ယနေ့ နံနက်ပိုင်း မှာ ကစားသွားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အာဆင်နယ် အသင်းက ဂီမာရေ့စ် အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒါပေမယ့် ဧည့်သည် အသင်းရဲ့ ဦးဆောင်မှုတွေကြောင့် နောက်ကနေ လိုက်ကစားခဲ့ရသေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတန်းတက် ရှက်ဖီးလ် အသင်းကို အရေးနိမ့်ထားခဲ့ လို့ ဖိအားတွေ ဝင်နေတဲ့ နည်းပြ အမ်မရီ ကို ကယ်တင် ပေးခဲ့တာကတော့ အခုနွေမှာ ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ထားခဲ့တဲ့ ပီီပီပဲ ဖြစ်ပါတယ်။သူ့ရဲ့ အလွတ်တည်ကန်ဘော ၂ကြိမ်ကနေ ရခဲ့တဲ့ ဂိုး ၂ဂိုးကြောင့်သာ အာဆင်နယ်တို့ ပြန်လာနိုင် ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြကြီး အမ်မရီဟာ ဒီပွဲမှာ လည်း အသင်းရဲ့ ကွင်းလယ်လူ အိုဇေးလ်ကို ထပ်မံချန်လှပ်သွား ခဲ့ လို့ ပရိသတ်တွေ က ထပ်ပြီး နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရပါတယ်။ဒီဂျာမန် သားဟာ အခုရာသီမှာ အာဆင်နယ်အတွက် ပြိုင် ပွဲစုံမှာ၁၄၂ မိနစ်သာ ပါဝင်ခွင့်ရထားသေးတာဖြစ်ပါတယ်။

အိုးဇေးလ် ဟာ တပတ်လုပ်ခပေါင် ၃သိန်းခွဲအထိ ရရှိနေပြီး အာဆင်နယ် ရဲ့ လုပ်ခ လစာအများဆုံး ကစားသမားဖြစ်ပေမယ့် အသင်းရဲ့ ပွဲနေ့ လူစာရင်းမှာတောင်ပါဝင်ခွင့်ရသေးတာအတော်ကြာပြီဖြစ်ပါတယ်။အခုပွဲမှာလည်း အိုဇေးလ် အပေါ်ကို ပြန်ပြီးမျက်နှာသာပေးဖို့ ပရိသတ်တွေက တပွဲလုံး သံပြိုင်အော်ဟစ်တောင်းဆိုသွားခဲ့ပါတယ်။

နောက်ပိုင်း နှစ်တွေအတွင်းမှာ အာဆင်နယ် အသင်းအတွက် အဓိက ကစားသမား တွေထဲက တဦးအဖြစ်ရှိခဲ့တဲ့ အိုဇေးလ် ဒီပွဲမှာ ဘာလို့ မပါဝင်ခဲ့တာလို့ မေးမြန်းရာမှာတော့ အမ်မရီက – ” ဒီအချိန်ဟာ ဒီအကြောင်းကို ပြောပြရမယ့် နေ့ မဟုတ်ဘူး လို့ ကျွန်တော်ယူဆပါတယ်။

ကျွန်တော်ကတော့ ဒီပွဲမှာ ကစားခဲ့သူတွေ နဲ့ ဒီပွဲအကြောင်းကိုပဲ ပြောချင်နေတာဖြစ်ပါတယ်။သူ ( အိုဇေးလ် ) ဟာ ဒီနေ့ ပွဲအတွက် လူစာရင်းမှာ မပါလာခဲ့ပါဘူး။ဒါဟာကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။အခုချိန်မှာတော့သူဟာတနင်္ဂနွေနေ့ ပွဲအတွက်ပဲ ပြင်ဆင်လုပ်ဆောင်ရတော့မှာဖြစ်ပါတယ် ” လို့ဖြေသွားခဲ့ပါတယ်။

အမ်မရီအနေနဲ့ အိုဇေးလ်ကို ချန်လှပ်နေခဲ့တဲ့ အပေါ် အမြင်မတူသူအများအပြားရှိနေပြီး တိုက်စစ်မှူးဟောင်းတဦး့ဖစ်တဲ့ ဗန်ပါစီက လည်း အခုပွဲမတိုင်မီမှာဒီအကြောင်းကို မေးခွန်းထုတ်သွားခဲ့သေးတာဖြစ်ပါတယ်။BT Sport နဲ့ အင်တာဗျူးမှာ ဗန်ပါစီက –

” သူ( အိုဇေးလ် )ဟာ အာဆင်နယ် အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တယောက်ဖြစ်ပါတယ်။ဒါကြောင့် လည်း သူ့ကို အသုံးမပြုတာဟာ ရှက်ရွ့့ံစိတ်ပျက်စရာကောင်းပါတယ်။သူဟာအတော်လေးကောင်းတဲ့ကစားသမားဖြစ်ပေမယ့် လတ်တလောမှာ တချို့အရာတွေက အဆင်မပြေသေးတာဖြစ်ပါတယ်။သူတို့နည်းပြကြီးအနေနဲ့ဒါကိုဖြေရှင်းနိုင်မယ်လို့တော့ မျှော်လင့်ပါတယ် “လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ခံစစ် ကစားသမားဟောင်းတဦးဖြစ်တဲ့ မာတင်အီအွန်ကတော့ အိုဇေးလ်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ပတ်သက်ပြီး အနည်းငယ်မေးခွန်းထုတ်ထားပါတယ်။အင်တာဗျူးတခုမှာ မာတင်ကီအွန်က – ” အိုဇေးလ်ရဲ့ စွမ်းရည် တွေ နဲ့ပတ်သက်ပြီး ဘာသံသဟ မှ ဝင်စရာမလိုပါဘူး။

ဒါဟာ ဖြစ်သင့်တဲ့ အလုပ်ကျင့်ဝတ် တခု လည်းဖြစ်ပါတယ်။သူ့ကို နည်းပြကြီး က ဘာကြောင့် သုံးသင့်တယ်ဆိုတာကို သူပြသနိုင်ပါဦးမလားဗျာ။ဒါပေမယ့်လည်း ကျွန်တော်တို့မျှော်လင့်သလောက် လုပ်စေချင်သလောက် သူကကြိုးစားအားထုတ်မှု မရှိထားခဲ့ဘူးလို့ ထင်ပါတယ်။

ဒါဟာနည်းပြ အမ်မရီက သူ့ကိုအသုံး မပြုပဲ ချန်လှပ် နေခြင်းရဲ့အကြောင်းရင်း သက်သေတခုလို့ တော့ ကျွန်တော်က ယူဆပါတယ်။အတော်လေးကို ခိုင်လုံတဲ့ သက်သေတခုလည်းဖြစ်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

SM