မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ 2019 – 20 ဘောလုံး ရာသီ အတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲ မှာ ပွဲစဉ် 9 ပွဲ ကစား ခဲ့တဲ့ နောက် သွင်းဂိုး 10 ဂိုး ၊ ရမှတ် 10 မှတ် နဲ့ အတူ အမှတ် ပေး ဇယား အဆင့် 14 နေရာ ၊ တန်းဆင်ဇုန် အထက် 2 မှတ် အကွာ မှာ ရပ်တည် ခဲ့ရ ပါတယ် ။

ဒါ့အပြင် ယူရို ပါလိဂ် ပြိုင်ပွဲ ရဲ့ အုပ်စု အဆင့် မှာလည်း ပွဲစဉ် 3 ပွဲ ကစား ပြီးတဲ့ နောက် ယူနိုက်တက် အသင်း ဟာ သွင်းဂိုး 2 ဂိုးသာ သွင်းယူ ရင်း 1 – 0 ဆိုတဲ့ ကျဉ်းမြောင်း တဲ့ နိုင်ပွဲ နှစ်ပွဲ နဲ့ 0 – 0 ဆိုတဲ့ သရေ ပွဲစဉ် တစ်ပွဲ သာ ပိုင်ဆိုင် ထားနိုင် ခဲ့ကာ စိတ်ပျက်ဖွယ် တိုက်စစ် ကစားဟန် ပိုင်ဆိုင် ခဲ့ရ ပါတယ် ။

ဒီ ရာသီ မှာတော့ ယူူနိုက်တက် အသင်း ဟာ မက်ဂွားယား နဲ့ ဘစ်ဆာကာ တို့ကို ခေါ်ယူ ပိုင်ဆိုင် ခဲ့မှု တွေကြောင့် ခံစစ် ကစားပုံ ထူးခြား ကောင်းမွန် လာခဲ့ ပေမယ့် အားထား ရတဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာ ဒဏ်ရာ ပြသနာ တွေ ကြုံတွေ့ နေရ တဲ့ အချိန် တွေမှာ ယူနိုက်တက် ကွင်းလယ် ဟာ တိုက်စစ် အတွက် အခွင့် အရေး ဖန်တီး ပေးနိုင် မှု နည်းပါး ခဲ့ ပါတယ် ။

pogba

ဒါ့အပြင် ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ ကစား ခဲ့တဲ့ ယူရို ပါလိဂ် ပွဲစဉ် 2 ပွဲမှာ ကစား ကွက်မှ တစ်ဆင့် အခွင့် အရေး ရရှိ ပြီး ပြိုင်ဖက် ဂိုးပေါက် ကို ခြိမ်းခြောက် မှု တစ်ကြိမ် မှု မပြုလုပ် နိုင်တဲ့ ပွဲစဉ် 2 ပွဲ အထိ တောင် ပိုင်ဆိုင် ထားခဲ့ ရတာ ကြောင့် ယူနိုက်တက် တိုက်စစ် ရဲ့ စွမ်းဆောင်ရည် ဟာ မေးခွန်း ထုတ်ခံ နေခဲ့ ရ ပါတယ် ။

အခုတော့ အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တို့ရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်သူ ရော်ဘင် ဗန်ပါစီ က ဆိုးလ်ရှား လက်အောက် မှာ ကစား နေ ကြတဲ့ တိုက်စစ် ကစား သမား တွေ အတွက် တစ်ကယ် ပဲ ဝမ်းနည်းစိတ် ဖြစ်ပေါ် မိတဲ့ အကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” လက်ရှိ အခိုက်အတန့် တွေမှာ ဒီ အသင်းရဲ့ တိုက်စစ် ကစား သမား တစ်ဦး အဖြစ် ပါဝင် ကစား ရဖို့ ဆိုတာ တစ်ကယ့် ကို ခက်ခဲ လှတဲ့ အရာ တစ်ခု ပါပဲ ။ ဘာဖြစ် လို့လဲ ဆိုတော့ တိုက်စစ် ကစားသမား တစ်ဦး အနေ နဲ့ ဘောလုံး ဟာ ခင်ဗျား ဆီကို လာ နေတယ် ဆိုတဲ့ ခံစားချက် ကို ခင်ဗျား ပိုင်ဆိုင် ချင်တယ်လေ ”

” လက်ရှိ အနေအထား အရ တော့ ယူနိုက်တက် ရဲ့ တိုက်စစ် ကစားသမား တွေဟာ ဘောလုံး လက်ခံ ရရှိ လိမ့်မယ် ဆိုတဲ့ ခံစားချက် မျိုး ကျွန်တော့် ဆီမှာ ဖြစ်ပေါ် မနေ ပါဘူး ။ ဒီ အတွက် ကွင်းလယ် ကစားသမား တွေ အနေ နဲ့ တိုက်စစ်မှူး တွေ အခွင့် အရေး များများ ပိုင်ဆိုင် နိုင် စေဖို့ အလုပ် များများ လုပ်ဆောင် ကြရ ပါ့မယ် ”

” အခု ပွဲစဉ် တွေမှာ တော့ သူတို့ တွေဟာ အခွင့် အရေး များများ မဖန်တီး နိုင်ခဲ့ ကြ ပါဘူး ။ ပွဲစဉ် အတွင်း အသင်း က အခွင့် အရေး တစ်ကြိမ် ရရှိ ခဲ့တယ် ၊ ဒါပေမယ့် အဲ့တာ က ပင်နယ်တီ ကန်ခွင့် သာ ဖြစ်ခဲ့ ရတယ် ဆိုတာ ကောင်းမွန် တဲ့ အရာ မဟုတ် ပါဘူး ”

” ဒုတိယ ပိုင်းမှာ ဆိုရင် သူတို့ တွေဟာ အခွင့် အရေး 3 ကြိမ် ပဲ ရရှိ ထားခဲ့ ကြ ပါတယ် ။ သူတို့ ဒီထက် ပိုပြီး လုပ်ဆောင် နိုင်သင့် ပါတယ် ။ ကျွန်တော် ဟာ သူတို့ တွေကို ဒီထက် ပို ကောင်းအောင် ကစား စေလိုနေ ပါတယ် ။ ဒါပေမယ့် ဒုတိယ ပိုင်းမှာ သူတို့ ဘာမှ မလုပ်နိုင် ခဲ့ကြ ပါဘူး ။ တိုက်စစ်မှူး အတွက် တော့ ဒါဟာ ဝမ်းနည်း စရာ ပါပဲ ” လို့ ဗန်ပါစီ က ပြောကြား သွားခဲ့ ပါတယ် ။

ယူနိုက်တက် ကွင်းလယ် ဂန္ဓဝင် ပေါလ် စခိုးလ် ကလည်း လက်ရှိ အသင်း ဟောင်းရဲ့ တိုက်စစ် ကစား နေခဲ့ ပုံနဲ့ ပတ်သက် ပြီး …

” သူတို့ တွေ အတွက် ဂိုးတွေ ရယူ နိုင်ဖို့ အကောင်းဆုံး မျှော်လင့်ချက် က မားကပ်စ် ရပ်ရှ်ဖို့နဲ့ ဒန်နီယယ် ဂျိမ်းစ် တို့ ဖြစ်ခဲ့ ကြ ပါတယ် ။ ကောင်တာ တိုက်စစ် ကနေ ဆိုပါတော့ ။ ပွဲစဉ် တွေ အတွင်း သူတို့ တွေဟာ ဘောလုံး များစွာ ရရှိ ဖို့ လိုအပ် သလို ဒီထက် ပိုပြီး ဉာဏ်ကောင်း ဖို့ လိုအပ် ပါတယ် ” လို့ သုံးသပ် သွားခဲ့ ပါတယ် ။

#Sports_Myanmar