မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ပွဲစဉ် 9 ပွဲ ကစား ပြီးနောက် ရဂိုး 10 ဂိုး ၊ ရမှတ် 10 မှတ်သာ စုဆောင်း ထားနိုင်ခဲ့ ပါတယ် ။ အခုတော့ ယူနိုက်တက် ကစားသမား ဟောင်း ဖြစ်သူ ပေါလ် ပါကား က အသင်း ဟောင်းမှာ ဒီ ပြသနာ အတွက် အဖြေ ရှိပုံ မပေါ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဒါ့အပြင် ယူနိုက်တက် အနေ နဲ့ ပြိုင်ဖက် ခံစစ် နဲ့ ရင်ဆိုင် ကြုံတွေ့ တဲ့ အခါ ဘောလုံး ကို လျင်မြန်စွာ ကိုင် ကစား နိုင်ဖို့ လိုအပ် ကြောင်း ၊ လက်ရှိ အသင်း ဟာ အဲ့တာ ကို လုပ်ဆောင် နိုင်စွမ်း မရှိ ကြောင်း ပေါလ် ပါကား က ဆက်လက် ပြောကြား သွားခဲ့လိုက် ပါတယ် ။
” ယူနိုက်တက် မှာ ပွဲစဉ် ကို အသက် သွင်း ကစား ပေးနိုင် မယ့် ကစားသမား လုံလုံလောက်လောက် မရှိ ပါဘူး ။ သူတို့ တွေဟာ ဘောလုံး ရယူ နိုင်ဖို့ ပြေးလွှား လှုပ်ရှာ မှု မရှိ သလို ပြိုင်ဖက် ဂိုး ဧရိယာ ထဲကို လည်း ဝင်ရောက် ထိုးဖောက် နိုင်စွမ်း မရှိကြ ပါဘူး ”
” ဥပမာ အနေ နဲ့ ပြောရမယ် ဆိုရင် မက် တော်မီနေး ဟာ ပြိုင်ဖက် ဂိုး ဧရိယာ ထဲ လုံလောက်စွွာ ဝင်ရောက် ကစား နိုင်ခြင်း မရှိ ပါဘူး ” လို့ ပေါလ် ပါကား က ပြောကြား သွားခဲ့ လိုက်ပြီး ဆရာဟောင်း ဖာဂူဆန် လက်ထက် တုန်းက ဆိုရင် အသင်း ရဲ့ ကစားသမား တွေဟာ တာဝန် ပိတာ မျိုး လုံးဝ မရှိ ခဲ့ ကြကြောင်း ဆက်လပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” အဲ့ဒီ တုန်းက ကျွန်တော် တို့ ဘယ်လောက် ပိုကောင်း နိုင်မလဲ ဆိုတာ ကို ပြသ ရုံ ပါပဲ ။ ကျန်တာ က ကျွန်တော် တို့ သေချာ လုပ်ဆောင် ရမယ့် သီးခြား တာဝန် ရှိနေ ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ အတွက် ညွှန်ကြား ခံရမှု တွေ များစွာ မရှိ ခဲ့ ပါဘူူး ။ အဲ့တာ လေးတွေ ဝတ်ကျေ အောင် လုပ်ရင်း ပို လုပ်ပြ နိုင်အောင် ကြိုးစား ခဲ့ရ ပါတယ် ”
” ကျွန်တော် တို့ ခံစစ် ရဲ့ အရှေ့ မှာ တစ်ကယ့် ကို ကောင်းမွန် တဲ့ တိုက်စစ် ကစားသမား 6 ယောက် ရှိခဲ့ ကြ ပါတယ် ။ သူတို့ တွေက ကျွန်တော် တို့ အလုပ် လုပ်ရ လွယ်ကူ အောင် လုပ်ဆောင် ပေးကြ တယ်လေ ” လို့ ပေါလ် ပါကား က သူတို့ တုန်းက အနေ အထား တွေနဲ့ နှိုင်းယှဉ် ပြောကြား သွားခဲ့ လိုက်ပြီး လီဗာပူး နဲ့ ပွဲစဉ် က လယ်လာနာ ကို မဟန့်တား နိုင် ခဲ့တဲ့ ယန်း အပေါ် …
” ယန်းဟာ ခံစစ် ကစားသမား အဖြစ် ကစား ခဲ့ ရတာ နှစ်တွေ အတော် ကြာခဲ့ ပါပြီ ။ ဒါပေမယ့် သူဟာ အခု ထက်ထိ တောင်ပံ တိုက်စစ် ကစားသမား တစ်ဦး လိုပဲ ခံစစ် ကစား နေတုန်း ပါ ။ ပြိုင်ဖက် ကို ဘယ်လို ခြေရာခံ ပြီး လိုက်ရ မလဲ ဆိုတာ သူ မသိ ပါဘူး ။ ခင်ဗျား အနေ နဲ့ ပြိုင်ဖက် ကို အချိန် တိုင်း လေ့လာ စောင့်ကြည့် နေရ ပါ့မယ် ။ လူကျွံဘော ဖြစ်နေ လား ဆိုတာ က အစ ပေါ့ ”
” တိုက်စစ် ကလည်း ကြာလေ ကစားရ ခက်ခဲ လေ ဖြစ်နေ ပါတယ် ။ တိုက်စစ် မှာ ခြေထောက် မြန်တဲ့ သူနဲ့ ဆုံးဖြတ်ချက် မြန်တဲ့ သူတွေ မရှိ ပါဘူး ။ ဒါ့အပြင် ဖန်တီး နိုင်မှု စွမ်းရည် လည်း မရှိ ပါဘူး ။ မာတာ ဟာ ဒီမှာ တော့ အလကား ဖြစ်နေ သလို ပါပဲ ။ သူ့ရဲ့ ပုံစံ က မန်စီးတီး ကစားပုံ နဲ့ပဲ ပိုပြီး ကိုက်ညီ နေ ပါတယ် ” လို့ ပေါလ် ပါကား က ပြောကြား သွားလိုက် ပါတယ် ။
အဲ့ဒီနောက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ အနေ နဲ့ ကွင်းလယ် တိုက်စစ် နေရာ ဖြစ်တဲ့ နံပါတ် 10 နေရာ မှာ ကစား တာက ပိုပြီး အဆင် ပြေမှာ ဖြစ်ကြောင်း ၊ ဒါပေမယ့် သူဟာ အသင်း ပြောင်းဖို့ သတင်းကြီး နေခဲ့တာ ကြောင့် လက်ရှိ အသင်း အတွက် အကောင်းဆုံး လုပ်နိုင် မလား ဆိုတာ မသေချာ ကြောင်း ပေါလ် ပါကား က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ပေါ့ဂ်ဘာ သာ တစ်ကယ်တမ်း အလို ရှိ နေမယ် ဆိုရင် ခြားနားချက် တွေကို လုပ်ဆောင် ပေးနိုင် ပါတယ် ။ ဆိုးလ်ရှား က ပါရဲရား နဲ့ ရှေ့ဆက် ဦးမလား ? လီဗာပူး နဲ့ ပွဲစဉ် တုန်းက သူ့ရဲ့ ဆုံးဖြတ်ချက် တွေဟာ အားနည်း ခဲ့ ပါတယ် ။ သူက နိုင်ပွဲ ရရှိ နိုင်မယ့် ပေးပို့ မှုနဲ့ ဂိုးတွေ ကန်သွင်းဖို့ လောက်ပဲ စိတ်ဝင်စား နေခဲ့ သလို ပါပဲ ”
” ပါရဲရား ထက် ပိုပြီး ဂါနာ တို့ ဂရင်းဝုဒ် တို့ကို နေရာ ပေးပြီး သုံးစွဲ သွားလို့ မရ နိုင်ဘူး လား ? လက်ရှိ အချိန် ပွဲ ကစား နေတဲ့ သူတွေ က ဘာတွေ လုပ်ပေး နိုင်ကြ သလဲ ၊ ဘယ်လို အံ့အား သင့်ဖွယ် တွေကို လုပ်ဆောင် နိုင် သလဲ ဆိုတာ ကို ဘယ်သူ မှ မသိရှိ ကြ ပါဘူး ” လို့ ပေါလ် ပါကား က ပြောကြား သွားခဲ့ ပါတယ် ။
#Sports_Myanmar
Zawgyi
ဂိုးတွေ မရယူနိုင်တဲ့ ယူနိုက်တက်ရဲ့ အဓိက ပြသနာက ဘာလဲ ၊ ဒီအတွက် အဖြေရှိလား ဆိုတာ ပြောကြားလိုက်တဲ့ #ပါကား
===============
” ဥပမာ အနေ နဲ့ ပြောရမယ် ဆိုရင် မက် တော်မီနေး ဟာ ပြိုင်ဖက် ဂိုး ဧရိယာ ထဲ လုံလောက်စွာ ဝင်ရောက် ကစား နိုင်ခြင်း မရှိ ပါဘူး ” လို့ ပေါလ် ပါကား က ပြောကြား သွားခဲ့ လိုက်ပြီး ဆရာဟောင်း ဖာဂူဆန် လက်ထက် တုန်းက ဆိုရင် အသင်း ရဲ့ ကစားသမား တွေဟာ တာဝန် ပိတာ မျိုး လုံးဝ မရှိ ခဲ့ ကြကြောင်း ဆက်လပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar