မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဗဟို နောက်ခံလူ ဖြစ်တဲ့ ခရစ် စမောလင်း က အသင်း အနေ နဲ့ 2019 – 20 ဘောလုံး ရာသီ အတွက် အဓိက ထား ပြင်ဆင် ရမယ့် အရာ နှစ်ခု အကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

စမောလင်း ကတော့ 2019 – 20 ဘောလုံး ရာသီ ကို အကောင်းဆုံး စတင် နိုင်ခြင်း နဲ့ ခြေစွမ်း ၊ ရလဒ် တွေကို တည်ငြိမ် အောင် ထိန်းထား နိုင်ခြင်း က အသင်း ကို အောင်မြင် တဲ့ ဘောလုံး ရာသီ တစ်ခု ပိုင်ဆိုင် စေနိုင် လိမ့်မယ် လို့ ယုံကြည် နေခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက တော့ ချန်ပီယံ ဖြစ်ခဲ့ တဲ့ မန်စီးတီး အသင်း အောက် 32 မှတ် အကွာ ၊ တန်းဆင်း သွားတဲ့ ကာဒစ်ဖ် အသင်း အထက် 32 မှတ် အကွာ အမှတ်ပေး ဇယား အဆင့် 6 နေရာ နဲ့ သာ ရာသီ ကုန်ဆုံး ခဲ့ရ ပါတယ် ။

အဆိုပါ ဘောလုံး ရာသီ မှာတော့ နော်ဝေ နိုင်ငံသား နည်းပြ ဖြစ်သူ ဆိုးလ်ရှား က ယူနိုက်တက် ယာယီ နည်းပြ ဘဝမှာ ထူးကဲတဲ့ ရလဒ် တွေ ရယူ ပေးထား နိုင်ခဲ့ ပေမယ့် အမြဲတမ်း နည်း ပြ ဘဝမှာ ရလဒ် တွေ ဆိုးရွား ခဲ့ခြင်း နဲ့ အတူ စိတ်ပျက်ဖွယ် အဆုံးသတ် တစ်ခု နဲ့ ရင်ဆိုင် ခဲ့ရ ပါတယ် ။

chris smalling

ယူနိုက်တက် ကစားသမား ဖြစ်တဲ့ စမောလင်း ကတော့ နောက် ရာသီ မှာ အသင်း ရဲ့ ခံစစ် အတွက် အရေးပါ လှတဲ့ ကစား သမား တစ်ဦး အဖြစ် ရှိနေ လိုပြီး ရာသီ သစ်မှာ အသင်း ကို ပုံစံ သစ်နဲ့ စတင် ဖို့ အတွက် အသင်း ရဲ့ တရားဝင် ဝဘ်ဆိုက် မှာ တိုက်တွန်း သွားခဲ့ ပါတယ် ။

” ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ကျွန်တော် တို့ တွေဟာ မတူညီ တဲ့ ပုံစံ နှစ်မျိုး ပါဝင် တဲ့ ဘောလုံး ရာသီ တစ်ခု ကို ပိုင်ဆိုင် ထားခဲ့ ကြတယ် လို့ ထင် ပါတယ် ။ ဒါ့ကြောင့် ကျွန်တော် တို့ လာမယ့် သြဂုတ် လမှ စတင် ပြီး အကောင်းဆုံး တွေ စတင် လုပ်ဆောင် ပြနိုင် ဖို့ လိုအပ် နေ ပါပြီ ”

” ကျွန်တော် တို့ အားလုံး ကောင်းမွန် တဲ့ ဘောလုံး ရာသီ တစ်ခု ပိုင်ဆိုင် နိုင်ရေး အတွက် ရှေ့ဆက် ပြီး အကောင်းဆုံး စွမ်းရည် တွေ ပြသ နိုင်ဖို့ လိုအပ် သလို ကျွန်တော် တို့ ဘာတွေ လုပ်နိုင် သလို ဆိုတာ ပွဲစဉ် တွေမှာ ပြိုင်ဖက် အသင်း တွေကို ပြသ နိုင်ဖို့ လည်း လိုအပ် လှ ပါတယ် ” လို့ စမောလင်း က ဆိုသွား ခဲ့ ပါတယ် ။

စမောလင်း ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက တော့ အသင်း အတွက် ပြိုင်ပွဲ စုံ 34 ပွဲ အထိ ပါဝင် ကစား ပေး ထားနိုင် ခဲ့ပြီး ခရစ္စမတ် နဲ့ နှစ်သစ်ကူး ကာလ တွေ အတွင်း မှာတော့ ဒဏ်ရာ ပြသနာ တွေကြောင်း အထူး ရုန်းကန် ခဲ့ရ ပါ သေးတယ် ။

သူဟာ နည်းပြသစ် ဖြစ်လာ သူ ဆိုးလ်ရှား နဲ့ အတူ 5 လတာ အတူ လက်တွဲ အလုပ် လုပ် ခဲ့တဲ့ နောက်တော့ အောင်မြင် တဲ့ ဘောလုံး ရာသီ တစ်ခု ပိုင်ဆိုင် နိုင်ရေး အတွက် ယူနိုက်တက် အနေ နဲ့ တည်ငြိမ် တဲ့ ခြေစွမ်း နဲ့ ရယူ နိုင်ဖို့ လိုအပ် ကြောင်း သိရှိ နားလည် ခဲ့ ပါတယ် ။

chris smalling

” အိုလီ အသင်း ဆီ စတင် ရောက်ရှိ လာ ကတည်းက ကျွန်တော် တို့ အသင်း ရဲ့ ခြေစွမ်း တည်ငြမ် မှုတွေ ဆက်တိုက် တိုးတက် ကောင်းမွန် လာခဲ့ ပါတယါ ။ ဒါပေမယ့် ကျွန်တော် တို့ ရှေ့ဆက် လုပ်ဆောင် ရမယ့် အရာ တွေ အများကြီး ရှိနေ သေးတယ် ဆိုတာ ကျွန်တော် တို့ သိရှိ ကြ ပါတယ် ”

” ကျွန်တော် တို့ အားလုံး ဟာ အိုလီ ၊ နည်းပြ အဖွဲ့ဝင် တွေနဲ့ အတူ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ရာသီ ကြို ပြင်ဆင် မှုတွေ ပြုလုပ် သွားနိုင် ဖို့ လိုအပ် လှ ပါတယ် ။ ရာသီ ကြို ပွဲစဉ် တွေမှ ပြန်လာ ပြီး ကျွန်တော် တို့တွေ ရာသီ သစ် အတွင်း အကောင်ဆုံး အရာ တွေ လုပ်ပြ နိုင်ဖို့ မျှော်လင့် နေ ပါတယ် ”

” ကျွန်တော် တို့ ထိပ်တန်း အဆင့် မှာ ရှိနေ နိုင်ရေး အတွက် ခြေစွမ်း နဲ့ ရလဒ် ပိုင်း တည်ငြိမ် နေဖို့ တော့ အထူး လိုအပ် လှ ပါတယ် ။ ကျွန်တော် တို့ နှစ်ပွဲ သုံးပွဲ လောက် အထူး ခြေစွမ်း ကောင်း တွေ ပြသ ပြီးမှ ခြေစွမ်း ပြန်ကျ သွားလို့ လုံးဝ မရ နိုင် ပါဘူး ” လို့ စမောလင်း က ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar