* ယနေ့ည ၁၁ နာရီ အချိန် မှာ ချယ်လ်ဆီး အသင်း ဟာ ဘန်လေ အသင်း ကို အဝေးကွင်း မှာ သွားရောက် ရင်ဆိုင် ရမှာ ဖြစ်ပြီး ချယ်လ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် မှာ ဘန်လေ အသင်း နဲ့ ၁၀ ကြိမ် တွေ့ဆုံ ထားရာမှာ တကြိမ်သာ ရှုံးနိမ့် ခဲ့ပါတယ် ။ ဘန်လေကွင်း မှာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ပွဲ မှာတော့ ချယ်လ်ဆီး အသင်း ပွဲတိုင်း အနိုင် ရခဲ့ကာ ၊ အနည်းဆုံး တပွဲ သွင်းဂိုး ၂ဂိုး နှုန်းနဲ့ သွင်းယူ ထားခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ဟာ ၁၉၈၃ နောက်ပိုင်း ဘန်လေ အသင်း ရဲ့ အိမ်ကွင်း Turf Moor မှာ တပွဲမှ ရှုံးနိမ့် ထားခဲ့ခြင်း မရှိခဲ့ပါဘူး ။ ဒါ့အပြင် ဒီနေ့ည ပွဲမှာ ဘန်လေ အသင်း ကို ချယ်လ်ဆီး တို့ အနိုင်ရပါက ၊ ၂၀၁၇ မေလ နောက်ပိုင်း ပထမဆုံး ပြိုင်ပွဲစုံ ၇ပွဲဆက် အနိုင် ရတော့မှာ ဖြစ်ပါတယ် ။ ဒါ့အပြင် လမ်းပတ် ဟာ ဒီနေ့ည ဘန်လေ အသင်း ကို အနိုင် ရခဲ့မယ် ဆိုရင် နည်းပြ ဘဝ ပြည်တွင်းလိဂ် ပထမဆုံး ၄ပွဲဆက် အနိုင် ရလဒ် ကို ဖော်ဆောင် နိုင်မှာ ဖြစ်ပါတယ် ။

* ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ရာသီ က အဲဗာတန် အသင်း ကို ၂ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့ပြီးနောက် နောက်ဆုံး ကစားခဲ့တဲ့ ကြီး ၆ ကြီး ပြင်ပ က အသင်း တွေနဲ့ ၁၃ ပွဲ ရင်ဆိုင် ခဲ့ရာ တပွဲမှ အရေးနိမ့် ထားခဲ့ခြင်း မရှိခဲ့ပါဘူး ။ လမ်းပတ် ဟာ ချယ်လ်ဆီး ကစားသမား ဘဝ မှာ ဘန်လေ အသင်း ကို ၃ကြိမ် ရင်ဆိုင် ကစားခဲ့ဖူးပြီး ၂ပွဲနိုင် ၊ ၁ပွဲ သရေ ရလဒ် ကို ရရှိ ထားခဲ့ပါတယ် ။

pullisic
Soccer Football – Premier League – Southampton v Chelsea – St Mary’s Stadium, Southampton, Britain – October 6, 2019 Chelsea’s Michy Batshuayi celebrates scoring their fourth goal with Christian Pulisic and team mates REUTERS/David Klein EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or “live” services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club/league/player publications. Please contact your account representative for further details.

* ပြီးခဲ့တဲ့ အေဂျက်ဇ် အသင်း ကို ၀ – ၁ နဲ့ အနိုင် ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ရဲ့ ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ ဟာ ချယ်လ်ဆီး အသင်း အတွက် ပြိုင်ပွဲစုံ ၃၅၀ ပြည့်မြောက် ခဲ့ပါတယ် ။

* ယနေ့ည ဘန်လေ – ချယ်လ်ဆီး ပွဲစဉ် ကို ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာ က တာဝန်ယူ ကိုင်တွယ် ပေးမှာ ဖြစ်ပြီး VAR ကိုတော့ ဒိုင်လူကြီး ပေါလ် တီယာနေး က တာဝန်ယူ ကိုင်တွယ် ပေးမှာ ဖြစ်ကြောင်း သိရပါတယ် ။

* ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် က ဘန်လေ အသင်း ဟာ အိမ်ကွင်း မာကျော တဲ့ အသင်း ဖြစ်ကာ ၊ အခု နောက်ပိုင်း မှာ ကစားပုံ တိုးတက်လာပြီး ၊ ကြံ့ခိုင်မှု ကို ဦးစားပေး ကစားတဲ့ အသင်း ဖြစ်ကြောင်း နဲ့ ၎င်းတို့ ဖက်က အရမ်း ခက်ခဲမယ့် ပွဲစဉ် တပွဲ ဖြစ်လာဖို့ မျှော်မှန်း ထားကြောင်း ဆိုခဲ့ပါတယ် ။

* ဘန်လေ အသင်း နည်းပြ ရှောင်ဒိုက်ချ် ကလည်း ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ရဲ့ လုပ်ဆောင်ချက် တွေ အပေါ် ချီးကျူး ပြောဆို လိုက်ပြီး လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း ကို ပေးဆပ်ချင်စိတ် အပြည့် နဲ့ တာဝန် ယူ ကိုင်တွယ် ပေးနေတာ ဖြစ်ကာ ၊ ၎င်းတို့ အသင်း ဟာ တကယ် ကောင်းတဲ့ ကစားသမား အစုအဖွဲ့ ကို ပိုင်ဆိုင် ထားဆဲ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ် ။

* တော့တင်ဟမ် နည်းပြဟောင်း လည်း ဖြစ် ၊ လမ်းပတ် ရဲ့ ဦးလေး တော်စပ်သူ လည်း ဖြစ်တဲ့ ဟယ်ရီ ရက်ဒ်နပ် က ဘန်လေ အသင်း ဟာ အိမ်ကွင်း မှာ ကစားပုံ အရမ်း ကောင်းပြီး ပြိုင်ဖက် အသင်း တွေကို အမြဲ ဒုက္ခ ပေးနိုင်တဲ့ အသင်း ဖြစ်ပေမယ့် ၎င်းရဲ့ တူဖြစ်သူ ကိုင်တွယ် နေတဲ့ ချယ်လ်ဆီး အသင်း ဟာ ရလဒ်ကောင်း တွေကို တောက်လျှောက် ရယူ ထားတာကြောင့် ချယ်လ်ဆီး အသင်း ကို ဘန်လေ အသင်း အနေနဲ့ ဒုက္ခ ပေးနိုင်ဖို့ မဖြစ်နိုင်ကြောင်း သုံးသပ် ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် တောင်ပံ ကစားသမား ဝီလီယံ က သူ့ အနေနဲ့ အမိမြေ ဘရာဇီး သို့ ပြန်ပြောင်း ကစားချင် ပေမယ့် ဥရောပ မှာ ဆက်လက် ကျင်လည်လို့ ရမယ် ခြေစွမ်း အရိပ်အယောင် တွေ ကျန်ရှိသေးကြောင်း ၊ ဒါ့အပြင် သူဟာ ချယ်လ်ဆီး အသင်း မှာ ပျော်ရွှင် နေကြောင်း နဲ့ ချန်ပီယံလိဂ် ဖလား လည်း ရယူ လိုကြောင်း Esporte Interativo နဲ့ အင်တာဗျူး မှာ ဆိုခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် က သူ့ အနေနဲ့ လတ်တလော မှာ ချယ်လ်ဆီး အတွက် အသီးသီး ခြေစွမ်း ပြနေကြတဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် နဲ့ နောက်ခံလူ ဖီကာယို တိုမိုရီ တို့ကို ချယ်လ်ဆီး အသင်း မှာ အချိန် အကြာကြီး ဆက်ရှိ စေချင်ကြောင်း နဲ့ မကြာခင် မှာ စာချုပ်သစ် အတွက် ဆွေးနွေးမှု အောင်မြင် လိမ့်မယ် လို့လည်း ယုံကြည်ကြောင်း ဆိုခဲ့ပါတယ် ။

ဘန္ေလ နဲ႔ ပြဲမတိုင္မီ အခ်က္အလက္ တခ်ိဳ႕ နဲ႔ အျခား ခ်ယ္လ္ဆီး သတင္းတိုမ်ား

* ယေန႔ည ၁၁ နာရီ အခ်ိန္ မွာ ခ်ယ္လ္ဆီး အသင္း ဟာ ဘန္ေလ အသင္း ကို အေဝးကြင္း မွာ သြားေရာက္ ရင္ဆိုင္ ရမွာ ျဖစ္ၿပီး ခ်ယ္လ္ဆီး အသင္း ဟာ ပရီးမီးယားလိဂ္ မွာ ဘန္ေလ အသင္း နဲ႔ ၁၀ ႀကိမ္ ေတြ႕ဆုံ ထားရာမွာ တႀကိမ္သာ ရွုံးနိမ့္ ခဲ့ပါတယ္ ။ ဘန္ေလကြင္း မွာ ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၄ပြဲ မွာေတာ့ ခ်ယ္လ္ဆီး အသင္း ပြဲတိုင္း အနိုင္ ရခဲ့ကာ ၊ အနည္းဆုံး တပြဲ သြင္းဂိုး ၂ဂိုး ႏွုန္းနဲ႔ သြင္းယူ ထားခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ဟာ ၁၉၈၃ ေနာက္ပိုင္း ဘန္ေလ အသင္း ရဲ့ အိမ္ကြင္း Turf Moor မွာ တပြဲမွ ရွုံးနိမ့္ ထားခဲ့ျခင္း မရွိခဲ့ပါဘူး ။ ဒါ့အျပင္ ဒီေန႔ည ပြဲမွာ ဘန္ေလ အသင္း ကို ခ်ယ္လ္ဆီး တို႔ အနိုင္ရပါက ၊ ၂၀၁၇ ေမလ ေနာက္ပိုင္း ပထမဆုံး ၿပိဳင္ပြဲစုံ ၇ပြဲဆက္ အနိုင္ ရေတာ့မွာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ လမ္းပတ္ ဟာ ဒီေန႔ည ဘန္ေလ အသင္း ကို အနိုင္ ရခဲ့မယ္ ဆိုရင္ နည္းၿပ ဘဝ ျပည္တြင္းလိဂ္ ပထမဆုံး ၄ပြဲဆက္ အနိုင္ ရလဒ္ ကို ေဖာ္ေဆာင္ နိုင္မွာ ျဖစ္ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ဟာ ၿပီးခဲ့တဲ့ ရာသီ က အဲဗာတန္ အသင္း ကို ၂ဂိုးျပတ္ နဲ႔ အေရးနိမ့္ ခဲ့ၿပီးေနာက္ ေနာက္ဆုံး ကစားခဲ့တဲ့ ႀကီး ၆ ႀကီး ျပင္ပ က အသင္း ေတြနဲ႔ ၁၃ ပြဲ ရင္ဆိုင္ ခဲ့ရာ တပြဲမွ အေရးနိမ့္ ထားခဲ့ျခင္း မရွိခဲ့ပါဘူး ။ လမ္းပတ္ ဟာ ခ်ယ္လ္ဆီး ကစားသမား ဘဝ မွာ ဘန္ေလ အသင္း ကို ၃ႀကိမ္ ရင္ဆိုင္ ကစားခဲ့ဖူးၿပီး ၂ပြဲနိုင္ ၊ ၁ပြဲ သေရ ရလဒ္ ကို ရရွိ ထားခဲ့ပါတယ္ ။

* ၿပီးခဲ့တဲ့ ေအဂ်က္ဇ္ အသင္း ကို ၀ – ၁ နဲ႔ အနိုင္ ရခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ ပြဲစဥ္ မွာ ခ်ယ္လ္ဆီး အသင္း ရဲ့ ညာေနာက္ခံလူ ဆီဆာ အက္ဇ္ပီလီကြီတာ ဟာ ခ်ယ္လ္ဆီး အသင္း အတြက္ ၿပိဳင္ပြဲစုံ ၃၅၀ ျပည့္ေျမာက္ ခဲ့ပါတယ္ ။

* ယေန႔ည ဘန္ေလ – ခ်ယ္လ္ဆီး ပြဲစဥ္ ကို ကြင္းလယ္ဒိုင္ မိုက္ကယ္ အိုလီဗာ က တာဝန္ယူ ကိုင္တြယ္ ေပးမွာ ျဖစ္ၿပီး VAR ကိုေတာ့ ဒိုင္လူႀကီး ေပါလ္ တီယာေနး က တာဝန္ယူ ကိုင္တြယ္ ေပးမွာ ျဖစ္ေၾကာင္း သိရပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း နည္းၿပ ဖရန႔္ လမ္းပတ္ က ဘန္ေလ အသင္း ဟာ အိမ္ကြင္း မာေက်ာ တဲ့ အသင္း ျဖစ္ကာ ၊ အခု ေနာက္ပိုင္း မွာ ကစားပုံ တိုးတက္လာၿပီး ၊ ႀကံ့ခိုင္မွု ကို ဦးစားေပး ကစားတဲ့ အသင္း ျဖစ္ေၾကာင္း နဲ႔ ၎တို႔ ဖက္က အရမ္း ခက္ခဲမယ့္ ပြဲစဥ္ တပြဲ ျဖစ္လာဖို႔ ေမၽွာ္မွန္း ထားေၾကာင္း ဆိုခဲ့ပါတယ္ ။

* ဘန္ေလ အသင္း နည္းၿပ ေရွာင္ဒိုက္ခ်္ ကလည္း ခ်ယ္လ္ဆီး နည္းၿပ ဖရန႔္ လမ္းပတ္ ရဲ့ လုပ္ေဆာင္ခ်က္ ေတြ အေပၚ ခ်ီးက်ဴး ေျပာဆို လိုက္ၿပီး လမ္းပတ္ ဟာ ခ်ယ္လ္ဆီး အသင္း ကို ေပးဆပ္ခ်င္စိတ္ အျပည့္ နဲ႔ တာဝန္ ယူ ကိုင္တြယ္ ေပးေနတာ ျဖစ္ကာ ၊ ၎တို႔ အသင္း ဟာ တကယ္ ေကာင္းတဲ့ ကစားသမား အစုအဖြဲ႕ ကို ပိုင္ဆိုင္ ထားဆဲ ျဖစ္ေၾကာင္း ေျပာၾကား ခဲ့ပါတယ္ ။

* ေတာ့တင္ဟမ္ နည္းျပေဟာင္း လည္း ျဖစ္ ၊ လမ္းပတ္ ရဲ့ ဦးေလး ေတာ္စပ္သူ လည္း ျဖစ္တဲ့ ဟယ္ရီ ရက္ဒ္နပ္ က ဘန္ေလ အသင္း ဟာ အိမ္ကြင္း မွာ ကစားပုံ အရမ္း ေကာင္းၿပီး ၿပိဳင္ဖက္ အသင္း ေတြကို အျမဲ ဒုကၡ ေပးနိုင္တဲ့ အသင္း ျဖစ္ေပမယ့္ ၎ရဲ့ တူျဖစ္သူ ကိုင္တြယ္ ေနတဲ့ ခ်ယ္လ္ဆီး အသင္း ဟာ ရလဒ္ေကာင္း ေတြကို ေတာက္ေလၽွာက္ ရယူ ထားတာေၾကာင့္ ခ်ယ္လ္ဆီး အသင္း ကို ဘန္ေလ အသင္း အေနနဲ႔ ဒုကၡ ေပးနိုင္ဖို႔ မျဖစ္နိုင္ေၾကာင္း သုံးသပ္ ခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ့ ဝါရင့္ ေတာင္ပံ ကစားသမား ဝီလီယံ က သူ႔ အေနနဲ႔ အမိေၿမ ဘရာဇီး သို႔ ျပန္ေျပာင္း ကစားခ်င္ ေပမယ့္ ဥေရာပ မွာ ဆက္လက္ က်င္လည္လို႔ ရမယ္ ေျခစြမ္း အရိပ္အေယာင္ ေတြ က်န္ရွိေသးေၾကာင္း ၊ ဒါ့အျပင္ သူဟာ ခ်ယ္လ္ဆီး အသင္း မွာ ေပ်ာ္ရႊင္ ေနေၾကာင္း နဲ႔ ခ်န္ပီယံလိဂ္ ဖလား လည္း ရယူ လိုေၾကာင္း Esporte Interativo နဲ႔ အင္တာဗ်ဴး မွာ ဆိုခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း နည္းၿပ ဖရန႔္ လမ္းပတ္ က သူ႔ အေနနဲ႔ လတ္တေလာ မွာ ခ်ယ္လ္ဆီး အတြက္ အသီးသီး ေျခစြမ္း ျပေနၾကတဲ့ လူငယ္ တိုက္စစ္မွူး တမ္မီ ေအဘရာဟမ္ နဲ႔ ေနာက္ခံလူ ဖီကာယို တိုမိုရီ တို႔ကို ခ်ယ္လ္ဆီး အသင္း မွာ အခ်ိန္ အၾကာႀကီး ဆက္ရွိ ေစခ်င္ေၾကာင္း နဲ႔ မၾကာခင္ မွာ စာခ်ဳပ္သစ္ အတြက္ ေဆြးေႏြးမွု ေအာင္ျမင္ လိမ့္မယ္ လို႔လည္း ယုံၾကည္ေၾကာင္း ဆိုခဲ့ပါတယ္ ။