Unicode

အခုအပတ် ပရီးမီးယား လိဂ်ပွဲစဉ် ၁၀ ရဲ့ အကောင်းဆုံး ပွဲစဉ် အဖြစ်တော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူး အသင်းနဲ့ စပါး အသင်းတို့ အန်ဖီးလ် မှာ ကစားသွားကြဖို့ရှိနေပါတယ်။ဒါဟာ ဒီနှစ်သင်းအတွက် တော့ယမန်နှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီး ပြန်ပြီး ထိပ်တိုက်ဆုံတွေ့နေတာလည်းဖြစ်ပါတယ်။

လီဗာပူး နဲ့ စပါးတို့ ဟာ ချန်ပီယံလိဂ် ဖိုင်နယ်အဖြစ် အေတီကို အသင်းရဲ့ ဝန်ဒါမက်ထရို ပိုလီတာနိုကွင်းကြီး မှာ ရင်ဆိုင်ခဲ့ကြတာဖြစ်ပြီး ဆာလတ်၊ အိုရီဂီ တို့ရဲ့ ဂိုးတွေနဲ့ လီဗာပူး အသင်းက အနိုင်ယူပြီး ဆုဖလားကြီးကိုကိုင်မြောက်ထားခဲ့တာဖြစ်ပါတယ်။အဆိုပါရှုံးပွဲကြောင့် စပါးအသင်းသားတွေနဲ့ ဝန်ထမ်းတွေကို ဘာမှမရှိတော့သလို ခံစားချက်မျိုးကို ဖြစ်စေခဲ့တယ်လို့ နည်းပြကြီး ပိုချက်တီနိုက ပြန်ပြောင်းပြောပြသွားခဲ့ပါတယ်။

စပါး အသင်းဟာ ထိုပွဲစဉ် အတွက် မကျေပွဲ အဖြစ် တနင်္ဂနွေနေ့မှာ လီဗာပူး အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။ဒါပေမယ့် လီဗာပူး အသင်းဟာ ယူနိုက်တက်နဲ့ ပွဲတပွဲသာသရေကျထားပြီးကျန်ပွဲတိုင်းကို အနိုင်ကစားထားတဲ့ အသင်းဖြစ်လို့ လွယ်ကူဖို့တော့ မရှိတာဖြစ်ပါတယ်။

ဒါ့အပြင် စပါးအသင်းဟာ နောက်ပိုင်း ကစားခဲ့တဲ့ ပွဲတွေမှာ ဘိုင်ယန်အသင်းကို အိမ်ကွင်းမှာ ၂-၇ ဂိုးနဲ့ အရှက်တကွဲအရေးနိမ့်ခဲ့ရတဲ့ ပွဲစဉ်၊ ဘရိုက်တန် လိုအသင်းကို ၃ဂိုးပြတ် အရေးနိမ့်ထားခဲ့ရတဲ့ ပွဲတွေလိုရလဒ်ဆိုးတွေ ကြံုတွေ့ထားခဲ့ရသေးတာဖြစ်ပါတယ်။

နည်းပြကြီး ပိုချက်တီနိုရဲ့ စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ၉ပွဲ ကစားနိုင်ပွဲ ၃ပွဲသာရရှိထားလို့ ဦးဆောင်သူ လီဗာပူး အသင်းနဲ့ ၁၃ မှတ်အထိကွာဟနေပါတယ်။မက်ဒရစ်မြေမှာ ကစားခဲ့တဲ့ ချန်ပီယံ လိဂ်ဖိုင်နယ် ပွဲစဉ် အကြောင်းကို ပြန်ပြီးဆွေးနွေး ရာမှာတော့ ပိုချက်တီနိုက –

” အတော်လေးကို ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။ရာသီတခုရဲ့ နောက်ဆုံး ကစားရတဲ့ ပွဲစဉ်က ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ဖြစ်ခဲ့ပြီး ကျွန်တော်တို့ ပုံအောပြီးကို ကြီးစားကစားသွားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အဆုံးသတ်ချိန်မှာ တော့ ဘာမှ ဖြစ်မလာခဲ့ပါဘူး။

ဘောလုံးလောကဆို တာပြိုင်ဆိုင်မှု အတော်လေးပြင်းထန်တာဖြစ်လို့ ကျွန်တော်တို့ အတွက် ဒုတိယဆု ဆိုတာ ဘာမှာ အဓိပ္ပါယ် မရှိသလိုတောင်ဖြစ်ခဲ့့ရပါတယ်။ကျွန်တော်တို့လို အသင်းအတွက် ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်တယ်ဆိုတာက အများကြီး အဓိပ္ပါယ်ရှိခဲ့တယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် လည်း ကစားသမားတွေ နဲ့ ဝန်ထမ်းတွေကတော့ ပွဲအပြီးမှာ ခံစားချက် တွေ ဘာမှ မကျန်တော့သလို တော့ ဖြစ်သွားခဲ့ကြပါတယ်။အဲ့ဒီနောက်ပိုင်းအချိန်ကာလတခုကြာမှပဲ ‘ အေးဆေးပါကွာ၊ငါတို့ချန်ပီယံလိဂ်ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။အနိုင်မရခဲ့ပေမယ့်လည်း ငါတို့နဲ့အတူဒီမှတ်တမ်းကောင်းက အမြဲရှိနေမှာပါကွ ‘ လို့ကျွန်တော် ပြောနိုင်ခဲ့ပါတယ်” လို့ပြောပြသွားခဲ့တာဖြစ်ပါတယ်။

လတ်တလော ခြေစွမ်းပိုင်း နဲ့ စွမ်းဆောင်ရည် အနေအထားတွေအရ ဒီနှစ်သင်းက အတော်လေးကို ကွဲပြားခြားနားနေတာဖြစ်ပါတယ်။ဒါပေမယ့်လည်း အခုပွဲမှာ လီဗာပူးကို လက်စားချေနိုင်မယ် လို့ ပိုချက်တီနိုက ယုံကြည်နေပါတယ်။

တနင်္ဂနွေနေ့ ပွဲစဉ် နဲ့ ပတ်သက်ပြီး ပိုချက်တီနိုက – ” လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက ကျွန်တော်တို့ဟာ လီဗာပူး အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းက ဆိုရင်လည်း ကျွန်တော်တို့ဟာ အေဂျက်နဲ့ မန်စီးတီးတို့ကို ချန်ပီယံလိဂ်မှာ အနိုင်ယူနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ အသင်းမှာ မယုံနိုင်စရာကောင်း တဲ့ လူစာရင်း မျိုးကို ပိုင်ဆိုင် ထားတယ်လို့ တော့ ကျွန်တော် ခံစားနေရပါတယ်။ဒါ့အပြင် ကျွန်တော်တို့ဟာ အကောင်းဆုံး အနေအထားမှာ ဆိုရင် ဘယ်အသင်းကို မဆို အနိုင်ယူနိုင်စွမ်း ရှိတယ်လို့လည်း ထင်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

စပါးအသင်းဟာ အောက်တိုဘာလအတွင်းမှာ ရလဒ်ဆိုးတွေ တောက်လျှောက် ကြံုတွေ့ထား ခဲ့ရပြီး ဘိုင်ယန်၊ ဘရိုက်တန်တို့ကို ဂိုးပြတ်အရေးနိမ့်ခဲ့သလို ဝက်ဖို့ဒ်လို အသင်းကိုတောင် သရေသာကစားနိုင်ခဲ့တာဖြစ်လို့ နည်းပြပိုချက်တီနိုရဲ့ အနာဂတ်ဟာအတော်လေးကိုလှုပ်ခတ်သွားခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံ လိဂ် အုပ်စုပွဲစဉ် မှာ ရတ်စတား အသင်းကို ၅ဂိုးပြတ် ချေမှုန်း နိုင်ခဲ့ လို့ ဖိအားတွေ အနည်းငယ် လျော့ပါးသွားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်း လီဗာပူး အသင်းနဲ့ တကျော့ပြန်ရင်ဆိုင် ရမယ့် ပွဲမတိုင်မီမှာ ပြန်ပြီးခေါင်းမော့ရင်ကော့သွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

SPORTS MYANMAR

Zawgyi

လီဗာပူးနဲ႔ျပန္ဆံုရမယ့္ပြဲမတိုင္မီယမန္ႏွစ္UCL ဖိုင္နယ္ပြဲစဥ္အျပီး အေျခအေနကိုျပန္ေျပာင္းေျပာျပလိုက္တဲ႔ #ပိုခ်က္တီႏို
=====================================

အခုအပတ္ ပရီးမီးယား လိဂ္ပြဲစဥ္ ၁၀ ရဲ႕ အေကာင္းဆံုး ပြဲစဥ္ အျဖစ္ေတာ့ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ႔ လီဗာပူး အသင္းနဲ႔ စပါး အသင္းတို႔ အန္ဖီးလ္ မွာ ကစားသြားျကဖို႔ရွိေနပါတယ္။ဒါဟာ ဒီႏွစ္သင္းအတြက္ ေတာ့ယမန္ႏွစ္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအျပီး ျပန္ျပီး ထိပ္တိုက္ဆံုေတြ႔ေနတာလည္းျဖစ္ပါတယ္။

လီဗာပူး နဲ႔ စပါးတို႔ ဟာ ခ်န္ပီယံလိဂ္ ဖိုင္နယ္အျဖစ္ ေအတီကို အသင္းရဲ႕ ဝန္ဒါမက္ထရို ပိုလီတာႏိုကြင္းျကီး မွာ ရင္ဆိုင္ခဲ႔ျကတာျဖစ္ျပီး ဆာလတ္၊ အိုရီဂီ တို႔ရဲ႕ ဂိုးေတြန႕ဲ လီဗာပူး အသင္းက အႏိုင္ယူျပီး ဆုဖလားျကီးကိုကိုင္ေျမာက္ထားခဲ႔တာျဖစ္ပါတယ္။အဆိုပါရွံုးပြဲေျကာင့္ စပါးအသင္းသားေတြနဲ႔ ဝန္ထမ္းေတြကို ဘာမွမရွိေတာ့သလို ခံစားခ်က္မ်ိဳးကို ျဖစ္ေစခဲ့တယ္လို႕ နည္းျပျကီး ပိုခ်က္တီႏိုက ျပန္ေျပာင္းေျပာျပသြားခဲ႔ပါတယ္။

စပါး အသင္းဟာ ထိုပြဲစဥ္ အတြက္ မေက်ပြဲ အျဖစ္ တနဂၤေႏြေန႔မွာ လီဗာပူး အသင္းနဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ကို ကစားရဖို႔ ရွိေနတာျဖစ္ပါတယ္။ဒါေပမယ့္ လီဗာပူး အသင္းဟာ ယူႏိုက္တက္နဲ႔ ပြဲတပြဲသာသေရက်ထားျပီးက်န္ပြဲတိုင္းကို အႏိုင္ကစားထားတဲ႕ အသင္းျဖစ္လို႔ လြယ္ကူဖို႔ေတာ့ မရွိတာျဖစ္ပါတယ္။

ဒါ့အျပင္ စပါးအသင္းဟာ ေနာက္ပိုင္း ကစားခဲ႔တဲ႔ ပြဲေတြမွာ ဘိုင္ယန္အသင္းကို အိမ္ကြင္းမွာ ၂-၇ ဂိုးနဲ႔ အရွက္တကြဲအေရးနိမ့္ခဲ႔ရတဲ႕ ပြဲစဥ္၊ ဘရိုက္တန္ လိုအသင္းကို ၃ဂိုးျပတ္ အေရးနိမ့္ထားခဲ႕ရတဲ႔ ပြဲေတြလုိရလဒ္ဆိုးေတြ ျကံုေတြ႔ထားခဲ႕ရေသးတာျဖစ္ပါတယ္။

နည္းျပျကီး ပိုခ်က္တီႏိုရဲ႕ စပါးအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ ျပိဳင္ပြဲမွာ၉ပြဲ ကစားႏိုင္ပြဲ ၃ပြဲသာရရွိထားလို႔ ဦးေဆာင္သူ လီဗာပူး အသင္းနဲ႔ ၁၃ မွတ္အထိကြာဟေနပါတယ္။မက္ဒရစ္ေျမမွာ ကစားခဲ႔တဲ႕ ခ်န္ပီယံ လိဂ္ဖိုင္နယ္ ပြဲစဥ္ အေျကာင္းကို ျပန္ျပီးေဆြးေႏြး ရာမွာေတာ့ ပိုခ်က္တီႏိုက –

” အေတာ္ေလးကို ခက္ခဲတဲ႔ ပြဲတပြဲ ျဖစ္ခဲ႔ပါတယ္။ရာသီတခုရဲ႕ ေနာက္ဆံုး ကစားရတဲ႕ ပြဲစဥ္က ခ်န္ပီယံလိဂ္ဖိုင္နယ္ပြဲစဥ္ျဖစ္ခဲ႕ျပီး ကြ်န္ေတာ္တို႔ ပံုေအာျပီးကို ျကီးစားကစားသြားခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္ အဆံုးသတ္ခ်ိန္မွာ ေတာ့ ဘာမွ ျဖစ္မလာခဲ႕ပါဘူး။

ေဘာလံုးေလာကဆို တာျပိဳင္ဆိုင္မွဳ အေတာ္ေလးျပင္းထန္တာျဖစ္လို႔ က်ြန္ေတာ္တို႕ အတြက္ ဒုတိယဆု ဆိုတာ ဘာမွာ အဓိပၸါယ္ မရွိသလိုေတာင္ျဖစ္ခဲ႕႔ရပါတယ္။က်ြန္ေတာ္တို႕လို အသင္းအတြက္ ဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္တယ္ဆိုတာက အမ်ားျကီး အဓိပၸါယ္ရွိခဲ႔တယ္လို႕ ေျပာလို႕ရပါတယ္။

ဒါေပမယ့္ လည္း ကစားသမားေတြ နဲ႔ ဝန္ထမ္းေတြကေတာ့ ပြဲအျပီးမွာ ခံစားခ်က္ ေတြ ဘာမွ မက်န္ေတာ့သလို ေတာ့ ျဖစ္သြားခဲ႔ျကပါတယ္။အဲ႕ဒီေနာက္ပိုင္းအခ်ိန္ကာလတခုျကာမွပဲ ‘ ေအးေဆးပါကြာ၊ငါတို႕ခ်န္ပီယံလိဂ္ဖိုင္နယ္ကိုတက္ေရာက္ႏိုင္ခဲ႔ပါတယ္။အႏိုင္မရခဲ႔ေပမယ့္လည္း ငါတို႔နဲ႔အတူဒီမွတ္တမ္းေကာင္းက အျမဲရွိေနမွာပါကြ ‘ လို႕က်ြန္ေတာ္ ေျပာႏိုင္ခဲ့ပါတယ္” လို႔ေျပာျပသြားခဲ႔တာျဖစ္ပါတယ္။

လတ္တေလာ ေျခစြမ္းပိုင္း နဲ႔ စြမ္းေဆာင္ရည္ အေနအထားေတြအရ ဒီႏွစ္သင္းက အေတာ္ေလးကို ကြဲျပားျခားနားေနတာျဖစ္ပါတယ္။ဒါေပမယ့္လည္း အခုပဲြမွာ လီဗာပူးကို လက္စားေခ်ႏိုင္မယ္ လို႔ ပိုခ်က္တီႏိုက ယံုျကည္ေနပါတယ္။

တနဂၤေႏြေန႔ ပြဲစဥ္ နဲ႔ ပတ္သက္ျပီး ပိုခ်က္တီႏိုက – ” လြန္ခဲ႔တဲ႔ ၂ ႏွစ္ေလာက္တုန္းက က်ြန္ေတာ္တို႔ဟာ လီဗာပူး အသင္းကို ၄-၁ ဂိုးနဲ႕ အႏိုင္ရခဲ႕ပါတယ္။ျပီးခဲ႔တဲ႔ရာသီတုန္းက ဆိုရင္လည္း က်ြန္ေတာ္တို႔ဟာ ေအဂ်က္နဲ႔ မန္စီးတီးတို႔ကို ခ်န္ပီယံလိဂ္မွာ အႏိုင္ယူႏိုင္ခဲ႔ပါတယ္။

က်ြန္ေတာ္တို႕ အသင္းမွာ မယံုႏိုင္စရာေကာင္း တဲ႕ လူစာရင္း မ်ိဳးကို ပိုင္ဆိုင္ ထားတယ္လို႕ ေတာ့ က်ြန္ေတာ္ ခံစားေနရပါတယ္။ဒါ့အျပင္ က်ြန္ေတာ္တို႔ဟာ အေကာင္းဆံုး အေနအထားမွာ ဆိုရင္ ဘယ္အသင္းကို မဆို အႏိုင္ယူႏိုင္စြမ္း ရွိတယ္လို႔လည္း ထင္ပါတယ္ ” လို႕ေျပာသြားခဲ႔တာျဖစ္ပါတယ္။

စပါးအသင္းဟာ ေအာက္တိုဘာလအတြင္းမွာ ရလဒ္ဆိုးေတြ ေတာက္ေလွ်ာက္ ျကံုေတြ႔ထား ခဲ႔ရျပီး ဘိုင္ယန္၊ ဘရိုက္တန္တို႔ကို ဂိုးျပတ္အေရးနိမ့္ခဲ႔သလို ဝက္ဖို႔ဒ္လို အသင္းကိုေတာင္ သေရသာကစားႏိုင္ခဲ႔တာျဖစ္လို႕ နည္းျပပိုခ်က္တီႏိုရဲ႕ အနာဂတ္ဟာအေတာ္ေလးကိုလွဳပ္ခတ္သြားခဲ႕ေသးတာျဖစ္ပါတယ္။

ဒါေပမယ့္ ေနာက္ဆံုးကစားခဲ႔တဲ႔ ခ်န္ပီယံ လိဂ္ အုပ္စုပြဲစဥ္ မွာ ရတ္စတား အသင္းကို ၅ဂိုးျပတ္ ေခ်မွဳန္း ႏိုင္ခဲ႔ လို႔ ဖိအားေတြ အနည္းငယ္ ေလ်ာ့ပါးသြားခဲ႔ရတာျဖစ္ပါတယ္။ဒါေျကာင့္လည္း လီဗာပူး အသင္းနဲ႔ တေက်ာ့ျပန္ရင္ဆိုင္ ရမယ့္ ပြဲမတိုင္မီမွာ ျပန္ျပီးေခါင္းေမာ့ရင္ေကာ့သြားႏိုင္ခဲ႔ျပီလည္းျဖစ္ပါတယ္။

SPORTS MYANMAR