frank-lampard-chelsea-2019-20_

ချယ်လ်ဆီး အသင်း ရဲ့ ဆယ်ကျော်သက် လူငယ် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ခြေကျင်းဝတ် အရွတ် ဒဏ်ရာ ကြောင့် ကာလရှည် အနား ယူခဲ့ရပေမယ့် အခု အခါ မှာတော့ ဒဏ်ရာ က ပြန်လည် ကောင်းမွန် လာပြီးနောက် ချယ်လ်ဆီး အတွက် ပွဲစဉ် တချို့ ပြန်လည် ကစား ပေးနေပြီ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အတွက် ပြန်ကစား ပေးနေတဲ့ အတောအတွင်း မှာ အိုဒွိုင်း ဟာ ဂိုးဖန်တီးမှု ၄ကြိမ် အထိ ပြုလုပ် ပေးခဲ့ပြီး ခြေစွမ်း ပြခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ကတော့ အိုဒွိုင်း အနေနဲ့ ဆက်လက် သင်ယူမှု တွေ ပြုလုပ် သွားဖို့ လိုကာ ၊ ဂိုးသွင်း အဆုံးသတ် စွမ်းရည် နဲ့ လေ့လာမှု စွမ်းရည် တွေ အတွက် မန်စီးတီး အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ရာဟင်း စတားလင်း ၊ ချယ်လ်ဆီး အသင်းဖော် ကွင်းလယ်လူ ဂျော်ဂျင်ဟို တို့ ဆီကနေ သင်ယူ သင့်ကြောင်း အကြံပြု ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော် ချယ်လ်ဆီး နည်းပြ ရာထူး ကို လက်ခံပြီးပြီးချင်း မှာ အိုဒွိုင်း ကို စတင် ဆက်သွယ် ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ရာသီ ကတည်းက သူ့ရဲ့ စာချုပ် အနေအထား က အဆင်မပြေ ခဲ့ပါဘူး ။ ကျွန်တော် ကတော့ သူ ချယ်လ်ဆီး မှာ ရေရှည် ကစားသင့်တယ် လို့ ခံစား ခဲ့မိပါတယ် ။ အခုဆို သူ ချယ်လ်ဆီး အသင်း နဲ့ နှစ်ရှည် စာချုပ် ချုပ်ဆို နိုင်ခဲ့ပါပြီ ။ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ် ။ ”

” ကော်လမ် ဒဏ်ရာ က ပြန်သက်သာ လာပြီး ကျွန်တော် တို့ အတွက် ပြန်ကစား ပေးနိုင် ကတည်းက သူဟာ ကျွန်တော် တို့ အတွက် ဘယ်လောက် အထိ စွမ်းဆောင် ပေးနိုင်မလဲ ၊ ခြေစွမ်း ဘယ်လောက် အထိ တိုးတက် ကောင်းမွန် လာမလဲ ဆိုတာ အမြဲ ပြောလေ့ ရှိပါတယ် ။ သူဟာ ဖိအားဒဏ် တွေကို ခံနိုင်ရည် ရှိမယ့် ကစားသမားမျိုး ဖြစ်သလို ၊ ကျွန်တော့ ဖက်ကလည်း သူ့ အတွက် အကောင်းဆုံး တွေပဲ ဖြစ်စေချင်ပါတယ် ။ ”

” သူ့ အနေနဲ့ ဘယ်သူ တွေဆီက သင်ယူ လေ့လာ ရမယ် ဆိုတာကို ကျွန်တော် ခပ်များများ မပြောချင်ပါဘူး ။ ဒါပေမယ့် ကျွန်တော် ကတော့ ရာဟင်း စတားလင်း ဟာ အင်္ဂလန် လူငယ် ကစားသမား အတော် များများ အတွက် သင့်လျော်တဲ့ စံပြ ကစားသမား တဦး လို့ ထင်ပါတယ် ။ ကော်လမ် နဲ့ ကစားတဲ့ နေရာချင်း တူညီ သလို ၊ ရာဟင်း ရဲ့ အလုပ် ကြိုးစားမှု က အံ့မခန်း ဖြစ်ပြီး ကွင်းထဲမှာလည်း အဖက်ဖက် က ကြည့်တာနဲ့ သူ့ ခြေစွမ်း က ပေါ်လွင် နေပါတယ် ။ ”

” နောက်ပြီး ကျွန်တော် ဟာ ကော်လမ် ဆီကနေ နေ့စဉ် နေ့တိုင်း ခြေစွမ်း တိုးတက် လာစေမယ့် ကြိုးစားမှုမျိုး ကို လိုချင်ပါတယ် ။ ဒီလို လေ့ကျင့်မှု တခုချင်းစီ ကနေလည်း ရလဒ်ကောင်း တခုပြီး တခု ရစေချင်ပါတယ် ။ ကျွန်တော် အကြံပေးတာတွေ ၊ အခြား နည်းပြ အဖွဲ့ဝင် တွေ သင်ပြ ပေးတာတွေကို လည်း သူ့ အနေနဲ့ လိုက်နာ ရပါမယ် ။ နောက်ပြီး သူ့ အသင်းဖော် တွေ ဆီကနေပါ သင်ယူဖို့ လိုပါတယ် ။ ဘာလို့လဲ ဆိုတော့ သူတို့တွေ က ကော်လမ် အတွက် အမြဲ တွန်းအား ပေးနေလို့ပါ ။ ”

” ဂျော်ဂျင်ဟို ဟာလည်း ဒီလို တွန်းအား ပေးတဲ့ ပုံစံမျိုး ပြုလုပ် တတ်သလို ၊ သူ ကိုယ်တိုင် လည်း အမြဲ မခိုမကပ် ကစားတတ်ပါတယ် ။ လောလောဆယ် မှာတော့ ကော်လမ် ရဲ့ တိုးတက်မှု က ဆက်လက် ဖြစ်ပေါ် နေတဲ့ အတွက် ဘာမှ ပြောစရာတော့ မရှိပါဘူး ။ နောက်ပြီး ကျွန်တော် က သူ့ကို အတင်းအကြပ် စေခိုင်း နေတာမျိုးလည်း မဖြစ်စေချင်ပါဘူး ။ နယူးကာဆယ် နဲ့ ပွဲအပြီး မှာ ကျွန်တော် သူ့ကို ပထမဆုံး ဂုဏ်ပြု စကား ပြောခဲ့ပါတယ် ။ အဲ့ဒီ ပွဲမှာတုန်း က သူဟာ တိုက်စစ်ပိုင်း သာမက ခံစစ်ပိုင်း အတွက်လည်း အရေးပါတဲ့ တားဆီးမှု တွေ လုပ်နိုင် ခဲ့လို့ ဖြစ်ပါတယ် ။ ”

” ဒါပေမယ့် တချိန်ချိန် မှာ ဒီ လူငယ် ကစားသမား တွေဟာ ဘောလုံး လောက ရဲ့ ရက်စက် ကြမ်းကြုပ် တဲ့ အခိုက်အတန့် တွေနဲ့ ရင်ဆိုင် ရနိုင်ပြီး ဒီ အခိုက်အတန့် တွေကပဲ သူတို့ကို ဖိအားဒဏ် တွေအပေါ် ကြံ့ကြံ့ခံ နိုင်အောင် သင်ကြား ပေးပါလိမ့်မယ် ။ ဒီ အခိုက်အတန့် တွေဟာ သူတို့ တွေရဲ့ မပြီးဆုံး နိုင်တဲ့ အောင်မြင်မှု ၊ အောင်ပွဲခံမှု တွေကို ရစေမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

zawgyi

အဆုံးသတ္ စြမ္းရည္ နဲ႔ ဦးေဆာင္မွု စြမ္းရည္ ေတြ အတြက္ ဘယ္ ကစားသမား ေတြ ဆီကေန သင္ယူ သင့္သလဲ ဆိုတာ အိုဒြိဳင္း ကို အႀကံျပဳ ေျပာဆိုလိုက္တဲ့ #လမ္းပတ္

ခ်ယ္လ္ဆီး အသင္း ရဲ့ ဆယ္ေက်ာ္သက္ လူငယ္ ေတာင္ပံ ကစားသမား ဟတ္ဒ္ဆန္ အိုဒြိဳင္း ဟာ ၿပီးခဲ့တဲ့ ေဘာလုံး ရာသီ က ေျခက်င္းဝတ္ အရြတ္ ဒဏ္ရာ ေၾကာင့္ ကာလရွည္ အနား ယူခဲ့ရေပမယ့္ အခု အခါ မွာေတာ့ ဒဏ္ရာ က ျပန္လည္ ေကာင္းမြန္ လာၿပီးေနာက္ ခ်ယ္လ္ဆီး အတြက္ ပြဲစဥ္ တခ်ိဳ႕ ျပန္လည္ ကစား ေပးေနၿပီ ျဖစ္ပါတယ္ ။

ခ်ယ္လ္ဆီး အတြက္ ျပန္ကစား ေပးေနတဲ့ အေတာအတြင္း မွာ အိုဒြိဳင္း ဟာ ဂိုးဖန္တီးမွု ၄ႀကိမ္ အထိ ျပဳလုပ္ ေပးခဲ့ၿပီး ေျခစြမ္း ျပခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း နည္းၿပ ဖရန႔္ လမ္းပတ္ ကေတာ့ အိုဒြိဳင္း အေနနဲ႔ ဆက္လက္ သင္ယူမွု ေတြ ျပဳလုပ္ သြားဖို႔ လိုကာ ၊ ဂိုးသြင္း အဆုံးသတ္ စြမ္းရည္ နဲ႔ ေလ့လာမွု စြမ္းရည္ ေတြ အတြက္ မန္စီးတီး အသင္း ရဲ့ အဂၤလန္ လက္ေရြးစင္ ေတာင္ပံ ကစားသမား ရာဟင္း စတားလင္း ၊ ခ်ယ္လ္ဆီး အသင္းေဖာ္ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို တို႔ ဆီကေန သင္ယူ သင့္ေၾကာင္း အႀကံျပဳ ေျပာဆို ခဲ့ပါတယ္ ။

လမ္းပတ္ က ” ကၽြန္ေတာ္ ခ်ယ္လ္ဆီး နည္းၿပ ရာထူး ကို လက္ခံၿပီးၿပီးခ်င္း မွာ အိုဒြိဳင္း ကို စတင္ ဆက္သြယ္ ခဲ့ပါတယ္ ။ ၿပီးခဲ့တဲ့ ရာသီ ကတည္းက သူ႔ရဲ့ စာခ်ဳပ္ အေနအထား က အဆင္မေၿပ ခဲ့ပါဘူး ။ ကၽြန္ေတာ္ ကေတာ့ သူ ခ်ယ္လ္ဆီး မွာ ေရရွည္ ကစားသင့္တယ္ လို႔ ခံစား ခဲ့မိပါတယ္ ။ အခုဆို သူ ခ်ယ္လ္ဆီး အသင္း နဲ႔ ႏွစ္ရွည္ စာခ်ဳပ္ ခ်ဳပ္ဆို နိုင္ခဲ့ပါၿပီ ။ ဒါဟာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ျဖစ္ပါတယ္ ။ ”

” ေကာ္လမ္ ဒဏ္ရာ က ျပန္သက္သာ လာၿပီး ကၽြန္ေတာ္ တို႔ အတြက္ ျပန္ကစား ေပးနိုင္ ကတည္းက သူဟာ ကၽြန္ေတာ္ တို႔ အတြက္ ဘယ္ေလာက္ အထိ စြမ္းေဆာင္ ေပးနိုင္မလဲ ၊ ေျခစြမ္း ဘယ္ေလာက္ အထိ တိုးတက္ ေကာင္းမြန္ လာမလဲ ဆိုတာ အျမဲ ေျပာေလ့ ရွိပါတယ္ ။ သူဟာ ဖိအားဒဏ္ ေတြကို ခံနိုင္ရည္ ရွိမယ့္ ကစားသမားမ်ိဳး ျဖစ္သလို ၊ ကၽြန္ေတာ့ ဖက္ကလည္း သူ႔ အတြက္ အေကာင္းဆုံး ေတြပဲ ျဖစ္ေစခ်င္ပါတယ္ ။ ”

” သူ႔ အေနနဲ႔ ဘယ္သူ ေတြဆီက သင္ယူ ေလ့လာ ရမယ္ ဆိုတာကို ကၽြန္ေတာ္ ခပ္မ်ားမ်ား မေျပာခ်င္ပါဘူး ။ ဒါေပမယ့္ ကၽြန္ေတာ္ ကေတာ့ ရာဟင္း စတားလင္း ဟာ အဂၤလန္ လူငယ္ ကစားသမား အေတာ္ မ်ားမ်ား အတြက္ သင့္ေလ်ာ္တဲ့ စံၿပ ကစားသမား တဦး လို႔ ထင္ပါတယ္ ။ ေကာ္လမ္ နဲ႔ ကစားတဲ့ ေနရာခ်င္း တူညီ သလို ၊ ရာဟင္း ရဲ့ အလုပ္ ႀကိဳးစားမွု က အံ့မခန္း ျဖစ္ၿပီး ကြင္းထဲမွာလည္း အဖက္ဖက္ က ၾကည့္တာနဲ႔ သူ႔ ေျခစြမ္း က ေပၚလြင္ ေနပါတယ္ ။ ”

” ေနာက္ၿပီး ကၽြန္ေတာ္ ဟာ ေကာ္လမ္ ဆီကေန ေန႔စဥ္ ေန႔တိုင္း ေျခစြမ္း တိုးတက္ လာေစမယ့္ ႀကိဳးစားမွုမ်ိဳး ကို လိုခ်င္ပါတယ္ ။ ဒီလို ေလ့က်င့္မွု တခုခ်င္းစီ ကေနလည္း ရလဒ္ေကာင္း တခုၿပီး တခု ရေစခ်င္ပါတယ္ ။ ကၽြန္ေတာ္ အႀကံေပးတာေတြ ၊ အျခား နည္းၿပ အဖြဲ႕ဝင္ ေတြ သင္ၿပ ေပးတာေတြကို လည္း သူ႔ အေနနဲ႔ လိုက္နာ ရပါမယ္ ။ ေနာက္ၿပီး သူ႔ အသင္းေဖာ္ ေတြ ဆီကေနပါ သင္ယူဖို႔ လိုပါတယ္ ။ ဘာလို႔လဲ ဆိုေတာ့ သူတို႔ေတြ က ေကာ္လမ္ အတြက္ အျမဲ တြန္းအား ေပးေနလို႔ပါ ။ ”

” ေဂ်ာ္ဂ်င္ဟို ဟာလည္း ဒီလို တြန္းအား ေပးတဲ့ ပုံစံမ်ိဳး ျပဳလုပ္ တတ္သလို ၊ သူ ကိုယ္တိုင္ လည္း အျမဲ မခိုမကပ္ ကစားတတ္ပါတယ္ ။ ေလာေလာဆယ္ မွာေတာ့ ေကာ္လမ္ ရဲ့ တိုးတက္မွု က ဆက္လက္ ျဖစ္ေပၚ ေနတဲ့ အတြက္ ဘာမွ ေျပာစရာေတာ့ မရွိပါဘူး ။ ေနာက္ၿပီး ကၽြန္ေတာ္ က သူ႔ကို အတင္းအၾကပ္ ေစခိုင္း ေနတာမ်ိဳးလည္း မျဖစ္ေစခ်င္ပါဘူး ။ နယူးကာဆယ္ နဲ႔ ပြဲအၿပီး မွာ ကၽြန္ေတာ္ သူ႔ကို ပထမဆုံး ဂုဏ္ျပဳ စကား ေျပာခဲ့ပါတယ္ ။ အဲ့ဒီ ပြဲမွာတုန္း က သူဟာ တိုက္စစ္ပိုင္း သာမက ခံစစ္ပိုင္း အတြက္လည္း အေရးပါတဲ့ တားဆီးမွု ေတြ လုပ္နိုင္ ခဲ့လို႔ ျဖစ္ပါတယ္ ။ ”

” ဒါေပမယ့္ တခ်ိန္ခ်ိန္ မွာ ဒီ လူငယ္ ကစားသမား ေတြဟာ ေဘာလုံး ေလာက ရဲ့ ရက္စက္ ၾကမ္းၾကဳပ္ တဲ့ အခိုက္အတန႔္ ေတြနဲ႔ ရင္ဆိုင္ ရနိုင္ၿပီး ဒီ အခိုက္အတန႔္ ေတြကပဲ သူတို႔ကို ဖိအားဒဏ္ ေတြအေပၚ ႀကံ့ႀကံ့ခံ နိုင္ေအာင္ သင္ၾကား ေပးပါလိမ့္မယ္ ။ ဒီ အခိုက္အတန႔္ ေတြဟာ သူတို႔ ေတြရဲ့ မၿပီးဆုံး နိုင္တဲ့ ေအာင္ျမင္မွု ၊ ေအာင္ပြဲခံမွု ေတြကို ရေစမွာပါ ။ ” လို႔ ေျပာၾကား ခဲ့ပါတယ္ ။