လက်စတာ အသင်းကို ဘရန်ဒန် ဂျော်ဂျာ ကိုင်တွယ်လိုက်ပြီး နောက်ပိုင်း ၊ တိုက်စစ်မှုး ဂျေမီ ဗာဒီဟာ ပရီးမီးယားလိဂ် ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး တိုက်စစ်မှုး အဖြစ် ရပ်တည်လျှက် ရှိနေပြီ ဖြစ်ပါတယ်။

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆောက်သမ်တန် အသင်းနဲ့ ပွဲစဉ်မှာတော့ သူဟာ လက်စတာအတွက် ဟတ်ထရစ်ဂိုး သွင်းယူ နိုင်ခဲ့တဲ့ အပြင် ၊ ဒီရာသီ ပရီးမီးယားလိဂ် ပွဲပေါင်း 10 ပွဲ ကစားပြီးချိန်မှာ သူ့ရဲ့ သွင်းဂိုးက စုစုပေါင်း 9 ဂိုး အထိ ရှိလာခဲ့ပါတယ်။ ဒီမှတ်တမ်းကြောင့် ဗာဒီဟာ သွင်းဂိုး အများဆုံး ကစားသမား စာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့သလို ၊ ဂျော်ဂျာ တာဝန်ယူခဲ့ပြီးနောက်ပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲပေါင်း 20 မှာ သူ့ရဲ့ သွင်းဂိုးက 18 ဂိုး အထိ ရှိနေခဲ့ပါတယ်။

ဒါကြောင့် ရော်ဂျာဟာ အသက် 32 နှစ် အရွယ် အင်္ဂလန်သားကြီး ရဲ့ အရည်အသွေးတွေကို အမြင့်ဆုံးအထိ တောက်ပအောင် လေ့ကျင့်ပေးနေခဲ့ပြီလို့ ဆိုရမှာပါ။

တကယ်တော့ ရော်ဂျာ်ဟာ လက်စတာကို စတင် တာဝန်မယူမီ အချိန် ကတည်းက ဗာဒီဟာ သူ့ရဲ့ အားကိုးရတဲ့ တိုက်စစ်မှုး ဖြစ်လာမယ် ဆိုတာ ကြိုတင် ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။ ဆဲလ်တစ် နဲ့ လမ်းခွဲခဲ့ပြီး နောက်ပိုင်း ၊ လက်စတာကို ကိုင်တွယ်ဖို့ ပြင်ဆင်နေတဲ့ အချိန်အတောအတွင်းက ဘရိုတ်တန် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကို VIP တန်းကနေ ကြည့်ရှုခဲ့ပြီး ၊ အဲဒီ ပွဲအပြီးမှာ တစ်ခါတည်း အဝတ်လဲခန်းကို ဝင်ရောက်ကာ ကစားသမားတွေ နဲ့ စတင် မိတ်ဆက်ခဲ့ပါတယ်။

ဗာဒီ နဲ့ ထိပ်တိုက်တွေ့ လိုက်တဲ့ အချိန်မှာတော့ ရော်ဂျာ က “ မင်း လက်စတာ မှာ ရှိနေတာ အရမ်းကို ကျေနပ်တယ်” ဆိုတဲ့ စကားတစ်ခွန်းကို လေးလေးနက်နက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အခိုက်အတန့်တွေကတော့ ဗာဒီ ကိုယ်တိုင်လဲ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို တန်ဖိုးထားမယ့် နည်းပြ တစ်ယောက် နဲ့ ဆုံဆည်းခွင့် ရတော့မယ်လို့ ခံစားမိခဲ့တာဖြစ်သလို ၊ ပူရယ် ပြောခဲ့တဲ့ မှတ်ချက် စကားတွေကိုလဲ မှားယွင်းကြောင်း သက်သေပြဖို့ အခွင့် အရေးပေါ်လာပြီလို့ သိလာခဲ့တာပါ။

အခုဆိုရင် ဗာဒီ ရဲ့စွမ်းဆောင်ရည်တွေဟာ ပူရယ်လက်ထက် အနေအထားတွေ နဲ့ ယှဉ်ကြည့်လိုက်မယ် ဆိုပါက တစ်ပွဲကို ဂိုးပေါက် ကန်သွင်းမှု က 2.3 ကြိမ် ပိုလာခဲ့သလို ၊ ဂိုးပေါက် တည့်တဲ့ အကြိမ်အရေအတွက်လဲက 1.2 ကြိမ် အထိ ပိုလာခဲ့ပါတယ်။ ဒါ့အပြင် ဂိုးအဖြစ် ပြောင်းလဲနှုန်းမှာတော့ 34.1% အထိ မြင့်တက်လာခဲ့တာပါ။

ဒါဟာ ဗာဒီရဲ့ တိုးတက်လာတဲ့ စွမ်းဆောင်ရည်တွေ ဖြစ်ပြီး ၊ ထူးခြားတာက သူဟာ ကွင်းထဲမှာ ဘောလုံး ထိတဲ့ အရေအတွက်မှာတော့ 22.5 ကြိမ် (ပျှမ်းမျှ) သာ ရှိနေခဲ့ပါတယ်။

သူဟာ ဘောလုံးကို 30.4 ကြိမ် ထိတိုင်း 1 ဂိုး ရနေတာ ဖြစ်ပြီး ၊ စတာလင် ရဲ့ 87.2 ကြိမ်/1ဂိုး ၊ မာနေး ရဲ့ 70.7ကြိမ် /1ဂိုး တွေနဲ့ ယှဉ်လိုက်မယ် ဆိုပါက တော်တော်လေးကို နည်းလွန်းနေတာ မြင်တွေ့ရမှာပါ။

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆောက်သမ်တန် အသင်းနဲ့ ပွဲဆိုရင်လဲ သူဟာ ဟတ်ထရစ် ရယူနိုင်ခဲ့သည့်တိုင်အောင် ဂိုးပေါက် ကန်သွင်းချက်က 5 ကြိမ်သာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၊ ဂိုးပေါက် တည့်တာ က 4 ကြိမ် မှာ 3 ဂိုးအထိ ရယူပြလိုက်တာ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာက သူဟာ တစ်ပွဲလုံးမှ 24 ကြိမ်သာ ဘောလုံးကို ထိခဲ့တာ ဖြစ်ကာ ၊ ဘောလုံး ပေးပို့မှုကလဲ 12 ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အနေအထားတွေ နဲ့ ပတ်သက်လို့ ရော်ဂျာက ရှင်းပြရမှာတော့ –

“ ကျနော် တို့ အသင်းက တိုက်စစ်ကို ပုံဖော်ဖို့ အတွက်ပဲ တည်ဆောက်ထားတာပါ။ ပြီးတော့ ဗာဒီ ရဲ့ စိတ်ကြိုက် ပုံစံတွေ ဖန်တီးနိုင်ဖို့အတွက် အမြဲတမ်း ပြင်ဆင်ထားတာလေ။

ဗာဒီ ရဲ့ အားသာချက်က လှည့်ထွက်ပြီး ဘောလုံးရယူတာမျိုးတွေ ၊ အသင်းဖော်တွေ နဲ့ ချိတ်ဆက်ပြီး ကစားတာမျိုး မဟုတ်ပါဘူး။ သူက နောက်ဆုံး ခံစစ်မှုးကို ဘယ်လို ပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ် ရအောင် ကျော်ဖြတ်ပြမယ် ဆိုတဲ့ ခံယူချက်နဲ့ တိုက်စစ်မှုးဗျ။

ဒါကြောင့်လဲ ကျနော်က ကိုယ့်ရဲ့ တိုက်စစ်မှုးတွေ အားလုံးကို တစ်ခွန်းထဲ မှာထားတာက “ ဘယ်တော့မှ 18 ကိုက် အပြင်ဘက်မှ ထွက်မနေစေနဲ့ ၊ ဂိုးက 18 ကိုက်ထဲမှာမို့ အဲဒီနေရာနဲ့ နီးနိုင်သမျှ နီးအောင် နေရာယူထား။ ကျန်တဲ့ ကစားဖော်တွေက မင်းတို့ အတွက် ဂိုးသွင်းဖို့ ဖန်တီးပြလိမ့်မယ်” ဆိုတာပါ။

တကယ်လို့ ပြိုင်ဘက် ကလပ်အသင်းက ခံစစ်ကို ပိတ်ထားတယ် ဆိုရင်တော့ ဗာဒီ အတွက် နေရာလွတ်ရှာဖို့ ခက်တာပေါ့။ ဒါပေမယ့် ကျနော့် ရဲ့ အိုက်ဒီယာက မပြောင်းပါဘူး ။ ဂိုးနားမှာပဲ နေ ၊ အခွင့်ရေး ရရင် အမိအရ ဆုပ်ကိုင်နိုင်အောင်ပဲ အသင့်ပြင်ထား ၊ ဖြတ်တင်ဘောတွေ ၊ ဘောလုံးပေးပို့မှုတွေက တစ်ချိန်ချိန်မှာ ရောက်လာမယ် ဆိုတာပါ။ သူကလဲ သူ့အလုပ်ကို ဘယ်လိုလုပ်ရမလဲ ဆိုတာ ကောင်းကောင်းသိပါတယ်။

အဲဒီလိုမှ မဟုတ်ပဲ တစ်ဖက် အသင်းကလဲ တိုက်စစ်ကို ဖွင့် ကစားတယ် ဆိုရင်တော့ ဗာဒီ အတွက် ပြိုင်ဘက် နောက်တန်းကို ထိုးဖောက်ဖို့က မခက်တော့ပါဘူး။ ကျနော့် အမြင် ပြောရရင် အသင်းဟာ သူ့ရဲ့ အကြိုက်ကို သိနေပြီးသား ဆိုတော့ ကစားကွက် တည်ဆောက်ရတာ လွယ်ပါတယ်။

ကျနော်ကလဲ ကိုယ့်ရဲ့ မူပိုင် ကစားဟန်ကြီးကို အမြဲတမ်း ဆုပ်ကိုင်ထားတဲ့သူ မဟုတ်ဘူးလေ။ ကစားသမားတွေ ရဲ့ အားသာချက်တွေကို ရှာပြီးမှ အသင်းနဲ့ လိုက်ဖက်တဲ့ ပုံစံမျိုးဖြစ်အောင် တည်ဆောက်ယူတဲ့သူပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဗာဒီတစ်ယောက် ဒီရာသီမှာ လက်စတာ အတွက် ဘယ်နှစ်ဂိုးအထိ သွင်းပြပြီး ၊ ပရီးမီးယားလိဂ် ရဲ့ ဘယ်အဆင့်မှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပြမလဲ ဆိုတာ စောင့်ကြည့်လိုက်ကြရအောင်ဗျာ……

SPORTS MYANMAR

Zawgyi

ေရာ္ဂ်ာ ထုဆစ္ေနတဲ့ ထိပ္တန္း တိုက္စစ္မွုး တစ္ေယာက္ (သို႔) ပရီးမီးယားလိဂ္ ခံစစ္မွုးေတြ သတိထားရေတာ့မယ့္ ေဂ်မီ ဗာဒီ

လက္စတာ အသင္းကို ဘရန္ဒန္ ေဂ်ာ္ဂ်ာ ကိုင္တြယ္လိုက္ၿပီး ေနာက္ပိုင္း ၊ တိုက္စစ္မွုး ေဂ်မီ ဗာဒီဟာ ပရီးမီးယားလိဂ္ ရဲ့ စြမ္းေဆာင္ရည္ အေကာင္းဆုံး တိုက္စစ္မွုး အျဖစ္ ရပ္တည္လၽွက္ ရွိေနၿပီ ျဖစ္ပါတယ္။

မေန႔ညက ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ေဆာက္သမ္တန္ အသင္းနဲ႔ ပြဲစဥ္မွာေတာ့ သူဟာ လက္စတာအတြက္ ဟတ္ထရစ္ဂိုး သြင္းယူ နိုင္ခဲ့တဲ့ အျပင္ ၊ ဒီရာသီ ပရီးမီးယားလိဂ္ ပြဲေပါင္း 10 ပြဲ ကစားၿပီးခ်ိန္မွာ သူ႔ရဲ့ သြင္းဂိုးက စုစုေပါင္း 9 ဂိုး အထိ ရွိလာခဲ့ပါတယ္။ ဒီမွတ္တမ္းေၾကာင့္ ဗာဒီဟာ သြင္းဂိုး အမ်ားဆုံး ကစားသမား စာရင္းမွာ ထိပ္ဆုံးကေန ရပ္တည္နိုင္ခဲ့သလို ၊ ေဂ်ာ္ဂ်ာ တာဝန္ယူခဲ့ၿပီးေနာက္ပိုင္း ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲေပါင္း 20 မွာ သူ႔ရဲ့ သြင္းဂိုးက 18 ဂိုး အထိ ရွိေနခဲ့ပါတယ္။

ဒါေၾကာင့္ ေရာ္ဂ်ာဟာ အသက္ 32 ႏွစ္ အရြယ္ အဂၤလန္သားႀကီး ရဲ့ အရည္အေသြးေတြကို အျမင့္ဆုံးအထိ ေတာက္ပေအာင္ ေလ့က်င့္ေပးေနခဲ့ၿပီလို႔ ဆိုရမွာပါ။

တကယ္ေတာ့ ေရာ္ဂ်ာ္ဟာ လက္စတာကို စတင္ တာဝန္မယူမီ အခ်ိန္ ကတည္းက ဗာဒီဟာ သူ႔ရဲ့ အားကိုးရတဲ့ တိုက္စစ္မွုး ျဖစ္လာမယ္ ဆိုတာ ႀကိဳတင္ ခန႔္မွန္းထားခဲ့တာ ျဖစ္ပါတယ္။ ဆဲလ္တစ္ နဲ႔ လမ္းခြဲခဲ့ၿပီး ေနာက္ပိုင္း ၊ လက္စတာကို ကိုင္တြယ္ဖို႔ ျပင္ဆင္ေနတဲ့ အခ်ိန္အေတာအတြင္းက ဘရိုတ္တန္ နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္ကို VIP တန္းကေန ၾကည့္ရွုခဲ့ၿပီး ၊ အဲဒီ ပြဲအၿပီးမွာ တစ္ခါတည္း အဝတ္လဲခန္းကို ဝင္ေရာက္ကာ ကစားသမားေတြ နဲ႔ စတင္ မိတ္ဆက္ခဲ့ပါတယ္။

ဗာဒီ နဲ႔ ထိပ္တိုက္ေတြ႕ လိုက္တဲ့ အခ်ိန္မွာေတာ့ ေရာ္ဂ်ာ က “ မင္း လက္စတာ မွာ ရွိေနတာ အရမ္းကို ေက်နပ္တယ္” ဆိုတဲ့ စကားတစ္ခြန္းကို ေလးေလးနက္နက္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

အဲဒီ အခိုက္အတန႔္ေတြကေတာ့ ဗာဒီ ကိုယ္တိုင္လဲ သူ႔ရဲ့ စြမ္းေဆာင္ရည္ေတြကို တန္ဖိုးထားမယ့္ နည္းၿပ တစ္ေယာက္ နဲ႔ ဆုံဆည္းခြင့္ ရေတာ့မယ္လို႔ ခံစားမိခဲ့တာျဖစ္သလို ၊ ပူရယ္ ေျပာခဲ့တဲ့ မွတ္ခ်က္ စကားေတြကိုလဲ မွားယြင္းေၾကာင္း သက္ေသျပဖို႔ အခြင့္ အေရးေပၚလာၿပီလို႔ သိလာခဲ့တာပါ။

အခုဆိုရင္ ဗာဒီ ရဲ့စြမ္းေဆာင္ရည္ေတြဟာ ပူရယ္လက္ထက္ အေနအထားေတြ နဲ႔ ယွဥ္ၾကည့္လိုက္မယ္ ဆိုပါက တစ္ပြဲကို ဂိုးေပါက္ ကန္သြင္းမွု က 2.3 ႀကိမ္ ပိုလာခဲ့သလို ၊ ဂိုးေပါက္ တည့္တဲ့ အႀကိမ္အေရအတြက္လဲက 1.2 ႀကိမ္ အထိ ပိုလာခဲ့ပါတယ္။ ဒါ့အျပင္ ဂိုးအျဖစ္ ေျပာင္းလဲႏွုန္းမွာေတာ့ 34.1% အထိ ျမင့္တက္လာခဲ့တာပါ။

ဒါဟာ ဗာဒီရဲ့ တိုးတက္လာတဲ့ စြမ္းေဆာင္ရည္ေတြ ျဖစ္ၿပီး ၊ ထူးျခားတာက သူဟာ ကြင္းထဲမွာ ေဘာလုံး ထိတဲ့ အေရအတြက္မွာေတာ့ 22.5 ႀကိမ္ (ပၽွမ္းမၽွ) သာ ရွိေနခဲ့ပါတယ္။

သူဟာ ေဘာလုံးကို 30.4 ႀကိမ္ ထိတိုင္း 1 ဂိုး ရေနတာ ျဖစ္ၿပီး ၊ စတာလင္ ရဲ့ 87.2 ႀကိမ္/1ဂိုး ၊ မာေနး ရဲ့ 70.7ႀကိမ္ /1ဂိုး ေတြနဲ႔ ယွဥ္လိုက္မယ္ ဆိုပါက ေတာ္ေတာ္ေလးကို နည္းလြန္းေနတာ ျမင္ေတြ႕ရမွာပါ။

မေန႔ညက ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ေဆာက္သမ္တန္ အသင္းနဲ႔ ပြဲဆိုရင္လဲ သူဟာ ဟတ္ထရစ္ ရယူနိုင္ခဲ့သည့္တိုင္ေအာင္ ဂိုးေပါက္ ကန္သြင္းခ်က္က 5 ႀကိမ္သာ ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး ၊ ဂိုးေပါက္ တည့္တာ က 4 ႀကိမ္ မွာ 3 ဂိုးအထိ ရယူျပလိုက္တာ ျဖစ္ပါတယ္။ ေနာက္ထပ္ ထူးျခားတာက သူဟာ တစ္ပြဲလုံးမွ 24 ႀကိမ္သာ ေဘာလုံးကို ထိခဲ့တာ ျဖစ္ကာ ၊ ေဘာလုံး ေပးပို႔မွုကလဲ 12 ႀကိမ္သာ ျပဳလုပ္နိုင္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီ အေနအထားေတြ နဲ႔ ပတ္သက္လို႔ ေရာ္ဂ်ာက ရွင္းျပရမွာေတာ့ –

“ က်ေနာ္ တို႔ အသင္းက တိုက္စစ္ကို ပုံေဖာ္ဖို႔ အတြက္ပဲ တည္ေဆာက္ထားတာပါ။ ၿပီးေတာ့ ဗာဒီ ရဲ့ စိတ္ႀကိဳက္ ပုံစံေတြ ဖန္တီးနိုင္ဖို႔အတြက္ အျမဲတမ္း ျပင္ဆင္ထားတာေလ။

ဗာဒီ ရဲ့ အားသာခ်က္က လွည့္ထြက္ၿပီး ေဘာလုံးရယူတာမ်ိဳးေတြ ၊ အသင္းေဖာ္ေတြ နဲ႔ ခ်ိတ္ဆက္ၿပီး ကစားတာမ်ိဳး မဟုတ္ပါဘူး။ သူက ေနာက္ဆုံး ခံစစ္မွုးကို ဘယ္လို ပုံစံမ်ိဳးနဲ႔ပဲ ျဖစ္ျဖစ္ ရေအာင္ ေက်ာ္ျဖတ္ျပမယ္ ဆိုတဲ့ ခံယူခ်က္နဲ႔ တိုက္စစ္မွုးဗ်။

ဒါေၾကာင့္လဲ က်ေနာ္က ကိုယ့္ရဲ့ တိုက္စစ္မွုးေတြ အားလုံးကို တစ္ခြန္းထဲ မွာထားတာက “ ဘယ္ေတာ့မွ 18 ကိုက္ အျပင္ဘက္မွ ထြက္မေနေစနဲ႔ ၊ ဂိုးက 18 ကိုက္ထဲမွာမို႔ အဲဒီေနရာနဲ႔ နီးနိုင္သမၽွ နီးေအာင္ ေနရာယူထား။ က်န္တဲ့ ကစားေဖာ္ေတြက မင္းတို႔ အတြက္ ဂိုးသြင္းဖို႔ ဖန္တီးျပလိမ့္မယ္” ဆိုတာပါ။

တကယ္လို႔ ၿပိဳင္ဘက္ ကလပ္အသင္းက ခံစစ္ကို ပိတ္ထားတယ္ ဆိုရင္ေတာ့ ဗာဒီ အတြက္ ေနရာလြတ္ရွာဖို႔ ခက္တာေပါ့။ ဒါေပမယ့္ က်ေနာ့္ ရဲ့ အိုက္ဒီယာက မေျပာင္းပါဘူး ။ ဂိုးနားမွာပဲ ေန ၊ အခြင့္ေရး ရရင္ အမိအရ ဆုပ္ကိုင္နိုင္ေအာင္ပဲ အသင့္ျပင္ထား ၊ ျဖတ္တင္ေဘာေတြ ၊ ေဘာလုံးေပးပို႔မွုေတြက တစ္ခ်ိန္ခ်ိန္မွာ ေရာက္လာမယ္ ဆိုတာပါ။ သူကလဲ သူ႔အလုပ္ကို ဘယ္လိုလုပ္ရမလဲ ဆိုတာ ေကာင္းေကာင္းသိပါတယ္။

အဲဒီလိုမွ မဟုတ္ပဲ တစ္ဖက္ အသင္းကလဲ တိုက္စစ္ကို ဖြင့္ ကစားတယ္ ဆိုရင္ေတာ့ ဗာဒီ အတြက္ ၿပိဳင္ဘက္ ေနာက္တန္းကို ထိုးေဖာက္ဖို႔က မခက္ေတာ့ပါဘူး။ က်ေနာ့္ အျမင္ ေျပာရရင္ အသင္းဟာ သူ႔ရဲ့ အႀကိဳက္ကို သိေနၿပီးသား ဆိုေတာ့ ကစားကြက္ တည္ေဆာက္ရတာ လြယ္ပါတယ္။

က်ေနာ္ကလဲ ကိုယ့္ရဲ့ မူပိုင္ ကစားဟန္ႀကီးကို အျမဲတမ္း ဆုပ္ကိုင္ထားတဲ့သူ မဟုတ္ဘူးေလ။ ကစားသမားေတြ ရဲ့ အားသာခ်က္ေတြကို ရွာၿပီးမွ အသင္းနဲ႔ လိုက္ဖက္တဲ့ ပုံစံမ်ိဳးျဖစ္ေအာင္ တည္ေဆာက္ယူတဲ့သူပါ” လို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။

ဗာဒီတစ္ေယာက္ ဒီရာသီမွာ လက္စတာ အတြက္ ဘယ္ႏွစ္ဂိုးအထိ သြင္းျပၿပီး ၊ ပရီးမီးယားလိဂ္ ရဲ့ ဘယ္အဆင့္မွာ ရပ္တည္နိုင္ေအာင္ စြမ္းေဆာင္ျပမလဲ ဆိုတာ ေစာင့္ၾကည့္လိုက္ၾကရေအာင္ဗ်ာ……

SPORTS MYANMAR