဘုိင္ယန္ျမဴးနစ္ အသင္းဟာ အုိင္ဗရီကုိစ့္ အသင္း ရဲ႕ ေတာင္ပံ ကစားသမား ကုိ ေခၚယူဖုိ႔ ေရပန္း အစားဆုံး အသင္းလည္း ျဖစ္ပါတယ္ ။

ဘြန္ဒက္စ္လီဂါ ခ်န္ပီယံ ဘုိင္ယန္ျမဴးနစ္ အသင္းဟာ ေႏြရာသီ အေျပာင္းအေရႊ႕ ကာလမွာ ကစားသမား သုံးဦးအထိ ေခၚယူ ထားျပီး ျဖစ္ျပီး အသုံးစရိတ္ ေပါင္ ၁၁၈ သန္း အသုံး ျပဳ ထား ျပီး ျဖစ္ပါတယ္ ။

ဘုိင္ယန္ျမဴးနစ္ အသင္းဟာ ေအတီကုိ ေနာက္ခံလူ ဖာနန္ဒက္စ္ ကုိ ေပါင္သန္း ၈၀ ၊ စတုဂတ္ ေနာက္ခံလူ ဘင္ဂ်မင္ ပါဗက္ ကုိ ေပါင္ ၃၅ သန္း ၊ ဟမ္ဘာဂါ လူငယ္ တုိက္စစ္မွဴး ဂ်န္ဖီတီအပ္ ကုိ ေပါင္ ၃ သန္း နဲ႔ ေခၚယူထားျပီး ျဖစ္ပါတယ္ ။

ဘုိင္ယန္ ျမဴးနစ္ အသင္းဟာ အားကုိးရတဲ့ ေတာင္ပံ တုိက္စစ္ ကစားသမား ေရာ္ဘင္ နဲ႔ ရီဘာရီ တုိ႕ နဲ႔ လမ္းခြဲ ခဲ့ျပီ ျဖစ္တာေၾကာင့္ နီကုိလပ္စ္ ပီပီ ကုိ ေခၚယူဖုိ႔ ပစ္မွတ္ ထားေနတာပါ ။ ဘုိင္ယန္ ျမဴးနစ္ အသင္းဟာ လာမယ့္ ရာသီမွာ ခ်န္ပီယံလိဂ္ဖလားကုိ ျပန္လည္ စိန္ေခၚနုိင္ဖုိ႔ ကစားသမားေကာင္းေတြကုိ ေခၚယူေနတာလည္း ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

နီကိုလပ်စ် ပီပီ ကို ခေါ်ယူနိုင်ရေးမှာ ပရီးမီးယားလိဂ် အသင်းတွေထက် ပိုမို ရေပန်းစားနေတဲ့ အသင်းတစ်သင်း ထွက်ပေါ်လာ
=============================

လိုင်လီ အသင်း တောင်ပံ ကစားသမား နီကိုလပ်စ် ဟာ ဒီရာသီ ပြင်သစ်လီဂူး မှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူ နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ထိပ်သီး အသင်းကြီးတွေ တော်တော်များများက ခေါ်ယူဖို့ ပစ်မှတ် ထားနေကြတဲ့ ကစားသမား တစ်ဦးပါ ။

နီကိုလပ်စ် ပီပီ ကို ခေါ်ယူဖို့ မျက်စိကျ နေတဲ့ အသင်းတွေထဲမှာ ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူး အသင်းလည်း ပါဝင် နေသလို အာဆင်နယ် ၊ မန်ယူနိုက်တက် အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စား နေကြတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

အိုင်ဗရီကိုစ့် တောင်ပံ ကစားသမား နီကိုလပ်စ် ပီပီ ဟာ ဒီရာသီ ပြင်သစ် လီဂူးမှာ ၂၂ ဂိုး သွင်းယူ နိုင်ခဲ့ပြီး ပီအက်စ်ဂျီ အသင်း တိုက်စစ်မှူး ဘာပေး ( ၃၃ ဂိုး ) ပြီးရင် ဂိုးသွင်း အများဆုံး ကစားသမားလည်း ဖြစ်ပါတယ် ။ နီကိုလပ်စ် ပီပီ ဟာ သူရဲ့ သွင်းဂိုးတွေနဲ့ လိုင်လီ အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ် ။

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အသင်းတွေဟာ နီကိုလပ်စ် ပီပီ ကို ခေါ်ယူဖို့ ကြိုးစား ခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ ဂျာမန် ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွှေ့ ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

လိုင်လီ အသင်းဟာ နီကိုလပ်စ် ပီပီ ကို ပြောင်းရွှေ့ ကြေး ယူရို သန်း ၅၀ နဲ့ ၈၀ ကြား ရရှိမှသာ ရောင်းချ ဖွယ် ရှိနေပြီး ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ် အသင်းဟာ အိုင်ဗရီကိုစ့် အသင်း ရဲ့ တောင်ပံ ကစားသမား ကို ခေါ်ယူဖို့ ရေပန်း အစားဆုံး အသင်းလည်း ဖြစ်ပါတယ် ။

ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကစားသမား သုံးဦးအထိ ခေါ်ယူ ထားပြီး ဖြစ်ပြီး အသုံးစရိတ် ပေါင် ၁၁၈ သန်း အသုံး ပြု ထား ပြီး ဖြစ်ပါတယ် ။

ဘိုင်ယန်မြူးနစ် အသင်းဟာ အေတီကို နောက်ခံလူ ဖာနန်ဒက်စ် ကို ပေါင်သန်း ၈၀ ၊ စတုဂတ် နောက်ခံလူ ဘင်ဂျမင် ပါဗက် ကို ပေါင် ၃၅ သန်း ၊ ဟမ်ဘာဂါ လူငယ် တိုက်စစ်မှူး ဂျန်ဖီတီအပ် ကို ပေါင် ၃ သန်း နဲ့ ခေါ်ယူထားပြီး ဖြစ်ပါတယ် ။

ဘိုင်ယန် မြူးနစ် အသင်းဟာ အားကိုးရတဲ့ တောင်ပံ တိုက်စစ် ကစားသမား ရော်ဘင် နဲ့ ရီဘာရီ တို့ နဲ့ လမ်းခွဲ ခဲ့ပြီ ဖြစ်တာကြောင့် နီကိုလပ်စ် ပီပီ ကို ခေါ်ယူဖို့ ပစ်မှတ် ထားနေတာပါ ။ ဘိုင်ယန် မြူးနစ် အသင်းဟာ လာမယ့် ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ပြန်လည် စိန်ခေါ်နိုင်ဖို့ ကစားသမားကောင်းတွေကို ခေါ်ယူနေတာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR