Unicode
ကြားရက်အတွင်း ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ အာဆင်နယ် အသင်းက ဂီမာရေ့စ် အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အမ်းမရိတ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဧည့်သည်အသင်းက ၂ကြိမ်အထိဦးဆောင် နိုင်ခဲ့ပေမယ့် လူစားဝင် ကစားသမား ပီပီ ရဲ့ အလွတ်တည်ကန်ဘောတွေကနေ သွင်းယူခဲ့တဲ့ ၂ဂိုးကြောင့် အာဆင်နယ် အသင်းအနိုင်ရခဲ့တာ ဖြစ်ပါတယ်။
Pe Pe
အခုနွေမှာ ကလပ် စံချိန်တင်ကြေးနဲ့ လိုင်လီ အသင်းကနေ ပြောင်းလာခဲ့တဲ့ ပီပီ အတွက် တော့ ခြေစွမ်းမပြသနိုင်လို့ ဝေဖန်မှု တွေ ခံနေခဲ့ရမှုကနေ သက်သာရာ ရသွားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် တနင်္ဂနွေနေ့ မှာ ကစားဖို့ရှိနေတဲ့ ပဲလေ့စ်နဲ့ပွဲ မှာလည်းပီပီအနေနဲ့ ပါဝင်ဖို့ ခြေစွမ်းပြသနိုင်ဖို့အားလုံးက မျှော်လင့်နေမှာ သေချာပါတယ်။
ဒါပေမယ့် နည်းပြ ကြီး အူနိုင်းအမ်မရီကတော့ ပီပီ အပေါ် စိတ်ရှည်သည်းခံကြဖို့ လိုတယ်လို့ ပရိသတ်တွေကိုတောင်းဆိုလိုက်ပါတယ်။။ဒါ့အပြင် ပဲလေ့စ် နဲ့ပွဲမှာ ရင်ဆိုင်ရဖို့ ရှိနေတဲ့ တောင်ပံကစားသမား ဇာဟာကို လည်း သတိထားဖို့ လိုတယ်လို့ အသင်းသားတွေကို ပြောပြသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နွေရာသီ အတွင်းမှာ ဇာဟာ ကိုခေါ်ယူနိုင်ဖို့ အပြင်းအထန် ချိတ်ဆက် ခဲ့ပေမယ့် ပဲလေ့စ် အသင်းဘက်က ရောင်းစျေးအဖြစ် ပေါင်သန်း၁၀၀ အထိသတ်မှတ်ထားခဲ့လို့ ပျက်ပြယ်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း ပီပီထံကိုပဲ ပစ်မှတ်ပြောင်း ရွှေ့သွားခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရှက်ဖီးလ်ယူနိုက်တက် အသင်းကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ထားခဲ့လို့ လန်ဒန်မြို့ခံအသင်းကောင်းတသင်းဖြစ်တဲ့ ပဲလေ့စ် ကို လည်း သတိထားကစားသွားဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ဇာဟာအနေနဲ့ ပြီးခဲ့တဲ့ ရာသီဒီနှစ်သင်းတွေ့ဆုံ ခဲ့တဲ့ ပွဲမှာ ဂိုးသွင်းယူထားနိုင်ခဲ့ပေမယ့် ဒီီရာသီပရီးမီးယားလိဂ် ၉ပွဲအပြီးဂိုးမရသေးပဲ ဖန်တီးမှု တကြိမ်သာစွမ်းဆောင်ပေးထားနိုင်ခဲ့သေးတာဖြစ်ပါတယ်။ ဇာဟာနဲ့ ပတ်သက်ပြီး အမ်မရီက-
” သူဟာ အရမ်းကောင်းတဲ့ ကစားသမားတယောက်ဖြစ်ပါတယ်။သူဟာ ကျွန်တော်တို့နဲ့ရင်ဆိုင်ခဲ့ရတဲ့ ပွဲ အပါအဝင် ပွဲအများအပြားမှာ ကွဲပြားခြားနားမှုတွေဖြစ်အောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ဒီရာသီမှာလည်း အတူူတူပဲဖြစ်ပါတယ်။
ကျွန်တော်တို့ကတော့ ကိုယ်အသင်းသားတွေရဲ့ အကြောင်းနဲ့ လုပ်နိုင်စွမ်းကိုပဲ တွေးထားပါတယ်။တနင်္ဂနွေနေ့မှာဆိုရင် ကျွန်တော်တို့ရဲ့ အမ်းမရိတ်ကွင်းကြီးကို ပဲလေ့စ်အသင်းကခံစားချက်ကောင်းတွေ လာရောက်ကစားဖို့ရှိနေပါတယ်။။ဇာဟာကလည်း ဒီနေရာကိုစိတ်ဓာတ်လှုံ့ဆော်မှုတွေနဲ့ ရောက်လာဖို့ရှိနေပါတယ်။
သူ့ကို ဘယ်လို ရပ်တန့်အောင် လုပ်ဆောင်ရမယ် ဆိုတာကျွန်တော်တို့ အတွက် စိန်ခေါ်မှုလည်းဖြစ်ပါတယ်။အားလုံးထဲမှာ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ အကုန်လုံးရဲ့ စွမ်းရည်ကိုသုံုးပြီး သူတို့ကို ရင်ဆိုင် တိုက်ပွဲဝင်ရမလဲ ဆိုတာပဲဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ရှက်ဖီးလ် အသင်းကို မထင်မှတ်ပဲ အရေးနိမ့်ခဲ့ရပေမယ့် ပီပိိီကတော့ ဒီပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာပါဝင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက် ယူရိုပါလိဂ်ပွဲစဉ်မှာလည်း ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ပီပီနဲ့ ပတ်သက်ပြီး အမ်မရီက – ” ပီပီကို ကျွန်တော်တို့ ခေါ်ယူခဲ့တာက ၂လ၊ ၆လ၊ တနှစ် ၊ ၂နှစ်လောက်အတွက်မဟုတ်ပါဘူး။အသင်းရဲ့ စီမံကိန်းလုပ်ငန်းစဉ်တွေအတွက် ခေါ်ခဲ့တာ ဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့သူက ဒီီဖြစ်စဉ်အတွင်းပါဝင်လာပြီးဒါဟာသူအတွက်ပိုကောင်းလာစေသလို ကျွန်တော်တို့ ကိုလည်းပိုပြီး အကူအညီဖြစ်စေပါတယ်။တနင်္ဂနွေနေ့ ပွဲမှာ သူ ပါဝင်ဖို့ ရှိမရှိ ကိုတော့ မသိသေးပါဘူူ။ဒါပေမယ့် သူဟာဒီပွဲအတွက် အသင့်ဖြစ်နေပါလိမ့်မယ်။ဒါ့အပြင် ဂီမာရေ့စ် အသင်းနဲ့ ပွဲအပြီးမှာသူ့ရဲ့ ယုံကြည်မှုက ပိုပြီးတိုးလာနေပါလိမ့်မယ်။
ပီပီလို ကစားသမားမျိုးနဲ့ အတူ အသင်းမှာ တွဲလုပ်ရလို့ ပျော်ရွှင်ကျေနပ်မိပါတယ်။သူ့ဆီကနေ ပိုပြီး မျှော်မှန်းထားကြတယ်ဆိုတာကိုလည်းကျွန်တော်တို့ နားလည်ပါတယ်။ဒါပေမယ့်လည်း သူနဲ့ ပတ်သက်ပြီး စိတ်အေးလက်အေးထား သည်းခံဖို့တော့လိုပါတယ်။
သူ့ကို အကူအညီပေးဖို့ နဲ့ အကာအကွယ်ပေးဖို့ လိုပါတယ်။ဘာကြောင့်လည်းဆိုတော့ သူဟာတခါတလေမှာ ဖိအားတွေအောက်ရောက်နေတယ်လို့ခံစားရနိုင်လို့ပဲဖြစ်ပါတယ်။ဖိအားတွေအောက်မှာ သာ ကစားဖို့ အသင့်ဖြစ်နေရင် ကျွန်တော်တို့ပိုပြီးကောင်းကောင်းကစားနိုင်ပါတယ် ” လို့ပြောခဲ့ပါတယ်။
SM
Zawgyi
ပီပီအပေါ်စိတ်ရှည်သည်းခံကြဖို့တိုက်တွန်းလိုက်ပြီးဇာဟာကိုဘာကြောင့် သတိထားသင့်တယ်ဆိုတာပြောပြလိုက်တဲ့#အူနိုင်းအမ်မရီ
=================================
SM