ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် မှာ အေဂျက်ဇ် အသင်း ကို အနိုင် ရခဲ့တာကြောင့် နောက်ဆုံး ကစား ခဲ့တဲ့ ပြိုင်ပွဲစုံ ၆ပွဲဆက် အနိုင် ရခဲ့ပြီ ဖြစ်ပါတယ် ။ ဒါဟာ ရာသီ အစပိုင်း တုန်းက လူ အများ မထင်ထား ခဲ့တဲ့ အခြေအနေ တခု ဖြစ်ပြီး အခုဆို လမ်းပတ် ရဲ့ ချယ်လ်ဆီး အသင်း ဟာ ပြိုင်ပွဲစုံ မှာ အခြေအနေ ကောင်းနေတယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ရာသီ အစပိုင်း မှာ လူ အများဟာ ချယ်လ်ဆီး အသင်း နဲ့ ဖရန့် လမ်းပတ် တို့ ချန်ပီယံလိဂ် ဝင်ခွင့် ရရုံတင် အောင်မြင်မှု ကြီးကြီးမားမား ရမှာ ဖြစ်တယ် လို့ သတ်မှတ် ခဲ့ကြပါတယ် ။ သို့ပေမယ့် လည်း အခုအခါ မှာ ချယ်လ်ဆီး အသင်း ဟာ အမှတ်ပေး ဇယား ထိပ်က လီဗာပူး အသင်း နဲ့ ၈မှတ်သာ ကွာဟ တော့တာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း နည်းပြ ဖရန့်် လမ်းပတ် ကတော့ အခုလို နောက်ဆုံး ၆ပွဲဆက် အနိုင် ရလဒ် ဟာ ၄င်းတို့ရဲ့ ဒီနှစ် ဘောလုံး ရာသီ ပစ်မှတ် က ပြောင်းလဲခြင်း မရှိကြောင်း နဲ့ တပွဲပြီး တပွဲ အနိုင် ရဖို့ အတွက်ပဲ အဓိက ဦးတည်ထားကြောင်း ၊ ဘယ်လို ကြီးမားတဲ့ ရလဒ် ပဲ ဖြစ်ဖြစ် အရမ်း စိတ်မလှုပ်ရှား မိဖို့ လိုကြောင်း ဆိုခဲ့ပါတယ် ။

လမ်းပတ် က ” နောက်ဆုံး ၆ပွဲဆက် အနိုင် ရလဒ် က ကျွန်တော် တို့ အသင်း ရဲ့ ပစ်မှတ် ကို ပြောင်းလဲ စေလား ? No ပါ ။ ကျွန်တော် တို့ရဲ့ ပစ်မှတ် က အရင် အတိုင်းပါပဲ ။ အရှေ့ ပွဲ ရလဒ် က ရှုံးသည် ဖြစ်စေ ၊ နိုင်သည် ဖြစ်စေ ။ နောက်ပွဲ အကြောင်းပဲ ခေါင်းထဲမှာ ထည့်ထားပါတယ် ။ ကျွန်တော့ အနေနဲ့ အများကြီး ရှေ့ကျော် မစဉ်းစား ချင်သေးပါဘူး ။ အခု လောလောဆယ် ရလဒ်ကောင်း တွေကြောင့် ကျွန်တော် ပျော်ရွှင် ဝမ်းသာ နေရတာတော့ မှန်ပါတယ် ။ ”

” ဒီလို ရလဒ်ကောင်း တွေ ဆက်တိုက် ရယူနိုင်မှု ကို ကျွန်တော် တို့ ဆက်ထိန်း ရမှာ ဖြစ်သလို ၊ ရှေ့လျှောက် ကိုယ့် အသင်း ရဲ့ ခြေစွမ်း အဆင့်အတန်း မလျော့ကျ သွားဖို့ အတွက်လည်း အပြည့်အဝ အာရုံစိုက် ရမှာ ဖြစ်ပါတယ် ။ ဒါကြောင့်မို့ အခု အနေအထား ကို ကျွန်တော် ပုံကြီးချဲ့ မပြောချင် သေးပါဘူး ။ အရမ်း လည်း စိတ်မလှုပ်ရှား နေပါဘူး ။ ကျွန်တော့ ကို ပိုပြီးတော့တောင် အလုပ် ပိုကြိုးစားချင်စိတ် ဖြစ်လာပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က နောက်ဆုံး ၂ပွဲဆက် Clean Sheet ရယူ နိုင်ခဲ့ခြင်း နဲ့ ပတ်သက်ပြီး လည်း ” ဒါဟာ နောက်ဆုံး တပတ် အတွင်း ကျွန်တော် တို့ အတွက် ကြီးကျယ်တဲ့ အချက်အလက် တခု ဖြစ်ပါတယ် ။ နယူးကာဆယ် ဟာ ကျွန်တော် တို့ အတွက်တော့ မတူညီတဲ့ စိန်ခေါ်မှု တခုပါ ။ နယူးကာဆယ် မတိုင်မီ က ဒီရာသီ စတမ်းဖို့ဒ် ဘရစ်ချ် ကို လာပြီး ခံစစ် အသားပေး ဆော့တဲ့ အသင်း မတွေ့ခဲ့ဖူးတာကြောင့် ကျွန်တော် တို့ အတွက် အရမ်း ခက်ခဲ ခဲ့ရပါတယ် ။ ”

” မျှမျှတတ ပြောရရင် ပြိုင်ဖက် အသင်း ကစားတာ အရမ်း ကောင်းခဲ့ပါတယ် ။ ကျွန်တော် တို့ ဖက်ကတော့ ပွဲကို စိုးမိုးခဲ့တယ် ၊ အခွင့်အရေး များစွာ ဖန်တီး နိုင်ခဲ့ပါတယ် ။ တဂိုး နဲ့ ကပ်နိုင်ဖို့ အတွက် ဆိုတာ Clean Sheet ကို ရယူ နိုင်ဖို့က အရေးကြီးပါတယ် ။ အေဂျက်ဇ် အသင်း ကတော့ ကျွန်တော် တို့ အတွက် မတူညီတဲ့ သားကောင်း တကောင်ပါ ။ သူတို့ကို အနိုင် ရခဲ့ခြင်း ဟာ ကျွန်တော့ ကို စိတ်အချမ်းသာဆုံး နဲ့ အပျော်ရွှင်ဆုံး လို့ ပြောရပါမယ် ။ ”

” ကျွန်တော် တို့ဟာ နည်းစနစ်ပိုင်း အရမ်း ကောင်းတဲ့ အသင်း ၊ လုပ်အားနှုန်း နဲ့ တိုက်စစ် ကစားဟန် အကောင်းဆုံး အသင်း နဲ့ ရင်ဆိုင် ခဲ့ရတာပါ ။ ဒါကြောင့်မို့ ဖက်က ကြိုးစားမှု က အရမ်း အရမ်း ကြီးမားဖို့ လိုခဲ့ပါတယ် ။ အဲ့ဒီပွဲ မှာ ကျွန်တော် တို့ရဲ့ ခံစစ် စွမ်းဆောင်ရည် က အံ့မခန်း ကောင်းခဲ့ပါတယ် ။ အက်ဇ်ပီလီကွီတာ ဟာ ၆ကိုက်စည်း အတွင်းမှာ တောက်လျှောက် ဖျက်ထုတ်မှု တွေ လုပ်ခဲ့ပါတယ် ။ ”

” အသင်းလိုက် ပြိုင်ဖက် အသင်း ရဲ့ တိုက်စစ် ကို အဆင့်ဆင့် ခုခံ ခဲ့ကြပါတယ် ။ ဒီလို တိုက်စစ် အရမ်း ကောင်းတဲ့ အသင်း နဲ့ တွေ့တဲ့ အခါ မှာ ကျွန်တော် တို့ရဲ့ ခံစစ် က အရမ်း ကျစ်လျစ်ဖို့ လိုအပ် ခဲ့ပြီး ဒါကို ပြသ နိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

၆ပြဲဆက္ အႏိုင္ရခဲ့ျပီးေနာက္ ဒီႏွစ္ ေဘာလံုး ရာသီ ခ်ယ္လ္ဆီး အသင္း ရဲ႕ ေမွ်ာ္မွန္းခ်က္ ကို ေျပာျပလိုက္တဲ့ #လမ္းပတ္

ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ ပြဲစဥ္ မွာ ေအဂ်က္ဇ္ အသင္း ကို အႏိုင္ ရခဲ့တာေၾကာင့္ ေနာက္ဆံုး ကစား ခဲ့တဲ့ ျပိဳင္ပြဲစံု ၆ပြဲဆက္ အႏိုင္ ရခဲ့ျပီ ျဖစ္ပါတယ္ ။ ဒါဟာ ရာသီ အစပိုင္း တုန္းက လူ အမ်ား မထင္ထား ခဲ့တဲ့ အေျခအေန တခု ျဖစ္ျပီး အခုဆို လမ္းပတ္ ရဲ႕ ခ်ယ္လ္ဆီး အသင္း ဟာ ျပိဳင္ပြဲစံု မွာ အေျခအေန ေကာင္းေနတယ္ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။

ရာသီ အစပိုင္း မွာ လူ အမ်ားဟာ ခ်ယ္လ္ဆီး အသင္း နဲ႕ ဖရန္႕ လမ္းပတ္ တို႕ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရရုံတင္ ေအာင္ျမင္မႈ ၾကီးၾကီးမားမား ရမွာ ျဖစ္တယ္ လို႕ သတ္မွတ္ ခဲ့ၾကပါတယ္ ။ သို႕ေပမယ့္ လည္း အခုအခါ မွာ ခ်ယ္လ္ဆီး အသင္း ဟာ အမွတ္ေပး ဇယား ထိပ္က လီဗာပူး အသင္း နဲ႕ ၈မွတ္သာ ကြာဟ ေတာ့တာ ျဖစ္ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း နည္းျပ ဖရန္္႕ လမ္းပတ္ ကေတာ့ အခုလို ေနာက္ဆံုး ၆ပြဲဆက္ အႏိုင္ ရလဒ္ ဟာ ၄င္းတို႕ရဲ႕ ဒီႏွစ္ ေဘာလံုး ရာသီ ပစ္မွတ္ က ေျပာင္းလဲျခင္း မရွိေၾကာင္း နဲ႕ တပြဲျပီး တပြဲ အႏိုင္ ရဖို႕ အတြက္ပဲ အဓိက ဦးတည္ထားေၾကာင္း ၊ ဘယ္လို ၾကီးမားတဲ့ ရလဒ္ ပဲ ျဖစ္ျဖစ္ အရမ္း စိတ္မလႈပ္ရွား မိဖို႕ လိုေၾကာင္း ဆိုခဲ့ပါတယ္ ။

လမ္းပတ္ က ” ေနာက္ဆံုး ၆ပြဲဆက္ အႏိုင္ ရလဒ္ က ကြ်န္ေတာ္ တို႕ အသင္း ရဲ႕ ပစ္မွတ္ ကို ေျပာင္းလဲ ေစလား ? No ပါ ။ ကြ်န္ေတာ္ တို႕ရဲ႕ ပစ္မွတ္ က အရင္ အတိုင္းပါပဲ ။ အေရွ႕ ပြဲ ရလဒ္ က ရႈံးသည္ ျဖစ္ေစ ၊ ႏိုင္သည္ ျဖစ္ေစ ။ ေနာက္ပြဲ အေၾကာင္းပဲ ေခါင္းထဲမွာ ထည့္ထားပါတယ္ ။ ကြ်န္ေတာ့ အေနနဲ႕ အမ်ားၾကီး ေရွ႕ေက်ာ္ မစဥ္းစား ခ်င္ေသးပါဘူး ။ အခု ေလာေလာဆယ္ ရလဒ္ေကာင္း ေတြေၾကာင့္ ကြ်န္ေတာ္ ေပ်ာ္ရႊင္ ဝမ္းသာ ေနရတာေတာ့ မွန္ပါတယ္ ။ ”

” ဒီလို ရလဒ္ေကာင္း ေတြ ဆက္တိုက္ ရယူႏိုင္မႈ ကို ကြ်န္ေတာ္ တို႕ ဆက္ထိန္း ရမွာ ျဖစ္သလို ၊ ေရွ႕ေလွ်ာက္ ကိုယ့္ အသင္း ရဲ႕ ေျခစြမ္း အဆင့္အတန္း မေလ်ာ့က် သြားဖို႕ အတြက္လည္း အျပည့္အဝ အာရုံစိုက္ ရမွာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္မို႕ အခု အေနအထား ကို ကြ်န္ေတာ္ ပံုၾကီးခ်ဲ႕ မေျပာခ်င္ ေသးပါဘူး ။ အရမ္း လည္း စိတ္မလႈပ္ရွား ေနပါဘူး ။ ကြ်န္ေတာ့ ကို ပိုျပီးေတာ့ေတာင္ အလုပ္ ပိုၾကိဳးစားခ်င္စိတ္ ျဖစ္လာပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဆက္လက္ျပီး လမ္းပတ္ က ေနာက္ဆံုး ၂ပြဲဆက္ Clean Sheet ရယူ ႏိုင္ခဲ့ျခင္း နဲ႕ ပတ္သက္ျပီး လည္း ” ဒါဟာ ေနာက္ဆံုး တပတ္ အတြင္း ကြ်န္ေတာ္ တို႕ အတြက္ ၾကီးက်ယ္တဲ့ အခ်က္အလက္ တခု ျဖစ္ပါတယ္ ။ နယူးကာဆယ္ ဟာ ကြ်န္ေတာ္ တို႕ အတြက္ေတာ့ မတူညီတဲ့ စိန္ေခၚမႈ တခုပါ ။ နယူးကာဆယ္ မတိုင္မီ က ဒီရာသီ စတမ္းဖို႕ဒ္ ဘရစ္ခ်္ ကို လာျပီး ခံစစ္ အသားေပး ေဆာ့တဲ့ အသင္း မေတြ႕ခဲ့ဖူးတာေၾကာင့္ ကြ်န္ေတာ္ တို႕ အတြက္ အရမ္း ခက္ခဲ ခဲ့ရပါတယ္ ။ ”

” မွ်မွ်တတ ေျပာရရင္ ျပိဳင္ဖက္ အသင္း ကစားတာ အရမ္း ေကာင္းခဲ့ပါတယ္ ။ ကြ်န္ေတာ္ တို႕ ဖက္ကေတာ့ ပြဲကို စိုးမိုးခဲ့တယ္ ၊ အခြင့္အေရး မ်ားစြာ ဖန္တီး ႏိုင္ခဲ့ပါတယ္ ။ တဂိုး နဲ႕ ကပ္ႏိုင္ဖို႕ အတြက္ ဆိုတာ Clean Sheet ကို ရယူ ႏိုင္ဖို႕က အေရးၾကီးပါတယ္ ။ ေအဂ်က္ဇ္ အသင္း ကေတာ့ ကြ်န္ေတာ္ တို႕ အတြက္ မတူညီတဲ့ သားေကာင္း တေကာင္ပါ ။ သူတို႕ကို အႏိုင္ ရခဲ့ျခင္း ဟာ ကြ်န္ေတာ့ ကို စိတ္အခ်မ္းသာဆံုး နဲ႕ အေပ်ာ္ရႊင္ဆံုး လို႕ ေျပာရပါမယ္ ။ ”

” ကြ်န္ေတာ္ တို႕ဟာ နည္းစနစ္ပိုင္း အရမ္း ေကာင္းတဲ့ အသင္း ၊ လုပ္အားႏႈန္း နဲ႕ တိုက္စစ္ ကစားဟန္ အေကာင္းဆံုး အသင္း နဲ႕ ရင္ဆိုင္ ခဲ့ရတာပါ ။ ဒါေၾကာင့္မို႕ ဖက္က ၾကိဳးစားမႈ က အရမ္း အရမ္း ၾကီးမားဖို႕ လိုခဲ့ပါတယ္ ။ အဲ့ဒီပြဲ မွာ ကြ်န္ေတာ္ တို႕ရဲ႕ ခံစစ္ စြမ္းေဆာင္ရည္ က အံ့မခန္း ေကာင္းခဲ့ပါတယ္ ။ အက္ဇ္ပီလီကြီတာ ဟာ ၆ကိုက္စည္း အတြင္းမွာ ေတာက္ေလွ်ာက္ ဖ်က္ထုတ္မႈ ေတြ လုပ္ခဲ့ပါတယ္ ။ ”

” အသင္းလုိက္ ျပိဳင္ဖက္ အသင္း ရဲ႕ တိုက္စစ္ ကို အဆင့္ဆင့္ ခုခံ ခဲ့ၾကပါတယ္ ။ ဒီလို တိုက္စစ္ အရမ္း ေကာင္းတဲ့ အသင္း နဲ႕ ေတြ႕တဲ့ အခါ မွာ ကြ်န္ေတာ္ တို႕ရဲ႕ ခံစစ္ က အရမ္း က်စ္လ်စ္ဖို႕ လိုအပ္ ခဲ့ျပီး ဒါကို ျပသ ႏိုင္ခဲ့ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR