ဆွီဒင်နိုင်ငံ ဘောလုံး သမိုင်း ရဲ့ အကြီးကျယ် အခန်းနားဆုံး ကစား သမား ကြီးတဦးလို့ တောင် ဆိုစမှတ်ပြုရမယ့် မိုဗစ်ဟာ ဥရောပ ထိပ်တန်းလိဂ်
တွေရဲ့ အသင်းကြီး အများအပြားမှာ ကစားခဲ့ ဖူးသလို ဆုဖလားအောင်မြင် မှု အများအပြားကို အံ့မခန်းသွင်းဂိုးအရေအတွက်နဲ့အတူ ရယူထားနိုင်ခဲ့တာ
ဖြစ်ပါတယ်။

သူဟာ အခုချိန်မှာ အသက် ၃၈ နှစ်အတွင်းကို ဝင်ရောက်နေပြီ ဖြစ်ပေမယ့် နတ်ဘုရားကြီး မိုဗစ်ရဲ့ သွင်းဂိုးတွေ နဲ့ ခြေစွမ်းကောင်းတွေက ရပ်တန့်ခြင်း မရှိသေးပါဘူး။သူဟာ အခုချိန် မှာ မေဂျာလိဂ်ကလပ် LA ဂလက်စီအသင်းမှာကစားနေပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦးအဖြစ် ရှိနေတာဖြစ်ပါတယ်။

မိုဗစ်ဟာ ၂၀၁၈ ခုနှစ်မှာ ယူနိုက်တက် အသင်းက နေထွက်ခွာလာခဲ့ပြီး LA ဂလက်စီ အသင်းကို ရောက်လာခဲ့တာဖြစ်ပါတယ်။သူ ဟာ အခုထိ မေဂျာလိဂ်ပွဲစဉ် ၅၆ ပွဲကစားပေးထားအပြီးမှာ ၅၂ဂိုး
အထိ သွင်းယူပေးထားပါတယ်။သူဟာ ဒီရာသီမေဂျာလိဂ်ပွဲစဉ်တွေမှာ အံ့မခန်း
တိုက်စစ်စွမ်းရည်မျိုးပြသနိုင်ခဲ့ပြီး ၂၉ပွဲကစား ဂိုး ၃၀ နဲ့ ဖန်တီးမှု ရကြိမ်အထိ
စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

LA ဂလက်စီ အသင်းကို မေဂျာလိဂ် အနောက်ပိုင်းဇုံမှာ အဆင့် ၅နေရာနဲ့ ပန်းဝင်နိုင်အောင် စွမ်းဆောင်ပေးခဲ့တာကြောင့် လည်း မေဂျာလိဂ် ဖလား ပြိုင်ပွဲရဲ့ မာရှုံးထွက် အဆင့်ကို တက်ရောက်နိုင် ခဲ့ပါတယ်။ဒါပေမယ့် ယနေ့ နံနက်ပိုင်းမှာ ကစားခဲ့တဲ့ LAFC နဲ့ ဆီမီးဖိုင်နယ်အဆင့်ပွဲမှာ၅-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ရလို့ ပြိုင်ပွဲကနေထွက်ခဲ့ရပြီဖြစ်ပါတယ်။

ဒီပွဲဟာ မေဂျာလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ် မှူးတွေ ဖြစ်တဲ့ ဒေးဗစ်ဗီလာ နဲ့ မိုဗစ်တို့ ထိပ်တိုက်တွေ့ခဲ့တဲ့ ပွဲလည်းဖြစ်
ပြီး အားလုံးက စိတ်ဝင်တစားစောင့် ကြည့် ခဲ့ကြတာဖြစ်ပါတယ်။ဒီပွဲမှာ ဗီလာက ၂ဂိုး မိုဗစ်က တဂိုးသွင်းယူနိုင်ခဲ့ပြီး အကြိတ်အနယ်ပွဲကောင်းတပွဲဖြစ်ခဲ့ပါတယ်။

မိုဗစ်ဟာ LA ဂလက်စီ အသင်းနဲ့ အခုနှစ် ဒီီဇင်ဘာ လအထိ သာစာချုပ်သပ်တမ်းရှိနေတာဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ထက် ဥရောပကို ပြန်ဖို့ရှိနေတယ် ဆိုတဲ့ သတင်းတွေလည်းထွက်နေခဲ့တာဖြစ်ပါတယ်။ဒီဆွီဒင်သားကြီးကို စီးရီးအေ ရဲ့ ထိပ်သီးအသင်းတွေက အပြိုင်ချိတ်ဆက်နေကြတာလည်းဖြစ်ပါတယ်။

မိုဗစ်ဟာ ဒီရာသီ မေဂျာလိဂ်ရဲ့ အထွန်းတောက်ဆုံး ကစားသမားဖြစ်ခဲ့တာကြောင့်လည်း LA ဂလက်စီ အသင်းနဲ့ သက်တမ်းတိုးဖွယ်ရှိနေသေးပြီး ငွေရေးကြေးရေးက အဓိက နေရာကနေ ပါဝင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ဒါပေမယ့်သူသာမရှိတော့ ရင် မေဂျာလိဂ်ကို လူတွေစိတ်မဝင်စားတော့ပဲ မေ့မေ့ပျောက်ပျောက်တောင် ဖြစ်သွားကြလိမ့်မယ် ပြောသွားခဲ့ပါတယ်။

LAFC နဲ့ ပွဲအပြီး အင်တာဗျူးတခုမှာ
မိုဗစ်က – ” စာချုပ် သက်တမ်းတိုးဖို့ ဆိုတာ ငွေရေးကြေးရေးက အဓိက ကျမှာ
မဟုတ်ပါဘူး။ကျွန်တော်အခုစာချုပ်၂လ ကျန်နေပါသေးတယ်။ဘာတွေဖြစ်သွားမယ်ဆိုတာ ကျွန်တော်တို့ မြင်ရပါလိမ့်မယ်။

ကျွန်တော်သာ ဒီအသင်းမှာ ဆက်နေဖြစ်ခဲ့ရင်တော့ မေဂျာလိဂ်ပြိုင်ပွဲကြီး အတွက် လည်း တကယ်ကောင်းပါတယ်။ဘာ
ကြောင့် လည်းဆိုတော့ တကမ္ဘာလုံးက စောင့်ကြည့်ကြလိမ့်မှာ ဖြစ်လို့ပါပဲ။တကယ်လို့ ကျွန်တော်သာ ဆက်မနေဖြစ်ရင်တော့ ဘယ်သူကမှ မေဂျာလိဂ် ပြိုင်ပွဲဆိုတာကို အမှတ်ရကြတော့မှာ မဟုတ်ပါဘူး ” လို့ပြောခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာ မိုဗစ်ကို စိတ်ဝင်စားနေတဲ့ လေသံ အပစ်ဆုံး စီးရီးအေ အသင်းကတော့ နာပိုလီ ပဲဖြစ်ပါတယ်။ဗီရိုနာ
နဲ့ ပွဲအပြီး အင်တာဗျူး တခုမှာ နာပိုလီ နည်းပြကြီး အန်ဆယ်လော့တီက –
” ကျွန်တော်တို့ ညတွင်းချင်းပဲ သူ ( မိုဗစ် ) ကိုဖုန်းခေါ်မှာဖြစ်ပါတယ်။သူ့ကိုကျွန်တော်တို့က စောင့်မျှော်နေတယ်လို့ လည်းပြောမှာဖြစ်ပါတယ်။

သူဟာ မေဂျာလိဂ် ၂၉ပွဲ ကစား ၃၀ဂိုး
လောက်သွင်းထားတာကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ဒါကြောင့်လည်း
မြင့်မားတဲ့ ကမ်းလှမ်းမှုမျိုးလုပ်ဆောင်မှာဖြစ်ပါတယ်။သူနဲ့စကားပြောပြီးရင်
ဘာဖြစ်လာမယ်ဆိုတာကို ခင်ဗျားတို့ကို အသိပေးမှာပါ ” လို့ အရွှန်းဖောက်ပြောဆိုထားခဲ့သေးတာဖြစ်ပါတယ်။