အာဆင္နယ္ အသင္းဟာ ဒီရာသီမွာလည္း ခ်န္ပီယံလိဂ္ ဝင္ခြင့္ နဲ႔ လြဲေခ်ာ္ ခဲ့တာေၾကာင့္ အခု ေႏြရာသီ အေျပာင္းအေရႊ႕ ကာလမွာ ကစားသမား ေခၚယူမႈ အတြက္ ေပါင္ ၄၅ သန္း သာ အသုံးျပဳ သြားမယ္လုိ႔ သတင္းေတြ ထြက္ေနပါတယ္ ။

ဒါေၾကာင့္ နည္းျပ အမ္မရီ ဟာ ကစားသမားသစ္ မ်ားမ်ားမ်ားစားစား ေခၚယူ နုိင္ဖြယ္ မရွိဘဲ အသင္းက စီနီယာ ကစားသမားေတြ နဲ႔ လူငယ္ အသင္းက အရည္အခ်င္း ရွိတဲ့ ကစားသမားေလးေတြကုိ ေနရာေပးသြားဖုိ႔ ရွိေနပါတယ္ ။

အာဆင္နယ္ အသင္းဟာ လာမယ့္ ရာသီ အတြက္ ၾကိဳတင္ ျပင္ဆင္မႈ အေနနဲ႔ ယူ-၂၃ နည္းျပ ယြန္းဘတ္ ကုိ အူနုိင္း အမ္မရီ ရဲ႕ နည္းျပ အဖြဲ႕ဝင္ အျဖစ္ ခန္႔အပ္ဖုိ႔ ၾကိဳးစား ေနတယ္လုိ႔လည္း သိရပါတယ္ ။

Football London က ေဖာ္ျပလုိက္တဲ့ လာမယ့္ ရာသီ အာဆင္နယ္ အသင္းၾကီးမွာ ေနရာ ရလာနုိင္တဲ့ လူငယ္ ကစားသမား ငါးဦးကုိ Sports Myanmar ပရိသတ္ၾကီးအတြက္ ေဖာ္ျပ ေပးလုိက္ပါတယ္ ။

ရုိင္းစ္နယ္လ္ဆင္
**********

အသက္ ၁၉ ႏွစ္ အရြယ္သာ ရွိေသးတဲ့ ရုိင္းစ္နယ္လ္ဆင္ ဟာ ျပီးခဲ့တဲ့ႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ တုန္းက အာဆင္နယ္ အသင္း နဲ႔ ကာလရွည္ စာခ်ဳပ္ သက္တမ္း တုိးခဲ့ျပီး အေတြ႕အၾကံဳ ရဖုိ႔ အတြက္ ဘြန္ဒက္စ္လီဂါ ကလပ္ ေဟာ့ဖန္ဟိမ္း အသင္းကုိ တစ္ရာသီ အငွား ထြက္ကစား ခဲ့ပါတယ္ ။

နယ္လ္ဆင္ ဟာ ေဟာ့ဖန္ဟိမ္း အသင္း အတြက္ ၁၉ ပြဲ ပါဝင္ ကစားေပး ခဲ့ျပီး ၇ ဂုိး သြင္းယူ ေပးခဲ့ပါတယ္ ။ နယ္လ္ဆင္ ဟာ ေနာက္ေက်ာ ဒဏ္ရာ မရခင္တုန္းက ေဟာ့ဖန္ဟိမ္း အသင္း အတြက္ ၁၁ ပြဲ ကစားထားရာမွာ ၆ ဂုိး အထိ သြင္းယူ ထား နုိင္ခဲ့ပါတယ္ ။

အဂၤလန္ လူငယ္ ကစားသမားေလး ရုိင္းစ္နယ္လ္ဆင္ ဟာ လာမယ့္ ရာသီမွာ အာဆင္နယ္ အသင္းၾကီးမွာ ေနရာ ရလာဖြယ္ ရွိေနျပီး ဘယ္ေလာက္အထိ ေျခစြမ္းျပ ကစားနုိင္မလဲ ဆုိတာ စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္ ရမွာလည္း ျဖစ္ပါတယ္ ။

မာတီနက္ဇ္
*******

မာတီနက္ဇ္ ဟာ အာဆင္နယ္ အသင္းကုိ ၂၀၁၀ ခုႏွစ္ က ေျပာင္းေရႊ႔ ေရာက္ရွိ လာတာ ျဖစ္ျပီး ၂ ႏွစ္ အၾကာမွာမွ အသင္းၾကီး အတြက္ ပထမဆုံး အၾကိမ္ ပြဲထြက္ ကစားခြင့္ ရခဲ့ပါတယ္ ။ မာတီနက္ဇ္ ဟာ အသင္းမွာ ပြဲထြက္ ကစားခြင့္ ရတဲ့အခ်ိန္ အေတာ္ေလး နည္းပါး ခဲ့ျပီး တျခား အသင္းေတြမွာသာ အငွားထြက္ ကစားေနရတဲ့ ကစားသမား တစ္ဦးလည္း ျဖစ္ပါတယ္ ။

အသက္ ၂၆ ႏွစ္ အရြယ္ ရွိျပီ ျဖစ္တဲ့ မာတီိနက္ဇ္ ဟာ အာဆင္နယ္ အသင္း ကေန တျခား အသင္းေတြစီ အငွား ေျခာက္ၾကိမ္ အထိ ထြက္ကစား ခဲ့ရပါတယ္ ။ မာတီနက္ဇ္ ဟာ ျပီးခဲ့တဲ့ ရာသီတုန္းက အာဆင္နယ္ အသင္းအတြက္ တစ္ပြဲသာ ကစားခြင့္ ရခဲ့ျပီး ကြာရာဘတ္ အသင္းနဲ႔ ပြဲမွာ ကစားခြင့္ ရခဲ့တာပါ ။

ဒုတိယ ရာသီဝက္မွာေတာ့ မာတီနက္ဇ္ ဟာ ခ်န္ပီယံရွစ္ ကလပ္ ရီးဒင္း အသင္းမွာ အငွား သြားေရာက္ ကစားခဲ့ျပီး ပုံမွန္ ပြဲထြက္ ကစားခြင့္ ရခဲ့ပါတယ္ ။ မာတီနက္ဇ္ ဟာ ရီးဒင္း အသင္း အတြက္ ၁၈ ပြဲ ကစား ေပးခဲ့ျပီး Clean-Sheet ငါးပြဲ အထိ ရရွိေအာင္ စြမ္း ေဆာင္ ေပး နုိင္ ခဲ့ ပါ တယ္ ။

ေရာဘ့္ဟုိးလ္ဒင္း
************

ျပီးခဲ့တဲ့ ရာသီက ဟုိလ္းဒင္း ပါဝင္ ကစားတဲ့ပြဲေတြမွာ အာဆင္နယ္ အသင္းဟာ ရႈံးပြဲ လုံးဝ မရွိခဲ့ဘဲ သူ႔ရဲ႕ ေျခစြမ္းပုိင္း ဟာလည္း အေကာင္းဆုံး အေနအထားကုိ ေရာက္ရွိ ခဲ့ပါတယ္ ။ ဒါေပမယ့္လည္း ဟုိးလ္ဒင္း ဟာ ဒူးဒဏ္ရာေၾကာင့္ ယခုႏွစ္ ဧျပီလမွာ ေလ့က်င့္ခန္း ျပန္ဆင္း နုိင္ခဲ့ပါတယ္ ။

အာဆင္နယ္ အသင္း ေနာက္တန္းမွာ အသင္းေခါင္းေဆာင္ ေကာ့စီရယ္နီ ဟာ အသက္အရြယ္ ၾကီးလာျပီ ျဖစ္တဲ့အျပင္ အသင္းကေန ထြက္ခြာဖြယ္ ရွိေနျပီး မူစတာဖီ ဟာလည္း ဂန္းနားတုိ႔ ေရာင္းထုတ္ေစခ်င္တဲ့ ကစားသမားစာရင္းမွာ ပါဝင္ ေနသူပါ ။ ဒါေၾကာင့္ နည္းျပ အမ္မရီ ဟာ ရာသီသစ္မွာ ဟုိးလ္ဒင္းကုိ ပြဲထြက္ခြင့္ ေပးသြားဖြယ္ ရွိေနပါတယ္ ။

ဂ်ဳိးဝီးေလာ့
*******
နည္းျပ အမ္မရီ ဟာ ျပီးခဲ့တဲ့ ရာသီက ဝီးေလာ့ကုိ အသင္းၾကီးမွာ ပြဲထြက္ ကစားခုိင္းခဲ့ပါတယ္ ။ ဝီးေလာ့ ဟာ အမ္မရီ ရဲ႕ ယုံၾကည္မႈ နဲ႔ ထိုက္တန္ေအာင္ ေျခစြမ္းျပ ကစားနုိင္ခဲ့ျပီး ေျခာက္ပြဲ ကစားခဲ့ရာမွာ သုံးဂုိး အထိ သြင္းယူ နုိင္ခဲ့ပါတယ္ ။ အာဆင္နယ္ အသင္းဟာ ဒီေႏြရာသီ ေစ်းကြက္မွာ ရမ္ေဆး ေနရာ အစားထုိးဖုိ႔ ကစားသမားသစ္ မေခၚယူနုိင္ပါက ဝီးေလာ့ ကုိ အခြင့္အေရးေပးသြားဖုိ႔ ရွိေနပါတယ္ ။

အုိဆုိင္းတူတူ
********
ညာေနာက္ခံလူ အုိဆုိင္းတူတူ ဟာ အာဆင္နယ္ အသင္းၾကီးမွာ ပြဲထြက္ ကစားခြင့္ မရေသးေပမယ့္ ယြန္းဘတ္ ရဲ႕ လူငယ္ အသင္းမွာေတာ့ ေျခစြမ္းျပ ကစားေနသူပါ ။ အုိဆုိင္းတူတူ ကုိ ေခၚယူဖုိ႔ ဆဲလ္တစ္ ၊ ဟမ္းဘတ္ တုိ႔လုိ အသင္းေတြကေတာင္ ခ်ိတ္ဆက္ေနၾကတာပါ ။ နည္းျပ အမ္မရီ ဟာ ရာသီၾကိဳ ေျခစမ္းပြဲေတြမွာ အုိဆုိင္းတူတူကုိ စတင္ ပြဲထြက္ခြင့္ ေပးသြား ဖြယ္ ရွိေနျပီး ဘယ္လာရင္ ရဲ႕ ညာေနာက္ခံလူ ေနရာကုိ ျခိမ္းေျခာက္နုိင္မယ့္ ကစားသမားလုိ႔ ထင္ေၾကး ေပးခံထားရသူလည္း ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

အာဆင်နယ် အသင်းကို ငွေအကုန်အကျ သက်သာစေမယ့် လူငယ် ကစားသမား ငါးဦး
=============================

အာဆင်နယ် အသင်းဟာ ဒီရာသီမှာလည်း ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော် ခဲ့တာကြောင့် အခု နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကစားသမား ခေါ်ယူမှု အတွက် ပေါင် ၄၅ သန်း သာ အသုံးပြု သွားမယ်လို့ သတင်းတွေ ထွက်နေပါတယ် ။

ဒါကြောင့် နည်းပြ အမ်မရီ ဟာ ကစားသမားသစ် များများများစားစား ခေါ်ယူ နိုင်ဖွယ် မရှိဘဲ အသင်းက စီနီယာ ကစားသမားတွေ နဲ့ လူငယ် အသင်းက အရည်အချင်း ရှိတဲ့ ကစားသမားလေးတွေကို နေရာပေးသွားဖို့ ရှိနေပါတယ် ။

အာဆင်နယ် အသင်းဟာ လာမယ့် ရာသီ အတွက် ကြိုတင် ပြင်ဆင်မှု အနေနဲ့ ယူ-၂၃ နည်းပြ ယွန်းဘတ် ကို အူနိုင်း အမ်မရီ ရဲ့ နည်းပြ အဖွဲ့ဝင် အဖြစ် ခန့်အပ်ဖို့ ကြိုးစား နေတယ်လို့လည်း သိရပါတယ် ။

Football London က ဖော်ပြလိုက်တဲ့ လာမယ့် ရာသီ အာဆင်နယ် အသင်းကြီးမှာ နေရာ ရလာနိုင်တဲ့ လူငယ် ကစားသမား ငါးဦးကို Sports Myanmar ပရိသတ်ကြီးအတွက် ဖော်ပြ ပေးလိုက်ပါတယ် ။

ရိုင်းစ်နယ်လ်ဆင်
**********

အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ ရိုင်းစ်နယ်လ်ဆင် ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ တုန်းက အာဆင်နယ် အသင်း နဲ့ ကာလရှည် စာချုပ် သက်တမ်း တိုးခဲ့ပြီး အတွေ့အကြုံ ရဖို့ အတွက် ဘွန်ဒက်စ်လီဂါ ကလပ် ဟော့ဖန်ဟိမ်း အသင်းကို တစ်ရာသီ အငှား ထွက်ကစား ခဲ့ပါတယ် ။

နယ်လ်ဆင် ဟာ ဟော့ဖန်ဟိမ်း အသင်း အတွက် ၁၉ ပွဲ ပါဝင် ကစားပေး ခဲ့ပြီး ရ ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။ နယ်လ်ဆင် ဟာ နောက်ကျော ဒဏ်ရာ မရခင်တုန်းက ဟော့ဖန်ဟိမ်း အသင်း အတွက် ၁၁ ပွဲ ကစားထားရာမှာ ၆ ဂိုး အထိ သွင်းယူ ထား နိုင်ခဲ့ပါတယ် ။

အင်္ဂလန် လူငယ် ကစားသမားလေး ရိုင်းစ်နယ်လ်ဆင် ဟာ လာမယ့် ရာသီမှာ အာဆင်နယ် အသင်းကြီးမှာ နေရာ ရလာဖွယ် ရှိနေပြီး ဘယ်လောက်အထိ ခြေစွမ်းပြ ကစားနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့် ရမှာလည်း ဖြစ်ပါတယ် ။

မာတီနက်ဇ်
*******

မာတီနက်ဇ် ဟာ အာဆင်နယ် အသင်းကို ၂၀၁၀ ခုနှစ် က ပြောင်းရွှေ့ ရောက်ရှိ လာတာ ဖြစ်ပြီး ၂ နှစ် အကြာမှာမှ အသင်းကြီး အတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။ မာတီနက်ဇ် ဟာ အသင်းမှာ ပွဲထွက် ကစားခွင့် ရတဲ့အချိန် အတော်လေး နည်းပါး ခဲ့ပြီး တခြား အသင်းတွေမှာသာ အငှားထွက် ကစားနေရတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ် ။

အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာတီိနက်ဇ် ဟာ အာဆင်နယ် အသင်း ကနေ တခြား အသင်းတွေစီ အငှား ခြောက်ကြိမ် အထိ ထွက်ကစား ခဲ့ရပါတယ် ။ မာတီနက်ဇ် ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အာဆင်နယ် အသင်းအတွက် တစ်ပွဲသာ ကစားခွင့် ရခဲ့ပြီး ကွာရာဘတ် အသင်းနဲ့ ပွဲမှာ ကစားခွင့် ရခဲ့တာပါ ။

ဒုတိယ ရာသီဝက်မှာတော့ မာတီနက်ဇ် ဟာ ချန်ပီယံရှစ် ကလပ် ရီးဒင်း အသင်းမှာ အငှား သွားရောက် ကစားခဲ့ပြီး ပုံမှန် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။ မာတီနက်ဇ် ဟာ ရီးဒင်း အသင်း အတွက် ၁၈ ပွဲ ကစား ပေးခဲ့ပြီး Clean-Sheet ငါးပွဲ အထိ ရရှိအောင် စွမ်း ဆောင် ပေး နိုင် ခဲ့ ပါ တယ် ။

ရောဘ့်ဟိုးလ်ဒင်း
************

ပြီးခဲ့တဲ့ ရာသီက ဟိုလ်းဒင်း ပါဝင် ကစားတဲ့ပွဲတွေမှာ အာဆင်နယ် အသင်းဟာ ရှုံးပွဲ လုံးဝ မရှိခဲ့ဘဲ သူ့ရဲ့ ခြေစွမ်းပိုင်း ဟာလည်း အကောင်းဆုံး အနေအထားကို ရောက်ရှိ ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဟိုးလ်ဒင်း ဟာ ဒူးဒဏ်ရာကြောင့် ယခုနှစ် ဧပြီလမှာ လေ့ကျင့်ခန်း ပြန်ဆင်း နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်း နောက်တန်းမှာ အသင်းခေါင်းဆောင် ကော့စီရယ်နီ ဟာ အသက်အရွယ် ကြီးလာပြီ ဖြစ်တဲ့အပြင် အသင်းကနေ ထွက်ခွာဖွယ် ရှိနေပြီး မူစတာဖီ ဟာလည်း ဂန်းနားတို့ ရောင်းထုတ်စေချင်တဲ့ ကစားသမားစာရင်းမှာ ပါဝင် နေသူပါ ။ ဒါကြောင့် နည်းပြ အမ်မရီ ဟာ ရာသီသစ်မှာ ဟိုးလ်ဒင်းကို ပွဲထွက်ခွင့် ပေးသွားဖွယ် ရှိနေပါတယ် ။

ဂျိုးဝီးလော့
*******
နည်းပြ အမ်မရီ ဟာ ပြီးခဲ့တဲ့ ရာသီက ဝီးလော့ကို အသင်းကြီးမှာ ပွဲထွက် ကစားခိုင်းခဲ့ပါတယ် ။ ဝီးလော့ ဟာ အမ်မရီ ရဲ့ ယုံကြည်မှု နဲ့ ထိုက်တန်အောင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ခြောက်ပွဲ ကစားခဲ့ရာမှာ သုံးဂိုး အထိ သွင်းယူ နိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီနွေရာသီ စျေးကွက်မှာ ရမ်ဆေး နေရာ အစားထိုးဖို့ ကစားသမားသစ် မခေါ်ယူနိုင်ပါက ဝီးလော့ ကို အခွင့်အရေးပေးသွားဖို့ ရှိနေပါတယ် ။

အိုဆိုင်းတူတူ
********
ညာနောက်ခံလူ အိုဆိုင်းတူတူ ဟာ အာဆင်နယ် အသင်းကြီးမှာ ပွဲထွက် ကစားခွင့် မရသေးပေမယ့် ယွန်းဘတ် ရဲ့ လူငယ် အသင်းမှာတော့ ခြေစွမ်းပြ ကစားနေသူပါ ။ အိုဆိုင်းတူတူ ကို ခေါ်ယူဖို့ ဆဲလ်တစ် ၊ ဟမ်းဘတ် တို့လို အသင်းတွေကတောင် ချိတ်ဆက်နေကြတာပါ ။ နည်းပြ အမ်မရီ ဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ အိုဆိုင်းတူတူကို စတင် ပွဲထွက်ခွင့် ပေးသွား ဖွယ် ရှိနေပြီး ဘယ်လာရင် ရဲ့ ညာနောက်ခံလူ နေရာကို ခြိမ်းခြောက်နိုင်မယ့် ကစားသမားလို့ ထင်ကြေး ပေးခံထားရသူလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR