မနေ့ က ပေါ်တူဂီ လက်ရွေးစင် အသင်း နဲ့ အတူ ဥရောပ နေးရှင်း လိဂ် ပြိုင်ပွဲ ရဲ့ ပထမ ဆုံး ချန်ပီယံ ဖြစ်လာ ခဲ့တဲ့ နောက် ဂျူဗင်တပ် အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ စီ ရော်နယ်ဒို က Balloon D’Or ဆု ရယူ ဆွတ်ခူး နိုင်ရေး နဲ့ ပတ်သက် လို့ သူ့ရဲ့ မျှော်လင့်ချက် တွေကို ချပြ သွားခဲ့ လိုက် ပါတယ် ။

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ် ကစားသမား ဖြစ်သူ ဟာ အသက် 34 နှစ် အရွယ် ရောက်ရှိ နေပြီ ဖြစ်တာ တောင် လက်ရှိ အချိန် အထိ တည်ငြိမ်တဲ့ ခြေစွမ်း ကို ကစားသမား ဘဝ တစ်လျောက် ဆက်တိုက် ထိန်းသိမ်း ထားနိုင် ခဲ့တဲ့ အတွက် ချီးကျူး မှု တွေ ဆက်တိုက် ခံနေ ခဲ့ရ သူပဲ ဖြစ် ပါတယ် ။

” ကျွန်တော် ဆိုးရွား စွာ ကစား ခဲ့တဲ့ အချိန် ဆိုတာ မျိုး မရှိ ခဲ့ရ ပါဘူး ။ ကျွန်တော် နဲ့ ပတ်သက် လို့ အမှန်တရား တွေကို ပြီး ခဲ့တဲ့ 16 နှစ် အတွင်း မှ ကိန်း ဂဏန်း တွေက စကား ပြောကြ ပါ လိမ့်မယ် ”

FUTEBOL – Cristiano Ronaldo durante o encontro Portugal vs Holanda que decorreu esta noite no EStadio do Dragao e que apura o campeao da Liga das Nacoes . Domingo 9 de Junho de 2109. PAULO SANTOS /ASF

” ကျွန်တော့် ရဲ့ ကစားသမား ဘဝ တစ်လျောက် အရေး ပါခဲ့ ပုံ ကို လူတွေ အားလုံး ပြောကြား နေခဲ့ ကြ သလို ကိန်း ဂဏန်း တွေက လည်း ထင်ထင် ရှားရှား သက်သေ ပြ စကား တွေ ပြောခဲ့ ကြ ပါတယ် ” လို့ စီ ရော်နယ်ဒို က ဆိုသွား ခဲ့လိုက် ပါတယ် ။

2016 ခုနှစ် တုန်းက ပေါ်တူဂီ အသင်း နဲ့ အတူ ယူရို 2016 ချန်ပီယံ ဖြစ်ခဲ့ တဲ့ စီ ရော်နယ်ဒို ဟာ လက်ရှိ 2019 မှာ နေးရှင်း လိဂ် ချန်ပီယံ ဖြစ် ခဲ့တဲ့ နောက်မှာ လက်ရွေးစင် အသင်း နဲ့ အတူ 2 ကြိမ်တိုင် ဥရောပ ချန်ပီယံ ဖြစ်နိုင် ခဲ့ ပါပြီ ။

” အရာရာ တိုင်းက အကူအညီ ဖြစ်စေ ခဲ့ ပါတယ် ။ အသင်း နဲ့ အတူ ရရှိ ခဲ့တဲ့ ဆု ဖလား တွေနဲ့ တစ်ကိုယ်တော် ဆု တံဆိပ် တွေရော ပေါ့ ။ ဒါပေမယ့် ဆု ဖလား တွေက ကျွန်တော့် စိတ်ထဲ စွဲ နေတဲ့ အရာ တွေတော့ မဟုတ် ပါဘူး ”

” အမှန်အတိုင်း ပြော ရမယ် ဆိုရင် တော့ ကျွန်တော် ဟာ ဆု ဖလား တွေကို နှစ်သက် လှ ပါတယ် ။ ကျွန်တော် အဲ့တာ ကိုတော့ လိမ်ညာ ပြောဆို သွားမှာ မဟုတ် ပါဘူး ” လို့ စီ ရော်နယ်ဒို က ဆိုသွား ခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန် မှာတော့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဆု အတွက် စီ ရော်နယ်ဒို ရဲ့ မဟာ ပြိုင်ဖက် ဖြစ်သူ လီယွန်နယ် မက်ဆီ ဟာ ရေပန်း အစားဆုံး ဖြစ်နေ ခဲ့ ပါတယ် ။ ဒါပေမယ့် စီ ရော်နယ်ဒို အခုလို နိုင်ငံ့ အသင်း နဲ့ အတူ ဆု ဖလား ရယူ နိုင်ခဲ့ ခြင်းက သူ့ကို ဆန်ကာတင် စာရင်း ထဲတော့ ပါဝင် ကောင်း ပါဝင် စေနိုင် ပါ လိမ့်မယ် ။

” ကျွန်တော် ဒီ ရာသီ ဆု ဖလား 3 လုံး ရယူ ဆွတ်ခူး ထားနိုင် ခဲ့ ပါတယ် ။ ကျွန်တော် ကောင်းမွန်စွာ လည်း ကစား ပြနိုင် ခဲ့ ပါတယ် ။ ကျွန်တော် ဒီထက် ပိုပြီး ဘာတွေ ကို လုပ်ပြ နိုင်ရ ဦးမှာ လဲ ? ”

” ကျွန်တော် အဲ့တာနဲ့ ထိုက်တန် သလား ? ကျွန်တော် အဲ့တာ ခင်ဗျား တို့ အပေါ် လွှဲထား လိုက် ပါမယ် ။ ခင်ဗျား တို့ပဲ အဲ့တာ နဲ့ ပတ်သက် ပြီး ငြင်းခုံ ကြပါ ။ ကျွန်တော့် ကတော့ ကျွန်တော့် ကို ကျွန်တော် ချင့်ချိန် အကဲဖြတ် သွားမှာ မဟုတ် ပါဘူး ” လို့ စီ ရော်နယ်ဒို က သူ့ရဲ့ အတွေး အမြင် ကို ချပြ သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar