မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ဘောလုံး ရာသီ အတွင်း ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ရလဒ် တွေ ကောင်းမွန် ခြင်း မရှိ ခဲ့ပဲ ပွဲစဉ် 9 ပွဲ ကစား အပြီး မှာတော့ ရမှတ် 10 မှတ် သာ ရှာဖွေ ထားနိုင် ခဲ့ကာ အမှတ်ပေး ဇယား အဆင့် 14 နေရာ ၊ တန်းဆင်းဇုန် အထက် 2 မှတ် အကွာ မှာ ရပ်တည် နေခဲ့ ရ ပါတယ် ။

ဒါ့အပြင် အခြား ပြိုင်ပွဲ တွေမှာ လည်း ပြိုင်ဖက် မဟုတ်တဲ့ အသင်း တွေနဲ့ ရင်ဆိုင် ကစား ရတဲ့ အခါ တွေ မှာလည်း ခက်ခက် ခဲခဲ ကစား ခဲ့ ရပြီး ဂိုးတွေ သွင်းယူ နိုင်ဖို့ ရုန်းကန် ခဲ့ ရကာ အသင်း ကြီး တစ်သင်း ရဲ့ ခြေစွမ်း မျိုး ပြသ နိုင်ခြင်း မရှိ ခဲ့ ပါဘူး ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် အကြိမ် 20 မြောက် အမှတ်ပေး ဖလား ဆွတ်ခူးရေး မှာ အရေး ပါတဲ့ တိုက်စစ်မှူး ဖြစ်ခဲ့ ဖူးသူ ရော်ဘင် ဗန်ပါစီ က လက်ရှိ အသင်း ဟောင်း နည်းပြ ဆိုးလ်ရှား ရဲ့ ဘောလုံး ဒသန က ဘာလဲ ဆိုတဲ့ အပေါ် မေးခွန်း ထုတ်သွား ခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန် အထိ ယူနိုက်တက် အသင်း ဟာ အမှတ်ပေး ဖလား ပြိုင်ပွဲ မှာ 9 ပွဲ ကစား ထားခဲ့ ပေမယ့် သွင်းဂိုး 10 ဂိုး သာ ရရှိ ထားသေး သလို ယူရို ပါလိဂ် ပြိုင်ပွဲ မှာလည်း ပွဲစဉ် 3 ပွဲ ကစား ထားပြီး 2 ဂိုး ရယူ ထားနိုင် ခဲ့ ပါတယ် ။ ဒါတောင် ခံစစ် ကောင်းမွန် နေခဲ့ မှုကြောင့် ပေးဂိုး အရည် အတွက် တွေက ခံသာ တဲ့ အနေအထား တစ်ခု မှာ ရှိနေ ခဲ့ ပါတယ် ။

” သူတို့ ( ယူနိုက်တက် ) ဟာ ခက်ခဲ စွာနဲ့ ရာသီ တစ်ခု ကို စတင် ခဲ့ရ ပါတယ် ။ သူတို့ တွေ ဒီ ရာသီ အတွင်း ရုန်းကန် နေခဲ့ ရတာ ကို လူတိုင်း တွေ့မြင် နိုင် ပါတယ် ။ သူတို့ တွေဟာ ခံစစ် ကနေ ဘောလုံး တည် ကစား တာလည်း ကောင်းမွန် ခြင်း မရှိ ခဲ့ ပါဘူး ”

” သူတို့ လီဗာပူး အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့တဲ့ ပွဲစဉ် တုန်းက ခံစစ် ထိုင်ပြီး ကစား ခဲ့ ကြတာ ကမှ ပိုပြီး သင့်လျော် ကောင်းမွန် ဦးမယ် လို့ ကျွန်တော် ထင်မိ ပါတယ် ။ ဆိုးလ်ရှား ကိုယ်တိုင် က ခံစစ် ကနေ တည်ပြီး ကစား ကွက် ခင်းကျင်း ပါ့မယ် လို့ ပြောခဲ့ ဖူးလား ? ”

” အဲ့တာ တစ်ခု က ကျွန်တော့် အတွက် အတော်လေး မရှင်းလင်း သေးတဲ့ အရာ တစ်ခု ပါပဲ ။ အကယ်လို့ ခင်ဗျား ဟာ ယာဂင် ( ကလော့ပ် ) နဲ့ ပက် ( ဂွာဒီယိုလာ ) တို့ရဲ့ အသင်း ကို ကြည့်ရှု လိုက်မယ် ဆိုရင် နည်းပြ တွေက ဘာကို လိုချင် ကြ သလဲ ဆိုတာ သိသာ ထင်ရှား လှ ပါတယ် ” လို့ ဗန်ပါစီ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဗန်ပါစီ ဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း မှ ဆိုးလ်ရှား ရဲ့ လုပ်ဆောင်ချက် တွေနဲ့ ဘောလုံး ဒသန တွေကို မေးခွန်း ထုတ် သွားခဲ့ ပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာ လ တုန်းက ဟိုဆေး မော်ရင်ဟိုရဲ့ နေရာကို အစားထိုး ဝင်ရောက် လာ ခဲ့တဲ့ ဆိုးလ်ရှား ဟာ အသင်း ကို ဟန်ချက်ညီ စွာ ကိုင်တွယ် သွား နိုင်ဖို့ အတွက် အချိန် တွေကို ပိုင်ဆိုင် နိုင်ဖို့တော့ လိုအပ် သေးကြောင်း ထောက်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” လက်ရှိ ဆိုးလ်ရှား ဆက်ခံ နေခဲ့ ရတာ က သူ့ရဲ့ ကိုယ်ပိုင် အသင်း တစ်သင်း တော့ မဟုတ် ပါဘူး ။ ဒီ အသင်း က ဒေးဗစ် မိုယက်စ် ၊ လူးဝစ် ဗန်ဟားလ် နဲ့ ဟိုဆေး မော်ရင်ဟို တို့ရဲ့ ကစား သမား တွေနဲ့ ရောထွေး နေတဲ့ အသင်း တစ်သင်း ပါ ။ ဒါတွေ ကို ပြုပြင် ပြောင်းလဲ နိုင်ဖို့ အတွက် သူဟာ အချိန် တွေ လိုအပ် နေ ပါတယ် ” လို့ ဗန်ပါစီ က ထောက်ခံ သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar