အမ်းမရိတ်မှာ ကစားသွားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အာဆင်နယ် အသင်းက ဂီမာရေ့စ် အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုတွင်းရာနှုန်းပြည့် နိုင်ပွဲမှတ်တမ်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ဒါပေမယ့် ဧည့်သည်အသင်းရဲ့ အကြိမ်ကြိမ်ဦးဆောင်မှုတွေကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရသေးတာဖြစ်ပါတယ်။

ပွဲ အစ ၈မိနစ်မှာ ပဲ အက်ဝက်ဒ်က ဂီမာရေ့စ်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ လို့ အာဆင်နယ်တို့ အနည်းငယ် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ရပါတယ်။ပွဲချိန် ၃၂ မိနစ်ရောက်မှချေပဂိုး ပြန်ရခဲ့ပြီး မာတီနယ်လီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ၄မိနစ် လောက် အကြာမှာ ပဲမိတ်လန်းနိုင်းစ်ရဲ့ ဆိုးရွားတဲ့ အမှားကနေ ရသွားတဲ့ ဘောလုံးကနေ တဆင့် ဒူအာတီက ဂီမာရေ့စ်အတွက် ဦးဆောင်ဂိုး ထပ်သွင်းသွားခဲ့လို့ အာဆင်နယ်တို့ ပထမပိုင်း မှာ အရေးနိမ့်နေခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြကြီး အမ်မရီဟာ ဒုတိယပိုင်း ပြန်စစချင်းမှာ ဂွမ်ဒူဇီ၊ ဆီဘယ်လော့စ်တို့ကို လူစားဝင်စေခဲ့လို့ အာဆင်နယ်အသင်းပိုကောင်းလာခဲ့ပါတယ်။ဒါပေပမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ လို့ ဂိုးရဖို့ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကိုကယ်တင်သွားခဲ့တာကတော့ ပွဲချိန် ရ၅မိနစ်မှာ လာကာဇက်ရဲ့နေရာဝင်ကစားခဲ့တဲ့ ပီပီပဲဖြစ်ပါတယ်။ပွဲချိန် မိနစ် ၈၀ နဲ့ နာကျင်အချိန်ပိုတွေမှာ ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောတွေကို ပီပီက အကောင်းဆုံးကန်သွင်းအဆုံးသတ်နိုင်ခဲ့လို့ အာဆင်နယ်တို့ အရှုံးကနေအနိုင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ပါဝင် ကစားသွားခဲ့တဲ့ အာဆင်နယ်အသင်းသားတွေရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ကိုအကဲဖြတ်ရာမှာတော့ –

မာတီနက်ဇ် – 6

ပွဲချိန်ပ ထမပိုင်း မှာ အသင်းဖော်တွေရဲ့ အမှားတွေက နေ ဧည့်သည်အသင်းရဲ့ ကန်သွင်းမှုတွေကို ကာကွယ်ပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကောင်းမွန်တဲ့ ကာကွယ်မှု တချို့ပြုလုပ်ပြခဲ့ပြီးမျှော်လင့်ချက်ရှင်သန်စေခဲ့ပါတယ်။

ဘယ်လာရင် – 6

ဒဏ်ရာကြောင့် ကာလရှည် အနားယူထားခဲ့ရပေမယ့် အရင်လို လျင်မြန်တဲ့ ကစားပုံမျိုးကို ပြန်ရထားခဲ့သူဖြစ်ပါတယ်။အသင်းအတွက်အနိုင်ဂိုးဖြစ်စေခဲ့လောက်တဲ့ အခွင့်အရေးတကြိမ်ကိုမာတီနယ်လီအတွက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

မူစတာဖီ – 6

ခံစစ်မှာ ကျစ်လစ်တဲ့ ပုံစံမျိုးပြသနိုင်ခဲ့ပေမယ့် ခေါင်းတိုက်ခွင့် တကြိမ်ကိုတော့ အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။ဒီအတွက် လည်း သူ့ကိုယ်သူတောင် စိတ်ဆိုးသွားတာကိုတွေ့ခဲ့ရပါတယ်။

ဟိုးဒင်း – 6

ခံစစ် မှာ ဆိုးဆိုးရွားရွား ရုန်းကန်ခဲ့ရ
တာမျိုး မတွေ့ ခဲ့ရသလို ခံစစ်ကနေ စတင်တဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားကွက်မှာလည်းအသုံးဝင်ခဲ့ပါတယ်။မူစတာဖီလိုပဲ အခွင့်အရေးရခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းနိုင်ခဲ့ပါဘူး။

တီယာနေး-5

ခံစစ် မှာ ပုံစံကောင်း မပြသနိုင်ခဲ့သလို ပေးလိုက်ရတဲ့ ပထမဂိုးမှာလည်း သူ့ရဲ့ လိုအပ်ချက်တွေမြင်ခဲ့ရပါတယ်။ဒါပေမယ့် မာတီနယ်လီရဲ့ ချေပဂိုးကို သူကဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

တော်ရဲယား – 5

အာဆင်နယ် နဲ့ အဖွင့်ရာသီမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကိုဒီရာသီမှာ ပြန်ပြသနိုင်ဖို့ ရုန်းကန်နေရသေးတာဖြစ်ပါတယ်။ပွဲထွက် စာရင်းမှာ ပြန်လည်ပါဝင်ခွင့်ရမယ့် အခွင့်အရေးမျိုးကိုလည်း အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

ဝီလော့ခ် – 5

ဒီရာသီ အစပိုင်းမှာ တောက်ပတဲ့ ပုံစံမျိုး နဲ့ အတူ စီနီယာ အသင်းမှာနေရာရနေ ခဲ့သူဖြစ်ပါတယ်။ဒါပေမယ့် ဒီပွဲမှာတော့ ပုံစံကောင်းမပြသနိုင်ခဲ့လို့ ဒုတိယပိုင်းပြန်အစမှာပဲ လူစားလဲခံခဲ့ရပါတယ်။

မိတ်လန်းနိုင်စ် – 4

ဂီမာရေ့စ် အသင်း ရသွားတဲ့ ဒုတိယဂိုး မှာ မိတ်လန်းနိုင်းစ်ရဲ့ ဘောလုံး ပေးပို့မှုက အပေါစားဆန်ခဲ့တာဖြစ်ပါတယ်။
တောင်ပံ ကနေ တိုက်စစ်ကို လည်း ထိထိရောက်ရောက် သက်ရောက်မှု မရှိစေခဲ့လို့ ဒုတိယပိုင်း ပြန်အစမှာလူစားလဲခံ ခဲ့ရပါတယ်။

စမစ်ရိုဝီ – 6

ပွဲချိန်ပထမပိုင်း အတွင်း ခြေစွမ်းပြသနိုင် ခဲ့ပြီး ပါးနပ်တဲ့ ဘောလုံး အလှည့်တချက်ကိုပါပြသနိုင်ခဲ့ပါတယ်။ဒါပေမယ့် ဒုတိယပိုင်းမှာ တိုက်စစ်ကို ပြေးလွှားရင်းအချိန်ကုန်နေခဲ့ရပြီး ခြေစွမ်းအကြမ်းထည်အဆင့်မှာပဲ ရှိနေသေးတာဖြစ်ပါတယ်။

မာတီနယ်လီ – 7

ယူရိုပါလိဂ်မှာ အာဆင်နယ် တိုက်စစ်ကို
မီးခတ်ပေးနေသူဖြစ်ပါတယ်။တိုက်စစ်မှာ အင်ပြည့်အားပြည့် သက်ဝင် လှုပ်ရှားနေတတ်ပြီး ဘောလုံးကို အမြဲရယူလိုနေသူဖြစ်ပါတယ်။အမြင့်ဘောထူးချွန်သူလည်းဖြစ်ပြီး ယူရိုပါလိဂ်၂ပွဲဆက်ခေါင်းတိုက်ဂိုးရရှိခဲ့ပါတယ်။

လာကာဇက် – 5

ပွဲထွက် စာရင်းမှာ ပြန်ပြီး ပါဝင်ခွင့် ရခဲ့တဲ့ ပွဲမှာ ဒီပြင်သစ်သားရဲ့ ခြေစွမ်းက အသံတိတ်နေခဲ့တာဖြစ်ပါတယ်။သူ့အတွက် စိတ်ပျက်စရာညနေခင်းတခုဖြစ်ခဲ့ပြီး လူစားလဲမခံရမီမှာ အဝါကတ် တကြိမ်ထိခဲ့ပါသေးတယ်။

လူစားဝင် ကစားသမားများ —

ဂွမ်ဒူဇီ – 5

ဆီဘယ်လော့စ် -6

ပီပီ – 8

SPORTS MYANMAR