အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ဒေါ့မွန် အသင်း ကနေ ချယ်လ်ဆီး သို့ ပေါင် ၅၈ သန်း နဲ့ ပြောင်းရွှေ့ လာဖို့ သဘော တူညီမှု ရခဲ့ကာ ဒီနှစ် ဘောလုံး ရာသီ မှာမှ ချယ်လ်ဆီး အသင်း နဲ့ စတင် ပူးပေါင်း ခဲ့ပါတယ် ။ ရာသီ အစပိုင်း မှာ ပူလီဆစ် ဟာ ချယ်လ်ဆီး အတွက် ပွဲထွက်ခွင့် တချို့ ရခဲ့ပေမယ့် နောက်ပိုင်း မှာ ဝီလီယံ ၊ အိုဒွိုင်း တို့ကြောင့် လမ်းပတ် ရဲ့ ဒုတိယ ဦးစားပေး ကစားသမား ဖြစ်လာ ခဲ့ပါတယ် ။

သို့ပေမယ့် လည်း နောက်ပိုင်း ပွဲစဉ် တွေမှာ လူစားဝင်ခွင့် တချို့ ရရှိ ခဲ့ပြီး ပူလီဆစ် ဟာ အဲဒီ အခွင့်အရေး တွေကို အပြည့်အဝ အသုံးချ ကာ ခြေစွမ်း ပြနိုင် ခဲ့ပါတယ် ။ အထူးသဖြင့် အေဂျက်ဇ် အသင်း နဲ့ ပွဲမှာ ၎င်းရဲ့ ခြေစွမ်း အပေါ်လွင်ဆုံး ဖြစ်ခဲ့ပြီး ဘတ်ရှူဝါရီ ရဲ့ တလုံးတည်းသော သွင်းဂိုး ကိုလည်း ဖန်တီး ပေးနိုင် ခဲ့ပါတယ် ။

လီဗာပူး အသင်း မန်နေဂျာ ဟောင်း ဂရေမီ ဆောင်းနက်စ် ကတော့ ပူလီဆစ် ရဲ့ ခြေစွမ်း ကို အထူး ချီးကျူး ပြောဆို ခဲ့ပြီး ၊ အခုလို ပူလီဆစ် အထ နှေးနေခြင်း ကို လက်ရှိ လီဗာပူး ကစားသမား ၂ဦး ဖြစ်တဲ့ နောက်ခံလူ အန်ဒီ ရောဘတ်ဆန် ၊ ကွင်းလယ်လူ ဖာဘင်ဟို တို့ရဲ့ လီဗာပူး သို့ ရောက်ရောက်ချင်း အခြေအနေ နဲ့ နှိုင်းယှဉ် သုံးသပ် ခဲ့ပါတယ် ။

ဆောင်းနက်စ် က ” အေဂျက်ဇ် နဲ့ ပွဲမှာ ချယ်လ်ဆီး အသင်း ဟာ ပွဲချိန် ကြာလာတာ နဲ့ အမျှ တိုက်စစ်ဆင်မှု က ပိုပြီး ကြောက်စရာ ကောင်းလာ ခဲ့ပါတယ် ။ အဲ့ဒီ မှာ ပူလီဆစ် လူစား ဝင်လာတယ် ၊ သူဟာ ဒီပွဲစဉ် ကို အလှည့်အပြောင်း ဖြစ်စေ ခဲ့ပါတယ် ။ ဝီလီယံ ရဲ့ စွမ်းဆောင်ရည် က တိတ်ဆိတ် နေခဲ့ပါတယ် ။ ကျွန်တော့ အမြင် မှာတော့ သူတို့ ဟာ ဒီ ပွဲကို အနိုင်ရဖို့ ထိုက်တန်တယ် လို့ ထင်ပါတယ် ။ ”

” အေဂျက်ဇ် ဟာ အိမ်ကွင်း မှာဆို အရမ်း ကစားပုံ ကောင်းတဲ့ အသင်း ဖြစ်ပေမယ့် သူတို့ဟာ အိမ်ရှင် အသင်း ကို ဖိအား မရှိပဲ တိုက်စစ် ဆင် ကစား နိုင်ခဲ့ပါတယ် ။ ခင်ဗျား တို့ အနေနဲ့ လီဗာပူး မှာ ရောဘတ်ဆန် ၊ ဖာဘင်ဟို တို့ စရောက် လာတုန်းက အခြေအနေ ကို တချက် ပြန်ပြီး စဉ်းစား ကြည့်ပါဦး ။ သူတို့ ၂ယောက်လုံး ဟာ စရောက်ရောက်ချင်း တုန်းက အချိန် အတော်ကြာ ကွင်း ဘေးစည်း ကနေပဲ ဘောလုံးပွဲ ကြည့်နေခဲ့ ရပါတယ် ။ ”

” အခုဆို ရောဘတ်ဆန် နဲ့ ဖာဘင်ဟို တို့ဟာ လီဗာပူး ရဲ့ ပထမ ဦးစားပေး ကစားသမား တွေ ဖြစ်လာကြပါပြီ ။ ပူလီဆစ် ဟာလည်း ဒီလို အခြေအနေ မျိုးကို ထပ်တူ မျှော်လင့် နေမယ် လို့ ထင်မိပါတယ် ။ ဘတ်ရှူဝါရီ ဂိုးမရခင် တုန်းကလည်း ပူလီဆစ် ဟာ အဝေး ကနေ ကန်သွင်း ခြိမ်းခြောက်ဖို့ ကြံခဲ့ ပါသေးတယ် ။ ဘောလုံး က ပြိုင်ဖက် ခံစစ် ကစားသမား တွေနဲ့ ထိပြီး ပြန်ထွက် လာခဲ့ကာ ဘတ်ရှူဝါရီ ဆီ ရောက်ခဲ့ပါတယ် ။ ”

” ဘတ်ရှူဝါရီ ကလည်း ဂိုးသမား ကို ကျော်ပြီး သွင်းယူဖို့ ကြိုးစား ခဲ့ပေမယ့် ဂိုးဘား ပေါ် ကျော်ခဲ့ ရပါတယ် ။ ဒါဟာ ပူလီဆစ် ရဲ့ ကြိုးစားမှု ကို ပေါ်လွင် စေခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ သူ့ကို ခေါ်ယူဖို့ အတွက် ငွေကြေး များစွာ အသုံးပြု ခဲ့ရပါတယ် ။ ဒီလို ကြယ်ပွင့် ကစားသမား တဦး ကို စျေးကြီးပေး မခေါ်ခင် သူ့ရဲ့ ခြေစွမ်း ကို လိုက်ပြီး အကဲခတ် ဖို့ တယောက်ယောက် နဲ့ ကင်းထောက် ရပါတယ် ။ ”

” သူ ဘယ်လောက် ကောင်းလဲ ဆိုတာ သေချာ မြင်ပြီးမှ စျေးကြီးပေးခေါ် ၊ ပြီးရင် မျှော်လင့်ချက် ကြီးကြီးမားမား ထားရတာပါ ။ ပူလီဆစ် ဟာ ချယ်လ်ဆီး ကို ရောက်နေတာ အချိန် အပိုင်းအခြား တခု အထိ ရှိလာပါပြီ ။ ဒါပေမယ့် ခင်ဗျား တို့ဟာ သူ ကစားခွင့် ရတာကို တော်ရုံ မတွေ့ခဲ့ရပါဘူး ။ ချယ်လ်ဆီး ပရိသတ် တွေလည်း ပူလီဆစ် ကို ရောဘတ်ဆန် ၊ ဖာဘင်ဟို လို ဖြစ်လာဖို့ မျှော်လင့်ကောင်း မျှော်လင့် ကြမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR