ပြီးခဲ့တဲ့ အပတ် တနင်္ဂနွေနေ့ မှာ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယူနိုက်တက် နဲ့ လီဗာပူး တို့ ၁ဂိုးစီ သရေကျခဲ့ပါတယ်။ဒါကြောင့်လည်း ပဲလေ့စ်ကို ၀-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းက လီဗာပူးနဲ့ ရမှတ်ကွာဟချက်ကို၆မှတ်ကွာအနေအထားအထိ လျှှော့ချနိုင်ခဲ့ပါတယ်။

လက်ရှိချန်ပီယံ မန်စီးတီး အသင်းဟာ ဒီရာသီမှာ အဓိက ကစားသမားအများစု ဒဏ်ရာကြုံတွေ့နေခဲ့ရလို့ ရုန်းကန်းနေရပြီး ပွဲစဉ် ၉အပြီးမှာ ရှံုးပွဲ၂ ပွဲနဲ့ သရေ ၁ ပွဲကြံုထားခဲ့ရပြီဖြစ်ပါတယ်။လီဗာပူးတို့ကတော့ယူနိုက်တက်နဲ့ပွဲအရောက်မှာမှ ရာနှုန်းပြည့်အနိုင်မှတ်တမ်း ကျိုးပျက်ခဲ့ရတာဖြစ်ပါတယ်။

လတ်တလော မန်စီးတီးအသင်းမှာ ဆာနေး နဲ့ လာပေါ်တေးတို့က ဒဏ်ရာတွေကြောင့် ကာလရှည်အနားယူရဖို့ရှိနေပြီးအခုအပတ် ပွဲတွေအတွင်း မှာ ဒဏ်ရာပြသနာတွေ အသီးသီးကြံုခဲ့ရတဲ့ ရိုဒရီ နဲ့ ဇင်ချန်ကို တို့ကလည်း နိုဝင်ဘာလအတွင်း ကစားရဖို့ရှိနေတဲ့ လီဗာပူးနဲ့ ပွဲကျပ်ကို လွဲချော်ဖို့ များနေတာဖြစ်ပါတယ်။

ဒါကြောင့် ဖာနန်ဒင်ဟိုက ကွင်းလယ်မှာဆက်ကစားရဖို့ရှိနေပြီး ဗဟိုခံစစ်မှာတော့ ကြံ့ခိုင်မှုပြသနာတွေရှိနေတဲ့ ဂျွန်စတုန်း + အော်တာမန်ဒီအတွဲကို ဆက်ပြီးမြင်ရဖို့ ရှိနေတာဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ကူလီဘာလေ၊ ရူဘင်ဒိုင်းယက်ဇ်တို့လို ကစားသမားတွေကို ချိတ်ဆက်နေတယ်ဆိုတဲ့ ကောလာဟလတွေထွက်နေပေမယ့် ဆောင်းရာသီစျေးကွက်အတွင်းမှာ လူခေါ်ဖို့ရှိမနေဘူးလို့ ဂွာဒီယိုလာကဆိုပါတယ်။

ဗီလာနဲ့ ပွဲကြို မီဒီယာတွေ့ဆုံပွဲမှာ ဂွာဒီယိုလာက – ” ဆောင်းရာသီ နဲ့ နှောင်းပိုင်းကာလတွေအတွက် ကျွန်တော်နည်းနည်းတော့ ပူပန်နေမိပါတယ်။ဘာကြောင့်လည်းဆိုတော့ တချို့နေရာတွေအတွက် ကစားသမား လုံလုံလောက်လောက် မရှိတာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဇန်နဝါ ရီ စျေးကွက် အတွင်း ကျွန်တော်တို့ လူဝယ်ဖို့ တော့ မရှိပါဘူး။အသင်းကို အကူအညီပေးနိုင်လောက်မယ့် ကစားသမား သစ်တွေစာရင်းကို လည်း အသင်းဘက်က ကျွန်တော့်ကို မိတ်ဆက် ပြသပေးထားတာမရှိပါဘူး။ဒီစာရင်းမရှိပဲနဲ့တော့ လူခေါ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ကျွန်တော်တို့ဟာ ကစားသမားတွေကို ၆လလောက် လိုချင်တာမဟုတ်ပဲရေရှည် အတွက်လိုအပ်တာဖြစ်ပါတယ်။အရေးပါတဲ့ ကစားသမားတွေကို ရောင်းမှာမဟုတ်ဘူးလို့ လည်းကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့ဟာ ရှိရင်းစွဲ ကစားသမားအကုန်လုံးနဲ့ အတူ တရာသီလုံးဖြတ်သန်းသွားနိုင်မယ်လို့ ယူဆပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတွေအတွင်းမှာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့မန်ဒီကြောင့် လူငယ်လေး ဇင်ချန်ကိုက နေရာရနေခဲ့တာဖြစ်ပါတယ်။အခုတော့ ဇင်ချန်ကို ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံထားရလို့ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။

ပြင်သစ် သားမန်ဒီက ပွဲကစားခွင့် ပြန်ရနေပြီး ပဲလေ့စ်၊ အတ္တလန်တာတို့ နဲ့ ပွဲတွေမှာ ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။ဒါပေမယ့်လည်း သူ့ရဲ့ အကောင်းဆုံးပုံစံကို ရောက်ဖို့ဆက်ကြိုးစားဖို့လိုသေးတယ်လို့ဂွာဒီယိုလာက သတိပေးလိုက်ပါတယ်။

မန်ဒီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဂွာဒီီယိုလာက – ” အိန်ဂျယ်လီနို နဲ့ကန်ဆယ်လို တို့ကလည်း အဲ့ဒီနေရာမှှာကစားနိုင်တာဖြစ်လို့ တခြားရွေးစရာတွေတော့ ရှိနေပါတယ်။မန်ဒီဟာ ပဲလေ့စ်နဲ့ ပွဲမှာ မိနစ် ၉၀ပြည့် အတ္တလန်တာနဲ့ ပွဲမှာ ရ၅ မိနစ်လောက်ပါဝင်ပြီး ကောင်းကောင်း ကစားနိုင်ခဲ့သလို ဒဏ်ရာမရခဲ့ပါဘူး။

သူသာ လပိုင်းလောက် ဆက်တိုက်ကစားနိုင်မယ်ဆိုရင် ပုံစံကောင်းပြန်ရလာမယ်လို့ ကျွန်တော်ယူဆပါတယ်။ပွဲတွေကို ဆက်တိုက်ဆက်တိုက် ပြန်ပြီး ကစားလာနိုင်မယ်ဆိုရင်တော့ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်ရရှိပါလိမ့်မယ်။သူဟာအခုထိတော့ ကျွန်တော်တို့ယုံကြည်မျှော်လင့်ထားသလောက် အနေအထားမျိုး မှာမရှိသေးပါဘူး။

၂ ရာသီလောက် ပွဲတွေနဲ့ လွဲခဲ့ရအပြီးမှာ ဒါမျိုးက သာမန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။သူ အချိန်လိုပါသေးတယ်။ကြံ့ခိုင်မှု ဆက်ပြီးရှိနေမယ်လို့ တော့ မျှော်လင့်မိပါတယ်။သူဟာ ကြံ့ခိုင်နေရင် နေ့တိုင်း လေ့ကျင့်နိုင်မှာဖြစ်ပြီး ရပ်တန့်လို့ မရတော့တဲ့ အထိ ပြန်ဖြစ်လာဖို့ မျှော်လင့်မိပါတယ် ” လို့ပြောခဲ့ပါတယ်။

လက်ရှိ ချန်ပီယံမန်စီးတီး အသင်းဟာ ဒီရာသီမှာ ပွဲစဉ် ၉ပွဲ ကစားအပြီး ရမှတ် ၁၉ မှတ်နဲ့ တတိယနေရာမှာရှှိနေပါတယ်။သူတို့ဟာ ယနေ့ညမှာတော့တန်းတက် ဗီလာ အသင်းကို အီတီဟတ် မှာ ဧည့်ခံသွားရမှာဖြစ်ပါတယ်။

SPORTS MYANMAR