မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ယမန်နေ့ ညက ယူရိုပါ လိဂ် အုပ်စု ပွဲစဉ် အဖြစ် ပါတီဇန် ဘဲဂရိတ် အသင်း နဲ့ ယှဉ်ပြိုင် ကစား ခဲ့ပြီး ၁ – ၀ ဖြင့် အနိုင် ရခဲ့ ပါတယ် ။ ယူနိုက်တက် အတွက် တစ်လုံး တည်းသော ဂိုး ကိုတော့ ပထမ ပိုင်း ၄၃ မိနစ် မှာ ရရှိ ခဲ့တဲ့ ပင်နယ်တီ က တဆင့် အန်တိုနီ မာရှယ် က သွင်းယူ ပေးခဲ့ တာပဲ ဖြစ် ပါတယ် ။ ဒီဂိုး က လွဲရင် ယူနိုက်တက် ရဲ့ ကစားပုံ ဟာ အားရ စရာ မရှိ ခဲ့ ပါဘူး ။

ဒီနိုင် ပွဲ ဟာ ယူနိုက်တက် အတွက် တော့ အမှန် တကယ် အရေးပါ ခဲ့ ပါတယ် ။ ရ လ နီးပါး ဝေးကွာ နေတဲ့ အဝေးကွင်း နိုင်ပွဲ ကို ပြန်လည် ရှာတွေ့ ခဲ့ သလို အုပ်စု အတွင်း မှာ လည်း အဆင့် ၁ နေရာ ကို ဆက်လက် ထိန်းထား နိုင်ခဲ့ ကာ နောက်တစ်ဆင့် တက်ရောက် နိုင်ဖို့ အလား အလာ ကောင်းသွား ခဲ့ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် အနေနဲ့ ယမန်နေ့ ညက ပွဲမှာ ကံကောင်း ခဲ့ တယ်လို့ ဆိုနိုင် ပါတယ် ။ ယူနိုက်တက် ဟာ ပွဲချိန် အတွင်း ပင်နယ်တီ ပေးရနိုင်ချေ ၂ ကြိမ် အထိ ရှိခဲ့ ပေမယ့် ကွင်းလယ်ဒိုင် ဖြစ်သူ က ပင်နယ်တီ ပေးဖို့ ငြင်းဆန် ခဲ့ သလို အဆိုပါ အဖြစ် အပျက် ကို ပြန်လည် စစ်ဆေး မယ့် VAR စနစ် လည်း မရှိခဲ့ ပါဘူး ။

ယူနိုက်တက် ရဲ့ ယမန်နေ့ ညပွဲက အသင်း ခေါင်းဆောင် မက်ဂွဲယား ဟာ ဖြတ်တင် ဘောကို တားဆီး ရာမှာ လက်ကို ဘောလုံး ထိမှန် ခဲ့ ပါတယ် ။ ဒါကို ရှင်းရှင်း လင်းလင်း မြင်တွေ့ ခဲ့ရ ပေမယ့် ဒိုင် ကတော့ ပင်နယ်တီ အဖြစ် မသတ်မှတ် ခဲ့ ပါဘူး ။ မက်ဂွဲယား ဟာ ယမန်နေ့ ညက ပုံစံ ကောင်း မရရှိခဲ့ ဘဲ ဗီလိန် ဖြစ်မယ့် အရေး ကနေ ကင်းလွတ် သွားခဲ့ရ ပါတယ် ။

ဒုတိယပိုင်း မှာ တော့ ယူနိုက်တက် ရဲ့ အဖွင့်ဂိုး ကို ဖန်တီးပေး ခဲ့သူ ( ပင်နယ်တီ ရစေခဲ့ သူ ) ဘရန်ဒွန် ၀ီလ်ယံ ဟာ ဧရိယာ ထဲ မှာ လက်ထိ ခဲ့ပြန် ပါတယ် ။ ဒီ အနေ အထား မှာ လည်း ၀ီလ်ယံ ရဲ့ လက် ဟာ ဘောလုံး ရဲ့ အရှိန် နဲ့ လမ်းကြောင်း ကို သွေဖယ် သွားစေခဲ့ ပေမယ့် ပင်နယ်တီ မပေး ခဲ့ရ ပါဘူး ။ ဒါကြောင့် ယူနိုက်တက် ဟာ ဒိုင် ရဲ့ မျက်နှာသာပေးမှု နဲ့ ပင်နယ်တီ တွေကြောင့် ရှားပါး တဲ့ အဝေးကွင်း နိုင်ပွဲ ကို ရရှိသွားခဲ့ရ ပါတယ် ။

VAR စနစ် ဟာ ပရီးမီးယားလိဂ် ၊ စီးရီးအေ ၊ လာလီဂါ ၊ ဘွန်ဒစ်လီဂါ တို့ အပြင် ချန်ပီယံ လိဂ် ပြိုင်ပွဲ တွေ မှာ တွင်တွင် ကျယ်ကျယ် အသုံးပြု နေပြီ ဖြစ် ပါတယ် ။ ဒါပေမယ့် ယူရိုပါ လိဂ် မှာတော့ ဗိုလ်လုပွဲ ရောက်မှသာ အသုံးပြုမှာ ဖြစ်တာ ကြောင့် ဆုံးဖြတ်ချက် အားနည်းမှု တွေ ကို မြင်တွေ့နေ ရဦးမှာ ဖြစ် ပါတယ် ။

ယူနိုက်တက် က တော့ VAR တပ်ဆင် မထားမှု ရဲ့ ကောင်းကျိုးကို ရရှိ ခဲ့ ပေမယ့် ယူနိုက်တက် အသင်းသား တစ်ဦး ဖြစ်တဲ့ ခရစ် စမောလင်း ကတော့ ကံဆိုးသူ ဖြစ်ခဲ့ရ ပါတယ် ။ ရိုးမား ကို အငှား ထွက် ကစား နေတဲ့ စမောလင်း ဟာ ယမန်နေ့ ညက အသင်း နဲ့ အတူ ပါ၀င် ကစားခဲ့ပြီး သူ့ကြောင့် ပင်နယ်တီပေး ခံခဲ့ရ ပါတယ် ။

ရိုးမား ဟာ မိုချန် ဂလာဘတ် ကို ၁ – ၀ နဲ့ အနိုင် ရနေခဲ့ပြီး နောက်ဆုံး မိနစ် မှာ ပင်နယ်တီပေး ခဲ့ရ ပါတယ် ။ ဘောလုံး ဟာ စမောလင်း ရဲ့ မျက်နှာ ကို ထိမှန် ခဲ့တာ ဖြစ်ပေမယ့် ကွင်းလယ် ဒိုင် ကတော့ လက်ထိ တယ် လို့ ယူဆ ခဲ့ပြီး ပင်နယ်တီ သတ်မှတ်ပေး ခဲ့ ပါတယ် ။ အဆိုပါ ပင်နယ်တီ ကြောင့် ရိုးမား ဟာ ၉၅ မိနစ် မှာ ချေပဂိုး ပြန်ပေးခဲ့ ရပြီး ၁ – ၁ နဲ့ အဆုံးသတ် ခဲ့ရ ပါတယ် ။

စမောလင်း ဟာ လည်း မျက်နှာကို ဘောလုံး ထိမှန် ခဲ့တာ ဖြစ်ကြောင်း စောဒက တက်ခဲ့ ပေမယ့် အဝါကဒ် သာ ပြန်လည် ရရှိ ခဲ့ပြီး VAR စနစ် လည်း မရှိတာ ကြောင့် ဒိုင်ရဲ့ ဆုံးဖြတ်ချက် ကို ပြင်ဆင် နိုင်ဖို့ အကူအညီ မရရှိ ခဲ့ ပါဘူး ။

ဒီဖြစ်စဉ် တွေ မှာ ယူရိုပါလိဂ် ပြိုင်ပွဲ ကို တာဝန်ယူ ရတဲ့ ဒိုင်တွေ ရဲ့ အရည် အသွေး လိုအပ် ချက်တွေ ကို တွေ့မြင် စေခဲ့သလို နည်းပညာ အကူအညီ ဖြစ်တဲ့ VAR ရဲ့ အခန်းကဏ္ဍ ကိုလည်း ပိုမို သိသာ စေခဲ့ ပါတယ် ။ VAR စနစ် ဟာ ဝေဖန်မှုတွေ ကို ရင်ဆိုင် နေရလင့်ကစား ဘောလုံး အားကစား အတွက် အမှန် တကယ် အထောက် အကူ ဖြစ်စေမယ့် နည်းပညာ တစ်ခု ဖြစ်လာပြီ ဆိုတာ ကိုတော့ ငြင်းဆန် လို့ ရမှာ မဟုတ်ပါဘူး ။

ယူနိုက်တက် ကတော့ VAR မရှိလို့ ကံကောင်း ခဲ့ပြီး စမောလင်း ကတော့ ကံဆိုးခဲ့ရ ပါတယ် ။

SPORTS MYANMAR