Pulliscic

ချယ်လ်ဆီး အသင်း ရဲ့ အမေရိကန် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ခရစ်တီယန် ပူလီဆစ် ဟာ နောက်ပိုင်း ကစား ခဲ့တဲ့ ပွဲစဉ် တချို့ မှာ လူစားဝင် ကစားကာ ခြေစွမ်း ပြနိုင် ခဲ့ပါတယ် ။ ချယ်လ်ဆီး ပရိသတ် တွေကတော့ ၎င်းကို ယနေ့ ည မှာ ရင်ဆိုင် ကစားမယ့် ဘန်လေ အသင်း နဲ့ ပွဲစဉ် မှာ ပွဲထုတ်ပေးဖို့ အတော်လေး မျှော်လင့် နေကြပါတယ် ။

ဘောလုံးပွဲ သုံးသပ်သူ ၊ ကစားသမား ဟောင်း တွေကလည်း ပူလီဆစ် ဟာ ချယ်လ်ဆီး အတွက် ပွဲထွက်ခွင့် ပြန်ရနိုင်မယ့် ခြေစွမ်းမျိုး ပိုင်ဆိုင် ထားပြီ လို့ သုံးသပ် နေကြတာကြောင့် ချယ်လ်ဆီး နည်းပြ လမ်းပတ် ဟာ ယနေ့ည ပွဲမှာ ပူလီဆစ် ကို နောဝှစ်ချ် နောက်ပိုင်း ပထမဆုံး ပွဲထွက်ခွင့် ပြန်ပေး နိုင်မလား စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က ပူလီဆစ် ဟာ အခု ရက်သတ္တပတ် အတွင်း ပွဲစဉ် တွေက စွမ်းဆောင်ရည် တွေ အရ ပွဲထွက်ခွင့် နဲ့ ထိုက်တန် နေပြီ ဆိုပေမယ့် ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ဝီလီယံ တို့ဟာလည်း ပွဲထွက်ခွင့် နဲ့ ထိုက်တန် တဲ့ ကစားသမား တွေ ဖြစ်ကြောင်း ၊ ယနေ့ည ဘန်လေ နဲ့ ပွဲမှာ ပူလီဆစ် ကို ပွဲထုတ် ပေးဖို့ ထည့်သွင်း စဉ်းစား ထားကြောင်း ဆိုခဲ့ပါတယ် ။

့လမ်းပတ် က ” အခု နောက်ပိုင်း ရက်သတ္တပတ် အတွင်း ကစား ခဲ့တဲ့ ပွဲစဉ် တွေက ခရစ်တီယန် ရဲ့ ကြိုးစားမှု နဲ့ ခြေစွမ်း တွေကို ကြည့်ရင် သူဟာ ပွဲထွက်ခွင့် နဲ့ ထိုက်တန်နေပြီ လို့ ယေဘူယျ သတ်မှတ် လို့ ရပါတယ် ။ ဒါပေမယ့် သူ့ အပြင် တခြား အသင်းသား တွေမှာလည်း ပွဲထွက်ခွင့် နဲ့ ထိုက်တန်မှု ရှိနေပါတယ် ။ ဒီလို ပွဲထွက် ကစားသမား ရွေးချယ် ရ ခက်ခဲမှု အပေါ် ကျွန်တော် အတော်လေး ဝမ်းသာ မိပါတယ် ။ ”

” ပြီးခဲ့တဲ့ အေဂျက်ဇ် နဲ့ ပွဲမှာ ခရစ်တီယန် လူစားဝင် ကစားပြီး ထူးခြားတဲ့ စွမ်းဆောင်ရည် တခုခု ထုတ်ပြ နိုင်ခဲ့တာ အရမ်း ကောင်းပါတယ် ။ မှန်ပါတယ် ။ သူ့ရဲ့ ပွဲထွက်ခွင့် တွေ ပြန်လာတော့မှာပါ ။ ဒါပေမယ့် သူ ချယ်လ်ဆီး ကို ရောက်ရှိ နေချိန် မှာ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း လို လူငယ် ခြေတက် ကစားသမား ကောင်း တယောက် နဲ့ ဝီလီယံ လို အတွေ့အကြုံရင့် တောင်ပံ ကစားသမား တယောက် ရှိနေတာက သူ့ကို ပွဲထွက်ခွင့် အတွက် ပိုပြီး ရုန်းကန် စေခဲ့ရပါတယ် ။ ”

” သူတို့ ၂ယောက်လုံး ဟာ ကျွန်တော့ အတွက် ရွေးချယ်မှုကောင်း တွေ ဖြစ်ပါတယ် ။ ခရစ်တီယန် ဟာလည်း ပိုပိုပြီး တိုးတက် လာသလို ၊ အသင်း နဲ့လည်း ပိုပြီး အချိတ်အဆက် မိလာပါတယ် ။ ခင်ဗျား တို့ပဲ အရင် က ပြောခဲ့ကြတာ ရှိပါတယ် ။ ချယ်လ်ဆီး ကို ပြောင်းရွှေ့ လာတဲ့ ကစားသမား တွေကို အသင်း နဲ့ အသားကျဖို့ အချိန် အတိုင်းအတာ တခု ပေးရပါမယ် ။ ခရစ်တီယန် ဟာ အခု အချိန် မှာ ကစားပုံ အရမ်း ကောင်းနေပါတယ် ။ ဒါကြောင့်မို့ ကျွန်တော့ ရဲ့ ပွဲထွက် ကစားသမား ရွေးချယ်မှု အထဲမှာ ပါဝင် လာနိုင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က လက်ရှိ မှာ လူငယ် ကစားသမား တွေ တမဟုတ်ချင်း တိုးတက် လာတာနဲ့ ပတ်သက်ပြီး ” အခုလို လူငယ် ကစားသမား တွေ အသင်း နဲ့ ချက်ချင်း အသားကျ လာတာကို ကျွန်တော် အံ့သြမိလား ? မပြောတတ်ပါဘူး ။ သူတို့တွေ ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ နဲ့တော့ လုံးဝ အစိမ်း သက်သက် ဖြစ်ပါတယ် ။ ကျွန်တော့ အနေနဲ့ ပြောရရင် တော့ ကျွန်တော် ဟာ ချန်ပီယံလိဂ် အတွေ့အကြံု အများအပြား ရှိတာကြောင့် လူငယ် တွေ အဖို့ ဒီ ပြိုင်ပွဲ ဟာ ဘယ်လောက် အထိ ဖိအား များနိုင်လဲ ဆိုတာ သိပါတယ် ။ ”

” အခု အသင်း က လူငယ် တွေဟာ ဒီလို ခက်ခဲတဲ့ ပြိုင်ပွဲ တွေကို အံ့အားသင့်စွာ လိုက်လျော ညီထွေ ဖြစ်အောင် ကစား နိုင်ခဲ့ပါတယ် ။ ဒါတွေက ကျွန်တော့ ကိုတော့ မအံ့သြ စေမိပါဘူး ။ ဒီနှစ် ဘောလုံး ရာသီ စ ကတည်းက ကျွန်တော် သူတို့ကို အပြည့်အဝ ယုံကြည် ပြီးသားပါ ။ ဒါကြောင့်မို့ ရာသီကြို ခရီးစဉ် ကတည်းက အသင်း အတွက် ကစားပေးမယ့် ကစားသမား စာရင်း ကို သေချာ ဆုံးဖြတ် ထားခဲ့တာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR
Hein Htet Aung