မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှား ဟာ ပြီးခဲ့တဲ့ တစ်ပါတ်က ခါးသီး ပြိုင်ဖက် လီဗာပူး အသင်း ကို ရင်ဆိုင် ကစား ရတဲ့ ပွဲစဉ် မတိုင်မီ သွေးပူ လေ့ကျင့်ခန်း ပြုလုပ်ရေး အစီအစဉ် မှာ နောက်ခံလူ တွမ်ဇီဘီ ဒဏ်ရာ ရရှိ သွားခဲ့ တာကြောင့် ခံစစ်မှာ ကစားသမား သုံးယောက် ထား ကစား စေခဲ့ ပါတယ် ။

အဲ့ဒီနောက် ကြာသပတေး နေ့က ပါတီဇန် ဘဲလ်ဂရိတ် အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာလည်း ဆိုးလ်ရှား ဟာ ခံစစ် အတွက် မက်ဂွားယား ၊ ဖီးလ် ဂျုံးစ် နဲ့ မားကို့စ် ရိုဟို တို့ကို သုံးစွဲ ခဲ့ပြီး သုံးယောက် တန်း ခံစစ် ဖြစ်တဲ့ 3 – 4 – 1 – 2 ဆိုတဲ့ ကစား ကွက် ကို အသုံး ပြုခဲ့ ပြန် ပါတယ် ။

အခုတော့ နောဝှစ်ချ် အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲ မှာ ဆိုးလ်ရှား က နောက် တစ်ကြိမ် အဖြစ် ခံစစ် ကစားသမား သုံးယောက် ထားပြီး တိုက်စစ် ကစားသမား နှစ်ဦး ပူးတွဲ အသုံးပြု သွားဖို့ ဆန္ဒ ရှိနေ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အသင်း မှာ ဒဏ်ရာ ပြသနာ တွေ ကြံုတွေ့ ခဲ့ရ စဉ်က ကျွန်တော် တို့ဟာ ရလဒ် ကောင်းတွေ မရယူ နိုင် ခဲ့တဲ့ အနေအထား ကို ရောက်ရှိ ခဲ့တယ် လို့ ထင် ပါတယ် ။ အဲ့ဒီ အချိန် ကျွန်တော် တို့ အသင်း မှာ ကြံ့ခိုင်မှု ပြည့်ဝ ပြီး အရည်အသွေး ကောင်းမွန် လှတဲ့ ဗဟို ခံစစ် ကစားသမားတွေ ရှိနေ ခဲ့တယ် လေ ။ အဲ့တာ ကြောင့်လည်း လီဗာပူး ၊ ပါတီဇန် အသင်း နဲ့ ပွဲစဉ် တွေမှာ ခံစစ် သုံးယောက် နဲ့ ကစား ဖို့ ဆိုတာ လွယ်ကူ တဲ့ ဆုံးဖြတ်ချက် တစ်ရပ် ဖြစ်စေ ခဲ့ ပါတယ် ”

” ဆာဂျီယို ရိုမဲရိုး ဟာ ကမ႓ာ့ ဖလား ဖိုင်နယ် ကစား ဖူး သလို နောက်တန်း သုံးယောက် ပါတဲ့ ခံစစ် နဲ့ အတူ ရိုဟို ဟာလည်း ကမ႓ာ့ ဖလား ဖိုင်နယ် ကို ကစား ခဲ့ဖူး ပါတယ် ။ ပြီးတော့ ဖီးလ် ဂျံုးစ် နဲ့ မက်ဂွားယား တို့က ဆီမီး ဖိုင်နယ် အထိ ကစား နိုင်ခဲ့ဖူး ကြ ပါတယ် ။ ဒဏ်ရာ ပြသနာ တွေက ကျွန်တော် တို့ကို အခု လို လမ်းကြောင်း အပေါ် ရောက်ရှိ စေခဲ့ ပေမယ့် ဒါဟာ အတော်လေး အသုံး တည့်ခဲ့ ပါတယ် ”

” ဒါဟာ သေချာပေါက် ဖြစ်ပေါ် လာပါ လိမ့်မယ် ။ ကျွန်တော် တို့ တိုက်စစ် နှစ်ယောက် ထာပြီး ကစား တဲ့ အချိန် မှာ ပြိုင်ဖက် ကို ပိုပြီး အန္တရာယ် ပေးနိုင် ခဲ့ကြ ပါတယ် ။ မာကပ်စ် ရပ်ရှ်ဖို့ နဲ့ ဒန်နီယယ် ဂျိမ်းစ် တို့ဟာ လီဗာပူူ ကို ဒုက္ခ ပေးနိုင် ခဲ့ ကြတယ် လို့ ကျွန်တော် ထင် ပါတယ် ။ ဒါ့ကြောင့် ဘယ်သူ ကြံ့ခိုင် သလဲ ဆိုတာ က အရေးကြီး ပါတယ် ။ ပါတီဇန် နဲ့ ပွဲစဉ် မှာ ဂရင်းဝုဒ် လည်း အဲ့ဒီ နေရာ မှာ ကစား လို့ ရနိုင် ပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အကယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်း သာ နောဝှစ်ချ် အသင်း နဲ့ ကစား ရမယ့် ပရီးမီးယား လိဂ် ပွဲစဉ် မှာ 3 – 4 – 1 – 2 ဆိုတဲ့ ကစား ကွက်ကို ဆက်လက် အသုံးပြု ဦးမယ် ဆိုရင် တော့ နံပါတ် 10 နေရာ မှာ ဘယ်သူ့ ကို ထားပြီး ကစား ရ မလဲ ဆိုတာ က အရေး ပါတဲ့ အရာ တစ်ခု ဖြစ်လာ နိုင်ပါ လိမ့်မယ် ။ ဒီအတွက် ဆိုးလ်ရှား က …

” ဒန်နီယယ် ဂျိမ်းစ် ဟာ မတူညီ တဲ့ နေရာ အတော် များများ မှာ ပါဝင် ကစား ပေးနိုင် တဲ့ ကစားသမား တစ်ဦး ဖြစ် ပါတယ် ။ ဒါ့အပြင် ပါရဲရား ၊ မာတာ နဲ့ လင်ဂတ် တို့ ဟာလည်း နံပါတ် 10 ကစားသမား နေရာ မှာ ကစား ပေးနိုင် ကြ ပါတယ် ။ ဒီ အတွက် တိုက်စစ် ကစားသမား နှစ်ဦး ရဲ့ အနောက် မှာ ကစား ပေးနိုင် မယ့် ကစားသမား များစွာ ကျွန်တော် တို့ ပိုင်ဆိုင် ထားတယ် လို့ ဆိုရ ပါ့မယ် ။ ဒီအတွက် ဘယ်သူ က အပြည့်အဝ ကြံ့ခိုင် မလဲ ၊ ဘယ်သူ က ပုံစံ ကောင်းမှာ ရှိနေ မလဲ ၊ ဘယ်သူ က နောဝှစ်ချ် နဲ့ ပွဲ အတွက် အကောင်းဆုံး ဖြစ်နိုင် မလဲ ဆိုတာ ကို ကျွန်တော် တို့ ဆုံးဖြတ် ကြရ ပါ့မယ် ”

” သူတို့ တွေဟာ ဒီရာသီ အတွင်း နယူးကာဆယ် နဲ့ မန်စီးတီး အသင်း တွေကို အနိုင် ရယူ နိုင်ခဲ့ ကြ ပါတယ် ။ သူတို့ တွေဟာ ဘယ်လို ကစား လိုကြ သလဲ ဆိုတာကို ရှင်းလင်းစွာ သိရှိထား တဲ့ ဘောလုံး ဒသန ကို ပိုင်ဆိုင် ထားကြ ပါတယ် ။ ဒါ့ကြောင့် သူတို့ ကွင်းကို သွားရောက် ကစား ရဖို့ ဆိုတာ ခက်ခဲ လိမ့်မယ် လို့ ကျွန်တော် ထင် ပါတယ် ။ ကျွန်တော် တို့ အဲ့တာ ကို ရပ်တန့် နိုင် လိမ့်မယ် လို့ မျှော်လင့် နေ ပါတယ် ”

” ကျွန်တော် တို့ဟာ အဲ့ဒီ ပွဲစဉ် အတွက် အခု အဆင်သင့် ဖြစ်နေ ကြ ပါပြီ ။ ဘစ်ဆာကာ နဲ့ မာရှယ် တို့ဟာ အသင်း အတွက် မကစား နိုင်ခဲ့ ကြတာ ကြာပြီ ဖြစ်တာ ကြောင့် ဘဲလ်ဂရိတ် နဲ့ ပွဲမှာ သူတို့ တွေကို မိနစ် 60 လောက်ပဲ ကစားဖို့ ကျွန်တော် တို့ တွေးခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့ တွေဟာ အခွင့် အရေး တွေကို ပိုင်ပိုင် နိုင်နိုင် အသုံးချ ဖို့ လိုအပ် နေတာ ကြောင့် ဒီ ပွဲစဉ် ကို လန်းဆန်း တက်ကြွ မှု အပြည့် နဲ့ ကစား နိုင်ဖို့ မျှော်လင့် နေ ပါတယ် ” လို့ ဆိုးလ်ရှား က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar